အသားစားတာ အန္တရာယ်ကင်းလား အသီးအရွက်စားတာ အန္တရာယ်ကင်းလား။

erosJune 22, 20111min71

လောကတွင် သက်သက်လွတ်စားသူများကလည်း အကြောင်းအမျိုးမျိုးပြ ကာ သက်သက်လွတ် အသီးအရွက်စားချင်းသည် ကောင်းမွန်ကြောင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှု အရမည်သို့မည်ပုံ ဖြစ်ကြောင်း၊ လေ့လာတွေ့ရှိချက်အရ အသီးအရွက်စားသူများမှာ အသက်ရှည်ကြောင်း စသည်ဖြင့်ပြောကြလေသည်။
အသားစားသူများဘက်မှလည်း လူဆိုသည်မှာ အသားစားသော အစုံစားသတ္တဝါဖြစ်ကြောင်း ပြောပါသည်။ သွားများ၏ တည်ဆောက်ပုံကမည်သို့ အသားမှ ရသော ပရိုတင်းသည်သာ အကောင်းဆုံး၊ အသားစားသဖြင့် ပိုပြီး သန်မာထွားကြိုင်းနိုင်ကြောင်းပြောလေသည်။
ယေဘုံယျအားဖြင့် မည်သူမဆို အသီးအရွက်များများစားသဖြင့် အသက်ပိုရှည်နိုင်ကြောင်း လက်ခံလေ့ရှိကြသည်။ ယခုပိုစ့်တွင် eros ဘာသာရေးမဖက်ပဲ ရိုးရိုးလေး တွေးကြည့်ချင်ပါသည်။ ကွန်မန့်ပေးသူများလည်း ဘာသာရေးမဖက်ပဲ တွေးပေးစေလိုပါသည်။
ယခုခေတ်အခါတွင် စားစရာများတွင် ဘေးဖြစ်စရာ ပိုလာသည် eros ထင်မိသည်။ ကြက်ငှက်တုတ်ကွေးဖြစ်လိုက်၊ ဝက်နားရွက်ပြာဖြစ်လိုက်၊ နွားရူးရောဂါဖြစ်လိုက် စုံနေပါသည်။ ထို့အတွက်ကြောင့် အသီးအရွက်စားလျှင် ဘေးကင်းပါပြီလား။ ကြည့်ကြပါစို့ရယ်။ ယခင်သီရိမင်္ဂလာဈေးဟောင်းသို့ ခဏခဏရောက်ဖူးပါသည်။ သင်္ဘောသီး သရက်သီးများကို ဆိုးဆေးအရည်တွေ နှင့် အ