တောအရိပ် တိမ်အရိ်ပ် မှေးစက်အိပ်


ပြင်ဦးလွင်သွားတဲ့လမ်းမှာ ထုံးဘိုမရောက်ခင်လေး လမ်းဘေးကို လှမ်းကြည့်မိတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက လူကို မှင်သက်မိသွားစေပါတယ်။

ဟိုအဝေးမှာလွင့်နေတဲ့ ဘော်ငွေရောင်တိမ်ဖြုလေးကတအုပ်။
သူ့ဘေးမှာနေရောင်ခလို့ ဖြူလွနေတဲ့ တိမ်တောင်က တခု။
အဖော်မဲ့နေရှာတဲ့ ထန်းပင်မြင့်မြင့်ကြီးကတပင်။
စိမ်းလန်းနေတဲ့ကောက်ပင်တွေက ယိမ်းကလို့ တစ်ဖွဲ။
နည်းနည်းလေးလယ်ကွင်းထဲကိုတိုးဝင်လိုက်တော့ ဟို့………အနောက်ဘက်ကောင်းကင်မှာ
ချိတ်ဆွဲထားတဲ့ တိမ်ဖြူမွမွလေးတွေက မီးပန်းဆိုင်းကြီးဆွဲထားသလို။
သူ့အောက်မှာ့တော့ စိမ်းမြညိုမှောင်နေတဲ့ သစ်ပင်က တအုပ်။
ဟိုခပ်ဝေးဝေးမှာတော့ အစိမ်းရောင် အပင်အုပ်လေးက မျက်စေ့အေးစရာ။
ဘာအလုပ်မှသာ မရှိဘူးဆိုရင် ဒီနေရာလေးမှာ
ဖျာကလေးခင်း ရေနွေးကြမ်းလေးက တအိုး လက်ဖက်သုတ်လေးက တပန်းကန် ဖတ်စရာစာအုပ်လေးက တအုပ် နဲ့သာဆိုရင်
…………………………………………………….

11 comments

  • ဆူး

    June 22, 2011 at 12:05 pm

    မြသား ကတ္တီပါ ခင်းထားသည့် အလား..
    မြန်မာ နိုင်ငံ သားတွေ ဆန်ရေ စပါး ပေါများလို့ စီးပွားတိုးတက်ကြပါစေ။

  • intro

    June 22, 2011 at 1:39 pm

    လေးပေါက်က အရမ်းကို ကဗျာဆန်တယ် ထင်တယ်ဗျာ… 🙂
    အားပေးနေပါတယ်…..

  • introလေးရေ
    ကဗျာမဆန်ပါဘူးကွယ်။
    ကိုယ့်နံဘေးနားမှာရှိနေတဲ့သဘာဝရဲ့အလှအပတွေကို လူတွေမေ့နေ ကြ
    သတိမထားမိကြာတာကို သတိထားကြည့်မိအောင် တင်ပြပေးနေတာပါ။
    ကျနာ်ရိုက်တဲ့ပုံလေးတွေက သိပ်ခက်ခက်ခဲခဲနေရာလဲမဟုတ်သလို
    အမြဲတမ်းဖြတ်သွားဖြတ်လာလုပ်နေကြတဲ့နေရာလေးတွေ၊
    အမှတ်တမဲ့နဲ့လူတွေမေ့ထားတဲ့နေရာလေးတွေပါ။
    ဝင်ကြည့်တာ ကိုကျေးဇူးပါ။

  • pooch

    June 22, 2011 at 4:22 pm

    လေးပေါက် အနော်အ ခု လေးပေါက် gallery ဆိုပြီး သီးသန့် သိမ်းလိုက်ပြီ

  • ကောင်းပြီလေ ဓါတ်ပုံရောင်းစားလို့ရရင်မိုက်မယ်။
    ညည်းကို ငါက မန်နေဂျာခန့်လိုက်ပြီ။
    လို်က်ရောင်းပေတော့………………….

    • pooch

      June 23, 2011 at 8:27 am

      လေးပေါက် အတည်နော် နောက်မှ အနော့်ကို မူပိုင်ခွင့်နဲ့ တရားမစွဲ ရဘူးနော်
      အနော်က တပုံကို ၁ ဒေါ်လာရ မှရောင်းမှာ။ ပေါပေါပဲပဲတော့ ရောင်းနိုင်ပါ ဘူး
      လေးပေါက် ရဲ့ ရင်တွင်းဖြစ် စစ်စစ် ကြီးတွေကို
      အခုလောလောဆယ် eBay မှာ တင်လိုက်ပြီ ဟီး 🙂

  • MaMa

    June 23, 2011 at 1:09 am

    အောက်ဆုံးက ပုံလေးကို ကြိုက်တယ်။ ပုံအောက်က စာကို ပိုကြိုက်တယ်။
    ဖျာကလေးခင်း ရေနွေးကြမ်းလေးက တအိုး လက်ဖက်သုတ်လေးက တပန်းကန် ဖတ်စရာစာအုပ်လေးက တအုပ် နဲ့သာဆိုရင်…………………………… တကယ့် နတ်စည်းစိမ်ပေါ့။

  • manawphyulay

    June 23, 2011 at 4:30 am

    ဆန်ရေစပါး ပေါကြွယ်ဝပြီး နှစ်သီး သုံးသီးစားပြီး နိုင်ငံတော် စရိတ် ထောက်ပံ့နိုင်ပါစေလို့ပဲ ပြောရင် ပိုကောင်းမယ်ထင်တယ်နော်… 😛

  • captainamerica

    June 23, 2011 at 9:45 am

    ကြည့်စမ်း ခံစားတတ်တဲ့သူတွေများမြင်တတ်လိုက်တာ… ကျွန်တော်လည်းပြင်ဦးလွင် ခဏ ခဏ သာွးနေတာ
    ဒီလောက်လှတဲ့ရှုခင်းတွေကိုမမြင်မိဝူး။ကိုပေါက်ရေ Professional လက်ရာလောက်ကိုဖြစ်လာပီလို.ထင်တယ်။ဂယ်ပြောတာ မန္တလေးရောက်ရင်မုန်.လေးဘာလေးလဲကျွေးပေါ့
    🙂 🙂 🙂

  • pan pan

    June 23, 2011 at 10:10 am

    ဆရာမြို့မငြိမ်းရဲ့ “လူချွန်လူကောင်း“ သီချင်းလေးသွားသတိရတယ်။
    ရှုမဆုံးတော့ပေ၊ စိမ်းလဲ့လဲ့နှစ်စဉ်၊ လယ်ကွင်းတွေက တမျှော်တခေါ်စိုပြေလွင်၊ ရိတ်သိမ်းချိန်ဆိုပြန်ရင်၊
    ဝင်းမှည့်ရွှေစင်အိလို့ပင်၊ စပါးအနှံတွေက၊ အသီးတွေ သန်မြန်အောင်မြင်……

Leave a Reply