ရေဆင်။။။။။။။။

ရေဆင်။။။။။။။။
ရေဆင်ရှိမရှိအငြင်းပွာဆဲဖြစ်ပါတယ်။။။
ဒါပေမယ့် ဆင်သမားတိုင်းကတော့ရေဆင်တစ်ကယ်ရှိကြောင်းယုံကြည်နေကြဆဲ့ပါ
ရေဆင်သည်ငါးကဲသို့အသက်ရှုနိုင်၏၊ကုန်းပေါ်တွင်နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်ပါတယ်
၁၉၇ဝပြည်နှစ်ဩဂုတ်လ(၁၃)ရက် လုပ်သားပြည်သူ့နေစဉ်သတင်စာအဆိုအရ သံတွဲမြို့နေ
တိရစာ္ဆန်ဆေးကုအင်စပက်တော် ဦးဘမြိုင် ကိုတိုင် ရေဆင်အမတစ်ကောင် အထီးတစ်ကောင်(အသေ)ကို
တံငါများမှတစ်ဆင့်ရရှိခဲဖူးကြောင်း ပါရှိတယ်လို့ ဆရာမောင်ကြည်သန့် မှ မြန်မာဖြစ်ရပ်(၁၀၀)စာအုပ်မှာပဲရေးထားပါတယ်။
ရေဆင်အမကို ၁၉၃ဝ ပြည်နှစ်တွင် စစ်တွေခရိုင် ။ပေါက်တောမြို့၊သရွန်ဂါ ကျွန်းအုပ်စုအပါအဝင် ဆံတော်ရှင်ကျွန်း
တောင်ဘက်ကမ်းမှရရှိခဲ့သည်။
ရေဆင်အထီးကို ၁၉၃၅ ခုနှစ်တွင်သံတွဲခရိုင်၊တောင်ကုတ်မြို့နယ်၊မဒင်ကျွန်းငဆောက်ကျေးရွာအနောက်ဘက်မှရရှိခဲ့ဘူးကြောင်း
ရေးသားပါရှိ၏။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ ကိုယ်တိုင် ပျဉ်းမနားတောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဖက် သစ်တောအတွင်း ကျောက်ရေ
အိုင်တစ်ခုမှ ရေဆင်တစ်ကောင်အရှင်ဖမ်းမိခဲ့သည်ဟုရေးသားခဲ့သည်။
ရေဆင်အမ၏အရောင်သည် မွဲပြာ၏ ချောမွတ်သည်၊ ခြေနှင်လက်ပါရှိသည်၊ ခြေချောင်းငယ်လေးချောင်းစီပါသည်၊
အထက်အောက်အံသွားနှစ်ချောင်းစီတွေ့ရသည်၊ဆင်မတစ်ကောင်၏အစိတ်အပိုင်းပါသည်၊အသားစားသည့်လက္ခဏာမရှိ
ရေမှော်များသာစားသည်။
ရေဆင်အထီးသည်မီးခိုးရောင်သန်းသော အဖြူရောင်ရှိသည်၊ ခြေချောင်လေးချောင်စီရှိသည်၊အဖြူရောင်အစွယ်ရှိသည်
လုံးပတ်မှာမီးခြစ်ဆံချောင်းခန့်ရှိသည် အထက်အောက်အံသွားပါရှိသည် ၊မျိုးပွားအင်္ဂါ အပြည့်အစုံဖြစ်သည်၊ရေညှိရေမှော်
များသာစားသည်။ကုန်းဆင်ကဲသို့အရွက်စားသတ္တဝါပင်ဖြစ်သည်။
ကျွန်တော်လည်း ရခိုင်ပြည်နယ် မေယုတောင်တန်းတစ်လျှောက်သွားလာနေခဲ့စဉ်က မေယုတောင်တန်းအတွင်း
ဘင်္ဂလားဒေရှ် နှင့် ရခိုင် ပြည်နယ်မေယုတောင်တန်းတစ်လျှောက်လှည့်လည်သွားလာနေသော ဆင်ရိုင်များအား
ကြုံတွေဖူးပါသည် ဒေသခံ ခမီး /ဒိုင်းနက်/ သက်/လူမျိုးများအပြောရ ရေဆင်ကိုကြားဖူးခဲပါသည်။
ယခုချိန်ထိတော့ မတွေဘူးပါကြောင်း။
ဆရာမောင်ကြည်သန့်၏ အငြင်းပွား အမှတ်လွဲလူသိနည်း မြန်မာဖြစ်ရပ်(၁၀၀)မှကောက်နှုတ်တင်ပြအပ်ပါသည်။။။

5 comments

  • bigcat

    June 22, 2011 at 2:04 am

    စာတွေ့ကို ငါတွေ့သယောင်လာလုပ်နေတဲ့ လီဘူးကို ပက်ပက်စက်စက် ပစ်ပစ်ခါခါ ပယ်ပယ်နယ်နယ် ရင့်ရင့်သီးသီး နစ်နစ်နာနာ ယုတ်ယုတ်မာမာ ပြင်းပြင်းထန်ထန် ပေါက်ပေါက်ရှာရှာ တင်းတင်းမာမာ ရိုင်းရိုင်းစိုင်းစိုင်း သေသေချာချာ လေးလေးပင်ပင် နှိုက်နှိုက်ချွတ်ချွတ် တိတိကျကျ ခါးခါးသီးသီး တင်တင်စီးစီး ဖြိုးဖြိုးဖျောက်ဖျောက် မှိုချိုးမျှစ်ချိုး ပိဿလေးခဲနဲ့ပစ် နှံပြည်စုတ်ကို တိုက်ချင်းပစ်ဒုံးပျံနဲ့ ပစ်သလို ကျောသားရင်သားမခွဲခြား အားမနာလျှာမကျိုး ဥပဒေထက် ဘယ်သူမှမရှိစေဘဲ ပြည်သူ့မျက်နှာ တမျက်နှာထဲကြည့်ပြီး စာပေသစ္စာတရားနဲ့ ဖေတော့မောင်တော့ ဆဲဆိုကြိမ်းမောင်း ပေးပါသဂျီးခင်ဗျာ။ :angry:

    • ogre

      June 22, 2011 at 2:25 am

      ဘီလူး မှ အိမ်မွေးကြောင်လေးအား
      အလွန်ကြောက်လန့် ပါသဖြင့်….sedona hotel တွင် သွားရောက်ပုန်းအောင်းနေပါကြောင်း
      ဘီလူးအားတွေ့ချင်ပါက တတိယထပ်သို့ ဓါတ်လှေကားမှမတက်ပဲ အရေပေါ်လှေကားမှ
      ဘီးလူးကြောင်ချောင်း အိုက်တင်လေးဖြင့် ကြောင်လျှောက် လျှောက်၍ ခြေဖော့တက်လာမှသာ
      မိနိုင်ပါကြောင်း လုံခြုံရေးကင်မရာများမှလည်း ကြောင်ဖြစ်သောကြောင့် အရေးမထားပဲ လွတ်ပေး
      နိုင်ပါကြောင်း။။။
      သင့်၏ စာအားလည်း။။
      ကြောင်ဘီလူးစားကြွတ်ကြွတ်ဝါးသို့ဟု ပြောင်လဲသင့်ပါကြောင်း
      ထပ်လောင်းအကြံပြုအပ်ပါသည်။။

      • bigcat

        June 22, 2011 at 4:41 am

        ဆီတိုးစားဖို့ သုံးထပ်အမြင့်တက်ရတာ မချောင်ပါဘူး ဘီလူးကြီးရယ်။ သိက္ခာကျပါတယ်၊ လူရိုသေ ရှင်ရိုသေ ဂိုဒေါင်အစောင့် သွားလုပ်ပါလား။ လေးဂွတလက်နဲ့ လက်နှိပ်ဓာတ်မီး တချောင်းကိုင်ထားတဲ့ ဘီလူးဆို ဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ… 😮

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2011 at 2:50 am

    အကြီးလီးတော်
    အငယ်လီးတော်
    ခွီးတဲ့မှဘဲ…. :angry:
    😀 😀 😀
    ………………………
    ………………………
    ပင်လယ်သမုဒ္ဒရာများ ပျက်စီးဆုံးရှုံးမှု ထိတ်လန့်ဖွယ်အဆင့်ရောက်
    ကမာ္ဘပေါ်ရှိ ပင်လယ်သမုဒ္ဒရာများအတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများသည် ထိတ်လန့်ဖွယ် အဆင့်ထိ ရောက်နေပြီဟု သိပ္ပံပညာရှင်များက သတိပေး ပြောကြားလိုက်သည်။ လူသားတို့၏ စနက်များကြောင့် အပါအဝင် အမျိုးမျိုးသော အကြောင်းကိစ္စများကြောင့် ဇီဝသက်ရှိများ မျိုးသုဉ်းပျောက်ကွယ်ခြင်းသည် အလွန်ဆိုးရွားလာနေကြောင်း သုတေသီများက ဆိုသည်။ အလွန်အကျွံ ငါးဖမ်းခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းများကြောင့် သတ္တဝါ မျိုးစိတ်များ ရှင်သန်တည်ရှိမှုကို ထိပါးလာစေခဲ့ကြောင်း နိုင်ငံတကာ ရေနေသက်ရှိ ကျွမ်းကျင်သူများ စုပေါင်းလေ့လာပြီး ကြေညာလိုက်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
    အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် စုရုံးဆွေးနွေးခဲ့သည့် ပညာရှင်များက ကမာ္ဘ့အဏ္ဏဝါဇီဝ သက်ရှိများ၏ အခြေအနေသည် စိုးရိမ်ဖွယ် ဖြစ်လာနေကြောင်း တညီတညွတ်တည်း သဘောတူခဲ့သည်။ ကမာ္ဘ့သမုဒ္ဒရာအတွင်းရှိ သဘာဝ သက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် ထိခိုက်လာမှုတွင် သမုဒ္ဒရာ ပူနွေးလာခြင်း၊ အောက်စီဂျင် ပြတ်လပ်လာခြင်း၊ ရေထု၏ အက်ဆစ်ပါဝင်မှု မြင့်တက်လာခြင်းတို့သည် ဇီဝဖြစ်စဉ်များကို ပျက်စီးစေသည့် အဓိက အကြောင်းရင်းများဟု အစီရင်ခံစာအတွင်း ဖော်ပြထားသည်။ အထူးသဖြင့် လူသားများ၏ လုပ်ရပ်များသည် သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုနှင့် ဆက်စပ်နေကြောင်း နိုင်ငံတကာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ သိပ္ပံဌာန ဒါရိုက်တာ ဒေါက်တာ အဲလက်စ် ရိုဂျာက ပြောကြားခဲ့သည်။
    “ဖော်ထုတ်တွေ့ရှိချက်တွေကတော့ တကယ့်ကို ထိတ်လန့်စရာပါပဲ။ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် သမုဒ္ဒရာရဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ဆိုးဆိုးရွားရွား ညစ်ညမ်းလာစေတာ ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါပြီ။” အာတိတ်စက်ဝိုင်းက ရေခဲထုတွေ မြန်မြန်ဆန်ဆန် အရည်ပျော်လာတဲ့ ပြသနာမျိုးကလည်း သမုဒ္ဒရာရဲ့ သဘာဝ မျှခြေကို ထိခိုက်စေကြောင်း ရိုဂျာက ရှင်းပြခဲ့သည်။ “အနာဂတ်အတွက် စိန်ခေါ်မှုတွေကတော့ သိပ်ကိုကြီးမားနေပါပြီ။ သမုဒ္ဒရာတွေဟာ ကြီးမားကျယ်ပြန့်နေတုန်းပါ။ ဒါပေမယ့် အနာဂတ် မျိုးဆက်တွေ လက်ထက်မှာ ဘာတွေပြောင်းလဲကုန်မလဲဆိုတာ ကျွန်တော်တို့ မှန်းဆဖို့ ခက်ပါတယ်။ ကမာ္ဘကြီးရဲ့ အပြာရောင် အသည်းနှလုံးလို့ တင်စားခံရတဲ့ သမုဒ္ဒရာ ရေပြင်တွေကို ကျွန်တော်တို့ ကာကွယ်ဖို့ လိုနေပါပြီ။ အဲဒါကို ဒီနေ့ စလုပ်ရမှာပါ။ ချက်ချင်းကို လုပ်သင့်တာပါ”ဟု ရိုဂျာက ပြောကြားသွားခဲ့သည်။
    http://www.planet.com.mm/news/read.cfm/id/17639
    ………………………………………………………………….
    …………………………………………………………………
    ဘယ်သုတေသီက ဘာကိုလေ့လာပြီးပြောတာလည်းတော့မသိဘူး
    ကမာ္ဘဦး အစကတည်းက ကမာ္ဘပေါ်မှာ ရှိခဲ့တဲ့ တိရိစာ္ဆန်မျိုးစိတ်ပေါင်း
    ၅၀၀,၀၀၀,၀၀ဝ (သန်း ၅၀၀) ရဲ့ ၉၈% ဟာ
    မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ် တဲ့
    ဆိုတော့ကာ
    ဟိုတုန်းက ဘီလူးဆိုတာလည်း ရှိလောက်တယ်
    ကြောင်မျက်ရှင်ဆိုတာလည်းရှိလောက်တယ်

  • nature

    June 22, 2011 at 2:41 pm

    ဓါက်ပုံလေးပါ ရရင်တင်ပေးပါလား၊ထူးထူးဆန်းဆန်း ကြည့်ချင်လို့။

Leave a Reply