မကြည့်ရက်လို့

Good IdeaJune 22, 20111min62

မအပိုင်း (၁)

တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်လူမျိုး (၃) ဦးသည် သဲကန္တာရတစ်ခုတွင်
ခရီးအတူသွားကြသည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းကို
ဖွင့်လိုက်သောအခါ ပုလင်းထဲမှ နတ်သားတစ်ပါးထွက်လာသည်။ နတ်သားက
တစ်ယောက်လျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၃) မျိုးတောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျနော် ပိုက်ဆံအများကြီးလိုချင်ပါတယ်”

“ဒုတိယဆန္ဒကရော”

“ပိုက်ဆံတွေထပ်လိုချင်သေးတယ်”

“တတိယဆန္ဒကရော”

“ကျနော့်ကို နေရပ်ကိုပြန်ပို့ပေးပါ”

သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

တဖန် ပြင်သစ်လူမျိုးက “ကျနော် မိန်းမလှလှလေး လိုချင်ပါတယ်”

“ဒုတိယဆန္ဒပြောပါ”

“မိန်းမလှလှလေး နောက်တစ်ယောက်ထပ်လိုချင်သေးတယ်”

“တတိယဆန္ဒပြောပါ”

“ကျနော့်ကို နေရပ်ကိုပြန်ပို့ပေးပါ”

သို့နှင့် အင်္ဂလိပ်လူမျိုးမှာ မိန်မလှလေးများကို အဖော်ပြုပြီး
မိမိနိုင်ငံကို ပြန်သွားရသည်။

နောက်ဆုံး တရုတ်လူမျိုးအလှည့်တွင် “ကျနော်ရေဆာတယ်။ ရေတစ်ပုလင်း အရင်ပေးပါ”

“ဒုတိယဆန္ဒပြောပါ”

“နောက်ထပ် ရေတစ်ပုလင်းထပ်ပေးပါ”

“တတိယဆန္ဒပြောပါ”

“ကျနော် သူတို့ နှစ်ယောက်ကို သတိရနေတယ်။ သူတို့ကို ဒီပြန်ရောက်အောင်လုပ်ပေးပါ”

အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့်
အတူခရီးဆက်ပြန်သည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။
ပုလင်းကို ဖွင့်လိုက်ရာ အထဲမှ နတ်သားတစ်ပါးထွက်လာပြန်သည်။ နတ်သားက
တစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၂) မျိုးတောင်းဆိုစေသည်။

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည်ကို
စိုးရိမ်သောကြောင့် သူအားအရင်တောင်းဆိုစေသည်။

တရုတ်လူမျိုးက

“ကျေ