ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည် မဟုတ်ကြောင်း လုပ်ငန်းရှင်ကြီး အချို့ ငြင်းဆို

BayoteMay 4, 20101min641

ပြည်ပသတင်း မီဒီယာအချို့တွင် ဖော်ပြထားမှု၊ အများပြည်သူ အချို့အကြား ပြောကြားနေမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည် မဟုတ်ကြောင်း လုပ်ငန်းရှင်ကြီးအချို့က ငြင်းဆိုခဲ့ ကြသည်။ ပြည်တွင်းလုပ်ငန်းရှင်ကြီး အချို့အနေဖြင့် လတ်တလောပြည်ပ သတင်းမီဒီယာများတွင် ဖော်ပြထားသကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်း၊ ပါတီထောင်ခြင်းများ ပြုလုပ်သွားရန်မရှိကြောင်း ပြန်လည်ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
”ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးမှာပါဝင်ဖို့မရှိပါဘူး။ ကျန်းမာရေး အခြေအနေကြောင့်ပါ။ အသက်အရွယ် အပိုင်းအခြားအရ ကျွန်တော် လူမှုရေးကို စိုက်လိုက်မတ်တပ်လုပ်ဖို့ ဆုံးဖြတ်ထားတာပါ။ ကျွန်တော့် အနေနဲ့ ကျွန်တော်လုပ်နိုင်သေးတဲ့ လုပ်အားတွေ၊ အချိန်တွေကို လူမှုရေးလုပ်ငန်းမှာ၊ အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ Social Economy မှာပဲ အလေးထား လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အများအကျိုးရှိတဲ့ အခုလိုတောင်သူတွေကို ကူညီထောက်ပံ့ပေးတဲ့ အထူးပြုကုမ္ပဏီလို လုပ်ငန်းမျိုးကိုဆိုလိုတာပါ။ ဒီလိုအများ အကျိုးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်တာကလည်း နိုင်ငံ့အရေးကို တစ်ဖက်တစ်လမ်းက ထမ်းဆောင်တာလို့ ကျွန်တော်မြင်ပါတယ်”ဟု ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောပါသည်။
”ရွေးကောက်ပွဲဝင်ဖို့ မရှိပါဘူး။ လူမှုရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတော်ကတာဝန်ပေးထားတဲ့ အားကစားလုပ်ငန်းတွေကိုပဲ ဆက်လုပ်သွားဖို့ ရှိပါတယ်။ ကျွန်တော်မှာ နိုင်ငံရေးနဲ့ ပတ်သက် တဲ့ရည်မှန်းချက်မရှိပါဘူး”ဟု လွယ်ဟိန်းကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောပါသည်။
ကျန်ရှိသော လုပ်ငန်းရှင်ကြီးအချို့၏ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းနှင့် ပတ်သက်၍မူ ခိုင်မာသည့် ပြောကြားချက်များ စုံစမ်းရရှိခြင်း မရှိသေးပါ။

weeklyeleven မှ ကူးယူဖော်ပြသည်၊

One comment

  • susunosuki

    May 4, 2010 at 11:45 am

    ကျွန်တော်တို့ဆီမှာ ရွေးကောက်ပွဲကခေတ်စားနေတယ်
    ဟိုလူဝင်မယ် ဒီလူဝင်မယ်နဲ့
    အဖြေသိပြီးသား ကိစ္စကို……..

Leave a Reply