အဖွားနဲ ့မြေး အချစ်ဇာတ်လမ်း

mickylayMay 4, 20101min25313

အဖွားနဲ ့မြေးဇတ်လမ်းတဲ့နော်။
အရှုးထကြတာ နေမှာပါ။
အနောက်နိုင်ငံတွေမှာက ဒီလိုတွေ အရှုးထတက်ကြတာပဲလေ။

Pearl Carter နှင့် Phil (မြေးဖွား လင်မယား)

အသက် ၇၂ ရှိပြီးဖြစ်တဲ့ Pearl Carter တစ်ယောက်ကတော့ ယောက်ျားငယ်ငယ်လေး ရထားတော့ အပျော်ကြီးပျော်နေမှာဖြစ်ပါတယ်။ နောက်ပြီး
ခလေးယူဖို့အတွက်ပါ ကြိုးစားနေတယ် လို့လဲဆိုပါတယ်။ ဒါပေမဲ့
ပင်စင်ရနေပြီဖြစ်တဲ့ သူအသက်အရွယ်နဲ့တော့ ကိုယ်တိုင် ကိုယ်ဝန်လွယ်ဖို့ဆိုတာ
မဖြစ်နိုင်တော့ပါဘူး။ ခလေးလိုခြင်လွန်းလို့ သူတို့နှစ်ယောက်ရဲ့
မျိုးဥကိုယူပြီး အမေရိကန်ဒေါ်လာ ၅၄ဝဝဝ ကျော်အကုန်ခံပြီး အငှား
ကိုယ်ဝန်လွယ်ဖို့ အတွက်ကြိုးစားခဲ့ပါတယ်။ သူဟာ
ဘာကြောင့်ဒီအသက်အရွယ်ရောက်တော့မှာ မိခင်တဖန် ပြန်ပြီးဖြစ်ခြင်ရတာလဲ၊
ဒါထက်ပိုပြီးတော့ တုန်လှုပ်ဖို့ကောင်းတာကတော့ သူ့ရဲချစ်သူ ယောက်ကျားဟာ
သူ့မရဲ့မြေးဖြစ်နေလို့ဘဲဖြစ်ပါတယ်။ နာမည်ကတော့ Phil Bailey ဖြစ်ပြီး အသက်
၂၆ နှစ်အရွယ်ရှိပါပြီဖြစ်ပါတယ်။ Phil ဟာ Pearl သမီး Lynette Bailey ရဲ့သား
အရင်းဖြစ်ပါတယ်။ တကယ်တော့ဒါဟာ လူ့အသိုင်းဝိုင်းမှာ
အရမ်းတုန်လုပ်ဖို့ကောင်းပြီး မလုပ်သင့် မလုပ်အပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။
သူတို့နှစ်ယောက်တွေ့ခဲ့ပုံကတော့ တော်တော်လေး ဆန်းကျယ်ပါတယ်။ Pearl Carter

ဟာ အသက် ၁၈ နှစ်အရွယ်မှာ အဖေမပေါ်တဲ့ Lynette Bailey ကိုမွေးဖွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကတော့ Pearl Carter ဟာ ကသလစ်ဘာသာဝင်
တွေဖြစ်တဲ့သူမိဘများနဲ့ အမေရိကန်နိုင်ငံ Indiana
ပြည်နယ်မှာနေထိုင်ခဲ့ပါတယ်။ သူ့မိဘတွေကလဲ အရှက်ကွဲမှာ စိုးတဲ့အတွက် ခလေးကို
မွေးစားခြင်တဲ့သူမွေးစားဆိုပြီး အဝေးတနေရာကို ပေးလိုက်ပါတယ်။ Pearl Carter
ဟာ သူ့သမီးကိုလုံးဝမမြင်ဖူးခဲ့ပါဘူး။ နောက်ဆုံးတော့ သူလဲ
ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီယောက်ျားနဲ့ တော့
ခလေးတစ်ယောက်မှ မထွန်းကားခဲ့ပါဘူး။ ဒီလိုနဲ့ဘဲ သူများကိုပေးမွေးစားခဲ့တဲ့
Lynette Bailey မှာလဲ ၁၉၈၃ ခုနှစ်မှာ Phil ကိုမွေးဖွားခဲ့ပါတယ်။ Phil ၁၈
နှစ်အရွယ်မှာ သူ့အမေက သူ့ဘဝအကြောင်း သူမှာအမေအရင်း (Phil
အဖွား)ရှိသေးတယ်ဆိုတာ ကိုဖွင့်ပြောခဲ့ပြီး Phil အမေ Lynette Bailey ဟာ
ဦးနှောက် ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ Phil တစ်ယောက် အမေသေပြီး ၆
လလောက် အကြာမှာတော့ တစ်ကောင်ကြွက် ဖြစ်သွားတဲ့ Phil ဟာ
မိသားစုဘဝကိုမျှော်လင့်ပြီး သူ့ရဲ့အသက်ရှိထင်ရှားရှိသေးတဲ့အဖွားကို
တွေ့အောင် ရှာဖို့ဆုံးဖြတ်ချက်ချပြီး လိုက်ရှာခဲ့ပါတယ်။ (Pearl Carter
လက်ထပ်ခဲ့တဲ့ ယောက်ျားက သေသွားတာလား၊ ကွဲသွားတာလာ ဒါမှမဟုတ် သူ့ယောက်ျားရော
သူ့မြေးနဲ့ပါ နှစ်ယောက်စလုံးကို တပြိုင်တည်းပေါင်းနေလားဆိုတာတော့ ဖော်ပြ
ထားခြင်းမရှိပါဘူး။)ဒီလိုနဲ့ ဘဲ Phil ဟာ သူရဲ့အဖွားလိပ်စာကို
ရရှိသွားခဲ့ပြီး စာတစ်စောင်ရေးပို့လိုက်ပါတယ်။ နောက်ဖုန်းနဲ့ဆက်သွယ်ကြသလို
အီးမေလ်းနဲ့သူ့ရဲ့ဓါတ်ပုံကိုလဲ အဖွားဖြစ်သူဆီကို ပို့ပေးပြီး
လူချင်းတွေ့ကြဖို့ ပြောခဲ့ကြပါတယ်။ ၂ဝဝ၆ ခုနှစ်ထဲမှာ မြေးဖွားနှစ်ယောက်ဟာ
လူချင်း ပထမဆုံးအကြိမ်တွေခဲ့ပါတယ်။ Pearl Carter ကပြောရာမှာ
ပထမဆုံးအကြိမ်တွေ့လိုက်ကတည်းက သူတို့နှစ်ယောက် ပါတ်သက်မှု့ဟာ မြေးနဲ့အဖွား
ကြားမှာရှိတဲ့ မြေဖွားအချစ်လို ဖြစ်လာမှာမဟုတ်ဘူး
လို့စိတ်ထဲမှာသိလိုက်တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးတော့
သူနဲ့တွေ့ခဲ့ပြီးကတည်း သူ့ကိုသတိရတမ်းတ နေမိ တယ်လို့ Pearl Carter
ကပြောပြပါတယ်။ ဒီနှစ်အစောပိုင်းကစပြီးတော့ Phil အတူသွား အတူစား
ပြုလုပ်နေရင် နှစ်ပါတ်လောက် အကြာမှာတော့ Phil နဲ့ပါတ်သက်ပြီး
ကာမဂုဏ်စိတ်တွေလဲ နိုးကြားထကြွ လာခဲ့ပြီး Phil ကို သူမအခန်းထဲကို
သွေးဆောင်ဖျားယောင်းခေါ်သွားပြီး ကုတင်ပေါ်မှာထိုင်ခိုင်းပြီး အနမ်းတွေပေးကာ
အပေါ်မှနေပြီး Phil ကို လဲချလိုက်တယ်လို့ ပြောပါတယ်။ ပထမတော့
သူဒါမျိုးလုပ်တာကို Phil အနေနဲ့ လက်ခံမှာမဟုတ် လို့ထင်ခဲ့သော်ငြားလဲ
လက်တွေမှာတော့ Phil ဆီက အနမ်းတွေကို ပြန်ရခဲ့တယ်လို့ Pearl Carter
ပြောပါတယ်။ လက်သမားတစ်ယောက်ဖြစ်တဲ့ Phil Bailey က ကျွန်တော်သူ့ကို နမ်း
ခြင်တဲ့ စိတ်တွေကို လုံးဝတားစီးထိန်းချူပ်လို့ မရဘဲ ဖြစ်ခဲ့ရပါတယ်
လို့ပြောပါတယ်။ အခုဆိုရင်တော့ အတူတူ နေထိုင်ကြပြီး တစ်ပါတ်ကို သုံးခါ
ချစ်ရည်လူးကြတယ်လို့ ပြောပါတယ်။ (သွေးတိုးရောဂါလဲ ကာကွယ်ပြီးသားဖြစ်တာပေါ့)
အခုတော့သူတို့နှစ်ယောက်မှာ ခလေးရှိနေပြီးလို့ပြောပါတယ်။ သူတို့ရဲ့
သန္ဓေသားကိုတော့ Roxanne Campbell ဆိုတဲ့အမျိုးသမီးက
လွယ်ပေးထားတယ်လို့သိရပါတယ်။

Pearl Carter ၊ Phil နှင့် ကိုယ်ဝန်အငှားသယ် Roxanne Campbell

http://www.myanmarreader.co.cc/2010/05/blog-post_02.html
မှ

13 comments

  • etone

    May 5, 2010 at 5:04 am

    မုန်းစရာကောင်းလိုက်တာဟယ ်၊ ကျက်သရေတုံးလိုက်တာ ။ တိရိ စ္ဆာန်သာသာလောက်ပဲ ဦးနှောက်ဉာဏ်ရှိတော့တယ် ။ ဖတ်ရင်းတောင် အော်ဂလီဆန်တယ် ။

  • intro

    May 5, 2010 at 11:22 am

    အံ့ဖွယ်သုတ ပါလားနော်… Impossible is Nothing ဆိုတာ ဒါမျိုးလား မသိဘူး…

  • poeaung6

    May 8, 2010 at 2:23 pm

    ဘယ်လိုအရူးတွေလည်းမသိဘူး ဒီလိုဆိုရင် လူသားမျိုးနွယပျက်စီးတော့မယ် ဒါကိုတော့ ထည့်တွေးသင့်တယ် ဘယ်လိုမျိုးဆက်ကြမလည်း

  • banban

    May 12, 2010 at 9:19 am

    အကျိုးနဲ…..ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး… စကတည်းက မြေးမှန်း..အဘွားမှန်း ..မသိရင်လည်း ထားပါတော့…သိသိချည်းနဲ့…
    လူစိတ်ပျောက်ကုန်ကြတာလား…

  • myozaw99

    May 19, 2010 at 5:21 am

    ဒါတွေကဘဝပေးကုသိုလ်ကံတွေကြောင့်ဖြစ်တာပါ။ ဒီထက်ထူးဆန်းတာတွေတောင်ဖြစ်တတ်သေးတာဘဲလေ။

  • novemberlay

    May 19, 2010 at 7:56 am

    ရှက်ဖို့ကောင်းလိုက်တာ ….. အင်း သူတို့မွေးလားမဲ့ ကလေးကတော့ ပတ်ဝန်းကျင်မှာ………….အင်း… ကြိုတွေးကြည့်ရင်ရင်လေးစရာပဲ

  • kai

    May 19, 2010 at 8:08 am

    ရှေးကတော့ ..အဲဒီလို..သွေးအရင်းတွေပြန်ယူကြတာပဲ..။
    အီဂျစ်ဘုရင်တွေလည်း ပြန်ယူတာပဲ..။ ဂေါတမဗုဒ္ဓလက်ထက်တော်ကလည်း..သကျသာကီဝင်တွေ.အမျိုးအရင်းတွေပြန်ယူကြတာပဲလေ..။
    ရွှေမျက်နှာဖုံးနဲ့ မံမီ ဖြစ်တဲ့..Tutankhamunတောင်ညီမအရင်းခေါက်ခေါက်ပြန်ယူထားတာလို ့သမိုင်းမှာပြပါတယ်..။
    ဒီခေတ်မှာတော့…သွေးအရင်းတွေယူကြလို ့မွေးရင်..မွေးတဲ့ကလေးက..ညဏ်ရည်ကျတယ်လို ့သိလာကြတာမို ့…မယူကြတော့ပါဘူး။
    ဒေါင်းဆင်တုန်းတွေထွက်လာဖို ့လည်း..ရာခိုင်နှုန်းများတယ်..ဆိုပါတယ်။

  • Rain girl

    May 20, 2010 at 8:00 am

    အမျိုးတွေ ညီမတွေပြန်ယူကြတယ်လား၊ ဒါမျိုး အဖွားတွေ မြေးတွေလည်း ပြန်ယူကြတယ်လား။ ဪ အံ့ဖွယ်ပါ့လားနော်။

  • Burma

    May 20, 2010 at 12:17 pm

    အရူးတွေပဲနော် တစ်ကယ်ကို

  • geniouslady

    May 21, 2010 at 3:13 am

    ဘယ်လိုစိတ်ထားတွေနဲ့ဘာတွေလုပ်နေကြသလဲမသိဘူးနော်

  • moethiha

    June 2, 2010 at 12:01 pm

    အားပါးအားပါး …. မလွယ်ပါ့လားနော်အဲ့လောက်တောင်ရမ္မက်ကြီးနေရင်တော့

  • Phyo Myint Kyaw

    June 4, 2010 at 3:06 am

    ဘုရား… ဘုရား…
    လောက ကြီးကတော်တော် ဆန်းကျယ်ပါလားနော်…

  • Amie

    June 15, 2010 at 6:46 am

    Oh my god!!! what an ugly marriage !!!! grandma and grandson got married??? i can’t dare to hear it ….. that’s make the world complicated and ugly…. stop making nonsense ……

Leave a Reply