အခုတစ်လော မိုးလေးက အေး နဲ့ …. စာအုပ်ပုံတွေကို ဟိုလှန်ဒီလှန်လုပ်ရင်း စာအုပ်တစ်အုပ်ရဲ့ နောက်ဖက်မှာ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အတူ ပေါက်ကရတွေ လျှောက်ရေးတာတွေကို ဖတ်ရင်း အတိတ်က ကျောင်းတော်ထဲကို အတွေးတွေ စီးဆင်း သွားခဲ့ပါတယ် ……. ကျောင်းဆိုတဲ့ အတိုင်း စာကိုသိပ်စိတ်မ၀င်စားတဲ့ ကျွန်တော်က ဆရာ/မနဲ့လေ ဝေးလေ ပိုကောင်းလေ ဆိုပြီး အတန်းရဲ့ နောက်ဆုံးမှာပဲ ထိုင်လေ့ရှိတယ်ပေါ့ဗျာ (ကျွန်တော့်နောက်မှ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော် မြေပုံတွေ ကိုကပ်ထားတဲ့ ကျောက်သင်ပုန်း …. အဲဒီနောက်မှာတော့ ကျိုးပဲ့ပျက်စီးနေတဲ့ ခုံအပိုင်းအစတွေပဲ ရှိတယ်ပေါ့ဗျာ) …… အော် ပြောရအုန်းမယ်ဗျ ကျွန်တော်တို့ စာသင်ရတဲ့အခန်းက လူ(၂၀၀)ယောက်လောက် စာသင်လို့ရအောင် ကျယ်တဲ့ အခန်းဗျ …. ကျွန်တော်တို့ ကျောင်းသူ/သားတွေက အားလုံးပေါင်း လူ (၁၆၀)ပဲ ရှိတယ်… ကျောင်းသူ/သားတွေ လူစုံတဲ့ နေ့ကတော့ စာမေးပွဲ ဖြေရတဲ့နေပါပဲ … :D …ကျန်တဲ့ရက်တွေက အကြောင်းအမျိုးမျိုးပြပြီး မတက်ကြဘူးပေါ့ဗျာ (အိမ်က ပိုက်ဆံ လွှဲပေးမှာမိုလို့၊ အဒေါ်ဆီ ပိုက်ဆံသွားချည်းမလို့၊ နယ်က ညီလေး/ညီမလေးတွေကို သွားကြိုမလို့၊ ခေါင်းမူးလို့ …. ဘာလို့ ညာလို့ အစရှိသဖြင့်ပေါ့ဗျာ … တစ်ချို့   ကြတော့လည်း ဘဲဘဲနဲ့ ချိန်းတွေ့ မှာမိုလို့ ကျောင်းပျက်တယ်ပေါ့ဗျာ ) ဘဲဘဲနဲ့ ဆိုပြီး ပြောလို့ မိန်းကလေးတွေကိုပဲ အပျက်များတယ်လို့ ပြောတာက … အကြောင်းရှိပါတယ်ဗျ .. လူ(၁၆၀)မှာ အမျိုးသားက (၁၇)ယောက်ပဲ ရှိတော့ မိန်းကလေးတွေပဲ ကျောင်းပျက်တာ များတာပေါ့ဗျာ …. ကျွန်တော်တို့ ကျောင်းသားတွေက ကျောင်းမှာတင် မိန်းကလေးတွေများတော့ အပြင်မှာထွက်ပြီး ရှာစရာ မလိုတော့ဘူးပေါ့ …. ဒါတောင် ကျွန်တော်တို့အတန်းပဲ ရှိသေးတယ်ဗျ… ကျွန်တော်က နောက်ဆုံးတန်းမှာ ထိုင်ပြီး စာအုပ်ထဲမှာ  ပေါက်ကရရေးကြတယ်ဆိုတော့ ကျန်တဲ့သူတွေက ယောင်္ကျားလေးလို့တော့ မထင်လိုက်ကြပါနဲ့ … ကျွန်တော်ကလွဲပြီး ကျွန်တော့်စာအုပ်ထဲမှာ မိန်းကလေးတွေပဲ ရေးကြတာ (မှတ်ချက်၊ ကြွားတယ်လို့တော့ မထင်စေချင်ပါ.. အမှန်ကလည်း …. ” ဆရာတစ်ယောက်ရဲ့ စကားလုံးကို ငှားပြီးပြောလိုက်ပါတယ် ” ..ကြုံတုန်းကြွားရတာ သိပ်တော့မလွယ်ဘူးဗျ …. ဟီးးးးး :P ) ကဲ ပြောရင်းပြောရင်းနဲ့ … အဲ …. ရေးရင်းရေးရင်းနဲ့ လိုရင်းကို မရောက်တော့ဘူး … ကဲ ရေးခဲ့တဲ့ အမြင်လေးတွေကို အောက်မှာ ဆက်ရေးပေးလိုက်ပါတယ် … သူငယ်ချင်းတစ်ယောက်ကပြောတယ် .. နင်တို့တွေ Love ကို ဘယ်လိုခံစားရလဲ ဆိုတာပြောပြပေးပါတဲ့ ….

အဲဒီတော့ သူငယ်ချင်းတစ်ယောက်ကရေး ပေးလိုက်တယ် – …… :D

Love (အချစ်) = တစ်ခါတစ်ရံမှာ အရမ်းကိုကြည်နူးပျော်ရွှင်စရာကောင်းပြီး၊ တစ်ခါတစ်ရံမှာတော့ အရမ်းကို ပူလောင်ပါတယ်. သူက ခံစားမှု အမျိုးမျိုးကနေ ဖြစ်ပေါ်လာတာပေါ့ … ….. …………

နောက်တစ်ယောက်ကလည်း ရေးလိုက်သေးတယ်ဗျ ….. :D

Love = ကိုယ်ကပေးပေမယ့် တစ်ခါတစ်လေ ပြန်ရချင်မှ ရတတ်ပါတယ် .……..

မေးခွန်းမေးခဲ့သူက … သူလည်း ရေးပေးလိုက်သေးတယ် …. :D

အားလုံးအချစ်အကြောင်းကို ခံစားပြီးနားလည်သလို ပြောတတ်ကြတယ်နော်တဲ့ …

သူကတော့ အချစ်ဆိုတာ ဘာမှန်းမသိလိုက်ခင်မှာပဲ အလွယ်တကူ ပြိုပျက်သွားတာပါ .... ဆိုပြီး ရေးပေးတယ်

ပြီးတော့ ကျွန်တော့်ကိုလည်း ငါတို့ ရေးတာသာ နင်က လိုက်ဖက်နေတယ် နင်ကျတော့ မရေးဘူးဆိုပြီး ကျွန်တော့်ကိုလည်း ရေးခိုင်းတယ်ဗျ …. ကျွန်တော်လည်း ဘယ်ရမလဲ အေး ငါလည်း ၀င်ဖောလိုက်အုန်းမယ်ဆိုပြီး ရေးခဲ့မိတယ် …..

LOVE = အချစ်မှာ ပူလောင်ခြင်း၊ အေးချမ်းခြင်းတွေမရှိပါဘူး …. သူ့ကိုလက်ခံတဲ့လူတွေရဲ့   ဆန္ဒနဲ့ ခံစားမှု အပေါ်မှာ လိုက်ပြီး ပြောင်းလဲသွားတာပါ …. တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲကွယ် .…. :D

ကဲ ရွာထဲက ရွာသူ/သားတွေလည်း အချစ်အကြောင်း နည်းနည်း ၀င်ဆွေးနွေးပေးကြပါအုန်း …. နောက်ထပ် ပေါက်ကရ ဆွေးနွေးထားတဲ့ အကြောင်းလည်း ရှိသေးတယ်ဗျ … အဲဒါက အိမ်ထောင်ဖက် ဆိုတဲ့ အကြောင်းပေါ့ …. ဆွေးနွေးချင်တဲ့သူရှိရင် ထပ်တင်ပေးလိုက်အုန်းမယ်ဗျ …. အခုတော့ ဒီတစ်ခုကိုပဲ အရင်ဆွေးနွေးရင် ပေါက်ကရပြောကြည့်ကြမယ်လေဗျာ ….. :D :P :)

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................