အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ

mickylayMay 4, 20101min15911

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ မျှဝေလိုက်ပါတယ်။
ရယ်ဖို့သက်သက်ပါ။ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောတာမဟုတ်သလို
အိမ်ထောင်ပြုဖို့ ပြင်ဆင်ဆဲ၊ အိမ်ထောင်ပြုလတ္တံ့သော သူများကိုလည်း
လုံးဝလုံးဝ မတားပါဘူး …ဘာလိ်ု ့လဲဆိုတော့ .နဒီ လဲ တစ်နေ့
့ကျရင်အိမ်ထောင်ပြုမှာမို ့ပါ… ဟဲဟဲဟဲ..ကြော်ငြာဝင်လိုက်တာလေ..အဟိ …(
အားလုံး ပြုံးပျော်ရွှင်လန်းနိုင်ကြပါ
စေရှင်…)

(၁ )အသက်ရှည်ရှည် နေချင်စိတ်
လူနာ းး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
ဆရာဝန် းး အိမ်ထောင်ပြုလိုက်ပါ…
လူနာ းး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
ဆရာဝန် းး အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့
ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။

( ၂ )လက်ဝှေ့သမားထုံးတမ်းအစဉ်အလာ

အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ
လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။

(၃ ) ဝမ်းနည်းခြင်း အထိန်းအမှတ်

ဇနီး းး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင်
ကောင်းမလဲဟင်?
ခင်ပွန်း းး (၂)မိနစ်လောက် (ဝမ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။

( ၄ )ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူတယ်

လူတွေ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ”
ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့
အဲဒါက လူတစ်ယောက်ကို “ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့ “အသတ်ခံရတာ”
ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။

( ၅ )ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ်

လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ
ကြားလိုက်ရပါတယ်။ “မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို
အုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။ အသံကြောင့် လူလည်း
လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ
အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။

အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ
ထွက်လာပြန်ပါတယ်။ “ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း
လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။” လူလည်း
အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက်
ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား
ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။ အသံက “ငါက မင်းရဲ့
ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့
မေးလိုက်ပါတယ်… “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက
ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ…..”

11 comments

  • kopauk mandalay

    May 4, 2010 at 7:14 am

    တကယ်လို. အာဒံနဲ.အေဝကို ပုံစံတူသာဖန်ဆင်းလိုက်ရင် အချစ်ဆိုတာဖြစ်လာမှာမဟုတ်ဘူး။
    အချစ်ဆိုတာမရှိရင် လက်ထပ်တယ်ဆိုတာလဲမရှိဘူး။
    ဒီတော.ကျနော်တို.လည်းဖြစ်လာမှာမဟုတ်ဘူးနော်။
    တော်သေးတာပေါ. မတူတာကိုဖန်ဆင်းလို.။

  • susunosuki

    May 4, 2010 at 12:46 pm

    တကယ့်ကို ရယ်ရပါတယ်
    ဒါပေမယ့်အိမ်ထောင်ပြုမယ့်သူတွေတော့လျော့သွားမယ်လို့မထင်ပါ

  • nga pay

    May 4, 2010 at 2:06 pm

    မှန်ပါသည် .. မလျှော့ပါ… ပိုမိုရယ်မောနေသူတွေများနေသလို
    အိမ်ထောင်ပြုဖို့စောင့်နေသူများလဲ များနေပါ၏…..
    ဒီနေ့က စပြီးလက်ထပ်ဖို့ကြိုးစားပါတော့မည်…ဟိဟိ

  • honeychitlay

    May 22, 2010 at 6:21 am

    ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေစေတဲ့အတွက်
    ရေးသားသူနဲ့ စီစဉ်သူတွေကို ကျေးဇူးအထူးတင်ပါတယ်

  • zuugyi

    May 24, 2010 at 10:56 am

    ဖတ်ပီးသွားတော့ ဆုံးဖြစ်ချက်ချလိုက်ပီ….
    လုံးဝ (လုံးဝ)…. အိမ်ထောင်….
    ပြုဦးမှာ…

  • zaylay

    June 10, 2010 at 9:39 am

    i like this funny. i don’t dare to marriage. i think all of man are like this story.

  • Amie

    June 11, 2010 at 12:39 am

    hahaha…. so funny …thank you for make me laugh …..

  • char too lan

    July 21, 2010 at 4:42 am

    ခုခေတ်နဲ့တော့ ကွက်တိကျတဲ့ ဟာသပါ
    တကယ်ရီရပါတယ်….ကျေးဇူးတင်ပါတယ်ဗျာ……

  • Yin Nyine Nway

    July 21, 2010 at 4:50 am

    ဒါဆို ငှက်ပျောပင် စိုက်တဲ့ လုပ်ငန်း လုပ်ရမယ်
    ဝင်ငွေတေါကောင်းလာမှာ အဟီး

  • မန်း ရိပ်

    September 5, 2010 at 3:31 am

    ဟာသလေးက ရယ်ရတယ်ဗျ
    ကျွန်တော်ကို ခဏတာရယ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ

  • thargyi

    October 7, 2010 at 2:51 pm

    ရီစရာလေးတွေနဲ့ ခဏတာအမောပြေခဲ့တဲ့အတွက် ကျေးဇူးပါ…

Leave a Reply