ရခိုင်ပြည်နယ် က.ည.န ၏ ဓါးပြတိုက်လုယက်မှုကြီး (snatch)

ဦး ဂ်စ္June 22, 20111min714

ရွာသားတို့ရေ…..
ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရင် ခင်ဗျား
တို့မြို့တွေမှာ ကုန်ကျစရိတ်ဘယ်လောက်
ရှိပါသလဲသိချင်ပါတယ်…..
ကျွန်တော်တို့ ကြားသိရသလောက် ၅ဝဝဝ
. ၆ဝဝဝ ကျပ်လောက်ပဲ သိပါတယ်ခင်ဗျ..
ခုတော့ဗျာ..ပြည်နယ် က.ည.န အဖွဲ့လုပ်
ချလိုက်ပုံကတော့….
ခဲခြစ်……………..၁၀၀ဝ
အင်ဂျင်နီယာခ…….၁၀၀၀
အာမခံ……………၃၅၀၀
အထွေထွေ………၂၅၀၀၀
——-
စုစုပေါင်း………၃၀၅၀၀…..

အဲဒါစဉ်းစားမရဖြစ်နေလို့..
ဝိုင်းကူစဉ်းစားပေးကြစေလိုပါတယ်ဗျာ…
နယ်မြို့လေးတစ်မြို့မို့ ဈေးတက်တာများ
လား..ဘာကြောင့်လဲမသိလို့ပါ…
ဒီလိုပေးနေကြရတာ ၁ဝနှစ်ကျော်သွားပါ
ပီခင်ဗျာ..
ဒီ က.ည.န အဖွဲ့ကြီးက မြို့ခံသားတွေကို
အတင်းဓါးပြတိုက် လုယက်နေကြတာ ရပ်
သင့်ပီလို့ယူဆကြောင်းပါ……

4 comments

  • redbull

    June 22, 2011 at 10:02 am

    ကိုဂျစ်ပြောတာ ဘယ်မြို့မှာတုန်းဗျ.
    ဟိုအရင် တုန်းကတော့.. ရန်ကုန်မယ် ကားတစ်စီးသက်တမ်းတိုးရင် တစ်သောင်းကျော်ကျော် လောက်ပဲ
    ပေးရပါတယ်..
    ခု က.ည.န ကို ပုဂ္ဂလိက ပေးလိုက်တော့ ကားတစ်စီးမှ သုံးသောင်း ပေးရပါတယ်..
    ခုဟာကတော့ မဟုတ်သေးဘူးထင်တယ်ဗျ…
    ဆိုင်ကယ်တစ်စီးသက်တမ်းတိုးတာ သုံးသောင်းနဲ့ငါးရာ ဆိုတော့ များလွန်းသဗျာ……။

  • Gipsy

    June 22, 2011 at 10:16 am

    ကျေးဇူးပါ…….အဟဲ….
    ရေးချင်ဇောနဲ့ကျန်နေခဲ့တယ်…..သံတွဲမြို့မှာပါ…ခရိုင်မြို့ဆိုတော့ သံတွဲ၊တောင်ကုတ်၊ဂွ ၃ မြို့နယ် လေ..
    ဆိုင်ကယ်အစီးရေ ကလဲ များတယ်ပေါ့ဗျာ….
    အစီးရေ သောင်းဂဏန်းကျော်လောက်ရှိတယ်….လာဘ်စားမှုတစ်မျိုးပေါ့ဗျာ……..

  • ရွှေဘိုသား

    June 22, 2011 at 11:08 am

    ဒီလောက်ကတော်ပါသေးတယ်အစ်ကို ဂျစ်ပစီ ရာ
    ကျွန်တော်တို. ရွှေဘိုမှာဆိုတစ်ခါ လာလုပ်သွားတာ
    လိုင်စင်မလုပ်မနေရ လုပ်ရတယ် လုပ်တော.လည်း 250000 ကျတယ်။
    သက်တန်းတိုးတာ 80000 မတိုးမနေရလာလုပ်သွားတာ
    ဒီကောင်တွေ ရုံးပိတ်ချိန်ဆို ကားနဲ.တောင် ပိုက်ဆံတွေတင်ယူရတယ်။
    ဆိုင်ကယ်ကလည်း တစ်မြို.လုံးစီးကျတာကိုး ပွသွားတယ်

  • zippo

    June 22, 2011 at 4:15 pm

    ဒီလူတွေဟာ အဆမတန်လဲ တောင်းယူသေးတယ် ပီးရင် မောက်မာစွာဆက်ဆံ တတ်ကြသေးတယ်ဂျ..
    ဒီကမြို့ သားတစ်ချို့ဆိုရင် မတတ်နိုင်တော့လို့ သက်တမ်းထပ်မတိုးတော့ဘူးလို့ သိရပါတယ်..
    ဒီတော့ လိုင်စင်ဘီး ဟာ လိုင်စင်မဲ့သဘောမျိုးဖြစ်သွားလို့ နှမြောစရာပေါ့ဂျာ…
    ဒီလိုဖြစ်အောင် အဲဒီအကောင်တွေ က ဖန်တီးနေကြတာ..ပြည်သူတွေပဲ နစ်နာတာလေ..
    သက်တမ်းသေ နေပြန်တော့ မော်တော်ပီကယ် တွေက တောင်းစားခြင်းခံရအုံးမယ်…
    ……..စဉ်းစားကြည့်တော့…ခံဘက်သီးသန့်ပါ……ဟင်းးးးးးးးးးးးးးးးးးးး

Leave a Reply