အဝေးရောက်များအတွက် မနက်စောစော ရွှေတိဂုံ ဘုရားဖူးရအောင်

fattyJune 24, 20111min17919

မနက် ၄ နာရီခွဲလောက်ဆို ပြည်သူ့ရင်ပြင်မှာ လမ်းလျှောက်သူတွေ လေ့ကျင့်ခန်းလုပ်သူတွေနဲ့စည်ကားနေပါပြီ။ အဓိကကတော့ ကျန်းမာရေးလိုက်စားသူတွေများလာတာပါဘဲ။ မြို့နေလူတန်းစားများ လှုပ်ရှားမှုနဲလာ
တော့ နှလုံးသွေးကြောကျဉ်း ဆီးချို သွေးတိုး တွေဖြစ်ပေါ့ ..။ ဖြစ်လိုက်ရင်လဲ
ဆေးက လက်တခုတ်လောက်သောက်ရတာဆိုတော့ နောက်ဆက်နေရမဲ့သက်တမ်း
မှာ ပြဿနာတွေအများကြီးလေ။

မနက်စောစော ထပြီးလမ်းလျှောက်တဲ့အကျင့် လုပ်ရင်းနဲ့ အဝေးရောက်များအတွက်အမှတ်တရ ရွှေတိဂုံဘုရားပုံတော်တင်ပေးလိုက်ပါတယ်။
ကြည်နူးစွာဖူးမျှော်နိုင်ကြပါစေ ….။

19 comments

  • weiwei

    June 24, 2011 at 3:06 am

    သပ္ပာယ်လိုက်တာ … အဲဒီအချိန်ထပြီး လမ်းလျှောက်ထွက်ချင်စိတ်တောင်ပေါက်သွားတယ် … ဒါပေမယ့် အိမ်မက်ထဲမှာပဲ ထွက်ဖြစ်မှာ သေချာတယ် 🙂

  • PinkCandy

    June 24, 2011 at 3:13 am

    ကျေးဇူးတင်ပါတယ် လေးလေဖက် 🙂

  • shweminthar

    June 24, 2011 at 3:36 am

    သပ္ပာယ်လိုက်တာ
    အရင်တည်းက ရွှေတိဂုန်ဘုရား ညဘက်ဖူးရတာ ပိုနှစ်သက်တယ်။

  • usnczn

    June 24, 2011 at 4:26 am

    သာဓု..သာဓု…..သာဓု.။
    ဤသို့ မျှဝေပေးသော ကုသိုလ်ကြောင့် စိတ်၏ကျမ္မာခြင်း
    ကိုယ်၏ချမ်းသာခြင်း တလုံးတဝတည်း ပြည့်စုံပါစေ။

  • fatty

    June 24, 2011 at 4:34 am

    ပေးကြသောဆုများနဲ့ပြည့်စုံရပါစေသတည်း။

  • manawphyulay

    June 24, 2011 at 4:59 am

    လေးဖက်ရေ…. ကြည်နူးစွာ ဖူးမြော်သွားပါတယ်နော်………

  • zoe

    June 24, 2011 at 5:09 am

    သာဓု သုံးကြိမ်ခေါ်ပါတယ် ။ဖူးရတာ စိတ်ကို ကြည်လင်အေးချမ်း သွားတာ ပဲ ။ ကျေးဇူးပါ ။ 🙂

  • akswe

    June 24, 2011 at 6:58 am

    ကို ဝ ရေ..
    အိပ်ယာထဲမှာ ပက်လက်လှန်ပြီးစာဖတ်နေရာက ငုတ်တုတ် ထထိုင် လပ်တော့ကို ရှေ့မှာထား
    ကျုံ့ကျုံ့ ထိုင်ပြီး ဦးသုံးကြိမ် ချ လိုက်တယ်…
    ပြီးတော. တစ်ဆက်တည်းမှာပဲ ကျွန်တော် အခုလို စိတ်ထဲမှာ နှစ်သက် ကြည်နူး ပီတိဖြစ် ပြီးအေးချမ်း သွားရသလို ကိုဝ လည်း တူသော အကျိုးပေးပါစေလို.မေတ္တာဖြင့် ဆုတောင်း ပေးလိုက်ပါတယ်ဗျာ….

  • windtalker

    June 24, 2011 at 7:08 am

    မန်းတလေး မှ ညီမောင် က ရန်ကုန် က ကိုဖက့် ရဲ ့ကုသိုလ် ဝေမျှ မှု အတွက် ဝမ်းသာအားရ သာဓု၃ကြိမ် ခေါ ်ဆိုလိုက်ပါကြောင်း ။

  • နွယ်ပင်

    June 24, 2011 at 7:14 am

    အရမ်း သပ္ပာယ်တာပဲ ရွှေတိဂုံ ဘုရားကို အခုဆိုမနက်စောစော မဖူးရတာကြာပြီး အရင်ကဆို ဆောင်းတွင်းမနက်စောစော လမ်းလျှောက်ရင်တော့ ဝင်ဖူးဖြစ်ပါတယ် အခုလို ဓာတ်ပုံရိုက်ပြီး တင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ဦးဖက်ရေ ….

  • etone

    June 24, 2011 at 7:27 am

    ဘုရားဘက်ကို အရင်က မနက်ပိုင်းဆို လမ်းလျှောက်ဖြစ်တယ်….. အခုနောက်ပိုင်း အလုပ်ထဲမှာ အာရုံနောက်စရာတွေချည်းပဲမို့ … .အိပ်ချိန်ပဲဦးစားပေးနေလို့ … လမ်းမလျှောက်ဖြစ်တာ ကြာပြီ ။

  • moonpoem

    June 24, 2011 at 8:53 am

    ရွှေတိဂုံဘုရားကို နေ့လည်နေ ့ခင်းနဲ ့ ညဘက်မှာသာ ရောက်ဖူးပါတယ်။ မနက်အစောကြီး တစ်ခါမှ
    မရောက်ဘူးပါဘူး။ တော်တော်သပ္ပာယ်တာပဲနော် ကျေးဇူးတင်ပါတယ် ဦးဖက်ရေ။

  • စုံ စုံ

    June 24, 2011 at 9:27 am

    အရမ်းသပ္ပါယ်တာဘဲနော်
    အရင်အိမ်တုန်းက7လွှာမှာနေတော့နေ့တိုင်းရွှေတိဂုံဘုရားကိုဖူးရတယ်
    မနက်ကောညကောဘဲ
    အခုမြေညီကိုပြောင်းလိုက်တော့ရွှေတိဂုံဘုရားကို
    မဖူးဖြစ်တာ၂လလောက်ရှိပြီ
    အခုဒီလိုမြင်ကွင်းမျိုးနဲ့ပြန်ပြီးဖူးမျှော်ရတော့တော်တော်ပီတိဖြစ်မိပါတယ်
    ဦးဖက်တီးကိုလဲကျေးဇူးအများကြီးတင်ပါတယ်
    ဦးဖက်တီးလိုရာဆန္ဒပြည့်ပါစေနော်

  • ဆူး

    June 24, 2011 at 3:17 pm

    မနက် လမ်းထ လျှောက်တိုင်း သတိရတယ် ကင်မရာနဲ့ ရိုက်ဖို့… ကင်မရာ ပါသွားလည်း ရိုက်မယ် ကြံလိုက် တော်ပါပြီ မရိုက်တော့ပါဘူး လို့ တွေးပြီး မရိုက်ပဲ ပြန်လာ ခဲ့တယ်။
    လမ်းလျှောက်တဲ့ ပန်းခြံ ကို ရိုက်ပြ လိုက်ပါအုန်း။ တော်တော် လှ နေပြီ။
    ငါးတွေ လည်း အစာကျွှေးလို့ ကောင်းတယ် ပေါင်မုန့် အဖတ်ကလေး ချ လိုက်ရင် အလု အယက် ရေပေါ် တက်လာပြီး ဟတ်ကြတယ်။

  • nature

    June 24, 2011 at 4:52 pm

    အရမ်း သပ္ပာယ်တာပဲ ဆရာ fatty ရေ။ အဝေးရောက်ရော အနီးရောက်ရော MG ရွာသားတွေအားလုံးရော အတွက် အမှတ်တရ ရွှေတိဂုံဘုရားပုံတော်တင်ပေးလိုက်တဲ့ ဆရာfatty ကို ကျေးဇူးတင်ပါတယ်။
    အလင်းအမှောင် အနီးအဝေး view အယူအဆတွေက အံ့ဩဘွယ်ကောင်းအောင် ကောင်းမွန်ပါတယ်။

  • windtalker

    June 25, 2011 at 5:49 am

    ကျုပ် ရဲ ့ကွန်မန် ့နဲ ့akswe ၊usnczn ၊ PinkCandy နဲ ့weiwei တို ့ရဲ ့ကွန်မန် ့တွေ ကို ဘယ် ဘာသာခြား က ဝင် ပြီး အနီကတ် ပြ သွားပါလိမ့် ။ ကျုပ် ဟာ ကို ကျုပ် ပြန်စိမ်းလို ့မရပေမယ့် သူတို ့ဟာတွေ ကို တော့ ကျုပ် စိမ်းပေးလိုက်ပြီ ဗျို ့။ အနီခြယ်သွားတဲ့ ဘာသာခြား လဲ ကျုပ်တို ့သာဓု ခေါ ်လို ့ရတဲ့ ကောင်းကျိုးမျိုး ထပ်တူ ရပါစေ ဗျာ ။

  • zaw min

    June 25, 2011 at 9:09 am

    ကျေးဇူးအထူးတင်ရှိပါတယ်၊ဦးဖက် ရဲ့ကင်မရာ အယူအဆ အလွန်ကောင်းမွန်ပါတယ်၊သာဓု၊သာဓု၊သာဓု ပါဗျာ၊သူတပါးစိတ်နှလုံးအေးချမ်းသလို ဦးဖက်လည်းထပ်တူထပ်မျှ စိတ်ရောကိုယ်ပါ ချမ်းသာသုခအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

Leave a Reply