ပြာလွင် ကောင်းကင် ကြည်လင် ရေပြင် အေးရိပ်


စစ်ကိုင်းဘက်က ပြန်လာတဲ့တစ်ရက် မန်းလေးကန်တော်ကြီးရဲ့တောင်ဘက်အဆုံးနားကို အရောက် ဆိုင်ကယ်စီးရတာပူတော့
အတော်လေးကို အုပ်ဆိုင်းအေးမြနေတဲ့ကုက္ကိုလ်ပင်ကြီးအောက်ကို ဝင်ပြီး အရိပ်ခိုလိုက်ပါတယ်။
အဲဒီအောက်လဲရောက်ရော နေပူလို့ပင်ပန်းသမျှ ခဏလေးနဲ့ပျောက်သွားပါတယ်။
သစ်ပင်အရိပ်ကအေးတာရယ် ကျယ်ပြန့်တဲ့ရေပြင်ကို ဖြတ်တိုက်လာတဲ့လေအေးအေးရယ်ကြောင့်ထင်ပါတယ်။
သစ်ပင်အောက်ကနေ အဝေးကို လှမ်းကြည့်လို်က်တော့……..
ဟိုးအဝေးမှာ တိမ်ဖြူဖြူလေးက တအုပ် ပြာလွင်နေတဲ့ကောင်းကင်ကြီးက တစ်ခု အေးမြပြီး တိမ်ရဲကအရောင်တွေဟပ်နေတဲ့အင်းရေပြင်ရယ်
သူ့အပေါ်မှာကျနေတဲ့ သစ်ပင်ရိပ်ရယ်ဆိုတာ့
စိတ်ထဲမှာ အေးသထက်အေးပါဘဲ။

7 comments

  • pooch

    June 21, 2011 at 4:33 pm

    လေးပေါက် ဒီပုံကို အနော့်ရဲ့ secret of nature ဆိုတဲ့ photo gallery ထဲမှာ သိမ်းချင်လို့
    အနော့်မှာ ကိုယ့်ဘာသာကို ဖန်တီးထားတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ photo gallery တွေရှိတယ်
    ဓာတ်ပုံပြပွဲ ပန်းချီပြပွဲတွေ ဆို လည်း မရောက်ရောက်အောင် သွားပြီးကြည့်တတ်တယ်။ ကိုယ်တိုင်ဖန်တီးတာ
    ထက် သူများဖန်တီးထားတဲ့ အနုပညာတွေကို ခံစားပေးရတာ အမည်ဖော်ကြည့်ရတာတွေ ကိုပိုနှစ်သက်တယ်။ အဲ့ဒီလိုမျိုးများ ကြည့်နေရရင် ကိုယ့်ကိုယ်ကိုယ် သီးခြားကမ္ဘာ ထဲရောက်နေရသလို
    စိတ်ချမ်းသာလွန်းလို့။

  • pooch

    June 21, 2011 at 4:43 pm

    ကျေးဇူးကမ္ဘာ ပါ လေးပေါက်……..

  • padonmar

    June 21, 2011 at 5:08 pm

    ကန်စပ်က သစ်ပင်ရိပ်လေးမှာ တစ်ရေးအိပ်ရရင် ဇိမ်ဘဲ။
    ွှဲအခုမြင်ရတာ ဘာဘုရားလဲ။

  • MaMa

    June 22, 2011 at 1:14 am

    ဓာတ်ပုံက တစ်နေရာတည်းက ရိုက်ပေမယ့် angel ကွာတယ်နော်။ အပေါ်ဆုံးပုံကို အကြိုက်ဆုံးပဲ။ Balance ညီတယ် ထင်လို့။ ဟုတ်လားတော့ မသိဘူး။ သိတဲ့လူများရှိရင်လည်း ပြန်ဆွေးနွေးပေးကြဦးနော်။

  • Shwe Tike Soe

    June 22, 2011 at 3:25 am

    ကျေးဇူးပါကိုပေါက်ကြီးရယ်
    ဓာတ်ပုံကိုကြည့်လိုက်တာနဲ. အဲဒီနားမှာ ကိုယ်ကိုတိုင် ရောက်နေသလိုပဲ..
    ကန်တော်ကြီးက အရမ်းသာယာတယ်နော်…
    ကိုပေါက်လုပ်တာနဲ. မန္တလေးကို အရမ်းပြန်ချင်လာပြီး 🙁

  • etone

    June 22, 2011 at 10:16 am

    ကန်ရေအေးအေးလေး ဘေးမှာ ၊ မုန့်တီသုတ်လေး ပါ စားလိုက်ရလျှင် ကောင်းမှာပဲ 🙂

Leave a Reply