မြန်မာပြည် မန်းရေတံခွန် တောင်ခြေ မှ အံ့ဖွယ်ထူးခြား နှစ်ဆန်ဗုဒ္ဓေ မြတ်ဘုရား

mandalarthuJune 24, 20112min671

န ္တလေးမြို ့အရှေ ့ဘက် ရန်ကင်းတောင်အရှေ ့တောင်ဘက် ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ခြေအနီးရှိ  သစ္စဝေဒဂူ(မိုးကုတ်ဝိပဿနာကျောင်းတိုက်)တွင်ပူဇော်ထားရှိရန်အတွက်ကုက္ကိုသားဖြင့်ဘုရားသခင်ပရိနိဗ္ဗာန်စံဝင်တော်မူပုံ  ဆင်းတုတော်ကြီးတစ်ဆူ ထုလုပ်ရာ  ဦးခေါင်းတော်အတွင်း၌   ဦးနှောက်တော် ပုံသဏ္ဌာန်၊ ဝမ်းဗိုက်တော်အတွင်း၌  အူများ ယှက်လိမ်နေပုံ ပုံသဏ္ဌာန်၊ ခြေဖဝါး တော်တွင်  သွေးကြောများ ယှက်ဖြာနေပုံ ပုံသဏ္ဌာန်  ထူးဆန်းအံ့ဩဖွယ် ဖူးတွေ  ့ရပါသည်။

ထူးဆန်းသော နှစ်(၁၅၀)ကျော်သက်တမ်းရှိ မန ္တလေးမြို  ယွန်းဝင်းယပ်ဝင်း အတွင်း ဓမ္မာရုံအနီး လဲကျခဲ့သော ကုက္ကိုပင်သစ်လုံးကြီးကို ရေတံခွန်တောင် သစ္စဝေဒဂူဆရာတော် ဦးခေမာစာရ ဦးဆောင်မှုဖြင့် ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင် တော်မူပုံဟန်  ပန်းပုရုပ်တုတော် ထုလုပ်ခဲ့သည်။

ရေတံခွန်တောင်ခြေရှိ  သနိ ္တသစ္စာရ  ဘုရားနှင့်  ဗောဓိ သစ္စာရ  ဘုရား

ဆင်းတုတော်၏ အရွယ်အစားမှာ ဦးခေါင်းတော်မှ  ခြေဖျားတော်ထိ ၁၈ ပေအရှည်ရှိပြီး ပရိနိဗ္ဗာန်ပြုပုံကို သစ်သား ဖြင့် ထုလုပ်နေရာ မြန်မာနိုင်ငံ၏အကြီးဆုံး မြတ်စွာဘုရားပရိနိဗ္ဗာန်ပြု သစ်သားရုပ်ပွားတော် ဖြစ်လာမည်ဖြစ်ကြောင်း ဝါရင့် ပန်းပုဆရာကြီးများက ဆိုသည်။ ယင်း ဆင်းတုတော်၏ပုံစံမှာ  အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက  ပရိနိဗ္ဗာန်ပြုပုံစံကို နမူနာယူ၍  မြန်မာမှုနဲ ့ ကိုက်ညီအောင် ထုလုပ်ထားခြင်ဖြစ်ကြောင်းသိရသည်။

သနိ ္တသစ္စာရ  ဘုရားနှင့်  ဗောဓိ သစ္စာရ  ဘုရား


 

 

 

 

 

 

သစ္စဝေဒဂူဆရာတော် ဦးခေမာစာရ

 

 

 


 

 

 

 

 

 

 

 

 

 

 

သစ္စဝေဒဂူရိပ်သာသို့အဝင်     သာယာရှူမောဖွယ်လမ်းကလေး

 

သစ္စဝေဒဂူရိပ်သာသို့အဝင် မုဒ်ဦး

 

 

 

 

 

 

 

 

 

 

နှစ်ဆန်ဗုဒ္ဓေဘုရားအဝင် မုဒ်ဦး

 


 

 

 

 

 

 

 

 

 

 

ရိပ်သာနှင့်  ရေတံခွန်တောင် ၏  သာယာရှုမောဖွယ်  ရှုခင်းအလှ

 

One comment

  • True Answer

    June 27, 2011 at 6:08 am

    အေးချမ်းတဲ့ဒီနေရာလေးကို မန္တလေး ရောက်ရင် တခါ တခေါက်တော့ သွားရောက် ဖူးမြော်သင့်ပါတယ်။ မန္တလေးမှာ နေသူတွေတော့ အေးချမ်းတဲ့ ဒီနေရာလေးမှာ တရားစခန်းတစ်ပတ်တော့ ဝင်ကြည့်သင့်ကြပါတယ်။

Leave a Reply