ကိုယ်.ဘ၀ကို စိတ်နာနာနဲ.ဘဲ ပို.စ်ရေးပြီးတင်ရတာပေါ. ဒါမှလည်း ဒီဘ၀ကလွတ်

အင်တာနက်သုံးရင် (၁)သိန်းရပြီး အသက်ရှုချောင်မှာမလား

အရင်ကြိုပြီး Intro ၀င်ချင်တာကတော. ဖတ်ပြီးစိတ်မကောင်းမဖြစ်ကြနဲ.နော်

ကိုယ်.ရွာသားလေ ဒီလိုဖြစ်နေပါလားဆိုပြီးလည်း ငိုမနေကြအုံး

ငိုမဲ.လူလည်း မရှိလောက်ပါဘူး ဒါပေမဲ. ဦးပေါက်တော. ငိုရမယ်နော် ကျွန်တော်.ကို

အချစ်ဆုံးလို.ပြောထားတာလေ ဟုတ်တယ်နော် ဦးပေါက်

ကျွန်တော်ကပျော်စရာတွေ မရေးပဲဝမ်းနည်းစရာတွေရေးတယ်ဆိုပြီး

အပြစ်တင်လည်း ခံရမှာပေါ. တကယ်ကို ကိုယ်.ဘ၀ကိုရင်ဖွင်.ချင်လို. ပေါ.သွားအောင် ရေးရတာပါ

ဘယ်လောက်ထိ ဘ၀ကဆိုးလည်း ဆိုရင် နေရတာက ဘုန်းကြီးကျောင်း

ကိုယ်.မိသားစုက ရွှေဘိုမှာဆိုတော.လည်း အခြေနေနဲ.အချိန်ခါပေါ.လေဆိုပြီး

ကိုယ်.ကိုကိုယ် တရားချ ပြီးနေရတာပေါ.။ နေတတ်ရင် ကုသိုလ်တွေအများကြီး အချိန်မေ၇ွးယူလို.ရတယ်လေ

သူများတွေ ဘုရားရိပ်တရားရိပ် ခိုချင်လို.တောင် မခိုနိုင်ကြဘူး။ ဒီလိုပဲ သဘောထားပါတယ်

စားရတာကတော. မပြောနဲ. နေ.တိုင်း ဟင်းပေါင်းပေါ. ဒါကလည်း တစ်ချို.စားချင်လို.တောင်

မစားကြရဘူးလေ။ဒီလိုစားရတာကလည်း ကိုယ်.အကြောင်းနဲ.ကိုယ်ပါ။ ကိုယ်ကလည်း

နေ.ဆွမ်းစားတဲ.အချိန်ဆို အလုပ်ထဲရောက်နေတာကိုး ဘယ်လိုမှစားရမဲ. ကံမပါဘူးလေ

အလုပ်နားလို.များ နေ.ဆွမ်းတက်စား ၀ိုင်းလုပ်ရတဲ.နေ.ဆို ရေသည်ယောင်္ကျားလို. အာဂပါးစပ်

လူဖြစ်ကျိုးနပ်ပြီဟဲ.ပေါ.။ညနေဘက်ကတော.သိတဲ.အတိုင်း ကြုံသလိုဆွဲပေါ. တစ်ခါတစ်လေများ

ကျောင်းမှာနေကျန်ခဲ.တဲ. အလုပ်မသွာတဲ.သူက ချန်ပေးထားလို.ကတော. မဟာကျေးဇူးရှင်ကြီးလို.တောင်

ခေါ်ရတယ်။တစ်လရတဲ.လစာကလည်း အပြင်မှာဘယ်လိုမှ ၀ယ်မစားနိုင်ဘူးလေ။ တစ်လတစ်လကျန်အောင်

မနည်းစုနေရတာ ရတာကမှ 70000 နေ.တိုင်းထမင်းသာဝယ်စားလို.ကတော. အချိန်ကုန်လူပင်ပန်းပြီး

ဘာမှလည်းရလိုက်မှာမဟုတ်ဘူး ရတာတော.ရတာပေါ. လုပ်ငန်းအတွေ.အကြုံနဲ.ပညာတော.ရပါတယ်

ဒါတွေကလည်း ပိုက်ဆံရှိမှ အရင်းအနှီးထုတ်ပြီး ပြန်လုပ်စားလို.ရမှာလေ ထမင်းနေ.တိုင်း ၀ယ်စား

မစုလို.ကတော.တစ်ဘ၀လုံး သူများဝန်ထမ်းပဲဖြစ်မှာလည်းကြောက်တယ်လေဗျာ။ရည်ရွယ်ချက်လေး

တော.ထားပြီးစုနေရတာပေါ.။ ကိုယ်.ဇာတိကိုတော. ပြန်လုပ်စားလို.ရပါတယ် ဒါပေမဲ.လည်း မြို.မှနေချင်တဲ.

ကိုယ်.စိတ်ကလည်းဘယ်လိုမှကိုတားလို.မရဖြစ်နေတာကိုး။ နေ.တိုင်းမနက်အာရုံဆွမ်း ကိုအ၀စားသွား

အလုပ်ကလည်း သိပ်မပင်ပန်းဘူးဆိုတော. နေ.လည်းဗိုက်ကလည်းမဆာပါဘူး ဒါနဲ.ထမင်းဝယ်မစားပဲစုပေါ.

နေ.လည်စာ ၀ယ်စားရင်တော. မွဲမှာသေချာတယ်

နယ်မှာနေတဲ. မိဘကိုတောင်ပြန်တောင်းရမဲ.ကိန်းဆိုက်နေမှာဗျ။ကိုယ်ကလည်း ကြွားတာတော.မဟုတ်ဘူး

သားလိမ္မာလေးကိုးဗျ ဆယ်တန်းအောင်ပြီးကတည်းက ပိုက်ဆံမတောင်းတော.ပဲ ကိုယ်.ဖာသာအလုပ်လုပ်ပြီး

ကျောင်းတက်နေရတာလေ ဒါကလည်း ရွာမှာက သီးနှံပေါ်ချိန်လေးလောက်ပဲံကလက်ဖျားငွေသီးတာဆိုတော.

ဘယ်လိုမှလည်း မတောင်းရက်ပြန်ဘူး မိဘတွေကတော. ပြောပါတယ် .ဒေးတက်ပေါ. အလုပ်မလုပ်နဲ. သူတို.

ထားနိုင်တယ်ပေါ. ဒါကလည်း ဒေးဘွဲ.နဲ.အဝေးသင်ဘွဲ.ကလည်း ဘာကွာတာမှတ်လို. ဆိုပြိး

ကိုယ်.အတွေးနဲ.ကိုယ်ပေါ.လေ။ ဒါကလည်းကိုယ်ညံ.တာပါ အမှတ်မှ မကောင်းတာပဲဟုတ်တယ်မလား

ကောင်းရင်ရေကြောင်းတွေ ဆေးတွေ တက်မှာပေါ.။ဒီလိုလည်းပြောလို.မရဘူးဗျ ရွာမှာ 9 တန်းထိနေလာတာ

ဘာမှ အခြေခံကမပါဘူး ရန်ကုန်ရောက်မှ ရှက်တဲ.စိတ်ကလေးနဲ.ကြိုးစားလိုက်လို. ဆယ်တန်းလေးတောင်

အောင်လာတာ အမှတ်က (305) တဲ.ရှက်လိုက်တဲ.ဖြစ်ချင်း ရန်ကုန်မှာဆို ဘာမှကိုလုပ်စားမရတဲ.အမှတ်

ဒီလိုနဲ. ရွာဆယ်တန်းအောင် ရွာပြန်တော. ပျော်လိုက်တဲ.ဖြစ်ချင်း ရွာမှာက နှစ်ချင်းပေါက် အောင်တာဆိုရင်

တော်တော်ကိုဂုဏ်ရှိနေပြီလေ။ရွာပြန်တော. မိဘတွေက ရွာလုံးကျွတ် ဗွီဒီယိုတွေ အလအလကားငှားပြ

မုန်.ဟင်းခါးတွေ လုပ်ပြီးကုသိုလ်လုပ်ပေါ. ရွာမှာကတော. ပညာရေးလည်းသိပ်မသိကြတော.

နှစ်ချင်းပေါက်အောင်တာလေးကိုပဲ ဂုဏ်တွေယူပေါ. ကိုယ်တိုင်ကတော. ရန်ကုန်ပြန်ကျောင်းတက်လို.၇တော.

အနိမ်.ဆုံး အဝေးသင်ကြီးတက်ရမှာမို. မိဘကဒီလိုလုပ်ပေးတာတောင်ရှက်မိသေးရဲ.။ဒီလိုနဲ.အမှတ်ကလေး

ဟိုမရဒီမမှီနဲ. နောက်ပိုင်းတော.လည်း တစ်ချိန်က အရှေ.တောင်အာရှမှာ နံမည်အကြီးဆုံး ဒဂုံတက္ကသိုလ် ကွဆိုပြီး ကြံဖန်ဂုဏ်ယူပြီး တက်ရတော.တာပေါ.။ ရေသည်ယောင်္ကျားနဲ. တူတာကတော. အနီးကပ်လေး 10 ရက်တက်ရင်း ကောင်မလေးတစ်ယောက်ကို

ကြိုက်လို.ဆိုပြီး သွားပြောမိပါရဲ. ဘုန်းကြီးကျောင်းသားမို.ဆိုပြီး ခါးခါးသီသီးကိုငြင်းလိုက်တာ

နောင်များဘယ်တော.မှကိုမကြိုက်ဝံ.တော.ပေါင်ဗျာ ဒါမှ ရေသည်ယောင်္ကျားထက်တောင်ဆိုးသွားသေးတယ်။ဟိုကမှ ရွှေဘယ်လောက်သားရှိရင် လက်ခံမယ်ပြေားသေးတယ် ကိုယ်တွေများ တစ်ခါတည်းအပြတ်ငြင်းလိုက်တာ

ကိုယ်.ကိုကိုယ်နံမည်တပ်လိုက်ပါတယ်21 ရာစု ခေတ်သစ်ရေသည်ယောင်္ကျာပေါ.လေ။

အခုထိလည်း မနက်စာကို အ၀စားပြီးအလုပ်မှာ နေ.လည်မဆာအောင်နေရင်း

အလုပ်မှာ တစ်နေကုန် နေ.လည်စာ ဥပုဒ်စောင်.ရင်း

ညနေစာဖြစ်သလိုဆွဲရင်း ဘယ်ကောင်မလေးမှလည်း စိတ်မကူးဝံ.ရင်း

အ၀တ်စား မကုန်အောင် အဖြူလက်စီး လေးတွေပဲဝယ်ဝတ်ရင်း

လိုင်းကားဆိုလို. သူများတွေ အထူးအထူးနဲ. ထူးနေတာတောင် မထူးနိုင်ခြင်း

ဒုတိယစစ်ကျန် ချက်ကြီးနဲ.ပဲ ပျော်ပါးနေရင်း

နယ်မှာရှိတဲ. အမေနဲ.အဖေရယ် ကျွန်တော်ရန်ကုန်မှာ အစစအရာရာအဆင်ပြေပါတယ်လို.

လိမ်လည်ပြီး စာလေးတွေးရင်း အိမ်ကလူတွေ အဆင်ပြေတယ်ဆိုတာယုံအောင်

တစ်ခါတစ်လေ လူကြုံလေးနဲ. ပိုက်ဆံလေးနည်းနည်းစီကလည်း ပေးလိုက်ရသေးတယ်

ပြိးမှ ပြန်ဆပ်ပေါ.လေ ဒီနေ.အလုပ်နားတာနဲ. အင်တာနက်ဆိုင်လာပြီး ရေးထဲ.လိုက်တာ နေ.လည်စာ ကျောင်းကအကောင်းတွေနဲ.စားပြီး အာဂပါးစပ် လူဖြစ်ကျိုးနပ်ရပြီဟဲ. ငါဟဲ.ယောင်္ကျားဆိုပြီး

စိတ်ကို မနည်းတင်းပြီး ပိုက်ဆံအကုန်ခံလာရေးတာဖြစ်ပါကြောင်း အခါတိုင်းရေးတယ်ဆိုတာ အလုပ်က အင်တာနက် အလကားသုံးလို.ရတာမို. ရေးတာဖြစ်ပါကြောင်း ကိုယ်.ထက် အဖြစ်ဆိုးတဲ.လူ မရှိပါစေနဲ.လို.ဆုတောင်းရင်း သူကြီးဆီက ပိုက်ဆံ 80 ယူသွားပါကြောင်း…

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ