ပျင်းနေရင် ဖတ်လိုက်

ေရႊဘိုသားJune 23, 20111min1145

ဒါဆို မှားနေပြီ

“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ”
“အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ”
“ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ”

သူ နှုတ်မှာမဟုတ်လို့

“ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ”
“ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း”
“မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ”

အချက်ပြကိရိယာ

“ခင်ဗျားရဲ့ကားမှာ မိုင်နှုန်းပြမီတာ မရှိပါလား”
“မလိုလို့ ဖြုတ်ရောင်းပစ်လိုက်ပြီ”
“ဟင် ဒါဆို ကားရဲ့ အမြန်နှုန်းကို ဘယ်လိုသိတော့မလဲ”
“သိပါတယ်၊ တစ်နာရီ မိုင်နှစ်ဆယ်နှုန်း မောင်းနေရင် ရှေ့စက်ဖုံးက
အသံမြည်တယ်။ မိုင်သုံးဆယ်နှုန်းဆိုရင် တံခါးကမြည်တယ်။လေးဆယ်နှုန်းရောက်
ရင်
ကိုယ်ထည်က မြည်လာတယ်လေ”

ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ်

“ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ”
“သိပါတယ်၊ နောက်နှစ်ချောင်း သုံးချောင်းနှုတ်ပြီးရင် ကိုက်တဲ့သွားဆီကို ရောက်ပါပြီ”

သေဟဲ့ နနိ္ဒယ

“မမ ဈေးသွားနေတုန်း သားငယ်လေးပိုးကောင်အရှင် မျိုချလိုက်တယ်”
“ဟယ် ဒုက္ခပါပဲ။ နင် ဘာမှ လုပ်မပေးဘူးလား မိဌေး”
“ပိုးသတ်ဆေးတစ်ဇွန်းတော့ တိုက်ထားပါတယ် မမ”

အပေါင်းအသင်းမှားသွားခြင်း

“မင်း ဘာကြောင့် ဒီလောက်တောင် မူးအောင်သောက်ရတာလဲ”
“အပေါင်းအသင်းမှားသွားလို့ပါ။ အရက်မသောက်တတ်သူတွေကို
အရက်ဆိုင်ခေါ်သွားမိခဲ့တော့ ကျွန်တော် တစ်ယောက်တည်း
ဒိုင်ခံသောက်ခဲ့ရလို့ပါ”

မယုံရလို့

အိမ်ဖော်က အိမ်ရှင်မကို ပြောလိုက်သည်။
“အန်တီတို့က အခုထိ ကျွန်မကို အယုံအကြည် မရှိကြသေးဘူး”
“ဘာဖြစ်လို့လဲ။ ယုံလို့ပဲ အိမ်သော့အားလုံး နင့်ကို ပေးထားတာပေါ့”
“ဟင့်အင်း ပြီးခဲ့တဲ့နေ့က မီးခံသေတ္တာကို ဖွင့်ကြည့်တာ သော့တစ်ချောင်းမှ ဖွင့်မရဘူး”

ရဲဆေး

လူနာသည် သွားနှုတ်ခံရမည်ကို အလွန်ကြောက်နေသဖြင့် ဆရာဝန်က ဝီစကီတစ်ခွက်တိုက်လိုက်သည်။
“ဘယ့်နှယ်လဲ၊ ရဲလာပြီလား”
“ဟင့်အင်း၊ နောက်တစ်ခွက် ထပ်တိုက်ပါဦး”
“ရော့ နောက်တစ်ခွက်၊ ကဲ အခြေအနေကောင်းပြီလား”
“မရသေးဘူး၊ နောက်တစ်ခွက် ပေးပါအုံး”
တတိယမြောက်ခွက်ကို သောကြ်ပီးလူနာက ပြောလိုက်သည်။
“သတ္တိရှိလာပြီ။ ကျုပ်သွားကို ထိဝံ့တဲ့သူ ထိကြည့်လိုက်”

အနေအထားပုံစံ

“ဆရာ ကျွန်မတို့ ဆေးခန်းက ထွက်သွားတဲ့ လူနာတစ်ယောက် ဆေးခန်းအဝမှာ
လဲကျပြီးသေသွားတယ်။ ကျွန်မဘာလုပ်ရမလဲဟင်”
“ကောင်းပြီ၊ ငါတို့ ဆေးခန်းကို ဝင်လာတဲ့ပုံစံမျိုးဖြစ်အောင် နေရာပြန်ချထားလိုက်”

ဖော်ကော်

“မေမေ ဒီနေ့ ဒယ်ဒီ သားကို မနမ်းသေးဘူး”
“ထမင်းစားနေတုန်း စကားမပြောရဘူး သားသားရဲ့”
“ဟင်-ဖေဖေ ထမင်းစားနေတုန်း အိမ်ဖော် မမက ဒီလို အမြဲပြောတယ်”

လိုအပ်တဲ့ပစ္စည်း

“ရှင့်လစာ ဒါအကုန်ပဲလား”
“အိမ်အတွက် လိုတာတွေ ဝယ်လာခဲ့လို့”
“ဟုတ်လား။ ဘာပစ္စည်းတွေ ဝယ်လာတာတုန်း”
“ဝီစကီ တစ်သေတ္တာ”

မှန်တယ်နော်

“ဓာတ်ခွဲခန်းကို ဓာတ်မှန်စစ်ဆေးချက်တွေအရ အခြေအနေ တော်တော်ကောင်းတယ်။
ဒီပုံအတိုင်းဆို အသက်ရှစ်ဆယ် အထိ နေရလိမ့်မယ်”
“ကျွန်တော် အသက်က အခုဆို ရှစ်ဆယ်ရှိပါပြီ ဒေါက်တာ”
“ကဲ-ကျွန်တော်ပြောတာ မမှန်လား”

ချက်မရှိလို့

“ရေချိုးမှာ ကောင်းကောင်းချိုးတာ မဟုတ်ဘူး။ ဘာဖြစ်လို့ အော်ကြီးဟစ်ကျယ်
သီချင်းအော် ဆိုနေရတာလဲ”
“တံခါးချက်ထိုးလို့ မရလို့”

အပိုအလုပ်တွေ

“ဒီငါးကို မချက်ခင် သေသေချာချာ ရေဆေးရဲ့လား”
“ဘာဆေးစရာလိုလဲ။ ငါးက တစ်ချိန်လုံးရေထဲမှာ နေခဲ့တာလေ”

သူ့နေရာနဲ့သူ

“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”

မဝေခွဲနိုင်သေးပါ

“ခင်ဗျား ဘယ်သူလဲ”
“ငါဟာ မင်းမိန်းမကို လူ့လောကကြီးထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့
ဆရာဝန်တစ်ယောက်ပေါ့”
“အင်း-ဒါဆို လူကြီးမင်းကို ကျေးဇူးတင်ရကောင်းမလား။
နှာခေါင်းရိုးကျိုးအောင် ထိုးပစ်ရကောင်းမလား ဝေခွဲမရသေးဘူး”

အကြောင်းသိမို့

“ခုနက အရက်ဗန်းကိုင်ပြီး လျှောက်သွားနေတဲ့ ခပ်ချောချော ကောင်မလေး ဘယ်မှာရှိမလဲ”
“ရှင်က အရက်ထပ်လိုချင်နေလို့လား”
“ဟင့်အင်း၊ ကျွန်မယောက်ျား ဒီပါတီပွဲမှာ ပျောက်နေလို့”

သူကပိုသိပါတယ်

“ငါ့မိန်းမဟာ စကားပြောစရာ အကြောင်းအချက်တစ်ခုလောက်ရှိခဲ့မယ်ဆိုရင်
အကြာကြီးမနားတမ်း ပြောနိုင်တယ်ကွ”
“ငါ့မိန်းမကျတော့ အကြောင်းအချက်ရှိဖို့တောင် မလိုဘူး”

သူ့လုပ်စာ

“လူတစ်ယောက် ကားတိုက်ပြီး သေဆုံးသွားသဖြင့် သူ့ဇနီးမှာ လျော်ကြေးငွေ
အမြောက်အမြား ရရှိသွားလေသည်။
“ဘုရားသခင် ကျေးဇူးတော်ပဲ။ သူသေမှပဲ သူ့လုပ်စာ စားရတော့တယ်”

ပို့ပစ်လိုက်မယ်

“ရှင် ဒီတစ်ခါ အိမ်ပြန်ချိန်နောက်ကျရင် အမေ့ဆီ ကျွန်မဆင်းသွားမယ်”
“ရတယ်လေ။ ငါလည်း ယောက္ခမအထီးကြီးှဆီ သွားလိုက်ရုံပဲ”
“ဘာပြောတယ်။ ရှင်က သမီးကို အိမ်မှာထားခဲ့မယ်ပေါ့လေ”
“ဟင့်အင်း၊ ယောက္ခမအထီးကြီးဆီ သွားပို့မလို့”

လွတ်လပ်ရေးနေ့

“လွတ်လပ်ရေးနေ့ဟာ ဘယ်နေ့လဲ ကိုကို”
“မင်းရဲ့ မိဘတွေဆီ မင်းအလည်ပြန်တဲ့နေ့မှန်သမျှ ငါ့အတွက်
လွတ်လပ်ရေးနေ့တွေချည်းပါပဲ မိန်းမရယ်”

တက်လမ်း မရှိလို့

“ကုမ္ပဏီဥက္ကဌရာထူးပေးတာကို မင်းဘာဖြစ်လို့ ငြင်းရတာလဲ”
“တက်လမ်းမှ မရှိတော့တာ”

ကံကောင်းသူ

“ငါ့မိန်းမတော့ ရှိသမျှအားလုံးယူပြီး ဆင်းသွားလေရဲ့”
“မင်းကံကောင်းတာပေါ့။ ငါ့မိန်းမဆို အခုထိ မဆင်းသေးဘူး”

မိုးရွာမှ ကျတာ

“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှ”

မငိုပါနဲ့

“တရားသူကြီးသည် တရားခံကို ကြင်နာစွာမေးမြန်းလိုက်သည်။”
“အရင်က ထောင်ကျခဲ့ဖူးလား”
“ဟင့်အင်း၊ တစ်ခါမှ မကျဖူးပါဘူး တရားသူကြီးမင်းရယ်၊ အဟင့် အဟင့်”
“အေး-မငိုနဲ့ တိတ် တိတ်၊ အခုပဲ အဲဒီကို သွားရတော့မယ်ဟာ”

အလုပ်ကြိုးစားသူ

“မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြိမ်တောင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား”
“ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမအား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း
ကျွန်တော့လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး”

ရှိစေရမယ်

“ကျွန်မတို့ လက်ထက်ပြီးတဲ့အခါ ရှင့်မှာရှိတဲ့ သောကတွေ ဒုက္ခတွေကို
မျှဝေခံစားပေးပါမယ်”
“ကိုယ့်မှာ သောကတွေ ဒုက္ခတွေမရှိပါဘူး”
“အင်း-ကျွန်မနဲ့လက်ထက်ပြီးရင် ရှိလာစေရမယ်”

မအိပ်ကြသေးဘူး

“နင့်ခင်ပွန်းဟာ အိပ်ရင်ဟောက်တတ်သလား”
“ငါဘယ်သိအုံးမလဲ။ လက်ထက်တာမှ ငါးရက်ပဲရှိသေးတာ”

ငွေချေးနည်းအသစ်

“ကျွန်တော့်ကို ငွေနှစ်ရာလောက် ချေးစမ်းပါ။ ဒါပေမယ့် တစ်ရာပဲပေး”
“ဘာသဘောပါလိမ့်”
“ဒါဆို ခင်ဗျားက ကျွန်တော့်ကို ငွေတစ်ရာထပ်ပေးဖို့ရှိနေသလို
ကျွန်တော်ကလည်း ခင်ဗျားကို ငွေတစ်ရာပြန်ဆပ်ဖို့ ရှိနေတော့ ကြေရောပေါ့”

အာဂ ဆရာမ

“ဆရာမရေ ဒီခုတင်ပေါ်က လူနာ ဘယ်ရောက်သွားလဲ”
“သူ့တစ်ကိုယ်လုံး အေးစက်နေလို့ အပူချိန် တစ်ရာ့ငါးရှိတဲ့
လူနာနဲ့ပေးသိပ်ထားတယ် ဒေါက်တာ”

သူတို့က မယုံဘူး

“နောက်ဆုံးအခေါက် ရုံးကိုရောက်တုန်းက ငါမှာလိုက်တယ်မဟုတ်လား။
နောက်တစ်ကြိမ် မင်းမျက်နှာကို ဒီရုံးပေါ်မှာ မမြင်ချင်တော့ဘူးလို့”
”ကျွန်တော့်လာဖမ်းတဲ့ ရဲတွေကို အဲဒီစကားပြောပြခဲ့ပေမယ့် သူတို့က
မယုံကြဘူး တရားသူကြီးမင်း”

နိုင်ရင် အိုကေ

“ငွေကိုင်စာရေး ဘယ်သွားနေလဲ”
“လက်ဝှေ့တက်ထိုးနေပါတယ် ဆရာ”
“ဘာကွ အလုပ်ချိန်မှာ ဘာကြောင့်လက်ဝှေ့သွားထိုးရတာလဲ”
“ငွေစာရင်းကွာဟနေမှုအတွက် သူ့ရဲ့နောက်ဆုံးကြိုးပမ်းချက်ဖြစ်လို့ပါ”

သင်ခိုင်းတယ်ထင်လို့

“တရားလိုဟာ သူ့ပိုက်ဆံအိတ်ကို အတွင်းခံဘောင်းဘီထဲထည့်ပြီး တွယ်ချိတ်နဲ့
ချိတ်ထားတယ်လို့ဆိုတယ်။ မင်းဘယ်လို ရအောင်ယူခဲ့တာလဲ”
“ဟုတ်ကဲ့ တရားသူကြီးမင်း။ ကျွန်တော်ဟာ နည်းတစ်ခုကို ငွေတစ်ရာရမှ သင်ပေးလေ့ရှိပါတယ်”

သွန်သင်ချက်

စက်မှုလုပ်ငန်းပိုင်ရှင် သူဌေးကြီးသည် သူ့စက်ရုံသို့
ရှောင်တခင်ရောက်ရှိလာကာ အလုပ်သမားတစ်ယောက်ကိုမေးမြန်းလိုက်သည်။
“မင်းရဲ့ကြီးကြပ်ရေးမှူးက ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပြပေးရဲ့လား”
“ဟုတ်ကဲ့ သင်ပေးပါတယ်ခင်ဗျား”
“အေး ကောင်းတယ် ကောင်းတယ်။ အထက်လူကြီးစကားကို ဂရုစိုက်ကွဲ့။ ဒါထက် သူက
ဘာသင်ပေးထားသလဲ”
“သူဌေးလာတာမြင်ရင် သူ့ကို အမြန်လာနှိုးပါလို့ သင်ပေးထားပါတယ်။ အခု
နှိုးပြီးပါပြီခင်ဗျ”

ငွေတော့ မရဘူး

လူပြတ်သောနေရာတစ်ခုတွင် ခရီးသည် တစ်ယောက်သည် လုယက်သူတို့နဲ့ ရင်ဆိုင်မိလေသည်။
“ကိုင်း- ပါသရွေ့ အားလုံးပေးစမ်း။ မပေးရင် မင်းဦးနှောက်ကို ထုတ်ပစ်မယ်”
“ဦးနှောက်ထုတ်ပစ်မယ် ဟုတ်လား။ ထုတ်ပစ်လိုက်လေ။ ဒီခေတ်ကြီးမှာ
ဦးနှောက်မရှိလည်းနေလို့ရတယ်။ ငွေမရှိဘဲတော့ နေလို့မရဘူး”

ခက်တဲ့ပုစာ္ဆ

“တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရမယ်။ လေးနဲ့လေး
ပေါင်းရင် အဖြေဘယ်လောက်ရမလဲ ပြောစမ်း”
“ဒါတော့ ဆရာ မတရားဘူး။ လွယ်တာကျတော့ ဆရာက ဖြေတယ်။ ခက်တာကျတော့
ကျွန်တော့်ကို လာမေးတယ်”

ဖိနပ်သူခိုး

“ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ ”

“အဓိပ္ပာယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့
ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန်မလာဖူး ဘူး”

အလှူခံ

ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ
ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။
“မိန်းမရေ…သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ ”
“ရေ ၃ ပုံးပေးလိုက် ”

ကံကောင်းတယ်

“ခင်ဗျား မနေ့ကအလု ခံရတယ်ဆို ”

“ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပို်က်ဆံအိတ် ပါသွားတယ် ”

“ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို ”

“မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ ”

ဒါလဲဖြစ်နိုင်တာပဲ

သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။

“ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ ”

“ဘာဖြစ်လို့လဲ ”

“ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့
ဘယ်နေ့ပြန်ရောက်မယ် ဆိုတာ
က ိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကို
တခြား ယောကျာ်း တစ်ယောက်နဲ့ တွေ့တယ် ”
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
“သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ
ကြေးနန်းကိုမရတာလဲဖြစ် နိုင်တာပဲ ”

နောက်မလုပ်နဲ့

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ်
ကျန်နေသည် ၊ မနက် အိပ်ရာထ သော အခါ အရက်နာကျသည် ကို ဖြေဖျောက်ရန်အတွက်
အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိ တော့ချေ ။ သို့နှင့်အိမ်တွင်
မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေပိုင်းတွင်
မူးပြီးအိမ်ပြန် လာသည် ၊ မိန်းမ ကမေးသည် ။

“ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား”

“နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို
မင်းခုလိုပဲဆက်စမ်းနေရင် မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား ”

တော်လိုက်ပုံက

“ငါ့ညီအမှုဖြစ်တာ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် ကိန်းဆိုက်နေပြီ”
“ငါ အမှုဖြစ်တုန်းက ငှားခဲ့တဲ့ရှေ့နေက ဘာတော်သလဲ မမေးနဲ့”
“ဟုတ်လား၊ ဆိုပါဦး ရှေ့နေပြောင်းသင့်ရင် ပြောင်းရအောင်လို့”
“ငါမွေးထားတဲ့ ခွေးက လူတစ်ယောက်ကို ကိုက်မိလို့ အတိုင်ခံရတော့ အဲဒီရှေ့က
ထုချေချက်ပေးခဲ့တာ နောက်ဆုံးမှာ ငါ့ခွေးက ကိုက်တာ မဟုတ်တော့ဘဲ အဲဒီလူက
ငါ့ခွေးကို ကိုက်တာဖြစ်သွားတယ်ကွ”

ရွာသားတွေ ရယ်မောနိုင်အောင်လို. မေးထဲကဟာလေးတွေ ပြန်တင်ပေးလိုက်တာပါ

ပျော်ရွှင်နိုင်ကြပါစေ

5 comments

  • PaukPhaw

    June 23, 2011 at 3:41 pm

    Thank u ညီလေး.
    များကြီးဖတ်ရလို ့ ပျော်ပါ၏.
    😀

  • chitpyae

    June 24, 2011 at 12:38 am

    တိုတိုလေးတွေနဲ့ တကယ်ရယ်ရတယ် ….. ကောင်း အိ 🙂

  • pan pan

    June 24, 2011 at 2:43 am

    အပိုအလုပ်တွေ

    “ဒီငါးကို မချက်ခင် သေသေချာချာ ရေဆေးရဲ့လား”
    “ဘာဆေးစရာလိုလဲ။ ငါးက တစ်ချိန်လုံးရေထဲမှာ နေခဲ့တာလေ”

    အဲဒီဟာသလေးတော်တော်သဘောကျတယ်။
    ရေမလာတဲ့အချိန် ငါးဟင်းပဲချက်စားရတော့မလိုပဲ။ 😛
    ရယ်လည်းရယ်ရတယ်၊ မဖတ်ဖူးသေးတဲ့ဟာသလေးတွေမို့ အရမ်းကျေးဇူးတင်ပါတယ်။

  • fatty

    June 24, 2011 at 3:14 am

    ဒီဟာသလေးတွေ မတွေ့ဘူးသေးဘူး …။ အတော်ကောင်းသားဘဲ။ ရှာရှာကြံကြံကွာ

  • ရွှေဘိုသား

    June 24, 2011 at 4:01 am

    ကို ဖက်ကျေနပ်ရင် ကျွန်တော်ဝမ်းသာပါတယ်ဗျာ
    နောက်ကျမှ ကိုဖက်အတွက် သီးသန်.ဆိုပြီး တင်ပေးလိုက်မယ်
    ဘာတွေလည်းတော. မမေးနဲ.
    လျှို.ဝှက်ချက်

Leave a Reply