ငွေဘယ်လို ရှာနိုင်လဲ

မောင် ပေJune 23, 20111min1498

မန်းတလေး မြို  ့တွင်း တစ်နေရာ တွင် ..။ ပေ၄၀ဝ ပေ၂၀ဝ ခန် ့ရှိသည့် ၂ထပ် ဈေးအဆောက်အဦး ကြီး တစ်ခု တွင် အပေါ ်ထပ်၊ အောက်ထပ် ပေါင်း ဈေးသည် ၂၀ဝ ရှိသည် ဆိုပါစို ့ ။ ထို ဈေးသည် ၂၀ဝ တွင် ၇ဝ က ဆိုင်ကယ်ဖြင့် ၆ဝ က စက်ဘီးဖြင့် ၊ ၃ဝ က ကားဖြင့် ကိုယ်တိုင် မောင်းနှင်လာကြသည် ။ ကျန် ၄ဝ က အဆင်ပြေသလို လာကြသည် ။ ထို ဈေး ကို နေ ့စဉ် ဈေးလာဝယ်သူ အနည်းဆုံး ၂၀ဝ ဦး ရှိသည် ဆိုပါစို ့။ ၁၀ဝ က ဆိုင်ကယ် ဖြင့် ၊ ၈ဝ က စက်ဘီး ဖြင့် ၂ဝ က ကားဖြင့် ကိုယ်တိုင် မောင်းနှင်လာကြသည် ။ သို ့ဆိုလျှင် ဈေး သို ့တစ်ရက် လာသော ဆိုင်ကယ် စီးရေ ၁၇ဝ ၊ စက်ဘီး စီးရေ ၁၄ဝ ၊ ကားစီးရေ ၅ဝ ရှိမည် ။ စက်ဘီး တစ်စီး  ၁၀ဝ ကျပ် ၊ ဆိုင်ကယ် တစ်စီး ၂၀ဝ ကျပ် ၊ ကား တစ်စီး ၃၀ဝ ကျပ် နှုန်းဖြင့် ရပ်နားခ (သို ့)  ယာဉ် အပ်ခ  ကောက်ခံ မည် ဆိုလျှင်  ယာဉ်ရပ်နားခ တစ်ရက် ကို ၆၃၀၀ဝ ကျပ် ရမည် ။ တစ်လ ဆိုလျှင် ၁၈၉၀၀၀ဝ ကျပ် ( တစ်ဆယ့်ရှစ်သိန်းကိုးသောင်း ကျပ် ) ရမည် ။ တစ်နှစ် ဆိုလျှင် ၂၂၆၈၀၀၀ဝ နှစ်ရာနှစ်ဆယ့်ခြောက်သိန်းရှစ်သောင်း ကျပ်  ။ အဆိုပါ ဝင်ငွေ ရရှိဖို ့အတွက် ယာဉ်ရပ်နားခနေရာ လုပ်ကိုင်ခွင့် ကို စည်ပင်ရုံးတွင် လေလံဆွဲ ရသည် ။ အထက်ဖော်ပြ ပါ နေရာအတွက် ဆိုလျှင် လေလံကြေး သိန်း၅ဝကျပ် ခန် ့မှ လေလံအောင်နိုင်မည် ။ အခြား စာရွက်စာတမ်းကြေး ၊ အထွေထွေ စရိတ် တို ့နှင့် ဆိုလျှင် စုစုပေါင်း သိန်း၆ဝ ကျပ် ခန် ့ရင်းနှီးရမည် ဆိုပါစို ့ ။ ထိုအခါ လေလံလိုင်စင် စရိတ် နှုတ်ပြီး တစ်နှစ်ကို ၁၆၆၈၀၀၀ဝ ကျပ် ရမည် ။ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရပြီ ဆိုလျှင် တစ်နှစ်စာ ပြန်ကောက်ရမည့် ရပ်နားခ ကို ကိုယ်တိုင် ကောက်စရာ မလို ပါ ။ ဝန်ထမ်း ငှား လိုက်လျှင် ရသည် ။ ဝန်ထမ်း ၅ ယောက်ခန် ့ဆိုလျှင် အထက်ပါ တွက်ပြသည့် ဧရိယာ အတွက် နိုင်နင်းစွာ လုပ်ကိုင်နိုင်သည် ။  ဝန်ထမ်း ၅ ယောက် ကို တစ်လ ၁ သိန်း ကျပ် ဖြင့် ခန် ့မည် ဆိုလျှင် တစ်လ ဝန်ထမ်း စရိတ် ၅ သိန်း ကျပ် ။ ( တစ်ခု ရှိတာ က  တစ်ရက် ဝင်ငွေ ကို တော့ ကိုယ် ကိုယ်တိုင် သော်လည်းကောင်း ကိုယ့် လူယုံ ကို သော်လည်းကောင်း တစ်ရက် တစ်ခါ စီစစ် ရမည် ) တစ်နှစ် ဆိုလျှင် ဝန်ထမ်း စရိတ် သိန်း ၆ဝ ကျပ် ။ သို ့ဆိုလျှင် ယာဉ်ရပ်နား ခ ကောက်ခံသည့် လုပ်ငန်းလိုင်စင် လေလံ အောင် သူ တစ်ဦး အနေဖြင့် တစ်နှစ် ရရှိမည့် ဝင်ငွေ မှာ ၁၀၆၈၀၀၀ဝ ကျပ်ဖြစ်သည် ။ တစ်နှစ်စာ အခွန်ငွေ ပြန်ဆောင်ရမည့် ၁ဝ % =၁၀၆၈၀၀ဝ ။ အခွန်ဆောင်ပြီး လက်ထဲ ကျန်မည့် အသားတင် အမြတ်ငွေ မှာ ၉၆၁၂၀၀ဝ ကျပ် ။ ယခု ဆိုလျှင် ယာဉ်ရပ်နားခ ကောက်ခံခြင်း လုပ်ငန်း အကြောင်း ကို ရွာသူရွာသားများ အနေဖြင့် ခန် ့မှန်း နိုင်ကြပြီ ဖြစ်ပါသည် ။ အထက်ပါ တွက်ပြထားသမျှ မှာ  အနီးစပ်ဆုံး ခန် ့မှန်းခြင်းသာ ဖြစ်သဖြင့် တစ်ကယ် လက်တွေ ့လုပ်ကိုင်မည် ဆိုလျှင် အထက်ပါ ငွေပမာဏ ထက် ပို ရမည် ဖြစ်ပါသည် ။ တစ်ခု ပြောဖို ့ကျန်ခဲ့သည် မှာ လေလံအောင်ဖို ့အတွက်ကတော့ သက်ဆိုင်ရာ လူကြီးမင်း သို ့လူကြီးမင်း ခေါ ်ဆိုသည့် တယ်လီဖုန်း မှာ ဆက်သွယ်မှု ဧရိယာ အတွင်း ရှိဖို ့တော့ လိုအပ်ပါကြောင်း  ခင်ဗျား ။          ( အားလုံးကို ကျေးဇူးတင်ပါသည် )

8 comments

  • ရွှေဘိုသား

    June 23, 2011 at 7:08 am

    ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေလည်း
    ဆင်ဖြူတော်နဲ.ဆိုရင်တော. ဧရိယာထဲပြန်ဝင်ခွင်.ရပါကြောင်း

  • captainamerica

    June 23, 2011 at 8:03 am

    ကိုတော်ကာရေ သိပ်မစဉ်းစားပါနဲ. ဒီလိုပါပဲ ရတဲ့သူတွေကတော့ရနေကြတာပဲ။ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုသလို
    ပဲ။သူကံကုန်ရင်ရပ်သာွးကြရမှာပဲ။

  • windtalker

    June 23, 2011 at 12:21 pm

    ပြည်တွင်းဖြစ် လုပ်ကွက်လေး တွေ ကို ပြောပြချင်လို ့ပါ အကိုကာ ခင်ဗျာ ။ တစ်ချို ့တွေကြ အကြောင်းကြောင်း ကြောင့် ရုတ်တရက် ပိုက်ဆံ ရလာခဲ့ရင် ဘာအလုပ် လုပ်လို ့လုပ်ရမှန်း မသိ ဖြစ်သွားတတ်ကြလို ့ပါ ။ နောက်ထပ် လုပ်ကွက်လေး တွေ ကို လည်း ပြောပြချင်ပါသေးတယ် ။

  • ဆူး

    June 23, 2011 at 3:43 pm

    မောင်ပေ ရဲ့ လုပ်ကွက် ပိုစ်လေးတွေ ကို စောင့်ဖတ်နေမယ်နော်။

  • windtalker

    June 23, 2011 at 5:28 pm

    အန်တီ ဆူး အလိုကျ ဖြစ်စေရပါမည် ဖြစ်ကြောင်း ဝ

    • maythakhin

      June 26, 2011 at 4:03 pm

      တင်တဲ့ပိုစ့်တွေကတော့ ဗဟုသုတတိုးစရာတွေပါ။ ကောင်းပါတယ်။ ကြံကြံဖန်ဖန်တွေလည်း တွေးတတ် ပြောတတ်တယ် 😀 😀

  • weRone

    June 24, 2011 at 10:14 am

    အဲဒီ လေလံအောင် ဖို့ ၊ စာရွက် စာတမ်း ဖိုး ငွေတွေ ကိုဘယ်လို ရှာရမလဲ.. ? 😀

  • captainamerica

    June 26, 2011 at 2:23 pm

    ဒါကနော်ဒီလိုရှိတယ်ပေါ့နော်…။အင်းပေါ့နော် ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဝူး။ဂျာအေးသူအမေရိုက်
    ဆိုသလိုပဲ…..ဒီလိုပဲပေါ့ 🙂 🙂

Leave a Reply