အခုတစ်လော ရွာထဲမှာ လူသစ်တွေ အခြေအချနေထိုင်လာကြတော့ ရွာကလည်း အရင်ကထပ် ပိုပြီး စည်ကားလာတာတော့အမှန်ပါပဲ … သူကြီးရဲ့ အုပ်ချုပ်မှုစွမ်းရည် ရွာသူ/သားတွေရဲ့ ချစ်စဖွယ် စိတ်ထားတွေနဲ့ အတွေးသစ်အမြင်သစ်တွေ ပေါများလှတဲ့ ရွာထဲမှာ လူများတာလည်း ဆန်းတော့ မဆန်းလှပါဘူး … ဒါနဲ့ပဲ ရွာထဲမှာ စီးပွားရေး စလုပ်ဖို့ ကြံမိတော့တယ် အဲဒါနဲ့ပဲ ဟိုပို့စ်ကို ၀င်ပြီး 10 ယူလိုက် ဒီပို့စ်ကို ၀င်ပြီး 10 ယူလိုက်နဲ့ စုထားတဲ့ ပွိုင့်တွေကို ကိုအောင်ပုတို့ဆီမှာ ကြိုပွိုင့်နဲ့ ရောင်းပြီး လုပ်ငန်း တစ်ခု တည်ထောင်လိုက်ပါတယ်…  အခုလောလောဆယ်တော့ အနုပညာနဲ့ဆိုင်တဲ့ လုပ်ငန်း အရင်စလုပ်မယ်ပေါ့ … နောက်မှ ရလာတဲ့ အမြတ်ငွေတွေနဲ့ ပရဟိတ အတွက် ဖောင်ဒေးရှင်းတွေထောင်မယ် …နောက်တော့ ရွာသစ်စီမံကိန်းတွေ လုပ်တဲ့အခါကျရင် ဆောက်လုပ်ရေးတွေလုပ်မယ် (အခုကတည်းက သူကြီးဆီ ကြိုပြောထားတယ်ဗျ) … ပြီးရင်ဗျာ ရွာရဲ့ သယ်ယူပို့ဆောင်ရေး၊ တည်းခိုရေး၊ စားသောက်ရေး စတဲ့ လုပ်ငန်းတွေကိုလည်း တိုးချဲ့ လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိကြောင်းပါ တစ်ခါတည်း ကြိုတင်ကြော်ငြာထားတယ်ဗျ .. ဟဲ ဟဲ :P :D :) ….
ကဲ ကဲ လိုရင်းတောင် ပြောဖို့ မေ့နေတယ် အခု King Entertainment က ရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေအတွက် သရုပ်ဆောင်၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ရှူတင်မန်နေဂျာ အစရှိသဖြင့် ဇာတ်လမ်းတွဲရိုက်ကူးရန် သရုပ်ဆောင်များ ခန့်ထားလိုပါသောကြောင့်
ရွာထဲမှ ရွာသူ/သား ကိုကို မမ ဦးဦး ဒေါ်ဒေါ် ညီလေး ညီမလေးတို့အား သတင်းကောင်းပါး လိုက်ပါတယ် ….
လျှောက်ထားရမည့် ပုံစံကတော့
အနုပညာရှင်အမည် – :D
ပါဝင်လိုသည့်နေရာ – :D (ဒါရိုက်တာ၊ မင်းသား အစရှိသဖြင့်)
ပါဝင်လိုသည့်အကြောင်းအရင်း – :D (ရုပ်ချောသဖြင့် မင်းသားလုပ်လိုသည် အစရှိသဖြင့်)
အောက်တွင် Comments များရေးသွင်းပြီး လျှောက်ထားနိုင်ပါသည်

(အော်ကျန်သွားလို့ သူဂျီးလည်း လျှောက်ချင်ရင် ဦးစားပေး ၁ နော်) ဟဲ ဟဲ

ပုံ
ဥက္ကဋ္ဌ
King ENTERTAINMENT
:D :D :D :D :D :D :D :D

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................