လွှတ်ချထားလိုက်ပါ

chitpyaeJune 23, 20111min15713

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး

‘ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ’ လို့ ကျောင်းသားတွေကို မေးတယ်..

၅ဝဂရမ်၊ ၁၀ဝ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..

‘ဒီဖန်ခွက်ရဲ့ တကယ့် အလေးချ်ိန်ကိုတော့ ဆရာမသိပါဘူး။

ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..’

“ဘာမှမဖြစ်ဘူး” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့

“တော်တော်ကြာကြာကိုင်ထားရင်ရော” လို့ ဆရာက ဆက်မေးတယ် ..

“လက်တွေညောင်းပြီး ထုံကျင်လာမယ်” လို့ ဖြေကြတယ် …

‘ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ’ လို့

ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က “ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊

ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်” လို့ ပြောတော့ တတန်းလုံး ဝိုင်းရယ်ကြတယ် …

ဆရာက ‘မင်းပြောတာမှန်တယ်

..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား’

လို့ ဆက်မေးတော့

” မတိုးပါဘူး ” လို့ တညီတညွှတ်တည်းဖြေကြတယ် …

‘ ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊

အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ ‘ လို့မေးတော့ ကျောင်းသူတစ်ယောက်က ” Put the Glass Down”

‘ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့’ လို့ ဖြေလိုက်ပါတယ် …

ဆရာက ” သိပ်မှန်ပါတယ် ..မင်းတို့ ဘဝမှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာခဏလောက်ထည့်ထားရင်

ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး

နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘဝရဲ့ ရသ တစိတ်တပိုင်းပါ။ ”

” ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့အားအင်တွေလိုပါတယ် … ”

” လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့ ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..'” လို့ ဆရာက မှာလိုက်ပါတယ် .

သူငယ်ချင်းတို ့ရေ .. အကောင်းဆုံး ဥပမာလေးပါ … ။ ဘဝမှာ စိတ်ညစ်စရာတွေနဲ ့ကြုံလာတိုင်း ဒီဥပမာလေး ကို နမူနာယူပြီး စဉ်းစားဆင်ခြင်နိုင်အောင်လို ့ပါ ။

ရွာသူ ၊ ရွာသားတွေ ဖတ်ဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ … ဒါပေမဲ့ အရမ်းသဘောကျမိလို့ ပြန်ပြီး share လိုက်ခြင်း ဖြစ်ပါတယ်။

ဆရာတယောက်ကလည်းပြောဖူးတယ် … သုံးစွဲ တယ်ဆိုတဲ့ စကားနဲ့ သုံးချ တယ် ဆိုတာကို … ကိုယ်သုံးပြီးသွားရင် အဲဒီအရာကို စွဲမထားပါနဲ့ .. သုံးပြီးသွားရင် ချထား လိုက်ပါ တဲ့ 🙂

သူငယ်ချင်းတို့ရော ဘယ်လိုလဲ ။ သုံးပြီးသွားရင် စွဲထားမှာလား …. ချ ထားလိုက်မလား ။

13 comments

  • နွယ်ပင်

    June 23, 2011 at 4:47 am

    အခုတော့ ခဏလွှတ်ချထားလိုက်တယ် မဟုတ်ရင် လက်မောင်းတွေအောင့်လာမှာဆိုးလို့ …..

  • windtalker

    June 23, 2011 at 5:35 am

    တစ်ချို ့ကိစ္စတွေ ကြ သုံးပြီးချ ထားလို ့မရဘူး တစ်ချို ့ကိစ္စ တွေ ကြ တော့ လဲ သုံးပြီး ချထားရတယ် လို ့ဖြေချင်ပါတယ် ။

  • AKKO

    June 23, 2011 at 9:06 am

    လွှတ်ချထားမဲ့ အစား လက်တဖက်နဲ့ မကိုင်ပဲ …. နောက်တဖက်နဲ့ ပြောင်းကိုင်မှာပေါ့ ။ တဖက်ညောင်းလျှင် နောက်ဖက် 😛

  • eros

    June 23, 2011 at 12:18 pm

    ကော်ပီဆိုရင် credit ပေးပါ။ forwarded email မှစာများတင်ခွင့်မရှိပါ (စည်းကမ်းချက် အမှတ် ၄)။

  • ရွှေဘိုသား

    June 23, 2011 at 1:16 pm

    ကော်ပီဆို credit ကဘယ်လိုပေးရတာလည်းရှင်းပြပေးပါ
    မသိသေးလို.ပါ

  • eros

    June 23, 2011 at 2:46 pm

    credit ပေးဖို့က ကိုယ်ကူးလာတဲ့ ဆိုက်ရဲ့ အမည်၊ ရေးသူအမည် နှင့်တကွ လင့်ကိုပါဖော်ပြပေးပါ။ အကောင်းဆုံးကတော့ ကူးမတင်တာ အကောင်းဆုံးပါပဲ။ ကိုယ်ပိုင် အတွေးနဲ့ စာချရေးပါ။

  • ဆူး

    June 23, 2011 at 3:03 pm

    ဒီပိုစ်က ဖတ်ကောင်းပါတယ်။
    ဒါပေမဲ့ ကော်ပီ ဖြစ်နေတယ်။
    ကိုယ်ပိုင် အတွေးနဲ့ စာဖြစ်အောင် ပြုပြင် တည်းဖြတ်ပြီး
    ကိုယ်ပိုင် အတွေးနဲ့ ယူဆ ချက်လည်း ၂ကြောင်းလောက် ထည့်ရေးလိုက်ရင် စည်းကမ်းချက်နဲ့ လွတ်သွားပါလိမ့်မယ်။
    ကော်ပီ မတင်ရဘူး ချစ်ပြည့်ရေ.. ရွာထဲမှာ ကော်ပီ ကိစ္စ ပြသနာ တွေ များနေတာ ဒါမျိုး မလုပ်နဲ့။

  • etone

    June 24, 2011 at 1:47 am

    ကော်ပီတွေ မတင်ပါနဲ့ ဗျို့ …. သူများတွေ နှစ်ခေါက်မက တင်ဖူးပြီးသားမို့ပါ ။

  • chitpyae

    June 24, 2011 at 2:09 am

    ဟုတ်ကဲ့ ကိုရွှေဘိုသားပြောသလိုပဲ credit ကို မသိသေးလို့ပါ ။
    နောက်တခါကျတော့ ဆူး ပြောသလို ကိုယ့်အတွေးလေး ၃ ၊၄ ၊၅ ကြောင်းလောက် ထပ်ထည့် ပြီးတော့ ဟိုနားဖြတ် ဒီနားဖြတ် လုပ်ပြီး လွတ် အောင်လုပ်လိုက်ပါ့မယ် …. 🙂
    အခု လိုမသိသေးတာလေး တွေ သင်ပြ လမ်းညွှန်ပေးတဲ့ ရွာထဲက Senior Villager များကို အထူးကျေးဇူးတင်ပါကြောင်း …. 🙂

  • fatty

    June 24, 2011 at 2:46 am

    senior junior တွေမလိုပါဘူးကွာ ဒီလိုဘဲစရေးလာကြတာပါဘဲ ..။ တောင်ရေးမြောက်ရေးနဲ့
    ထုတ်သွားကြတာပါဘဲ …။ တခုတော့ကျေးဇူးတင်တယ်ကွာ အိမ်ကဖန်ခွက် လွှတ်ချရမလား
    ကိုင်ထားရမလားစဉ်းစားနေတုံး … မင်းပိုစ်ဖတ်ရတာ ..။

  • chitpyae

    June 25, 2011 at 12:50 am

    ကိုဖက် ရေ အိမ်က ဖန်ခွက်တွေကိုတော့ အားနေရင် လွှတ်မချပစ်နဲ့နော် ….. 🙂
    လူကြီးတွေ ရိုက်လိမ့်မယ် …. 🙂

  • natthamee

    June 25, 2011 at 2:38 am

    ဖတ်ဖူးတာတော့ ကြာပါပြီ။ ဒါပေမယ့် ထပ်ဖတ်ရလို့ ကျေးဇူးပါ။

  • Patriotic Burma

    April 27, 2012 at 1:10 am

    I’m now ready to put the glass down

Leave a Reply