ကျေးဇူးပြုပြီး အိမ်ပြောင်းပေးပါ။

nigimi77June 23, 20111min18728

ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။

ကျေးဇူးပြုပြီး အိမ်ပြောင်းပေးပါ။

တစ်ယောက် အတွက်နဲ ့ အများက ဒီလို ဖြစ်နေရတာလား အများ အတွက်နဲ ့တစ်ယောက်က ဒီမှာ နေ နေရတာလား။

၁ဝ မိနစ်နဲ ့ရောက်နိုင်တဲ့ ကိုက္ကိုင်း လမ်းဆုံကို  ရွာရိုးကိုးပတ် ဒီလို ပတ်ပြီးမှ  ကျွန်တော်တို ့ပြည်သူတွေ သွားလာနေရပါတယ်။

လမ်းဆုံက Free way မှာ စည်ပင်ရဲ  ့ အမှိုက်ပုံးကြီးတွေ၊ မော်တော်ပီကယ်တွေရဲ  ့ ကားတွေက အပိုင်စားယူထားပါတယ်။

ကြွက်မနိုင် ကျီမီးနဲ ့ရှို  ့လိုက်ပါတယ်။  ပြည်သူတွေ ဒုက္ခ ကို ဒီတိုင်းကြည့်မနေပဲ အိမ်ပြောင်းပေးပါလို ့တောင်းဆိုချင်ပါတယ်။

28 comments

  • nigimi77

    June 23, 2011 at 5:20 pm

    အတည် ပြောတာပါ။ ဆဲချင်တဲ့လူတွေ အထူးကျေးဇူးတင်ပါတယ်။

    • etone

      June 24, 2011 at 1:49 am

      အာလိုက်ချောင်မနေနဲ ့ ဆရာကြီး 77 ။ ပြောင်းစေချင်လျှင် ရှင် အိမ်ဝယ်ပေးလိုက်လေ ။
      အန်တီစုကလည်း ပြောပါတယ်… မပြောင်းရေးချ မပြောင်းပါတဲ့ … ။

      • nigimi77

        June 24, 2011 at 2:03 am

        ဝယ်ပေးချင်ပါတယ် အီးဒုံးရယ်။ ကျုပ်ကိုယ်တိုင်က ပုံမှာပါတဲ့ ကားတောင်မစီးနိုင်လို ့ အလုပ်ကို

        လမ်းလျှောက်သွားနေရတဲ့ ဘဝဆိုတော့…..အိမ်း………။ 🙂

        • etone

          June 24, 2011 at 8:43 am

          ဆရာကြီး 77က အာရွီးကောင်းသလို အဖြီးကလည်း တော်တာပဲ …ပထမပုံက ရှင်ကားထဲက ရိုက်တဲ့ ပုံလေ … ။ ကားရော ငှားစီးတယ်လို့ ပြောဦးမလို့လား ။ ယုတိ္တရှိအောင်ပြောပါ ။

  • xman

    June 23, 2011 at 5:45 pm

    ပြောတော့ သာမန်ပြည်သူတယောက်လို့ သဘောထားသတဲ့ …..
    ကြောက်လိုက်တာကလဲ ဒူးကိုတုန်လို့ …..
    ဒီလောက်စိုးရိမ်မှဖြင့် အဲသည်သာမန်ပြည်သူကို နေပြည်တော်ခေါ်ထားပါတော့လား….။

    (နာမည်ပြောင်းခါနီးဖြစ်၍ အတင့်ရဲနေခြင်းဖြစ်ပါသည်။)

  • bigcat

    June 24, 2011 at 1:22 am

    သဂျီးဦးခိုင်
    သဂျီး နယူးယောက်ကို ပြောင်းလာပေးပါ။ ဦးခိုင်ကို လေးစားလွန်းလို့ လူကိုယ်တိုင်တွေ့ပါရစေ၊ ဒါမှ မန်းဂေဇက်အွန်လိုင်း နေ့တိုင်းတက်နေရတဲ့ ဒုက္ခကနေ လွတ်မှာ။ ရွာသားအကျိုးကို တကယ်လိုလားတယ်ဆိုရင် ဒါလေးတခုတော့ လိုက်လျောသင့်ပါတယ်။
    သင့်ရွာသားကြောင်ကြီး 🙂

  • နွယ်ပင်

    June 24, 2011 at 3:30 am

    အမှန်က အန်တီစုကို အိမ်မပြောင်းခိုင်းသင့်ဘူး ပိတ်ထားတဲ့ လမ်းကိုသာပြန်ဖွင့်ခိုင်းသင့်တာ
    အခု nigimi77 ပြောသလို ပြည်သူတွေ ဒုက္ခကို ဒီတိုင်းကြည့်မနေနဲ့ဆိုပြီး သတင်းစာထဲကနေ ပြည့်သူ့အော်သံမှာ သွားပြောပါလား ……

    • nigimi77

      June 24, 2011 at 3:45 am

      မိုက်လိုက်တဲ့ နွယ်ပင်လေး။ အရိပ်ပြလို ့ အကောင်လဲ မမြင်ပါလားကွယ်…။ 🙁

  • ရွှေဘိုသား

    June 24, 2011 at 3:50 am

    နွယ်ပင် ပြောတာမှန်တယ်ဗျ အစ်ကို 77 ရ
    အလို သတင်းစာကနေ ပြောသင်.ပါတယ်။
    မလိုလားတဲ.သူကတော. ဖျက်မှာပဲလေ
    အောင်မြင်အောင် ဆက်လက်လုပ်ဆောင်ဖို.က
    လိုလားတဲ.သူတွေရဲ. တာဝန်လေဗျာ

  • intro

    June 24, 2011 at 4:03 am

    ဘယ်တုန်းကများ ပြည်သူ့အကျိုးကို ဦးစားပေးခဲ့လို့လဲဗျာ… ဒီလမ်းကို ပိတ်လိုက်ရင် ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်မလဲ ဆိုတာ သိသိရက်နဲ့ လုပ်ချင်သလို လုပ်နေကြတာပဲလေ… သွားပြောမနေနဲ့ သူတို့ဆီမှာ သနားကြင်နာမှု၊ စာနာနားလည်မှုဆိုတာ ရှိတာ မဟုတ်ဘူး…

  • usnczn

    June 24, 2011 at 4:53 am

    မှန်လျှက်သားနဲ့ မပြောရဲတဲ့ သူစာရင်းမှာ ကျွန်တော့်ကိုထဲ့ထားပေးပါ။

  • manawphyulay

    June 24, 2011 at 5:03 am

    ဘာလို့တစ်ဖက်ထဲအမြင်တွေနဲ့ ကြည့်နေကြတာလဲ… လောကကြီးမှာ ဒီလိုအမြင်ကျဉ်းတဲ့သူတွေကြောင့် ဒီလိုဖြစ်နေတာလို့ မမြင်ဖူးလား………….. ဘယ်သူတွေကြောင့် ဘာဖြစ်တယ်ဆိုတာ ဦးနှောက်ရှိတဲ့သူမပြောနဲ့ လူပိန်း၊ ခုမှ မွေးတဲ့ကလေးတောင် သိတယ်………….

    • nigimi77

      June 24, 2011 at 5:15 am

      ဒါက ဒီလိုရှိတယ် မနောဖြူရဲ ့။

      ပြောလို ့ရတဲ့ ကိစ္စတွေရှိတယ်။ မရတဲ့ ကိစ္စတွေ ရှိတယ်။

      ဒါဟာလဲ ထွေထွေထူးထူး ရှင်းပြနေစရာမလိုတာ ခင်ဗျား တစ်သက်ရှိလောက်ပြီ။

      Think Tank ဆိုတာနဲ ့ပတ်သပ်လို ့ ပြန်စဉ်းစားကြည့်ရအောင်။

      ဒီနေရာမှာ Concept ဆိုတာ လိုပြန်ရော။

      ကျုပ်ဘာကို ပြောချင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အသိဆုံးဖြစ်လိမ့်မယ်။

      ဒေါ်အောင်ဆန်းစုကြည် အပြင်ကို Concept ရဲ ့သဘောသဘာဝကို နားလည်တဲ့ လူတွေလည်း သိလိမ့်မယ်။

      ကဲကဲ …ကလေးတွေ သိပ်မဆူကြနဲ ့ …. လူကြီးတွေ အလုပ်ကြီး အကိုင်ကြီးတွေ ပြောနေတယ်။ 🙂

    • etone

      June 24, 2011 at 8:54 am

      ခုမှ မွေးတဲ့ကလေးတောင်သိတယ်ဆိုတာက နည်းနည်းပိုသွားပြီ … အင်းလေ ကလေးလည်းသိမှာပေါ့ … နို ့စို ့ဖို့လေ ။ 😛

  • manawphyulay

    June 24, 2011 at 5:24 am

    ဒါဆိုရင် ဘယ်သူတွေက မှားနေလဲ ဘယ်သူတွေက ပြင်သင့်သလဲ… အားလုံးအတွက် အားလုံးအတွက်ဆိုပြီး ဘယ်သူတွေအတွက် ဘာတွေလုပ်နေကြသလဲ….. ဒါကတော့ ကာယကံရှင်တွေကိုယ်တိုင် ပိုပြီး သိပါလိမ့်မယ်ရှင်။

  • wakawaka7

    June 24, 2011 at 7:49 am

    ကို 77 ကလည်း တော်တော်ပိန်းတာပဲ။သေချာစဉ်းစားပြီးမှပြောပါ။ ခင်ဗျာမှာဘာအရည်အချင်းရှိလို့ခုလိုလာအော်နေတာလဲး။ ဒီလမ်းကိုပိတ်တာဘယ်သူတွေလဲး။ ပြည်သူပြည်သားတွေအနေအစားဆင်းရဲအောင်လုပ်နေတာဘယ်သူလဲးဆိုတာ တစ်ကဘာလုံးကသိတယ်။ ခင်ဗျာတစ်ယောက်ပဲမသိတာ။ တော်တော်ပိန်းတာပဲ။

    • nigimi77

      June 24, 2011 at 10:20 am

      ပိန်းတယ်လို ့ပဲ သဘောထားလိုက်ပါတယ် ငါ့ရှင်ရယ်။

      အဘတို ့က အသက်ကြီးပြီကွဲ ့……အဟွတ်…အဟွတ်… 🙂

      ဟုတ်ပ ငါ့ရှင်…။ ငါ့ရှင်ပြောသလိုပါပဲ…တစ်ကမာ္ဘလုံးက သိကြပါတယ်။

      အထူးသဖြင့် ငါ့ရှင်တို ့လို လူငယ်တွေက ပိုသိကြပါတယ်။

      သို ့သော်လည်း သိသိကြီးနဲ ့ ဘာမှ မလုပ်တဲ့ ငါ့ရှင်တို ့လို ကလေးတွေထက်စာရင်

      အဘတို ့ သက်ကြားအိုတွေက ခပ်ပိန်းပိန်းနဲ ့ပဲ ပါးပါးလေးပုတ်ကြည့်တာပါ …။ 🙂

  • good

    June 24, 2011 at 8:50 am

    နောက်တခါ ပုံတင်ရင် ကားနံပါတ် ပါအောင် ရိုက်ပြီး တင်ပါ။
    လောလောဆယ် အတွယ်သုံးယောက်ထက် ပို တင် ထားတယ်။ ချလန် ဖြတ်ရမယ်။

    ပုံ
    ဘဲဥ။

  • shweminthar

    June 24, 2011 at 9:10 am

    77 ရေ အရိပ်ပြလို့ အကောင်မမြင်ကြတဲ့သူတွေ ရှိပေမယ့်
    တချို့ကျတော့ အကောင်မြင်တဲ့ အပြင် အထီး ၊ အမ ပါခွဲ ပြနိုင်တဲ့သူတွေလဲ ရှိပါတယ်။

  • parlayar46

    June 24, 2011 at 9:20 am

    စကားပြောတဲ့အခါ … စာရေးတဲ့ အခါ …. ရိုးရိုး ဒဲ့ကြီး ပြောတာလဲရှိပါတယ်။ ဥပမာ ကျုပ်လို တောသားမျိုးပြောရင်ပေါ့ ..
    ငယ်ငယ်ကျောင်းမှာသင်ရတုန်းကတော့ ဖွင့်ဆိုရှင်းပြရေးနည်းဆိုလား …

    အဲဒါမျိုးအပြင်
    အကျိုးနဲ့အကြောင်း ဆက်စပ်ပြတာမျိုး…
    အကျိုးကိုဖေါ်ပြီးမှ အကြောင်းကိုရှာပြတာမျိုး….
    အကျိုးကိုဖေါ်ပြီးမှ အကြောင်းကို ဖတ်သူကိုရှာခိုင်းတာမျိုး ….
    ဆန့်ကျင်ဘက်အကျိုးကိုဖေါ်ပြီးမှ အမှန်အကြောင်းကို “ရှာကြည့်ပေတော့ဟေ့” လို့ လက်ညှိုးထိုးပြတာမျိုး…
    ဒါတွေအပြင်
    လက်ဆွဲပြီး ခေါ်ပြ ၊ လက်ဝါးထဲထည့်ပြ ၊ စေ့စေ့ကြည့်ပြီး ခေါင်းဆတ်ပြ တာမျိုး …
    တယောက်ကိုပြောသလိုနဲ့ တခြားသူသိအောင်ပြောတာမျိုး…
    တခြားကိုပြောသလိုနဲ့ တယောက်ထဲသိအောင်ပြောတာမျိုး….
    အကောင်းပြောသလိုနဲ့ ဆဲ တာမျိုး….
    ဆဲ သလိုနဲ့ အကောင်းပြောတာမျိုး…
    စသည်စသည်ဖြင့် …စာပရိယာယ် ၊ စကားပရိယာယ် တွေလဲရှိကြောင်း…
    ဘုန်းကြီးကျောင်းနေတုန်းက ကြားခဲ့ဘူးတယ် …။

  • captainamerica

    June 24, 2011 at 9:24 am

    ပြောထားတဲ့စကားလုံးကရိုးသလိုနဲ.အကြီး ကြီးပြောလိုက်တာ…..

  • နီလေး

    June 24, 2011 at 9:46 am

    ကို 77ဖြီးမယ်ဆိုရင် အရင်ဆုံးအီးတုံးရှိမရှိအရင်ကြည့်နော် ကြည့်ကြပ်ပြီးဖြီးပေါ့လေ

  • antimoe

    June 24, 2011 at 10:33 am

    ပုလဲကွန်ဒိုကိုပြောင်းပေးပါ့မယ်လို့တော့…ပြောသံကြားတာပဲ။

  • Big Defender

    June 24, 2011 at 11:32 am

    ဒီလိုမျိုးရိုးရိုးနေတဲ့ကျွန်တော်ပြည်သူတွေအမှားပါဗျာ

  • Ko Ko Aung

    June 24, 2011 at 12:08 pm

    ရဲအရာရှိ။ ။ ခင်ဗျားဆိုင် အခိုးခံရပြန်ပြီ။ မပေါ့ဆနဲ့လေဗျာ ။
    ဆိုင်ရှင် ။ ။ ဟေ့လူ ၊ သူခိုးအခိုးခံရလို့ စိတ်ညစ်နေရတဲ့အထဲ ။ ခင်ဗျား အပြစ်ပြောချင်ရင် သူခိုးသွားပြောပါလား။
    ရဲအရာရှိ ။ ။ ဟာ ….သူက သူခိုးလေဗျာ ။ ပြောနေစရာလား ။

  • panchapee

    June 24, 2011 at 2:26 pm

    ဟေ့ကောင် nigimi77 , ဒီလောက်တောင် ဦးနှောက်မရှိတဲ့ ကောင်ပဲ ….
    ဒီလို ရိုးရိုးလေးတောင် မတွေးတတ်ဘူးလား …
    မင်းကြည့်ရတာ ထမင်းစားပြီးကြီးလာတာမဟုတ်ဘူး …
    မင်းခေါင်းကို ဓာတ်မှန်မရိုက်ကြည့်နဲ့ … မစင်တွေပဲရှိမှာ…

    • nigimi77

      June 25, 2011 at 11:04 am

      တော်တော် သနားစရာ သတ္တဝါပဲ…..။

  • thuyaungmel

    June 25, 2011 at 2:39 pm

    ပိတ်တဲ့လူတွေကလဲ ပိတ်ထားတာတော်တော်ကြာပါဘီ နေတဲ့လူက လဲ ပေပြီး နေနေတာတော်တော်ကြာပါဘီ တူတူပါပဲ

Leave a Reply