ဇွန်လကျောင်းတွေဖွင်.တော.  သားငယ် ကိုကျောင်းလိုက်ပို.ရင်း ခလေးတွေကို မြင်ရတဲ.အခါ ဖြစ်ပေါ်လာတဲ.ခံစားချက်တခုပါ

တစ်တန်း နှစ်တန်း  ကစလို. လေးငါးတန်းကျောင်းသားကျောင်းသူလေးတွေရော အားလုံးသောကလေးတွေဟာ ကျောပိုးအိတ်ကြီးတွေလွယ်

လက်တဖက်က ဆွဲခြင်းကိုမနိင်.တနိင်ဆွဲ စာသင်ခန်းဆီသွားနေကြတဲ.မြင်ကွင်းက ကြည်နုးစရာလဲကောင်းပါတယ် သနားစရာလဲကောင်းနေပြန်ရော

ဘာလိုလဲဆိုတော.သူတို.လေးတွေဟာ မိဘတွေရဲ.မျှော်လင်.ခြင်းတွေကို အရွယ်နဲ.မလိုက်အောင် ထမ်းပိုးထားကြရတယ်လို.ခံစားမိလို.ပါ

မိဘတွေက ကို.သားသမီးတွေကို ဖြစ်ထွန်းစေချင်တဲ.နေရာမှာတော. ဆင်းရဲချမ်းသာမရွေးအားလုံးတူတူပါဘဲသူတို.လေးတွေကို အောင်မြင်စေချင်တဲ.

ဆန္တ တွေကြောင်. ကျောင်းဆင်းရင်တောင်အိမ်ပြန်မဆော.နိင်တော.ဘဲကျုရှင်ဆိုတဲ.စာသင်ခန်းဆီရောက်ကြရပြန်တယ်တကျုရှင်ကနေနောက်တကျုရှင်

နဲ.နောက်ဆုံးတချို.ကလေးတွေဆိုကားပေါ်မှာထမင်းစား ကားပေါ်မှာဘဲအ၀တ်လဲနဲ.မနက်အစောကနေထွက်လိုက်တာ ညမိုးချုပ်မှအိမ်ပြန်ရောက်ကြရတော.တယ်

ကျွန်တော်တို.ကျောင်းသားဘ၀တုန်းကဆိုရင် ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ.လွယ်အိတ်နဲ.ထမင်းဘူးကိုယူ၊ ၀တ်ထားတဲပုဆိုးကိုစာလွယ်သိုင်း

ကျောင်းဘေးကဘောလုံးကွင်းဆီကိုပြေးတော.တာဘဲ အားရအောင်ဆော.ပြီးမှ အိမ်ပြန်ဘို.သတိရတော.တယ်၊ ကျူရှင်ဆိုလို. (၇)တန်းရောက်မှတက်ဖူးတာ၊ အခုခေတ်မှာတော. သူငယ်တန်းတောင်ကျူရှင်နဲ.ဂိုက်နဲ.မအားရရှာတဲ. ခလေးတွေရဲ.အဖြစ်က ဘယ်သူ.ကိုအပြစ်ပြောရမလဲ မိဘတွေကိုလား ဆရာဆရာမတွေကိုလား ခေတ်ကိုလား ပညာရေးစနစ်ကိုလား  တခုခုမှားနေတာကတော.သေချာပါတယ်

About ထာဝရ

ထာဝရ has written 27 post in this Website..

It's your choice how you live your life. It's all about altitude