အင်းဗျာ … ရေးမယ်ဗျာ ။ ကိုယ့်ကိုကိုယ်ဖော် မသူတော် လို့ ပြောလည်း အပြောခံ ပြီ ဗျာ ။
အခန်း ထဲ တွင် ဟိုပွတ် ဒီပွတ် ခံ နေသော မောင်ပေ သည် စိတ်အာရုံ ပြောင်းစေရန် အလို့ ငှာ ကောင်မလေး ကို အင်တာဗျူး နေမိသည် ။
` အခု လို နှိပ်တော့ တစ်ဆက်ရှင် ကို ဘယ်လောက် လဲ ´ …။
… ` ၁၀၀၀၀ ပါ အကို ´ …။
… ` နင်တို့ က ဘယ်လောက် ရသလဲ ´ ….။
…. ဆီနှိပ်ရင် တစ်ဆက်ရှင် ကို ၂၀၀၀ ရတယ် ။ ရိုးရိုး ကတော့ ၁၀၀၀ ပဲ ရတယ်။ ညီမ တို့ လို လုပ်သက်ရလာတဲ့ သူတွေ ကြ ရိုးရိုး ကို ၁၅၀၀ ရတယ် ´ ။
` စားတော့ကော ကိုယ့်ဘာသာ ကိုယ် စားရတာလား  ´ ..။
..   ` ဒီက ကျွေးတာပေါ့ ´ …..။
….  ` သြော်..သြော်  အဖမ်းအဆီး တို့ ဘာတို့ ကော မလာဘူး လား ´ …။
….. ` အေးပေါ့ ။ အဲဒီလို လဲ ရှိဦးမှပေါ့ ။ နင် တို့ လို့ မိသားစု ကို လုပ်ကျွေးနေတဲ့ သူတွေ ကြတော့ လဲ…. အင်း ဒီအလုပ် က ဝင်ငွေ ကောင်းမှာပါ ။
´ ကောင်မလေး က ကျွန်တော့် ပေါင်တွေ ကို နှိုက် ပွတ် နေရင်း  ကျွန်တော့် ကို ပြုံးစိ ပြုံးစိ နှင့် ကြည့်နေသည် ။
` ဟဲ့ ငါ က ချော လို့ လား ´ ဟု ဟာသ လုပ် လိုက်တော့ ၊
` အကို ဆက်ရှင် က နာရီဝက် ရှိပြီ ။ အကို အကြောလျှော့ ပေးရမလား ´  ..။
.. ဒါနဲ့  အခု အကြောလျှော့ ပေးနေတာ မဟုတ်ဘူးလား ဟု မေးလိုက်တော့ ။
ရှယ်အကြောလျှော့ချင်လျှင် သပ်သပ် ၅၀၀၀ ကျပ် ထပ်ပေးရမည် ဟု သူမ က ဆိုလာသည် ။ ဒါနဲ့ သူမ လို မိသားစု ကို လုပ်ကိုင်ကျွေးမွေးနေသူလေး ကို အားပေးချင်တာက တစ်ကြောင်း အကြောလျှော့ တာ ဘာများပါလိမ့် ဆိုတာ သိချင်တာက တစ်ကြောင်း ။ လျှော့ ကွာ ဟု ပြောလိုက်သော အခါ ။ သူမ  သည် ကျွန်တော့် သဘက် ကို ဆွဲဖယ်လိုက်သည် ။ ပြီးနောက် ဇွတ်ကနဲ ဇက်ကနဲ နဲ့  ။  ငြင်းချိန် တားချိန် မရလိုက်တော့ ။ ( မီးဖိုချောင် ထဲ မှာ သခွားသီး ကို ရေပွတ်ဆေး နေသော ကောင်မလေး တစ်ယောက် ကို မြင်ကြည့်ပါ ခင်ဗျာ ဟီဟိ ) ……….
` အို ။ အလို ။ ဟင်  ´
သို့ နောက် သို့ နောက် သူမ ပြောသလို အကြောပြေသွားပါသည် ။ ( ဤနေရာတွင် ရိုင်းသလို ရှိသော် ခွင့်လွှတ်တော်မူကြပါ ) ပြီးတော့လဲ ပြီးတာပေါ့ ဗျာ ။ တစ်ကိုယ်လုံး လည်း သံလွင်ဆီ တွေ နှင့် ။ ရေချိုးခန်း ထဲ ဝင် ရေချိုးလိုက်ရသည် ။ ကောင်မလေး က လိုက်လာသေးသဖြင့် အခန်းတံခါး ပိတ်လိုက်ရသည် ။
သို့ နှင့် ဆရာသမား နဲ့ ကျွန်တော် နဲ့ ပြန်လာခဲ့ကြတာပေါ့နော် ။ ဆရာ သမား က လမ်းမှာမေးတယ် ။ မင်း မနေ့ က ငါ့ ကို တကာခံ တဲ့ ဟာ နဲ့ ငါအခု မင်း ကို တကာခံ တဲ့ ဟာ နဲ့ ဘယ်ဟာ ပို ကောင်း လဲ….တဲ့ ။  ကျွန်တော် ဘာမှ မဖြေလိုက်ပါ ။ အဘယ်ကြောင့် ဆိုသော် ယခု ကျွန်တော် ရေးသားနေသော ပို့ စ် အတွက် စဉ်းစား နေမိသောကြောင့် ။
ကဲပြီးပါပြီ ။ ရိုင်းသလိုလို ရှိခဲ့ပါက ဖတ်မိသည့် ညီငယ် ညီမငယ် ။ အကို အမ ။ အန်တီ အန်ကယ် တို့ ခွင့်လွှတ်တော်မူကြပါ ခင်ဗျား ။ ဒီလို နေရာ တွေ မှာ ဒီလို ရှိတယ် ဆိုတာလေး အသိပေး လိုသည့် ရည်ရွယ်ချက် ဖြင့် ရေးသားတင်ဆက်လိုက်ပါကြောင်း ။ အားလုံး ကို ကျေးဇူးတင်ပါသည် ။
About မောင် ပေ
မောင် ပေ has written 396 post in this Website..