ဒီရက်ပိုင်းအတွင်းမှာ စာတွေအတော်များများ တက်လာတော့ ဖတ်နေရပါတယ်.. ဒါပေမယ့် ကိုယ်ပိုင်စာတွေအရေးကောင်းတဲ့ Hmee ပြောသလိုပါပဲ၊ ကိုယ့်ရဲ့စိတ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အရေးအသားတွေနဲ့ ရေးတင်နေကြသူတွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို ရေးသားတင်ပြနေကြတဲ့ စာရိုက်သူတွေ၊ ဥပမာဆို “ဆူး”၊ ကျွန်တော်ကိုယ်တိုင်ဆိုရင်လဲ ဒီ Site ကို ၀င်ရောက်ဖတ်နေကြတဲ့သူတွေ ပညာရရှိစေရေးအတွက် KFC ကြက်ကြော်နည်းတွေကို အသေးစိတ် ရေးပြဖို့ရှိသလို တစ်ခြားသော ဗဟုသုတရဖွယ်ရာတွေကို ချပြဖို့ရာ အများကြီးရှိနေပါတယ်။

ဒါပေမယ့်လည်း…

ကိုယ်တင်လိုက်တဲ့ Post တစ်ခု (ကိုယ့်အတွေးနဲ့ကိုယ်ဆို သိပ်ကို တန်ဖိုးရှိမယ်လို့ထင်တဲ့ စာတွေ)ခမျာ တစ်ရက်တာတောင် စံမြန်းခွင့်တွေမရဘဲ အလိုလို နောက်ရောက်သွားရရှာလေတော့ Keyboard ပေါ် လက်တင်လိုက်တာနဲ့ စာရေးချင်စိတ်တွေ ကုန်သလောက်တော့ ရှိနေတာအမှန်ပဲပေါ့လေ။ လူသစ်တွေ များပြားလာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်စာတွေကိုတော့ သီးသန့်နေရာလေးတစ်နေရာ ပေးသင့်တယ်လို့ ထင်မိပါတယ်။ Copy ကိစ္စတွေကတော့ ပြောလဲ မောရုံပဲရှိတော့တာမို့ ဆက်လက်ပြီးပြောလိုရင်းမရှိတော့ပါ။ သူများတွေလဲ သူတို့ရဲ့နာမည်လေးတစ်ခုကို Internet ပေါ်မှာနေရာရချင်ရှာကြမှာဖြစ်သလို ကိုယ်ပိုင်မရေးသားနိုင်ကြသေးသူတွေလဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က စာပေကျင့်ဝတ်သိက္ခာတွေကို မလိုက်နာမကျင့်သုံး၊ ကျားလား မလားတောင် ခွဲခြားလို့မရနိုင်သော ကလောင်အမည်များပေး၊ အပျော်ဖတ်စာပေတစ်ခုလို ပုံတွေတင်၊ ဇာတ်လမ်းတွေဖွဲ့နဲ့ ဒီကိုစတင်ရောက်ရှိစဉ်တုန်းက စာရေးကောင်းတဲ့ စာရေးသူတွေ၊ ၀ါရင့်စာရေးဆရာတွေကို မတွေ့မိတော့တာ သတိထားမိတယ်။

စာပေအရေးကောင်းတဲ့ nigimi77 (အနည်းငယ်တော့ကြမ်းပါတယ်)၊ အချက်အလက်တွေတော်တော်များများ ခိုင်ခိုင်လုံလုံနဲ့ သရော်စာသဘောမျိုး အရေးကောင်းတဲ့ မိုက်ကယ်ဂျော်နီအောင်ပု၊ (ဦး)လင်းဝေကျော်၊ (Dr.) မိုးသီတာစိုး၊ နေ့တိုင်းနီးပါး စာရေးတင်တတ်တဲ့ ဆူး၊ ဘ၀အတွေ့အကြုံတွေ အရေးများသော (ဦး) ကိုပေါက်(မန္တလေး)၊ Link များနှင့်အတူ စာအတော်များများ၊ အပြန်အလှန်ဆွေးနွေးငြင်းခုန် (အမှန်တော့ ရန်ဖြစ်စရာတွေသိပ်များတဲ့စာတွေ) ရေးတဲ့ KAI (သူကြီး)၊ ၀ါသနာရှင်အဆင့်ထက်ပိုတဲ့ ကိုယ်ပိုင်စာသီးသန့်အရေးသမား Hmee၊ အလှနတ်ဖုရားမလေး (သို့) အလှနတ်ယောကျာ်းချောချောလေး (သို့) အီးရိုး ဟုအမည်တွင်သူ …. အစရှိသူတို့ ပျောက်ခြင်းမလှ ပျောက်ဆုံးနေပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်လဲအတော်လေးထက်တဲ့ (Dr.) etone သာ ဆူညံ၊ ပူညံ အသံပေါင်းစုံဖြင့် ကျန်ရှိနေသည်ကို တွေ့ရှိနေရပါကြောင်း..

အမာခံ စာရေးဆရာများအနေနှင့်လည်း စိတ်အားမလျှော့လိုက်ကြပါဘဲ အများနည်းတူအားကျမခံ တွေ့ကရာ စာတစ်ကြောင်းလောက်ပဲဖြစ်ဖြစ် Copy/Paste လုပ်ပြီး ကိုယ့်နာမည်လေး သမိုင်းပြတိုက်ထဲမှာ ပြန်သွားမရှာရလေအောင် ကြိုးစားသင့်ကြပါကြောင်း……

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..