နွယ်ပင် တက်နေကျသင်တန်းက စာသင်ပေးတဲ့ အစ်မပြောတဲ့ ပုံပြင်လေးကို သဘောကျလို့ ရွာသူ/ ရွာသားတွေကိုလဲ ပြောပြချင်လာတယ်
ပုံပြင်လေးက ………… ပညာရှိလုပ်မလားတဲ့
တစ်ခါက ရွာကြီး တစ်ရွာမှာ ပညာ၇ှိကြီးတစ်ယောက် ရှိပါတယ်တဲ့ အဲဒီပညာရှိကြီးက စကားကိုလဲ သိပ်မပြောပဲ လိုအပ်မှာသာပြောတက်တဲ့သူပါ
ပညာရှိကြီးဆီကို အဲ့ရွာက လူတွေတင်မကဘူး တစ်ခြားရွာကလူတွေကပါ အကြံဥာဏ်တွေတောင်းတက်ကြပါတယ် နောက်ပညာရှိကြီးက
ရှေ့ဖြစ်နောက်ဖြစ်တွေကိုလဲ ဟောပါသတဲ့ ။ တစ်နေ့တော့ ရွာထံက ကောင်လေး (3) ယောက်က စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ ပညာရှိကြီးဆီမှာ
စာမေးပွဲအောင်မအောင်ကိုလာမေးကြတာပေါ့် ။ သူတို့ကို ပညာရှိကြီးက ဘာစကားမှမပြောပဲ လက်ညှိုးတစ်ချောင်းပဲ ထောင်ပြပါတယ်တဲ့
ဒါနဲ့ကောင်လေးတွေလဲ ပညာရှိကြီးဘာကိုဆိုလိုချင်မှန်းမသိပဲ ပြန်လာခဲ့ကြတာပေါ့ ဒါပေမဲ့ စာမေးပွဲအောင်စာရင်းလဲထွက်ရော ပညာရှိကြီးပြောချင်တာကို
သူတို့ သဘောပေါက်သွားကြတယ် အဲတာကတော့ သူတို့ထဲက (2) ယောက်က စာမေးပွဲအောင်ပြီး တစ်ယောက်က ကျလို့ ပညာရှိကြီး လက်တစ်ချောင်းထောင်ပြတာက
တစ်ယောက်ကျမယ်လို့ပြောတယ်ဆိုပြီး သဘောပေါက်သွားကြတယ် ။
အမှန်က ပညာ၇ှိကြီးက အဲနေ့က ပြောလိုက်ပြီးသားလေ … လက်တစ်ချောင်းထောင်ပြလိုက်ကတည်းက
တစ်ယောက်ပဲ အောင်ပြီး (2) ယောက်ကျ တာဖြစ်နိုင်သလို
(2) ယောက်အောင်ပြီး (1) ယောက်ကျ ကျလဲ ဖြစ်နိုင်တယ်
တကယ်လို့ အားလုံးအောင်ခဲ့ရင် လဲ လက်ညီုးလေး တစ်ချောင်းထောင်ပြီးပြောတဲ့ အတွက် အားလုံးအောင်မယ်ပြောတာ ကျခဲ့ရင်လဲ အားလုံးကျမယ်ပြောတာပါတဲ့
သူက အဘက်ဘက်က စဉ်းစားပြီး လက်ညှိုးလေး တစ်ချောင်းနဲ့ ပညာရှိလုပ်သွားခဲတာပေါ့

ကဲ ……. ရွာသူရွာသားတွေရော ပညာရှိလုပ်ကြမလား … ?

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..