ကြောင် ..ဋီကာ..။။။။။။။။။။။

ကြောင် ..ဋီကာ..။။။။။။။။။။။

ဆန်းပြာသိုလအတွင်းမှာတော့ ….ဖော်သင်းကွဲနေကာ
မတော်ညှင်းဆဲနေရှာတယ်….ဓမ္မတာမဟုတ်မှန်း
တစ်ခါခါအဟုတ်ဆန်းရင်ဖြင့်….ဘရုပ် တန်းသွပ်ချာ
ကရွတ်ဆန်းသဘွတ်မှာကွယ်….လည်ကာသာရှုပ်ထွေး။။။

ညောင် အော်လို့အမြီးတန်းရင်ဖြင့်….လူ့ရပ်ခန်းနေရာ
မောင်းထုတ်ကြရှာ….ကြွက်သရမ်းယုတ်မာကို
သဘောက်ကြောင်….. ငဲ့ကွက်လို့သာ….။။။။။

ကိုရွှေကြွက်လမ်းထွက်လာလျှင်….သူအစာမထင်ဘု
ဘော်ဒီ အမိကြွက်မဒီတွေတောင်….ဝကစ်ကစ်ဆူဖြို;
ဗိုက်အဆီတစ်ရစ်တိုးအောင်….ဆန်အိုးနဲ ဇလုံ ပန်းကန်
ဆွဲမှောက်လှန်ပြန်….ဒါပေမယ့်ကိုကြောင်မှန်ရယ်
ဘာဝနာခံရှုပွား။။။။

လူကများမနေသာ…..ရိုက်ထုတ်မှသာ
ထိုချိန်မှကြောင်အဝှာမှာ….ပျင်းဆန့်ထလာ
ဂျူတီပျက်ကြောင်ငနာကို….ကြက်မွှေးပါကြိမ်တစ်လုံးနဲ့
နင်းတုတ် မှသာ….ဒီချိန်မှကြောင်အဝှာကွယ်
ဟန်ရးပြကာ။။။။။

တချက်ခုတ် အဟုတ်မညှာလျှင်…တစ်လုပ်စာကြွက်ယုတ်
တစ်ချက်ခုန်အသက်ပြုတ်မယ်လို့….လက်သဲထုတ်အမြီးထောင်
ကျားသို့ယောင်ယောင်…..အသွင် တော့ဤသို့ဆောင်တယ်
ကြွက်က လှောင်….ကြောင်စုတ်။။။။

ညဉ့်နက်ထိအိမ်ဘက်မလာ…..မ.. လိုက်လို့သာ
အထီးတွေရန်ရှာလို့…..သူတို့မှာအိပ်ပျက်ကြရှာ
အဝေမတည့်သူတို့စွာလျှင်…ကုတ်ဖဲ့ကာကိုက်ခဲ။။။
နံနက်တော့သူ မပါသလိုကွယ်….လူ့ပေါင် မှာခေါင်းခွေ့လို့
အမျိုးမျိုးသရုပ်ဆောင်….ဆိုးတဲဒီ ကြောင်။။။။

လူချစ်အောင်မျက်နှာသေနဲ့….အမျိုးမျိုးဟန်ဆောင်
ကြွက်ခုတ်မယောင်….ကြောင်အိမ်တွင်း
ငါးကြော်ကောင်ကို…..မြင်ယောင်ကာလျှာသပ်
လူ့နေရပ်အိမ်တစ်ဆောင်မှာ….ငပျင်းကြောင်တစ်ကောင်ရှိနေလို့
အစာဝ ကြွက်အမောင်ရယ်…..ဗလတောင်ဝဖီး။။။

တော်ပြီဟဲ့ဒီအကောင်…..မမွေးတော့ပေါင်
ကြွက်ညှပ်နဲ့ ငါထောင်လျှင်….ဒီအကောင်မလိုဘူးကွဲ့လေး။။။။။။။
စာနာတတ်ဤလူ့ဘောင်မှာ….ကြောင် မပါကောင်းမယ်ကွဲ့လေး။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

13 comments

  • windtalker

    June 21, 2011 at 7:55 am

    လိမ္မာတဲ့ ကြောင်လေး တွေ ကိုတော့ မွေးပါရစေ ဗျ ။ နော်ကိုကို

  • MaMa

    June 21, 2011 at 8:30 am

    ဟုတ်ပါ့။ ကြွက် သောင်းကျန်းလို့ ကြောင်မွေးပါတယ် ကြောင်ချေးပါ ကြုံးရတယ်ပေ့ါ။ ကြောင်ဋီကာဆိုသလို ကြောင်တွေမှာလည်း ကြောင်အမျိုးမျိုး စရိုက်အထွေထွေ ရှိပါသေးတယ်လေ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ နောက်ထပ်မွေးရင် လိမ္မာပြီး ချစ်စရာကောင်းတဲ့ ကြောင်လေးတွေလည်း တွေ့နိုင်ပါသေးတယ်။

  • ရွှေဘိုသား

    June 21, 2011 at 8:39 am

    စာချင်းရာစားဆို ရင်တော.
    မစားတော.ပါဘူးဗျာ
    ဦးနှောက်ပဲ ကျွန်တော်ကစားချင်တာဗျ
    ဘုရင်ဖြစ်ချင်လို.

    • king

      June 21, 2011 at 9:35 am

      ဟိတ် ရွှေဘိုသား
      မင်းက နေရာလာလုဖို့ ကြံနေတာပဲ
      ရွာထဲမှာ King ဆိုလို့ ငါပဲ ရှိတာ မင်းက King ဖြစ်ချင်တယ်ဆိုတော့ …
      အဲ ……
      😀

  • kai

    June 21, 2011 at 8:56 am

    ကြောင်ဋီကာ

    “ကြောင်”စရှိလျှင် “ကြောင်”ချင်ချင်တည့်
    “ကြောင်”လျင် ကောင်းနိုး “ကြောင်”စပျိ်ုး၍
    “ကြောင်”ရိုးမယ့်မောင် “ကြောင်”စထောင်သည်
    ယွင်းအောင်မောင်ခွေး မ”ကြောင်”နဲ့လေး…။

    ငယ်ကတည်းက အလွတ်ကျက်ထားတာက.. “ပျင်း”စာသားနဲ့ပါ..။
    ကြောင်နေရာ ပျင်းထည့်ပေါ့..။
    ဘယ်ရှေးစာဆို စပ်ခဲ့သလည်းမသိ..။

  • etone

    June 21, 2011 at 9:00 am

    အရစ်ကလည်း ရှည်လိုက်တာ မပြီးတော့ဘူး … ဟိုဘဝက ကြွက်ဖြစ်ပြီး သေခဲ့သလား မှတ်ရတယ် ။
    ယောကျာ်းကြီးတန်မဲ့ ဒီလောက်ရွဲ့ စောင်းနေတာ ထမိန်ဝတ်ထားဖို့ ကောင်းနေပြီ ။ ဖတ်ရတဲ့လူတွေ အာရုံနောက်အောင် လာမလုပ်နဲ့ … ။ တက်လာတဲ့ ပို့စ်တွေ တိုင်း မတိုက်ခိုက်ရလျှင်ကို မနေနိုင်ဘူး ။ မဖတ်ဖြစ်အောင် ရှောင်နေတဲ့ ကြားထဲကကို မြင်မြင်မိလာတယ် … ။ ဒီကြားထဲ ရိုင်းလိုက်တာကလည်း ကမ်းကုန်ပဲ ။ ဆိုက်ထဲ စဝင်လာတဲ့ ပို့စ်ကိုကတည်းက ချီးထုတ်နဲ့ စတယ် …ဘယ်လိုဟာတွေမှန်း မသိဘူး စိတ်ရှုပ်စရာကောင်းတယ် … ။

    • ogre

      June 21, 2011 at 12:05 pm

      etone ရဲ့ ..ကိုကြောင်ကြီးကို
      ပြောပြီးမှရေးလိုက်တာပါ
      သူကလဲပြန်ရေးပါလိမ်မယ်..စောင့်ဖတ်နော်
      ချီးထုပ်ကစပြီး ရေးသမျှပိုစ့်အားလုံး
      အားပေး ဖတ်ရှုလို့အထူးပင်ဝမ်းမြောက်မိပါကြောင်း
      အာရုံနောက်တယ်ဆိုတာကလဲ..ဝင်ရောက်ခံစားသူနဲ့သာသက်ဆိုင်ပါတယ်ကွယ်
      ကြောင်းအကြောင်းပဲရေးထားတာပါ bigcat လို့မပါ ပါဘူး။။
      ကိုကြောင်ကြီးဘက်က ဝင်ရောက်စိတ်ဆိုးပေးတဲ etone ကို
      ကိုကြောင်ကတော့ကျေးဇူးတင်နေမှာပါကွယ်
      သူကလဲ ဘီလူးလေချိုး ကြီး ကို ရေးနေပါပြီ
      အားပေးလိုက်ပါနော်။။။။။

    • syatds

      June 23, 2011 at 9:26 am

      ဒီတစ်ခါတော့ etone ပြောတာကို လက်ခံပါတယ်။ ဒီလိုသာ အချင်းချင်းပြောနေကြရင် ပြီးဆုံးမှာ မဟုတ်တော့ဘူး။ တကယ်စာဖတ်ချင်တဲ့သူတွေအတွက် အနှောက်အယှက်ဖြစ်ပါတယ်။ ပို ့စ်တစ်ခုအနေနဲ ့တော့ မတင်သင့်တာ အမှန်ပါ။

      • bigcat

        June 24, 2011 at 1:49 am

        ဟုတ်တယ် syatds ရေ။ ဒါမျိုးတွေ ဖတ်ရတာ အာရုံနှောက်တယ်၊ အားယားနေရင် ကီးဘုတ်မကိုင်ဘဲ ဟိုဟာသွားကိုင်ပါလား (ဓာတ်ကြိုး) 😮

  • ကြောင် ဆိုမှ ကြောင်
    ငါ့ကြောင်ကိုထိ ဒါကိုသာကြည့် (လက်သီး)

    ကြီးသော၊ ငယ်သော
    ဝသော၊ ပိန်သော
    မှုရန်မလို လိုရင်းမူကား
    ကြောင်ဖြစ်ရိုးသာ မှန်ခဲ့ပါမူ
    ကြောင်ကြီး၊ ကြောင်သေး
    ကြောင်မ၊ ကြောင်ထီး
    ကြောင်ပိန်၊ ကြောင်နာ
    ကြောင်ဆိုမှဖြင့်
    ကြောင့်ကိုချစ်ခြင်း ရင်တွင်းဖြစ်တော့သည်။ ။

    (ကြောင်ချစ်သူအတွက် အငှားခံစားချက်)
    😀 😛 😀 😛

    • etone

      June 21, 2011 at 10:22 am

      ကိုရှုံး (ကြောင်ချစ်သူအတွက် အငှားခံစားချက်) တွေ ဘာတွေ ရေးမနေဲ့
      ကိုယ်ရေးချင်တာ ကိုယ်ရေးတယ်လို့ ပြော ။ comment ပေးလျှင် လွတ်လွတ်လပ်လပ်ပေးပါလား …. ။ ပြောတဲ့လူက အစိုးဖြစ်ဦးမယ် ။ အသစ်တွေက တမျိုး ၊ငပေါတွေကတမျိုး တစခန်းထတဲ့ အထဲ ဝင်ပါချင်လို့ ရေးနေတာလား ။

  • nature

    June 21, 2011 at 3:29 pm

    ဒိုင်လူကြီးလိုရင်ပြောနော်..။ 🙂

  • bigcat

    June 22, 2011 at 1:27 am

    ကြောင်ချီပါ ကြောင်ချီပါနဲ့
    နေ့ခင်းကြောင်တောင်
    ဂယောင်ကလီကမာ လာမလုပ်နဲ့
    လှောင်ရီကာ ပြောလိုက်မယ်
    ကြောင်ချီတာ ငါးကြော်ကွဲ့
    ဘီလူးဟုတ်ဘူး (ရွံလို့…) 🙄

Leave a Reply