ဘဝတသက်တာ ကျန်းမာဖို့ အသက်အရွယ်အလိုက် စားသင့်တဲ့ အစာများ

panpanJune 23, 20111min58

ခုနပိုစ့်က တစ်ဝက်တစ်ပျက်ကြီး ဖြစ်နေလို့။ Editလည်းလုပ်လို့မရဘူး။ Tagတစ်ခုလည်း မှားပါသွားတယ်။ အဲဒါကြောင့် အခုပြန်တင်လိုက်တာ။
ခုနပိုစ့်ကို ဖျက်ပေးပါ သူကြီးရယ်။

မေးလ်ထဲရောက်လာတာလေး ပြန်မျှလိုက်တာပါ။ ကျန်းမာရေးက အရေးကြီးတယ်မလား။

 

သင်အလုပ်များနေလို့ သင်စားလိုက်တဲ့အစာဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးပေးတာလား၊ ဆိုးကျိုးပေးတာလားဆိုတာကို သတိထားကြည့်မိရဲ့လား၊ သင်ကလေးရနေလို့ သင့်ကလေးကို ကျွေးမွေးနေရတာနဲ့ပဲ အလုပ်ရှုပ်နေလို့ သင့်ကျန်းမာရေးအတွက် သင်ပြန်မကြည့်မိဘူးလား၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင့်မီးဖိုချောင်ထဲက ပစ္စည်းတွေဟာ ဘယ်အစာက စွမ်းအင်ဖြစ်စေသလဲ၊ ဘယ်အစာက သင့်ရောဂါတွေကို တွန်းလှန်နိုင်သလဲ။ ဘယ်အစာက သင့်ကျန်းမာရေးအတွက် ကောင်းသလဲဆိုတာကို သိစေဖို့ အသက် ၂၀-အရွယ်၊ ၃၀-အရွယ်နဲ့ ၄၀-အထက် အရွယ်တွေအတွက် အစာရွေးချယ်စားတတ်ဖို့ လိုအပ်ချက်များကို ဖော်ပြလိုက်ပါတယ်။
အသက် ၂၀-အရွယ်
ဒီအရွယ်ဟာ သင့်အတွက် ပထမဆုံး အလုပ်သစ်ဝင်ရမယ့် အရွယ်ဖြစ်ပြီး သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံရနိုင်ပါတယ်။ ရည်းစားထားပြီး တချို့သူတွေလည်း အိမ်ထောင်ပြုကြကာ မိသားစုတခု စတင်တည်ထောင်ကြတဲ့အရွယ်လည်း ဖြစ်ပါတယ်။ သင့်ဘဝအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားဖို့ အဓိကကျပါတယ်။
အဆင်သင့် စားရတဲ့အစာကို စားမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးပါ—
အသက် ၂၀-ကျော်အရွယ်တွေ ဖြစ်လာရင် ဆယ်ကျော်သက်အရွယ်ကထက် အဆင်သင့်စားလို့ရတဲ့ အစာတွေကို ၂၅-ရာခိုင်နှုန်း ပိုမိုစားသုံးကြတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အိမ်ထမင်း၊ အိမ်ဟင်း မစားတဲ့အတွက် အသက် ၂၀-အရွယ်တွေအတွက် အမှန်တကယ် လိုအပ်တဲ့အာဟာရတွေ လျော့နည်းသွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ရွေးစားပါ။ အဆင်သင့်စားလို့ရတဲ့ဆိုင်မှာ စားမယ်ဆိုရင် ကြက်ကင်၊ ပုစွန်၊ ငါး၊ ဟင်းသီးဟင်းရွက်သုပ်၊ ပေါင်မုန့်ညိုနဲ့ ထမင်းတွေကို မှာစားပါ။
ကျန်းမာရေးအတွက် ဒီအရည်သာ သောက်ပါ—
ဘီယာအပြင်းစားတွေ သောက်တာဟာ သင့်ခန္ဓာကိုယ် အလေးချိန် တိုးစေပါတယ်။ ၁၂-အောင်စဘူးမှာ ၁၁၀-ကယ်လိုရီသာပါတဲ့ ဘီယာအပျော့စားသာ သောက်ပါ။
သင့်အတွက် အဓိကလိုအပ်တဲ့ အာဟာရအသားဓာတ်—
အစာလျှော့စားတာ၊ ညစာ မစားတာ၊ ဒိန်ချဉ်ပဲ သောက်တာတွေကြောင့် သင့်မှာ အသားဓာတ် လျော့နည်းနေတတ်ပါတယ်။ အသားဓာတ် စားခြင်းဖြင့် သင့်ကို ဗိုက်ပြည့်နေစေပြီး ကြွက်သားတွေ ကိုလည်း တည်ဆောက်ပေးပါတယ်။ ကြွက်သားတွေ များလာတဲ့အတွက် ကယ်လိုရီတွေကိုလည်း ပိုမိုလောင်ကျွမ်းစေပါတယ်။ အသက် ၂၀-အရွယ်တွေမှာ အသားဓာတ် နေ့စဉ် ၆၀-ဂရမ်ထိ လိုအပ်ပါ တယ်။ အရေပြားဆုတ်ထားတဲ့ ကြက်သား၊ ဘဲသား၊ အသားတုံး၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ တိုဟူးနဲ့ နို့များများ စားပါ။
ပိုတက်စီယမ်—
သင့်နှလုံးနဲ့ ကြွက်သားတွေ လုပ်ဆောင်ချက်ကောင်းအောင် ပိုတယ်စီယမ် လိုအပ်ပါတယ်။ ဒါပေမဲ့ အသက် ၂၀-အရွယ် အမျိုးသမီးအများစုဟာ အစာမှ ပိုတက်စီယမ်ကို သူတို့ တကယ်လိုအပ်တဲ့ပမာဏထက် တဝက်လောက် လျော့ပြီးသာ ရကြပါတယ်။ နေ့စဉ် သစ်သီး နှစ်ခွက်စာ (ပန်းသီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ) နဲ့ ဟင်းသီးဟင်းရွက် နှစ်ခွက်စာ (ကန်စွန်းရွက်၊ ဟင်းနုနယ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ) တွေ စားပေးတာဟာ သင့်အတွက် လိုအပ်တဲ့ ပိုတက်စီယမ်တွေ အပြည့်အဝ ရနိုင်ပါတယ်။
Omega-3 fats—
Omega 3 fats ဟာ ဦးနှောက်တွင်း စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်း Serotonin ပမာဏကို မြင့်တက်စေပါတယ်။ အမျိုးသမီးတွေဟာ အသက် ၂၀-အရွယ်မှာ စိတ်ဓာတ်ကျတတ်တဲ့အတွက် Omega-3 fatty acid အာဟာရကို စားပေးဖို့