ဘဝတသက်တာ ကျန်းမာဖို့ အသက်အရွယ်အလိုက် စားသင့်တဲ့ အစာများ

panpanJune 23, 20111min74

မေးလ်ထဲရောက်လာတာလေး ပြန်မျှလိုက်တာပါ။
ကျန်းမာရေးက အရေးကြီးတယ်မလား။
အသက်အရွယ်အလိုက်လို့ရေးထားပေမယ့် အသက်၂ဝနဲ့ ၃ဝအတွက် အဓိကရေးထားတာပါ။

သင်အလုပ်များနေလို့ သင်စားလိုက်တဲ့အစာဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးပေးတာလား၊ ဆိုးကျိုးပေးတာလားဆိုတာကို သတိထားကြည့်မိရဲ့လား၊ သင်ကလေးရနေလို့ သင့်ကလေးကို ကျွေးမွေးနေရတာနဲ့ပဲ အလုပ်ရှုပ်နေလို့ သင့်ကျန်းမာရေးအတွက် သင်ပြန်မကြည့်မိဘူးလား၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင့်မီးဖိုချောင်ထဲက ပစ္စည်းတွေဟာ ဘယ်အစာက စွမ်းအင်ဖြစ်စေသလဲ၊ ဘယ်အစာက သင့်ရောဂါတွေကို တွန်းလှန်နိုင်သလဲ။ ဘယ်အစာက သင့်ကျန်းမာရေးအတွက် ကောင်းသလဲဆိုတာကို သိစေဖို့ အသက် ၂၀-အရွယ်၊ ၃၀-အရွယ်နဲ့ ၄၀-အထက် အရွယ်တွေအတွက် အစာရွေးချယ်စားတတ်ဖို့ လိုအပ်ချက်များကို ဖော်ပြလိုက်ပါတယ်။

အသက် ၂၀-အရွယ်
ဒီအရွယ်ဟာ သင့်အတွက် ပထမဆုံး အလုပ်သစ်ဝင်ရမယ့် အရွယ်ဖြစ်ပြီး သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံရနိုင်ပါတယ်။ ရည်းစားထားပြီး တချို့သူတွေလည်း အိမ်ထောင်ပြုကြကာ မိသားစုတခု စတင်တည်ထောင်ကြတဲ့အရွယ်လည်း ဖြစ်ပါတယ်။ သင့်ဘဝအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားဖို့ အဓိကကျပါတယ်။

အဆင်သင့် စားရတဲ့အစာကို စားမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးပါ—
အသက် ၂၀-ကျော်အရွယ်တွေ ဖြစ်လာရင် ဆယ်ကျော်သက်အရွယ်ကထက် အဆင်သင့်စားလို့ရတဲ့ အစာတွေကို ၂၅-ရာခိုင်နှုန်း ပိုမိုစားသုံးကြတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အိမ်ထမင်း၊ အိမ်ဟင်း မစားတဲ့အတွက် အသက