22 ရက်နေ့ ညနေမှာ IC show ပွဲရှိတယ်တဲ့ သူငယ်ချင်းက ဖုန်းဆက်လာတယ် နွယ်ပင်က IC ပွဲဆို အရမ်းကြိုက်ပြီး ကြည့်ချင်နေတာ ဒါပေမဲ့ လက်မှတ်ဈေးတွေက ကြီးတော့
သွားပြီးမကြည့်ဖြစ်တာ များတယ် ဒါပေမဲ့ ဒီတစ်ခါတော့ လက်မှတ်ဈေးကလဲ ဈေးသိပ်မကြိးတဲ့ အနေအထားဆိုတော့ ပွဲလုပ်မယ့် နေ့ခင်းမှာပဲ ကြည့်မယ်ဆိုပြီး အသည်းအသန် သွားဝယ်ဖြစ်ခဲ့တယ် ပွဲစချိန်က ည (73း0) တဲ့ ဒါဆိုရင် အလုပ်က ပြန်မှာနဲ့ အတော်ပဲပေါ့
ညနေလဲရောက်ရော ရွာလိုက်တဲ့မိုးက ပွဲပျက်မလားတောင်ထင်ရတယ် ဒါပေမဲ့ နွယ်ပင်ပဲဟာ လက်မှတ်ဖိုးတော့ ဘယ်အရှုံးခံမလဲ သွားမယ်ဆိုပြီးရအောင်ထွက်ခဲ့တာပေါ့
မိုးရွာတာကိုအကြောင်းပြပြီး Taxi ဈေးတွေကလဲ ခေါင်ခိုက်လို့ အရင်ငှားနေကျထက် ပိုပေးပြီးငှားခဲ့ရတယ် သုဝဏရုံရှေ့လဲရောက်ရော လက်မှောင်ခိုတွေက (6000) တန်းကို (6000) (8000) တန်းကို (8000) လို့အော်နေတော့ ဟယ် လူတွေမိုးရွာလို့ မလာတောဘူးထင်တယ်ဆိုပြီးစိတ်တောင် မကောင်းဖြစ်သွားသေးတယ် နောက် ရုံထလဲဝင်ရော ဘယ်ဟုတ်မလဲ များလိုက်တဲ့လူတွေ မနည်းမနောပဲ
IC ရဲ့ ပရိသတ်တွေကတော့ တကယ့် အံမခန်းပဲ မိုးထဲလေထဲမှာတောင် ရောက်အောင်လာခဲ့တယ် ။ကိုယ်ကလဲ IC ပရိသတ်ဆိုတော့ မိုးရေထဲလဲ ရောက်အောင်လာခဲ့သလို (လက်မှတ်ဖိုးဆုံမှာလဲကြောက်တာပါတာပေါ့) ဒိလူတွေလဲ ဒိလိုပဲထင်ပါတယ် ။
IC ကတော့ သူရဲ့ ထုံးစံအတိုင်းပွဲချိန် (73း0) လို့ပြောရင် အတိအကျကိုစတာပဲ ပွဲစစချင်းမှာ လင်းလင်းက စဆိုတော့ ပိရိသတ်နဲ့ အတွဲညီညီပေါ့ နောက် ဝိုင်ဝိုင်း သူကလည်းပရိတ်သတ်တွေကို သူရဲ့ သီချင်းတွေနဲ့ စီးမျောနေအောင်စွမ်းဆောင်လို့ပေါ့ ပြီးတော့ မျိုးကြီး ၊ မျိုးကြီးအလှည့်မှာတော့ ပရိတ်တွေနဲ့ တကယ့်ကို အားပါးတရ အတွဲညီညီနဲ့ပါပဲ အငဲအလှည့်ရောက်တော့လည်း သီချင်းဟောင်းရော အသစ်ရောနဲ့ ပရိသတ်ကို ဆွဲခေါ်သွားးခဲ့ပါတယ် ၊ ကိုအငဲက “အိမ် “သီချင်းကိုလဲ ပရိသတ်တွေအတွက် ဆိုသွားခဲ့ပါတယ်IC ရဲ့ ပရိသတ်တွေကတော့ ထုံးစံအတိုင်း ကိုလေးဖြူကို အော်နေကျတာပေါ့ အဲတာကြောင့်ထင်တယ် အငဲက “အသက်ကြီးကြီး ဆံပင်၇ှည်ရှည်နဲ့ အဖိုးကြီးကိုပဲ အော်နေကျပါလား “လို့ပြောသွားတဲ့ အထိပါပဲ ။ နောက်တော့ အားလုံး စောင့်စားနေတဲ့ ကိုလေးဖြူကအလှည့်ပေါ့ ကိုလေးက “တွေ့တွေ့ချင်း မတွေ့ရတာကြာပြီနော်တဲ့ ဒီလောက်မိုးကြီးလေကြီး ကြားရက်ထဲမှာတောင်လာတယ်ပေါ့”
ကိုလေးဖြူကလဲ ပရိသတ်ကို သူ့သီချင်းတွေဖမ်းစားပြီး အားရပါးရ ဖျော်ဖြေခဲ့တာပေါ့် ကိုလေးဖြူပြီးတော့ ပထမပိုင်းအစီစဉ်ပြီးပါတယ် ။.
ပြီးတော့ ဒုတိယပိုင်းကို ချက်ချင်းပဲပြန်စတယ် နားတောင်မနားခဲ့ပါဘူး ။ IC show ကတော့ သူရဲ့ ထုံးစံအတိုင်း ပရိသတ်ကို လုံးဝမညာဘူး စမယ်ဆိုတဲ့ အချိန်စတယ် နောက်တစ်ခြားပွဲတွေလို လူပိုသွင်းတာလဲ မရှိ ကြောငြာထားတဲ့ အဆိုတော်တွနဲ့ပဲ အပြည့်အဝဆိုတယ် နောက်ပရိတ်သတ်ကို မိုက်ထိုးပေးပြီး မိုက်မခိုးဘူး တကယ့်ကို အားပါးတရကိုဖျော်ဖြေခခဲ့တာပါပဲ
ဒုတိယပိုင်းအစီစဉ်မှာဆို အငဲ ၊မျိုးကြီး ၊လေးဖြူ (3) ယောက်လုံးက အောက်တောင်မဆင်းတော့ပဲ အလှည့်ကျကို ဖျော်ဖြေခဲ့တာတကယ့်ကို အားရစရာပါပဲ ။ ပတ်ကားရှင်းသိးတဲ့သူကတီး drum တီးတဲ့သူကတီးနဲ့ ပရိတ်သတ်ကို ဝယ်ထားရတဲ့ လက်မှတ်ဖိုးနဲ့တန်အောင် တင်ဆက်ခဲ့ပါတယ် ။ နောက်ဆုံး ပွဲကမပြီးတော့လို့ မပြီးသေးဘူးလားလို့ပြောရတဲ့ အထိကို အားပါးတရကိုဖျော်ဖြေခဲ့တာ ပရိသတ်နဲ့ IC က တစ်သားထဲကိုဖြစ်လို့ပေါ့ .

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..