အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်း

z @June 22, 20111min983

ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service
အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ
စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို
အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsoft
Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း
အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင်
ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Serviceတွင်
Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့်
ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ
သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍
ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင်
တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment
စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail
Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည်
ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍
သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox
mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ
အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း
သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည်
အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏
မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့်
သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ
ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏
Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google
Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့
အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင်
တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Gmailသို့ sign-in လုပ်ရပါမည်။

၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက “Settings”ကို ရွေးချယ်ပါ။

၃။ “Setting” အောက်မှ “Lab”ဆိုသည့် tabကို ရွေးချယ်ပါ။

၄။ “Lab”စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ
“Offline”ဆိုသည့်ဘေးတွင် “Enable”ကို ရွေးပေးရပါမည်။

၅။ ထို့နောက် “Lab”စာမျက်နှာ အောက်ဆုံးကိုသွား၍ “Save Changes” လုပ်ပါ။

၆။ “Save Changes” လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ
“Settings”၏ဘေးတွင် “Offline 0.1″ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။

၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို
လက်ခံအသုံးပြုဖို့ “Allow it to use Gears”ဘေးမှ check boxကို အမှန်ခြစ်
ပြုလုပ်ပါ။ “Allow” buttonကို ကလစ်နှိပ်ပါ။

၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ
မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။
ထို့နောက် “OK” buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင်
သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့်
Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download
လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည်
စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ
အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု
သိရသည်။

မှတ်ချက်။ ။ကို်ယ်ပိုင်သီးသန့်ကွန်ပျူတာသုံး မဟုတ်သူများ မလုပ်သင့်ပါ…။

3 comments

  • nature

    June 22, 2011 at 2:40 pm

    ကျေးဇူးတင်ပါတယ် z@ ရေ။ offline ဖြစ်ချိန်မှာ gmail စာတွေဖတ်နိုင်မယ်ဆိုတော့ တော်တော် အဆင်ပြေပါတယ်။ စမ်းကြည့်လိုက်ဦးမယ်။

  • xman

    June 22, 2011 at 5:05 pm

    အဲသလို အကျိုးရှိတာလေးတွေရေးတာကို ကြိုဆိုတယ်ညီလေး။

    ဒီလိုနဲ့ကြာလာရင် ဒီရွာမှာမင်းပျော်သွားလိမ့်မယ်။ ဒီရွာကိုလဲ မင်းချစ်သွားလိမ့်မယ်။

  • MaMa

    June 23, 2011 at 2:14 am

    ( ၃ နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့်
    Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download
    လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။)
    အဲဒါဆိုရင် ကိုယ့်ကွန်ပြူ memory က ဆန့်ပါ့မလား။ လေးသွားနိုင်သလား။ နောက်ပြီး ၃ နှစ်စာ မလိုချင်လို့ ၆လ စသည်ဖြင့် မိမိ လိုချင်သလောက် အချိန်ကန့်သတ်လို့ ရနိုင်မလား သိချင်ပါတယ်။

Leave a Reply