GSM ဖုန်းမှန်သမျှ နေပြည်တော်နဲ့ ရန်ကုန်မှာ အင်တာနက်လိုင်း သုံးလို့ရပြီ

manawphyulayJune 21, 20111min12212

၁၅ သိန်းတန်နဲ့ ငါးသိန်းတန် GSM (ဂျီအက်စ်အမ်) ဖုန်းတွေကို ဒီကနေ့ ဇွန်လ ၂၁ ရက်က စပြီး နေပြည်တော် နဲ့ ရန်ကုန်မြို့တွေမှာ အင်တာနက် ဝန်ဆောင်မှု စတင် လျှောက်ထားနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရပါတယ်။ နည်းပညာအခေါ် Data Service (EDGE- Enhanced Data rates for GSM Evolution) (အချက်အလက် ဝန်ဆောင်မှု)၊ အရပ်ဘက်အခေါ် အင်တာနက် ဝန်ဆောင်မှုအတွက် တပ်ဆင်ခကို ကျပ်တစ်သောင်း (၁၀၀၀ဝ ကျပ်) ဖြင့် လည်းကောင်း၊ အသုံးပြုခကို တစ်မိနစ် လေးကျပ် (၄ ကျပ်) နှုန်းဖြင့် လည်းကောင်း ကောက်ခံသွားမယ်လို့ သိရတယ်။ လက်ရှိ ၁၅ သိန်း Postpaid GSM (ဂျီအက်စ်အမ်) ဖုန်းတွေအတွက် အဆိုပါ တပ်ဆင်ခကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ကြိုတင် ငွေဖြည့်ကတ် စနစ်သုံး ဂျီအက်စ်အမ် (Prepaid GSM) ဖုန်းတွေအတွက် တပ်ဆင်ခကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ကြိုတင်ငွေဖြည့် ဆင်းကဒ် (Prepaid SIM Card) ရောင်းချတဲ့ နေရာတွေကနေ ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေက GSM (ဂျီအက်စ်အမ်) မိုဘိုင်းဖုန်း သုံးစွဲနေသူတွေအနေနဲ့လည်း Data Service (EDGE) ဝန်ဆောင်မှုကို လျှောက်ထားရယူထားပါက နေပြည်တော်၊ ရန်ကုန်မြို့တွေမှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
Source : ရတနာပုံသတင်း

12 comments

  • windtalker

    June 21, 2011 at 8:07 am

    သားတို ့မန်းတလေး မြို ့မှာ ဂျီအက်စ်အမ် ဖုန်းဖြင့် အင်တာနက် အသုံးပြုခွင့် ပေးမည့် အချိန်ကို စောင့်စားနေပါကြောင်း ။ ဒါနဲ ့ ငွေကြိုပေး ကဒ် စနစ်ပြောင်းမယ် ဆိုရင် ယခင် တင်ကြို ငွေ သွင်းထားတဲ့ ပိုက်ဆံ တွေ ကော ဘယ်လို ရှင်းကြမလဲ မသိဘူးနော် ။ ယခင်၁၅ သိန်း ကဒ် တွေ က ဖုန်းဘီလ် က ၂ လ လောက် နောက်ကြ မှ ထုတ်ပေးတာ ။ အခု ကဒ်စနစ် ကို ပြောင်းသုံးမယ် ဆိုရင် အရင်ပြောထားသမျှ ဖုန်းဘီလ် တွေ ကို အရင် စာရင်းရှင်းခိုင်းမယ် ထင်တယ် နော် ။ ဘာပဲဖြစ်ဖြစ် ငွေကြိုပေး ငွေဖြေ ့ကဒ် စနစ် သုံးလာတာ ကောင်းမွန်တဲ့ စနစ်ဖြစ်မှာ အမှန်ပါပဲ ။ အရင် က ဖုန်းဘီလ် ဆောင်ဖို ့ရုံး သွားပြီ ဆိုရင် အချိန်အကြာကြီး စောင့်ရတာ ကလား ။ သတိမေ့ခဲ့လို ့ရုံးဖွင့်ရက် အတွင်း မဆောင်မိခဲ့ရင်လည်း ဖုန်းက အဖြတ်ခံ ရတာ မျိုး ဆိုတော့ ယခု စနစ်သစ် ကို ဝမ်းသာအားရ ကြိုဆိုပါကြောင်း ဗျာ ။

  • etone

    June 21, 2011 at 8:15 am

    လူတွေကို အကြံဖန်မျိုးစုံနဲ့ ပါးပါးလှီးနေပါလား ဗျို့ … ။
    ဆယ့်ငါးသိန်းတောင် ပေးထားရပြီးပြီပဲဟယ် .. တပ်ဆင်ခ တသောင်းက ထပ်ယူစရာလား .. ။ ဆယ့်ငါးသိန်းတုန်းကတောင် ဘယ်သူက ဆယ့်ငါးသိန်းအတိနဲ့ ဝယ်လို့လဲ … ပွဲစားတွေ ပွဲညွှန့် ခ အပါပြီး ဆယ့်ရှစ်လောက်ဖြစ်နေတာတောင် သုံးခဲ့ကြရတာပဲ …။ နောက်ပိုင်းထွက်တော့ ငါးသိန်းတဲ့ …
    အခုလည်း ငါးသိန်းတွေ ဝယ်တာပါးလာတော့ သုံးသိန်းလာဦးမယ်… ။
    နောက်ပိုင်း တလုံးဝယ်လျှင် တလုံး လက်ဆောင်ဆိုတာမျိုးတွေနဲ့ … မရရအောင် အတင်းလုပ်စားဦးမှာ ။

    • ဆူး

      June 21, 2011 at 8:21 am

      တလုံးဝယ်လျှင် တလုံး လက်ဆောင် ဆိုရင်တော့ အိမ်က ခွေးတွေ ကြောင်တွေ ပါ ဟန်းဖုန်း ချိတ်ပေးထား ခံရမယ် ထင်တယ်။

      • နွယ်ပင်

        June 21, 2011 at 8:41 am

        ဆူးရေ တစ်လုံးဝယ်တစ်လုံးလက်ဆောင်က သကြားလုံးပါတဲ့ …. 🙂

  • manawphyulay

    June 21, 2011 at 8:31 am

    သုံးသိန်းတန် ဖုန်းတွေလည်း ချပေးဦးမယ်ဆိုလားပဲ။ ဒါဆိုရင် အရင်ဝယ်ထားတဲ့ဖုန်းတွေက ဈေးကြီးပြီး ဘာကွာခြားချက်တွေ ဖြစ်လာမလဲမသိဘူးနော်။ နေပြည်တော်မှာ ၅ သောင်းတန်ဖုန်းတွေ ဝန်ထမ်းတွေ ချပေးထားတယ်ဆိုတာကော တကယ်ပဲလားဆိုတာလည်း သိချင်လိုက်တာ….

  • usnczn

    June 21, 2011 at 9:09 am

    ဘာပြောပြော ထမင်းကြီးဘဲ စားရတာနဲ့စာရင်
    ငပိရည် လေးစားရမယ် ဆိုတော့ ဝမ်းသာပါတယ် ….အီး ဟီဟီး ဟီး(မျက်ရည်ကျသံ)…တောက်…
    သူတို့ ကတော့ ပုဇွန်ထုပ်ကြီး…… အီး ဟီ ဟီး……..တီး……

  • moethidasoe

    June 21, 2011 at 9:17 am

    ကျေးဇူးတင်ပါတယ် .. သိလိုက်တာနဲ့ ပြေးလိုက်ရင် တစ်သောင်းတော့ လောလောဆယ် ကုန်တော့မှာ
    နောက်ပိုင်း ကိုယ် ဒေါသ ကြီးရင် ကြီးသလောက် ကုန်ဦးမှာ

  • လင်းဝေကျော်

    June 21, 2011 at 9:32 am

    ဒီဆက်သွယ်ရေး လုပ်ငန်းကြီးက အစိုးရပိုင်(ပြည်သူပိုင်) ဖြစ်နေလို့သာပဲ။
    ပြည်သူပိုင် က ပြည်သူတွေကို ရိတ်လိုက်တာ။
    အမြတ်ကော ပြရဲ့လားမသိဘူး။
    လွှတ်တော်မှာ ဆက်သွယ်ရေးရဲ့ ငွေစားရင်း ကိုမေးပြီး Balance Sheet, P&L တွေ တောင်းကြည့်ကြပါဗျို့။
    လောလောဆယ်တော့ ဆက်သွယ်ရေးက အင်ဂျင်နီယာတစ်ယောက်က မိန်းမ သုံးယောက်လောက်ရှိတယ်။
    ဂေါက်သီးကစားရင် caddy နှစ်ယောက်နဲ့မှ။ ဒါတောင် AE ပဲရှိသေးတာနော်။

  • intro

    June 21, 2011 at 9:57 am

    ကမ္ဘာတည်ငြိမ်မှု မရှိဆုံး ဖုန်းဈေးကွက်ကို ပြပါဆိုရင် ဒီနိုင်ငံနဲ့ ဒီက Phone Line System တွေကိုပဲ ပြရမယ် ထင်တယ်….

  • windtalker

    June 21, 2011 at 12:33 pm

    ဂုဏ်ယူစရာ လို ့ခေါ ်မလား ။ အာရှ မှ ဖုန်းပြောခ ဈေးအကြီးဆုံးပေးပြောတာ ကျုပ် တို ့မြန်မာနိုင်ငံသား တွေ ကွ လို ့အော်မိလိုက်ချင်သား ။

    • pan pan

      June 24, 2011 at 5:01 am

      ဖုန်းလိုင်းကလည်းအစုံဆုံးပဲ။
      ဝန်ဆောင်ခလည်း တခုနဲ့တခု မတူ…။

  • pan pan

    June 24, 2011 at 5:03 am

    ၁၀၀၀ဝလို့ပြောပေမယ့် ဘာကြေးညာကြေးနဲ့ ၁၅၀၀ဝလောက်ကျမယ်ဆိုလားပဲ။
    ကိုယ်တိုင်သွားပြီးသားလူရှိရင် နည်းနည်းလက်တို့ပါဦး။
    connectionရောကောင်းလားလို့..။

Leave a Reply