သူ.ခေတ်နဲ.တော.သူတွင်ကျယ်တယ်

mickylayMay 4, 20101min19616

မနေ.က ကိုအောင်မောင်းနဲ. မန်းလေးကန်တော်ကြီးပတ်လမ်း ကအရိပ်ကောင်းတဲ.သစ်ပင်အောက်မှာထိုင်လို.စကားပြောဖြစ်ကြပါတယ်။
ကိုအောင်မောင်းက ” ကိုပေါက်ရေ အပြင်လောက ကလူတွေတော.မသိဘူး ကျနော်အလုပ်ကလေးတွေတော.သင်္ကြန်အရှိန်မသေ သေးလို.မနဲပြောနေရတယ်”လို.ပြောပါတယ်။
နောက်မှသူဆက်ပြောတာ
” နှစ်ဆန်းနှစ်ရက် အလုပ်တွေပြန်ဖွင်.ကြတော. တစ်ချို.ကလဲ ဆိုးထားတဲ.ဆံပင်ဆေးရောင်စုံတွေကို အနက်ပြန်မဆိုးရသေးဘူး၊
အောင်ဇေယျာကျော်သိန်း ဆိုတဲ.ချာတိတ်က လည်း ဝတ်ထားလိုက်တာ နားကပ်ကြီးက ပြူးနေတာဘဲ။
အောင်ဇေ ယျာ ကိုနားကပ်ကြီးချွတ်ဘို.ခေါ်ပြောရတော.တာပေါ.။
အောင်မာ သူက ဘာပြောတယ်မှတ်လဲ လေးလေးအောင်ကလဲ တဲ.
မင်းတုန်းမင်းလဲ နားကပ်ဝတ်တယ်
ကျနော် အဖေရဲ.အဖေရဲ.အဖေလ ဲ နားပေါက်ကြီးနဲ.ဆိုတော. နားကပ်ဝတ်ခဲ.တယ်နေမှာ
ခုခေတ်ရုပ်ရှင်မင်းသား လူမင်းတို. လိုနာမယ်ကြီး တဲ.သူတွေရောအဆိုတော်တွေရောနားကပ်နဲ.ပါလို.ပြောတော.ကိုယ်တောင်အစကဘာပြန်ပြောရမှန်းမသိအောင်ကြောင်သွားသေးတာ နောက်မှ အေးဒါဆိုရင် နားကပ်ဝတ်ချင်ရင် မင်းတုန်းမင်းလို တောင်ရှည်ပုဆိုးနဲ.ရှေးတုန်းကအတိုင်းဝတ်လာခဲ. ဒါမှမဟုတ်လူမင်းလို. ဈေးကြီးတဲ.စိန်အစစ်ကို
ဝယ်ပန်ခဲ.လို.ပြန်ပြောလိုက်တော.
လေးလေးအောင်ရယ် တဲ. လူမင်းလို စိန်အစစ်ကဈေးကြီးတော. မဝယ်နိုင်တော. မင်းတုန်းမင်းလိုတောင်ရှည်ပုဆိုးဘဲ
ဝတ်ဘို.စဉ်းစားလိုက်အုံးမယ် လို.ဆိုပြီးနောက်တီးနောက်တောက်ပြောပြီး အပြင်ထွက်ရင်းငွေစာရင်းက မအေးကို ” မမအေးရေ ကျနော်.ကိုပိုက်ဆံထုတ်ပေးပါ လေးလေးအောင်ကနားကပ်ပန်ချင်ရင် တောင်ရှည်ပုဆိုးဝတ်ဆိုလို. ရွှေကံ့ကော်မှာ အော်ဒါသွားမှာမလို. ဆိုပြီးပြောရင်းထွက်သွားရောဗျာ”
ဒါပေမဲ.နောက်နေ.တော.နားကပ်ချွတ်လို.လာပါသတဲ.။
ကျနော်က “ကိုအောင်မောင်းရာ နားကပ်ဝတ်တော.ရောဘာဖြစ်လဲ သူခေတ်နဲ.သူဘဲဟာ “လို.ပြောတော.
” ‘ဒါတော.ဒါပေါ.ကိုပေါက်ရာ ကျနော်ကလည်းလူငယ်အကြိုက်ဝတ်ကြတာကိုလက်ခံပါတယ် ဒါပေမဲ.ကျနော်တို.ကနေ.စဉ်နဲ.အမျှကုန်သည်ပေါင်းစုံနဲ.တွေ.ပြီး ရောင်းကြဝယ်ကြလုပ်နေတာဆိုတော.
သူတို.စိတ်ထဲမှာ ကျနော်တို.ကို အမြင်မမှားစေချင်လို.ပါ ကျနော်တို. ကုန်သည် ဖြစ်ဖြစ်ဈေးသည်ဘဲဖြစ်ဖြစ် ကိုယ်နဲ.ဆက်ဆံနေသူ ကိုယ်ဖောက်သည်နဲ.ကိုယ်.ကြားမှာ အပြန်အလှန်လေးစားယုံကြည်မူ.ကိုတည်ဆောက်ထားမှ အလုပ်လုပ်လို.ကောင်းတာကိုး ၊
ဒါကြောင်.မို.အများက လက်မခံသေးတဲ.ဝတ်စားဆင်ယင်တာတွေ.မလုပ်ဘို.ပြောနေရတာပါ အလုပ်ချိန်ပြင်ပမှာတော. သူတို.ကြိုက်သလိုနေ မပြောပါဘူး “လို.တော်တော်အရှည်ကြီးကိုပြောပါတယ်။

ကျနော်အိမ်ပြန်ရောက်တော.နေ.လယ်က ကိုအောင်မောင်းပြောခဲ.တဲ.
“အများလက်မခံတဲ.ဝတ်စားဆင်ယင်မူ.”ဆိုတာကိုဘဲ ခေါင်းထဲရောက်လာပါတယ်။
ဟုတ်ပါတယ် လူအသစ်လေးတွေကို ထပ်ထပ်ကာမွေးနေသမျှကာလပါတ်လုံး အဝတ်အစား ပုံစံတွေ ဆံပင်ပုံစံတွေ
အသစ်အသစ်တွေကို ထွင်နေ ဝတ်နေကြအုံးမှာပါ။
လူကြီးဖြစ်လာသူတွေကလည်း ကိုယ်ကိုယ်တိုင်လူငယ်ဘဝက လာခဲ.တာကိုမေ.နေပြီး
” ခုခေတ်ကလေးတွေများဗျာ ဝတ်ကြစားကြတာမျက်စေ.ကိုနောက်လို. ကျုပ်တို.တုံးကနဲ.များကွာပါ.”
ဆိုပြီးပြောနေကြ ကလေးတွေကလည်း
” ဘိုးတော် ဘွားတော်တွေ သူတို.တုန်းကတော. ဝတ်ချင်တာ ဝတ်ပြီးငါတို.ကျမှလာကောနေတယ်” လို.ကွယ်ရာမှာပြောပြီး
ဝတ်ချင်သလိုဝတ်နေအုံးမှာပါဘဲ။
သူများအကြောင်းတွေးနေရင်း ကိုယ်လဲ ငယ်ငယ်တုန်းက နေ.ခဲ.ထိုင်ခဲ. တဲ.ပုံစံတွေကိုပြန်မြင်လာပါတယ်။
ဒါကတော.ယောကျာ်းလေးတွေရဲ.ဝတ်စားဆင်ယင်မူ.လေးတွေပါ။
ကျနော်တို.ငယ်ငယ် ဆို ဝတ်တာစားတာကိုခံစားတတ်စအရွယ်ပေါ. 1970ခုနှစ်ပါတ်ဝန်းကျင်လောက်ကပေါ.။
အခု စတီယိုတေးအဆိုတော်ဟောင်းကြီးတေ(ွ အခုတော.ဂန္ထဝင်အလတ်စားတွေပေါ.)
အဲဒီအချိန်တုန်းကတော.လမ်းသူရဲပေါ.။
အဲဒီအဆိုတော်တွေဝတ်တာစားတာကို လိုက်တုလို.ဝတ်ရပါတယ်။
သူတို.ဝတ်တာကို လိုချင်ရင် မဂ္ဂဇင်းတွေက ပုံတွေအတိုင်းစက်ချုပ်ဆိုင်ကိုချုပ်ခိုင်းပြီးဝတ်ရတာပေါ.။
သူတို. ဆိုတာ ကိုစိုးပိုင်တို.ပလေးဘွိုင်သန်းနိုင်တို. ကိုသိန်းတန်(မြန်မာပြည်)တို.အောင်မြင်နေတဲ.ခေတ်ပေါ.။
သူတို.အရင်ကတော. မြန်မာပြည်ရဲ.လမ်းပြ ခေတ်ရှေ.ကိုတစ်ခေတ်လောက်စောနေတဲ. ကိုမင်းမင်းလတ်ပေါ.။
အဲဒီတုံးကခေတ်စားတာကတော.ရှပ်အကျီင်္ကိုကျပ်နိုင်သလောက်ကျပ်ကျပ်ဝတ် ပြီးရင် ရင်ကိုဟထား
ခေါင်းလောင်းဘောင်းဘီအောက်ခြေကိုလည်းပွနိုင်သလောက်ပွပွဝတ်
ဆံပင်က ရှည်နိုင်သလောက်ရှည် ခေါင်းလေးများဆတ်ကနဲခါလိုက်ရင်ကျောထိရောက်နေတဲ.ဆံပင်လေးတွေက လေထဲမှာဖွာကနည်းဖြစ်သွားရင်သိပ်မိုက် သိပ်ခိုက်ပေါ.။
ခုနေပြန်စဉ်းစားမိရင် ရီစရာတောင်ကောင်းနေပါသေးတယ်။
အဲဒီတုံးကတော.အဲလိုမဝတ်ရရင်ကိုလူဖြစ်ရှံးတယ်ထင်နေတာကိုး။
နောက်လည်ပင်းမှာလဲ ပိစ်လို.ခေါ်တဲ.ငြိမ်းချမ်းရေးအထိန်းအမှတ်သံပြားဝိုင်းဆွဲကြိုးကြီးကို အလေးခံပြီးဆွဲထားလိုက်သေးတယ်။
ကျနော်တို.သည်လိုဝတ်တာကို ကန်.ကွက်သူတွေအမြင်မကြည်တဲ.သူတွေကတော.
မင်းသားခင်မောင်ရင်တို.လိုခေါင်းကိုကော.စမက်တစ်ပြောင်နေအောင်လိမ်းပြီး
လယ်ပင်း မှာမာဖလာပတ်လို.ဘန်ကောက်ပုဆိုးကိုဝတ် ပမ်းမရူးဆိုတဲ.သားရေဘွတ်ဘိနပ်ကိုစီးပြီး အိုက်တင်တွေပေးခဲ.တဲ.သူတွေတို.
တစ်ချို.ကတော.ဘိုဆန်ဆန် ကာကီဘောင်းဘီတို ဝတ်တဲ.သူကဝတ် တစ်ချို.ကတော.လည်း ဘလေဇာကုတ်နဲ.ဘောင်းဘီနဲ.စတိုင်ထုတ်တတ်ကြတဲ.သူတွေရဲ.သား
မင်းသားကိုကျော်ဆွေတို. လို ခေါင်းမှာ ကောင်းဘွိုင်သက္ကလပ်ဦးထုပ်ကို ခပ်စောင်းစောင်းလေးဆောင်းတဲ.သူကဆောင်းပြီး ပဲတွေများတတ်သလို
ကိုဝင်းဦးလို စပို.ရှပ်လက်တိုကျပ်ကျပ်ဘောင်းဘီရှည်ကျပ်ကျပ်နဲ. စတိုင်ပေးတဲ.သူကပေး
တစ်ချို.ကလဲပစ္စည်းမဲ.လူတန်းစားလိုလို နိုင်ငံရေးသမားလိုလို စာရေးဆရာလိုလိုနဲ.ပင်နီတိုက်ပုံ လုံချည်တိုတို ခုံဘိနပ်တဂွပ်ဂွပ်စီးတဲ.သူလဲရှိတဲ.အပြင်
တစ်ချို.ကြပြန်တော.လည်း မင်းသားကိုမြတ်လေးတို.လို တိုက်ပုံအကျီင်္ကိုလက်ပေါ်တင်ထားလို.ဂိုက်ပေးခဲ.ကြတဲ.ကျနော်တို.ဖေဖေတွေနဲ.ခေတ်ပြိုင်တွေကပေါ.။
ကျနော်တို.လက်ထက် လူပျိုပေါက်မှာခေတ်စားခဲ.ပြန်တာကတော. မင်းသား ဇော်ဝမ်းလို စစ်ဆွယ်တာနဲ.တွေဝတ်ကြသလို
ကျော်ဟိန်းလို စစ်အကျီင်္ စစ်ဦးထုပ်ကိုဆောင်းလို.လဲ ကျေနပ်ခဲ.ရပါတယ်။
နောက်တော. ဂျင်းဘောင်းဘီ ဂျင်းရှပ်တို.ခေတ်စားလာပြန်သလို ကန်းထရီးရှပ်လို.ခေါ်တဲ.ရှပ်အကျီအကွက် ပုခုံးနားကဖြတ်ဆက်တာတွေခေတ်စားပြန်ရော။
သူ.နေုာက်မှ အဆိုတော်ခိုင်ထူးတို.ဂျေမောင်မောင်တို.လက်ထက်ရောက်ပြန်တော. ရှပ်အကျီအကွက်လက်တိုလေးတွေခေတ်စားပြန်ရော ဒါပေမဲ. ဆံကေသာကတော. ရှည်မြဲပါဘဲ။
သူနောက်မှပိုင်းမှာ ရန်အောင်တို. ရဲအောင်တို.ခေတ်ရောက်လာတော. ဆံပင်ကိုမတိုမရှည်နဲ. ဂျင်တဲလ်မန်းခေတ်ကိုရောက်လာပြန်ရော ဒီတော.လဲ မတိုမရှည်နားထင်ဒေါက်ပျောက်တို. နောက်ဝိုင်းတို.ဖြစ်လို.မှ မဝသေးခင် ပြောလို.မှမဆုံးသေးခင်
ဒွေးကေဆိုပြီး တိုတိုပြောင်ပြောင် ဆံပင်ထောင်ထောင်ခေတ်ကိုရောက်လာပြန်တော. အားလုံးက တိုပြီးထောင်လိုက်ကြပြန်ရော။
ထောင်လို.မှ မဝသေးခင် ရှေ.နဖူးပေါ်ကိုဆံပင်ရှည်ရှည်လေးချထားတတ်တဲ.ရာဇာနေဝင်းကေဆိုတာ ပေါ်လာပြန်တော.လို ရှေ.အရှည်လေးတွေခေတ်စားလိုက်ပြန်ရော။
ရာဇာခေတ်မှာတစ်ပါတ်လည်လာတာကတော. ခေါင်းလောင်းဘောင်းဘီပါဘဲ။
ခုခေတ်ကျနော်တို.အဖေဖြစ်တဲ.ခေတ်မှာတော.ဟစ်ဟော.ဆိုတဲ.ယဉ်ကျေးမူ.နဲ.အတူ တူု ကိုယ်.ထက် လေးငါးဆလောက်ကြီးတဲ.တီရှပ်တွေဝတ် ဘောင်းဘီပွပွကြီးတွေဝတ်လို. တရို.ရို.အော်တဲ.ခေတ်ရောက်လာပြန်ပါတယ်။
နောက်တော.လဲ ဆံပင်တိုတဲ.လူကတို ထောင်တဲ.ကောင်ကလဲ မိုးထိအောင်ထောင် ။
တစ်ခြမ်းကို အတို တစ်ခြမ်းရှည်လို. အီမိုစတိုင်ဆိုပြီးတော.က တစ်မျိုး ကောက်ပြီးဖွတာက စတိုင်တစ်ခု
ဆံပင်ကို နီညိုရောင် ဖျော.ဖျော.လေးကတစ်ပုံစံ ရောင်စုံနည်းနည်းချင်းဆိုးတာက တစ်မျိုးနဲ.မိုက်သထက်မိုက်လန်းသထက်လန်းလာကြပါတယ်။
နောက်နားရော နှာခေါင်းကိုရော အပေါက်တွေဖောက်လို.ဖောက် နားသံသီးတွေတပ်လိုတပ်
ခန္ဒာကိုယ်အနှံ.ကို ဆေးမင်ကြောင်တွေနဲ.အလှဆင်လိုဆင်
ဒီတော.ကျနော်တို.လိုဖေဖေတွေက သည်ကလေးတွေကိုမျက်စေ.နောက်လာပြီး
” ငါတို.ခေတ်တုံးကနဲ.များ ကွာပါ.”ဆိုပြီးကလေးတွေကို အမိန်.တွေပေးလို. ကန်.သတ်ချက်တွေကို ထုတ်ကြပြန်ရော။
ကျနော်စဉ်းစားမိတာကတော. ကျနော်တို.အဘေးတွေခေတ်မှာတုံးက သူရှေ.ကလူတွေက သူတို.ဝတ်တာစားတာကို
ကြည်.မရပြန်ဘူး ။
ဗမာမဆန်ဘူး အနောက်ကိုအတုယူတယ်လို.ဆိုပြီးဆူပါသတဲ.။
ကျနော်.အဖေတို.ကိုကြ သူ.အဖေတွေက ကြည်.မရပြန်ပါဘူး။
ကျနော်တု.ိကြပြန်တော.လည်း ကျနော်တို.အဖေတွေက မကြိုက်ပြန်ဘူး။
ဟော ကျနော်တို.ကလည်း ကျနော်တို.ကလေးတွေကို အမြင်မတော်ဘူးလို.ထင်ပြန်တော.
ဝိုင်းကြီးပါတ်ပါတ်ဖြစ်နေသလိုပါဘဲ။
ကျနေုုာ်စဉ်းစားမိတကတော.တစ်ခေတ်နဲ.တစ်ခေတ်အမြင်ခြင်းမတူတာကို ညျိမကြည်.ကြလို. ညိကုန်တယ်လို.ဘဲဖြစ်မယ်ထင်ပါတယ်။
ကဲဆရာမြို.မငြိမ်းသီချင်းလေးယူသုံးလိုက်ပါအုံးမယ်
” သူ.ခေတ်နဲ.တော.သူတွင်ကျယ်တယ် သူတို.ကိုလဲပြိုင်ဘို.မလိုဘူးထင်တယ်” ပါတဲ.ဗျာ။

16 comments

  • မောင်တင့်တယ်

    May 4, 2010 at 8:41 am

    ခေတ်အလိုက်ပြောင်းလဲလာခြင်းကို သိရှိပြီးလက်ခံနိုင်ရပါမယ်
    လောကပါလတရား၂ပါး (အရှက်နဲ့အကြောက် )မထိခိုက်သမျှပေါ့

  • susunosuki

    May 4, 2010 at 12:55 pm

    သူ့ခေတ်နဲ့သူတွင်ကျယ်တာတော့ဟုတ်တယ်
    ဒါပေမယ့် လုပ်ငန်းခွင်မှာတော့ အလုပ်သဘောဆောင်တဲ့ ဝတ်စားဆင်ယင်မှု့မျိုးရှိသင့်တယ်

  • poeaung6

    May 8, 2010 at 2:36 pm

    ဟုတ်တယ်ဗျ အဝတ်အစားကတော့ ခေတ်အလိုက်ပြောင်းလာမှာပါ မောင်တင့်တယ်ပြောသလို
    အရှက်၊အကြောက်ကင်းရင်တော့ မကောင်းဘူးပေါ့

  • kyawgyi

    February 14, 2011 at 4:57 am

    မိန်ကလေး တွေ ပို ဂရုစိုက်သင်.တယ် ထင်ပါတယ်ဗျာ ..အဝတ်အစား မြန်မာ ဆန်ပြီ း မဖော်ပြသင်.တဲ့ ဟာတွေ ဖော်တဲ့ အကယ်ဒမီ ဝတ်စုံမျိိုးတွေဆို ကောင်းမယ် မထင်ဘူးးး….လုံလုံခြုံခြုံ နဲ့ လွတ်လပ်ပေါ့ပါး တဲ့ ဟာ မျိုးဆိုရင် မြန်မာ မဆန်တောင် နည်းနည်း တော. ကောင်းတာပေါ့

  • kopauk mandalay

    February 14, 2011 at 12:03 pm

    mickylayခင်ဗျား
    ကိုပေါက်(မန္တလေး)လေး ကို်ယ်တိုင်ရေးသားသော(4-5-2010)နေ့တွင်
    မန်းလေးဂေဇက်၊မြန်မာသူငယ်ချင်းများ၊ပိုအမ်ကော်နာ။ထာဝရသူငယ်ချင်းများ။
    အနာဂတ်အိမ်မက်တိုတွင် တင်ထားသောပိုစ်ဖြစ်ပါသည်.။
    ဒီမန်းလေးဂေဇက်တွင်လည်း ပြန်ရှာတွေ့နိုင်ပါသည်။
    ကျနော်ရေးသောစာကို ကျနော်ရေးသောဆိုက်တွင် ပြန်လည်ဖော်ထုတ်၍ရှယ်ယာလုပ်ပေးတာကို ကျေးဇူးတင်ပါသည်။

  • eros

    February 14, 2011 at 3:09 pm

    ကဲ share မယ်ဆိုရင် credit ပေးကြပါဗျာ။

  • kopauk mandalay

    February 14, 2011 at 3:12 pm

    သူ.ခေတ်နဲ.တော.သူတွင်ကျယ်တယ်
    (1)Reading Counts: 227, May 3, 2010 in Drama, Essays.. by kopauk mandalay Edit this entry
    (မန်းလေးဂေဇက်မှာ ကျနော်တင်တုံးကစာတန်းလေးပါ)

    ( About the Author: mickylay

    Min has wrote 28 articles on this blog.

    I’m a slow walker, but I never walk back.)ဆိုတဲ့ ခံယူချက်တွေအပြည့်နဲ့ ညီလေး မီကီလေးရေ
    (က)ညီလေးကလဲ စာတွေရေးနေတဲ့လူ စာရေးတာ ဝါသနာပါတယ်ဆိုတော့ ဝမ်းသာပါတယ်။
    ဒါပေမယ့်ကိုယ်ရေးထားတဲ့စာလေးကို သူများနာမည်နဲ့တွေ့လိုက်ရတော့ ဖီးလ်တွေကွေးသွားပါတယ်။

    (ခ)အော်ကိုယ်ရေးတာစာကို ကြိုက်လို့ကော်ပီကူးတင်လိုက်တာလို့ တွေးမိတော့ စိတ်ပေါ့သွားသလိုပါဘဲ။
    ဒါပေမယ့် ဒီစာကို ဖတ်ဘူးတဲ့သူက အကျုးိအကြောင်းမသိဘဲ ကိုပေါက်(မန္တလေး)က အမှတ် (80)ရအောင် နာမယ်ပြောင်းပြီးထပ်တင်တယ်ဆိုတာ ပြန်တွေးမိတော့ စိတ်တွေလေသွားပါတယ်။
    (ပွိုင့်-80 ရအောင် သူများစာမူကို ကူးမတင်ဘဲ လွတ်လွတ်ကျွတ်ကျွတ်လုပ်နိုင်တဲ့နည်းတွေအများကြီးပါ)

    (ဂ) ရှေးကတည်းက ဆရာကြီးတွေပြောသလို စု-တု-ပြု ဆိုတာကိုယ့်လက်ရေးနဲ့ ကိုယ်ပြန်ကူးရတာပါ။
    လက်ညောင်းပါတယ် စာအုပ်လဲကုန်ပါတယ်။
    အခုကွန်ပြူတာခေတ်မှာ ရေးပြီးသားလေးကော်ပီကူးရတာ အရင်လိုလက်မညောင်းတော့ဘူးဆိုတော့
    ပြန်ကူးတင်တဲ့ ညီလေး မပင်ပန်းရှာဘူးဆိုပြီး သူ့အတွက် ဝမ်းသာလိုက်ပါသေးတယ်။

    ဒါပေမယ့်လဲဒီဆိုက်ထဲမှာတင်ထားတာ ကို တစ်နှစ်တောင်မပြည့်သေးဘူး ဆိုတာကို မသိရှာဘဲ ပြန်ကော်ပီကူးတင်မိတဲ့ ညီလေး ရွာထဲမှာ မျက်နှာဘယ်လိုထားပြီးဆက်နေရမယ်ဆိုတာတွေးမိတော့
    ညီလေးအတွက်ဝမ်းနည်းသွားပြန်ပါတယ်။
    ညီလေး မီကီလေးရေ
    အမှန်အတိုင်းပြောရရင် ဒီလိုကူးတင်တာ ညီလေး ကို ကိုပေါက်က အပြစ်မတင် စိတ်မဆိုးပါဘူး။
    ဒါပေမယ့် ညီလေးအရင်က ရေးတင်ထားတဲ့ ညီလေးရဲ့ ပိုစ်(28)ပုဒ်ကို လူတွေဘယ်လိုဆုံးဖြတ်ကြမယ်ဆိုတာကို
    ပြန်စဉ်းစားမိရင် ညီလေးအတွက် အကို အများကြီးကို ဝမ်းနည်းသွားပါတယ်။
    နောင်မှာ ဒီအဖြစ်မျိုးမကြုံအောင်ရှောင်ပါညီလေးရေ။
    မင်းရဲ့ကောင်းသောလမ်းလေးပျောက်သွားမှာကို စိုးရိမ်လို့ပါကွာ။

  • kai

    February 14, 2011 at 6:27 pm

    စိတ်တောင်မကောင်းဘူး..။
    ကူးရင်း..တင်ရင်း… ဒီထဲကစာကို ဒီကလူကပြန်တင်တာတွေတောင် ဖြစ်ကုန်ပြီ..။

    • weiwei

      February 15, 2011 at 6:24 am

      ကူးရင်း .. တင်ရင်း .. ရေးပြီးသားတွေလဲ ပြင်တင်ကုန်ပြီ …

  • မျက်မှန်

    February 15, 2011 at 5:57 am

    ကူးတင် တွေ ကို ကျေးဇူးတင် သူတွေက တင်ကြသည်။
    အားပေးအားမြောက်လဲ ပြုကြသည်။
    Credit မပါတော့လဲ မသိချင်ယောင်ဆောင် ပေးကြသည်။
    Forward Mail ဆိုတော့ လဲ ပျော်ပျော်ပဲ ခွင့်လွတ်လိုက်ကြသည်။
    ကိုယ့်စာ မဟုတ်တော့ ဘယ်သူက မှ အသံမထွက်ကြ။
    ထောက်ပြ တော့လဲ မနှစ်သက်။

    ဟိုးအရင် သတင်းပို့ရန်အတွက်သာ button လေးရှိကတည်းက ပို့စ်ပေါင်းများစွာ စိတ်ပျက်ယူရသည်အထိ သတင်းပို့ခဲ့ဖူးပြီ။
    သို့သော်လဲ ပို၍ ထူးခြားမလာ။
    စာရေးသူများအတွက် စည်းကမ်းချက် ကို မျက်ကွယ်ပြုပြီး မျှ ဝေ နေကြတာ အလွန်ရုပ်ဆိုးပါသည်။
    ဘေးက ဝင်ပြောရသဖြင့် များများစားစားတော့ မပြောလိုပါ။
    မရောင်ရာ ဆီလူးမိမှာစိုးပါသည်။
    အားလုံးက အသိစိတ်ကလေးနဲ့ ဝိုင်းဝန်း ထိန်းသိမ်း နိုင်လျှင် စံနစ်တကျ ပြန်ဖြစ်လာမည်ဟု ယုံကြည်ပါသည်။

  • R Ga

    February 15, 2011 at 11:26 am

    ကိုပေါက်ရေ…ဒီလိုဖြစ်ရတော့…ဟာသလိုလိုပဲ..နော်..။ ကျွန်တော်ကတော့ ရွာထဲမှာ ရေးထားတဲ့ စာ ရွာထဲမှာ အခြားနာမည်နဲ့ပြန်တွေ့တော့… စိတ်ထဲ တစ်မျိုးပဲဗျ..။ ဘာပဲပြောပြော ကိုပေါက်အောင်မြင်တယ်လို့ပဲ မှတ်ရမှာပဲ..။
    နောက် ကူးတင်ကျမယ်ဆိုရင် Google မှာ နည်းနည်းလေး အချိန်ပေးရှာလိုက်ရင် ဘယ်သူရေးတယ်ဆိုတာ ပေါ်ပါတယ်။ ဥပမာလေး အနေနဲ့ ရှာလိုက်တာ ဒီလင့်အတိုင်းတွေ့တယ်။ http://www.google.com/search?q=%E1%80%9E%E1%80%B0.%E1%80%B1%E1%80%81%E1%80%90%E1%80%B9%E1%80%94%E1%80%B2.%E1%80%B1%E1%80%90%E1%80%AC.%E1%80%9E%E1%80%B0%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%80%E1%80%BA%E1%80%9A%E1%80%B9%E1%80%90%E1%80%9A%E1%80%B9&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-US:official&client=firefox-a အဲဒီမှာ ကိုပေါက်ဆိုတဲ့ နာမည်တွေမှ တစ်ပုံတစ်ပင်ကြီး ..။ ကဲ ကြည့်ကူးကြပါကုန်လော့..။

  • kopauk mandalay

    February 15, 2011 at 12:04 pm

    ကျနော်က ရေးနေကျဆိုက်တွေဘဲဝင်ဖြစ်တာများပါတယ်။
    ရေးနေကျဆိုက်ကတော့ လောလောဆယ် 6ခု 7ခုလောက်ရှိပါတယ်။
    ကော်နက်ရှင်ကောင်းရင် တစ်ပြိုင်တဲ မကောင်းရင်ရက်ခြားပြီးတင်ပေးပါတယ်။
    စာဖတ်သူ မိတ်ဆွေတွေကဟိုမှာတွေ့တယ် ဒီမှာတွေ့တယ်ဆိုပေမယ့် ကိုယ်ရေးနေကျဆိုက်မ ဟုတ်တဲ့နေရာတွေမှတွေ့တယ်
    ပြောပေမယ့်လည်းရှာမကြည့်မိပါဘူး။
    ဘာမှ မတတ်နိုင်ဘူးလေဗျာ။
    “ချစ်ခြင်းရဲ့အဆုံးဟာအမုန်းလားကွယ်”ဆိုတဲ့စာမူတောင် နှစ်သက်လို့ဆိုပြီး
    SHADE ဂျာနယ်အထူးထုတ်မှာ ပုံနှိပ်လို်က်တာ နောက်မိတ်ဆွေတွေပြောမှသိရပါတယ်။
    နှစ်သက်လို့ ယူသုံးပါတယ်ပြောတော့လဲ စိတ်ထဲမှာကျေနပ်ရပြန်ပါတယ်။
    ဘယ်လိုဘဲသုံးသုံး ပါ မူရင်းရေးသူရဲ့နာမယ်ကိုတော့ တပ်ပေးသင့်တယ်လို့ ယူဆရပါတယ်.။
    စာမူတပုဒ်ဆိုတာ မုန့်ဟင်းငါးတစ်ပွဲ ကွမ်းတယာ စီးကရက်တစ်လိပ်လို့
    လိုချင်တယ်ဆိုတာနဲ့ ပို်က်ဆံပေးဝယ်လို့ ချက်ခြင်းမရဘူးဆိုတာကိုတော့ကိုယ်ခြင်းစာမိမယ် စာနာသင့်တယ်လို့ ထင်ပါတယ်။
    (အခုညီလေး R Ga ရှာပေးတဲ့လင့်တွေကကတော့ ကျနော်ရေးတာတွေဖြစ်ပါတယ်။အခုလိုကူညီပေးတာကိုလဲ ကျေးဇူးတင်ပါတယ်)

  • eros

    February 15, 2011 at 12:38 pm

    တခါတလေ ကူးတင်တွေရဲ့ ကောင်းကျိုးရှိပါတယ်။ ပြည်တွင်းမှာ ဖတ်မရတဲ့ သတင်းမျိုး ဖတ်လို့ ရလို့လေ။ ဒါပေမယ့် ကူးတင်တဲ့သူက ကိုယ်ကိုတိုင်ရေးသလိုမျိုးတင်တာတော့ မကောင်းဘူးပေါ့ဗျာ။ ဝေငှချင်တယ်ဆိုရင် တင်တဲ့သူကိုယ်တိုင်က ကိုယ်တိုင်ရေးစာမူမဟုတ်ပါကြောင်း မည်သူကမည်သည့် စာမျက်နှာတွင် မည်သည့်ဆိုဒ်တွင် မည်သည့်နေ့ တွင်ရေးထားပါကြောင်း ဝန်ခံစာကြောင်းလေး ရေးပေါ့ဗျာ။ တကြောင်း နှစ်ကြောင်းလောက်ပဲရေးရမှာပါ။ မပင်ပန်းပါဘူး။ ကိုယ်ကူးတဲ့ ဆိုဒ်ရဲ့ credit/link/site address ကမပါမဖြစ်လိုတာပေါ့ဗျာ။

  • kopauk mandalay

    February 15, 2011 at 3:25 pm

    မှန်ပါတယ်ဗျာ။
    ဆိုက်တစ်ဆိုက်ထဲကိုလူတိုင်းမရောက်နိုင်ဘူးလေ။
    ဆိုက်တွေကလဲအများကြိးကိုဗျ။
    ကောင်းကောင်းမွန်မွန်လေးရှယ်ယာလုပ်ပေးမယ်ဆိုရင်
    လူများများဖတ်တော့ ရေးသူမှာလဲ အကျိုးရှိ
    ဖတ်သူမှာလဲ အကျိုးရှိ
    ဝေမျှပေးသူမှာလဲ အချိန်ကုန်ခံပြီးဝေမျှပေးရကျိုးနပ်တာပေါ့ဗျာ.
    ရှယ်ယာလုပ်ပေးတာကို ဘယ်သူက ဘယ်ဆိုက်မှာလုပ်ပေးပေးကျေနပ်ပါတယ်။
    ကျေးဇူးလဲတင်ပါတယ် ရှယ်ယာလုပ်ပေးတဲ့သူကို။
    ရေးသူရဲ့နာမယ်လေးကိုသာ တတ်ပေးစေချင်တာပါ။

  • etone

    February 16, 2011 at 5:14 am

    အင်း… ဘာပြောရမှန်းတောင် မသိတော့ဘူး ။ ပထမ ကိုပေါက်တင်တုန်းက မဖတ်မိပေမဲ့ ..စာထဲမှာ ကိုပေါက်လည်းပါတယ် မန္တလေးဘာညာဆိုတော့ စပ်ဆက်နေမလားမှတ်တယ် … ဂလိုကိုး … ။ 😀

Leave a Reply