ရေးချင်လွန်းသဖြင့်(ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားသည်)

မောင် ပေJune 21, 20111min1539

ဤ ခေါင်းစဉ် ကို တွေ ့လိုက်ပြီး ။ ဒီကောင် ဘာတွေ များ ရေးချင်နေတာပါလိမ့် လို ့ဆိုလာရင် ။ မန်းတလေး ဂေဇက် မှာ ရေးချင် လွန်းလို ့ကိုယ့်ကိုကိုယ် ဖော်ချွတ် ရေးပြ မှာပါ ။ (သတိ  အင်းကျီ ဘောင်းဘီ မဟုတ် ) …….။

မန်းဂေဇက် တွင် စာဖတ်ရင်း ။ အတွေ ့အကြုံ များ ။ သတင်း များ ဖတ်ရင်း ကျွန်တော် မောင်ပေ လည်း ရေးချင်လာသည် ။ ဒီမှာ လာဖတ် နေကြတဲ့ သူ တွေ အတွက် နဲနဲလောက်ပဲ ဖြစ်ဖြစ် တစ်ခုခု ပေးဖတ်ချင်သည် ။ သို ့နှင့် ရေးမိရေး ရာ ရေးလိုက်မိပါသည် ။ တင်ကြို ပြောကြား လို သည် မှာ အောက်ပါ အကြောင်းအရာ နှင့် ပတ်သက် ၍ အခြားတွင် ရေးသားထားခြင်း ကို သိပ်မတွေ ့တာလည်း ပါ ပါသည် ။ မောင်ပေ့ အသက်မှာ သိပ်မကြီးသေးသော်လည်း ။ အလုပ်က သိပ်ပင်ပန်း လေ့ မရှိသော် လည်း ညောင်းတတ်သည် ။ ရံဖန် ရံခါ ကိုယ်လက် ခြေထောက်များ မလှုပ်ချင်လောက် အောင် ညောင်းညာ ကိုက်ခဲ နေတတ်သည် ။ ထိုအခါ မျိုးတွင် အရပ်ထဲ တွင် လာလေ့ ရှိသည့် ထီးအနက်ကြီး များ နှင့် ဗမာအနှိပ်သည် (အရပ် အခေါ ်) အဖွားကြီး အဘိုးကြီး များ ကို ခေါ ်ယူ အားပေးလေ့ရှိသည် ။ သူတို ့ကို အားပေးလျှင် ပိုက်ဆံ လည်း သိပ်မကုန် ။ အညောင်းလဲ ကောင်းကောင်းကြီး ပြေသည် ။ တစ်ခါ အနှိပ်ခံ မှ ၃၀၀ဝကျပ်  သာ ပေးရသည် ။ ဒါတောင် နှိပ်ခံ နေကြ ဆွေမျိုးများ က ပြောသည် မှာ များသေးသည်တဲ့ ။ ၁ နာရီ ခွဲ ခန် ့ကြာအောင် ကောင်းကောင်းကြီး နှိပ်ပေးသည် ။ တစ်ရက် တွင် မူ မိတ်ဆွေ တစ်ယောက် ညွှန်းသည် နှင့် မျက်မမြင် ယောက်ျား များ နှိပ်ပေးသော မျက်မမြင် အနှိပ်ခန်း တစ်ခု သို ့ရောက်မိသည် ။ သူတို ့ကလည်း မဆိုး ။ ဂျပန် နည်းပညာ နှင့် နှိပ်သည် ဟု ဆိုသည် ။ 1 section ( တစ်နာရီ ) လျှင် ၃၀၀ဝ ကျပ် ။ ယခု တော့ ၄၀၀ဝ ကျပ် ဖြစ်သွားပြီ ။ သူတို ့နှိပ်သည်မှာ လည်း အကြော များ ကို သေချာ လိုက် ကိုင် နှိပ် သဖြင့် အညောင်းအညာ ပြေသည် ။ အရှက်ကြီး တတ် သူ မောင်ပေ အဖို ့တော့ ဟန်ကြ သွားတာပေါ့ ။ အရပ်ထဲ ဗမာ အနှိပ်သည် အဘိုးကြီး အဘွားကြီး များ က  အနှိပ်ခံချင်လျှင် ၊ သူတို ့လာမှ ခေါ ်အနှိပ်ခံ လို ့ရသည် ။ ဒီမျက်မမြင် အနှိပ်သမား များ ကြတော့ တရားဝင် အဲကွန်းခန်း နှင့် ကျကျနန ဖွင့်ထားသဖြင့် ဆန္ဒရှိသလို သွား အားပေး လို ့ရသည် ။ အဲ… သူတို ့ပြောတာ က တော့ သူတို ့က အကြောများ ကို သေချာ နှိပ်တာ မို ့ ခဏခဏ အနှိပ်မခံပါနဲ ့တဲ့ ။ မကြာခဏ ဆိုလျှင် အကြောများ မာသွားတတ်ပြီး နှိပ်ရခက်သည် ။ တော်ရုံ အနှိပ်ခံ ရုံ နှင့် အညောင်းပြေ မှာ မဟုတ်တော့ တဲ့ ။ တစ်လ ကို ၂ ကြိမ်ပဲ ကောင်းသည် တဲ့ ။ သို ့နှင့် မောင်ပေ လည်း တစ်လ လျှင် ၂ ကြိမ်ခန် ့( ညောင်းသည် ဟု ခံစားရချိန် ) အမြဲ သွားအားပေးဖြစ်သည် ။ တစ်ရက်ကြ တော့ နယ်မှ မောင်ပေ့ ဘော်ဒါ ( ကုန်အဝယ် ရောက်လာသူ ) နှင့် ဆုံ ချိန် ။ သကောင့်သား က ညောင်းသည် ဟု ဆိုသဖြင့် မောင်ပေ သွားနေကြ မျက်မမြင် အနှိပ်ခန်း သို ့လိုက်ပို ့ပေးလိုက်သည် ။ သူလည်း ဇိမ်ကြ သွားသည် ။ မပြန်ခင်တစ်ရက် အလို ည  ၂ဦးသား ဘီယာဆိုင် တွင် ဘီယာ သောက်ပြီး ။ ဆရာသမား က ပြောလာသည် ။ “ မင်း ကို မနေ ့တုန်းက မျက်မမြင် အနှိပ်ခန်း ထက် ပို ကောင်းတဲ့ နေရာ ပို ့ပေးမယ် ” … မောင်ပေ အံ့ဩ သွားသည် ။ သို ့နှင့် ဘယ်လို နေရာ မျိုးပါလိမ့် လို ့သိချင်သွားသဖြင့် … “ ကဲ မင်း သွားချင်တဲ့ ဆီ မင်းမောင်းကွာ ” ဆိုပြီး ဆိုင်ကယ်သော့ ကို ပေးလိုက်တော့ ဆရာသမား က မြို  ့သစ် ဘက်သို ့ဦးတည် မောင်းသွားသည် ။ မြို  ့သစ်ဘက် ဆိတ်ငြိမ် ရပ်ကွက် အတွင်းရှိ ဝင်းခြံ ကျယ် တစ်ခု အတွင်း သို ့မောင်းဝင် လိုက်သည် ။ တိုက်ကြီး ကား RC၂ ထပ် တိုက်ကြီး ။  ခန် ့ခန် ့ငြားငြား ကြီး ။ အထဲ သို ့ဝင်ဝင် ချင်း ဧည့်ခန်း ။ ဆိုဖာ ဆက်တီ များ နှင့် ။ ၂၁ လက်မ ဖလက် တီဗီပြား ကြီး နှင့် သီချင်းခွေ ဖွင့်ထားသည် ။ reception မှ အမျိုးသား က “ အကို တို ့ဆီလား ရိုးရိုး လား ၊ ဝင်နေကြ ကောင်မလေး  ရှိလား တဲ့” တဲ့ ။ မောင်ပေ လဲ “ ဆရာသမား ဘာတွေ လဲ ” ဟု မေးတော့ ….. ။ “ မင်း အသာနေ ။ ခဏနေ သူတို ့ပို ့ပေးတဲ့ အခန်းထဲ လိုက်ဝင် လိုက် ” ဟု ဇွတ်ပြောလာသဖြင့် မောင်ပေ လဲ ဘာမှ မပြောတော့ ။ ခဏနေကြ ကောင်လေး တစ်ယောက် က အကို ရပြီ ဟု ဆိုကာ လာခေါ ်သည် ။ သို ့နှင့် ကြောင်တောင်တောင် နှင့် လိုက်သွားတော့ ဆရာသမား က အခန်း တစ်ခု ထဲ ဝင်သွားသည် ။ မောင်ပေ့ ကို လဲ လိုက်သွား ဟု ပြောသဖြင့် ကောင်လေး နှင့် ဆက်လိုက်သွားရာ အခန်းတစ်ခု ရှေ  ့ရောက်တော့ အကို အခန်းထဲ က ခဏစောင့်နေပါနော် တဲ့ ။ သို ့နှင့် အခန်းတံခါး ဖွင့် ဝင် လိုက်တော့ အခန်းထဲ မှာ ဆံပင်ညှပ် ဆိုင် များ မှ ခေါင်းလျှော် စင်(အိပ်စင် ကုတင် ) တစ်ခု ရှိသည် ။ အဲကွန်း က အေးနေသည် ။ အခန်းထဲ တွင် ရေချိုးခန်းအိမ်သာ တွဲ လျှက် အခန်းသပ်သပ် ပါသည် ကို တွေ ့ရသည် ။ အိပ်စင် ကုတင် ပေါ ်တွင် သဘက်ဖြူ အကြီး တစ်ထည် ။ သို ့နှင့် ကုတင် ပေါ ်တက် ကာ ကြောင်တောင်တောင် နှင့် ထိုင်နေမိသည် ။ ၃ မိနစ်ခန် ့ကြာတော့ အခန်းတံခါး ပွင့် ကာ ကောင်မလေး တစ်ယောက် ဝင်လာသည် ။ ဖြူဖြူ သန် ့သန် ့လေး ။ ဆံပင်ဖြောင့်လေး နှင့် ချစ်စရာ လေးဗျ ( ဟီဟိ ) ။ သူလေး က ပြုံးပြ ပြီး “ အကို အင်းကျီ ဘောင်းဘီ ချွတ်တော့လေ ”  ………မောင်ပေ မျက်နှာပူသွားသည် ။ “ ဘာ အင်းကျီဘောင်းဘီ ချွတ်ရမယ် ဟုတ်လား ” ကောင်မလေး က ပြုံးပြီး  “ မချွတ်ပဲ နဲ ့သမီး ဘယ်လို နှိပ်ရမှာလဲ လို ့ ” .. ထိုအခါ မှ မောင်ပေ ထပ်မေးရသည် ။  “ မင်းတို ့ဟာ ရိုးရိုး နှိပ်မှာ မဟုတ်ဘူးလား ” … ။  “ ကဲကဲ.. ဒီသဘက် ယူသွားပြီး ရေချိုးခန်း ထဲ သွားချွတ်လိုက်ပါနော် …. ပြီးရင် သဘက်ပတ် လာခဲ့ ။ သမီး ဒီက စောင့်နေမယ် ။..ဪ အကုန်ချွတ်ခဲ့နော် ” …….။ သို ့နှင့် မောင်ပေ လည်း မထူးတော့ဘူး ဟု စိတ်သွင်းကာ သူပြောသလို လုပ်လိုက်သည် ။ ပြီး ခါးအောက်ပိုင်း ကို သဘက်ကလေး နှင့် ပတ်ထားလိုက်သည် ။ ( ရှက်တာပေါ့ ဗျာ .. ဟီဟိ )  ကုတင်ပေါ ်တက်ကာ မှောက်ယက်လေး နေလိုက်သည် ။ ကောင်မလေး က သံလွင်ဆီ ဘူး ကို ကိုင်ကာ မောင်ပေ့ ကျောပြင်ပေါ ် လောင်းချ သည် ။ ပြီးနောက် နှိပ်တာ တဲ့ ( ဟိုဒီ လက်ဖဝါး နဲ ့လိုက်ပွတ်နေသလို ပါပဲ ) ။ ထိုအခါ မှ မောင်ပေ လဲ တော်ကီ လွှတ်ရတော့သည် ။ “ မသိလို ့နော်… ဒါ ဆီနှိပ်တယ်လို ့ခေါ ်တာလား ” …။ “ ဟုတ်တယ် အကို ရဲ  ့ ၊ အကို က တစ်ခါ မှ မလာဖူး ဘူး ထင်တယ် ” …. ။ …“ ဟုတ်တယ် ညီမလေး ရယ် ၊ အကို က ဘော်ဒါ ခေါ ်လာပေးလို ့ဒါ ပထမ ဆုံး ပဲ..ဟဲ့ဟဲ့ ယားတယ် ယားတယ် ဟီဟိ ..” ။ …“ အားလို ရင် ပြောပါနော် အကို ” ( အမှန်က ဘာအားမှ မပါ ။ ပွတ်သပ်ရုံ ပွတ်သပ်ပေးနေတာများ ) ကျွန်တော့် ကျောပြင် ပေါ ် ဆီလောင်းက ပွတ်သပ်ပေးပြီး ။ လက် ။ ပြီးတော့ ပေါင်တွေ ခြေသလုံး တွေ ။ အိုဗျာ ဘယ်လို ကြီးမှန်း ကို မသိဘူး ။ သံလွင်ဆီ တွေ လောင်းပြီး လိုက်ပွတ်သပ်ပေးနေတော့ စိတ်က ဘာလိုလို ပေါ့ အင်း..( ကိုကိုတို ့သိကြမှာပါ ဟီဟိ  ) ။ သူလေး က အသားဖြူသဖြင့် ဘာလူမျိုးလဲ လို ့မေးကြည့်တော့ ကရင်ပါတဲ့ ။ မြောင်းမြ ဘက် က လာတာပါတဲ့ ။ ရွာမှာ ဆိုရင် တစ်ရက် ကောက်စိုက် မှ တစ်ထောင် လား ရတာပါတဲ့  ။ နာဂစ် ပြီးတော့ ရန်ကုန် သို ့ရောက်သတဲ့ ။ ရန်ကုန် မှာ အလုပ်မရှိလို ့သောင်တင်နေရာမှ ယခု လို ဆက်သွယ်မိပြီး အနှိပ်ခန်း တွင် လုပ်တာ ၃ နှစ်ခန် ့ရှိပါပြီ တဲ့ ။ မိသားစု ရှိသလား ဆိုတော့ မောင်ငယ်ညီမငယ် ၂ ယောက် ရွာမှာ ကျန် ခဲ့ ပါသတဲ့ ။ ဒီကနေ လစဉ် ပိုက်ဆံ ပုံမှန် ပို ့ပေးနေပါသတဲ့ ။ ဒီလို နဲ ့သူမ နှိပ်ပေးနေရာ ပေါင်များ ကို လိုက်ပွတ်နှိပ်နေရာ က နေ တင်ပါးတွေ ဆီ ရောက်လာတယ် ။ အောက်ပိုင်း က သဘက်ပတ်ထားတာ ဆိုတော့ လျှို နှိုက် လာတာ ပေါ့ နော် ။ ကျွန်တော့် တင်ပါး တွေ ပေါ ် ဆီတွေ လောင်းရင်း ကောင်မလေး က ကပ်တိုးလေး မေးလာတယ် ။  “ အကို အကြောလျှော့ ပေးရမလား ”  တဲ့ ။ ဒါနဲ ့“ နင် အခု နှိပ်နေတာ အကြော လျှော့ ပေးနေတာ မဟုတ်ဘူးလား ” လို ့ပြန်မေးကြည့်လိုက်တော့ …. သူမ က ကပ်တိုးလေး ထပ်ပြောလာတယ် ။

ကဲဗျာ အလုပ် က ဖုန်းဆက် ခေါ ်လာလို ့အလုပ် ပြန် လုပ် လိုက်ဦးမယ် ဗျာ ။ စိတ်ဝင်စားမှု အားပေးမှု ရှိမယ် ဆိုရင် ဒုတိယ ပိုင်း ကို ဆက်တင်ပေးပါ့မယ် ဗျာ ။  သိပြီးသား ဖြစ်တဲ့ စာဖတ်သူ အကို တို ့ကို လည်း သည်းခံ ဖတ်ပေးလို ့ကျေးဇူးတင်ပါတယ် ။ မသိသေးသူ အကို တို ့ကို လည်း ဖတ်ပေးတဲ့အ တွက် ကျေးဇူးတင်ပါတယ် ။ ကျွန်တော့် စာကို ဖတ်မိကြသူ ညီမငယ် တို ့အမတို ့အန်တီ တို ့ကိုလည်း ဒါမျိုးတွေ ရှိပါလား လို ့အသိပေးချင်ရုံ သပ်သပ် နဲ ့တင်ထားတာပါလား လို ့နားလည်ပေးစေချင်ပါကြောင်း ။ ညစ်တီးညစ်ပတ် သဘောမျိုးနဲ ့တင်ထားတာ မဟုတ်ရပါကြောင်း နားလည်ပေးကြပါလို ့တောင်းဆိုချင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။

9 comments

  • july cancer

    June 21, 2011 at 8:50 am

    အင်း ဒုတိယပိုင်းကိုဆက်တင်ပေးပါဦးဗျာ…

  • king

    June 21, 2011 at 9:30 am

    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    သက်ပျင်းချလိုက်ပီ ဘာမှန်းလည်းသိဘူးကွာ ….. (ဆက်မပြောလို့)
    😛

  • etone

    June 21, 2011 at 9:53 am

    ဦးဖက်တီး တင်တုန်းက ဒီလောက် ပြည့်ပြည့်စုံစုံမရေးထားဘူး … သူက ဆင်ဆာဖြတ်ထားတယ်ထင်တယ် … 😛

  • intro

    June 21, 2011 at 10:02 am

    ဒုတိယပိုင်း မျှော်နေမယ်နော်.. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 21, 2011 at 12:40 pm

    ကျုပ်လည်း အနှိပ်ခံဘူးတယ်ဗျ
    ပထမတော့ သူလေးက ကျုပ်ကိုနှိပ်တာဘဲ
    နှိပ်ရင်း နှိပ်ရင်း
    နောက်ဆုံးကြတော့
    …………………..
    ကျန်တာကို ဒုတိယပိုင်းမှာ ဆက်မန်းမယ်
    😀 😀 😀

  • windtalker

    June 21, 2011 at 12:42 pm

    ကိုပု ဟက်ဖီးလ် ကြီး ပစ်မထားနဲ ့လေ ။ ပြောပြ..ပြောပြပေး ။ ကိုပု ပြီး ရင် သားအလှည့်

  • nature

    June 21, 2011 at 2:48 pm

    (သူမ က ကပ်တိုးလေး ထပ်ပြောလာတယ်..) ဆိုတာဘာလဲဗျ။ မရှင်းလို့ပါ။ 🙂

  • Yan Shin

    June 22, 2011 at 5:23 am

    တော်ပြီ လေးပေါက်နဲ့
    အဲဒီဆိုင်ကိုလိုက်တော့ဘူး
    တားက ဒိလောက်စိတ်ရှည်ဘူး…

Leave a Reply