အဖြေမှန်ရင် US$ 100 ချက်ချင်းပေးပါမယ် ..English lesson

fattyJune 24, 20111min21925

ဒီပိုစ်က တခါတုန်းက ကျနော် တနည်းတလမ်းနဲ့တင်ပြီးသားပါ …။ ဘယ်သူမှ မဖြေနိုင်ကြဘူး ဒီတခါကြိုးစားကြည့်ပါအုံး ..။

တခါက ဘုရင်တပါးက သူ့အမတ်ကြီးကိုဘယ်လောက်ပညာရှိလဲစမ်းချင်လို့ ထောင်ထဲသွင်းလိုက်တယ်။ ထောင်မှာ ထွက်ပေါက် ၂ ပေါက်ရှိတယ်။ တပေါက်က
ထွက်ရင် သေမယ်။ တခြားတပေါက်ကတော့ရှင်မယ်ပေါ့။ အဲဒီအပေါက်၂ ပေါက်ကို အစောင့်၂ ရောက်ချထားတယ်။ တပေါက်ကိုတယာက်ပေါ့။
အစောင့်တယောက်က အမှန်အတိုင်းပြောတတ်တယ်။ အခြားတယောက်က လိမ်ညာပြီးပြောတတ်တယ်။ ဘယ်အပေါက်ကို ဘယ်သူစောင့်လဲဆိုတာ အမတ်ကြီးမသိရဘူး။
အမတ်ကြီးကို အခွင့်အရေးပေးထားတယ် ။ တစ်ခွန်းသောမေးခွန်းကို အစောင့်တစ်ယောက်ကိုသာမေးပြီး ထွက်နိုင်တယ်တဲ့။

အဲဒိမေးခွန်းကိုမေးပြီးအမတ်ကြီးက အသက်ရှင်အောင်ထွက်သွားနိုင်တယ်။ အဲဒီမေးခွန်းက ဘာဖြစ်မလဲ။
မှတ်ချက် …. အမတ်ကြီးမေးတဲ့မေးခွန်းကို အင်္ဂလိပ်လို မေးပြရမှာပါ။ ( Sentence တစ်ကြောင်းဘဲဖြစ်ရမယ်နော် )
အချိန်ကို မနက်ဖန် အဖြေမှန်ထုတ်တဲ့အထိ ပေးထားပါမယ်။

25 comments

  • PinkCandy

    June 24, 2011 at 6:43 am

    ပညာရှိကြီးမေးလိုက်တာက လေးလေးဖက်ရဲ့ US$100 ဘယ်တော့သူ့အိတ်ထဲရောက်မလဲတဲ့ 😀
    candy မသိဘူးရှင့်

  • Myanmar

    June 24, 2011 at 8:50 am

    The answer is “Which door would the other person say is the right one ( the door to live)” The truth teller will tell you the wrong door ( the door to death) since that is what the liar would say and the liar would say the wrong one since he would lie about the truth-teller who would tell you the right door. So you just go through the opposite door rahter than the door they tell you.
    I was asked to solve such a riddle by one of my friends at high school and I did not get the right answer and he told me the answer. It is now seen on the internet.
    Dear U Fatty, please do not give me $100 for that riddle is already on the internet. You can use it for union meeting of members of MG.Thank you for putting such a brain teasers for us. I ask you to put such things more.

  • Myanmar

    June 24, 2011 at 8:51 am

    The answer is “Which door would the other person say is the right one ( the door to live)?” The truth teller will tell you the wrong door ( the door to death) since that is what the liar would say and the liar would say the wrong one since he would lie about the truth-teller who would tell you the right door. So you just go through the opposite door rather than the door they tell you.
    I was asked to solve such a riddle by one of my friends at high school and I did not get the right answer and he told me the answer. It is now seen on the internet.
    Dear U Fatty, please do not give me $100 for that riddle is already on the internet. You can use it for union meeting of members of MG.Thank you for putting such a brain teasers for us. I ask you to put such things more.

    • nature

      June 24, 2011 at 5:48 pm

      Sorry နော် + နှိပ်လိုတာမှားပြီး – ဖြစ်သွားတယ်။ ပြင်လို့ မမှီလိုက်ဘူး။

  • etone

    June 24, 2011 at 9:50 am

    USD 100 အရင်ပေးထားလိုက် ပြီးမှပဲ အဖြေပြောတော့မယ် 😛

  • shweminthar

    June 24, 2011 at 11:03 am

    ဦးဖတ် မေးထားတာလေး တွေ စိတ်ဝင်စားလို့ လိုက်စဉ်းစားမိပေမယ့်
    ကျနော်က english မကျွမ်းလို့ မဖြေရဲဘူး ဖြစ်နေတယ်။
    ကိုယ်ဖြေလိုက်မှ မမှန်တာ အကြောင်းမဟုတ် ၊ လူရီ ဖြစ်နေမှ ဝိုင်းဟားတာ ခံနေရမှာ ဆိုးလို့
    မဖြေတော့ဘူးနော်…..

  • ရွှေဘိုသား

    June 24, 2011 at 11:24 am

    ညကျမှ အိမ်ကမိန်းမနဲ.တိုင်ပင်ပြီး မနက်စောစောလာဖြေတော.မယ်ဗျာ

  • MaMa

    June 24, 2011 at 12:15 pm

    Which gate you will go out?
    ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်သွားမယ့် ဂိတ်ကိုတော့ အမှန်အတိုင်း ရွေးကြမှာပဲ။
    အရင်မေးတာတွေတုန်းက ဆုကြေးနည်းလို့ ရမ်းမတုတ်တော့ဘူး။ ခုတော့ မှားရင် ပြန်လျှော်ရမယ် မပါလို့ ရမ်းတုတ်လိုက်ပါသည်။ 😛

  • MaMa

    June 24, 2011 at 12:18 pm

    Which gate will you go out?
    ဝါကျစီတာ မှားသွားလို့ ပြန်ပြင်လိုက်ပါသည်။

  • MaMa

    June 24, 2011 at 12:23 pm

    Through which gate will u go out?
    ဝါကျစီတာ မှားသွားလို့ ပြန်ပြင်လိုက်ပါသည်။

  • cobra

    June 24, 2011 at 12:44 pm

    ဟားဟားဟား
    ဒါလေးများလွယ်လွယ်လေး
    ကျွန်တော်မသိဘူး…။

  • fatty

    June 24, 2011 at 1:42 pm

    မြန်မာ အဖြေမှန်သွားပါပြီ ….။ ဒီမှာဘဲနေတယ်ဆိုရင် ဘယ်ကိုငွေလွှဲပေးရမလဲ။ တခြားနိုင်ငံမှာနေတယ်ဆိုရင်တော့ Singapore account မှ လွှဲပေးပါမည်။
    မြန်မာအားတခုတောင်းဆိုလိုသည်မှာ … အဖြေကို မြန်မာလိုပြန်ပြီး ရှင်ပြပေးစေလိုပါသည်။
    ကျေးဇူးလဲတင်ပါသည်။ …..။

  • antimoe

    June 24, 2011 at 2:00 pm

    ဂိတ်စောင့်၂ယောက်ထဲက….တစ်ယောက်ထံသွားပြီးတော့….
    ဟိုလူ(မျက်နှာချင်းဆိုင်ကလူကို လက်ညှိုးထိုးပြီး)ပြောတဲ့……ရှင်ဖို့လမ်းက…..ဘယ်တစ်ပေါက်လဲ။
    လို့မေးပြီး……
    သူပြောပြတဲ့အပေါက်နဲ့ …..ဆန့်ကျင်တဲ့အပေါက်ကနေထွက်တာပါ။

  • antimoe

    June 24, 2011 at 2:03 pm

    မြန်မာ့ ဟာကို …..မြန်မာပြန်ပေးလိုက်တာပါ။

  • Myanmar

    June 25, 2011 at 3:26 am

    Thank you U Fatty. Currently, I am not in Myanmar. I do not deserve to accept your reward for the answer is not from my own thinking and effort. I know the answer because I have already got it from my friends years ago. So, if you want to use it, use it for union meeting of members of MG as I have mentioned already.
    To translate it to Myanmar, I could not type Myanmar font well. I am sorry for my failure to do so. Antimoe did the beautiful Myanmar translation of the answer. I think it works well.
    I love your posts and most of the posts at MG site. I will be away from MG for some time as I am going to the place where the internet access is limited. Wishing all the members of MG good luck and success!

    • bigcat

      June 25, 2011 at 3:41 am

      ကိုမြန်မာ နေကောင်းလား။ နာမည်ရင်းကို အများနဲ့ဆိုင်တဲ့ ဆိုက်ဖြစ်နေလို့ မခေါ်တော့ဘူး။ ကျနော်က ခင်ဗျားနဲ့ ဟိုက်စကူးကျောင်းနေဖက်yပါ။ မှတ်မိသေးလား ကျောင်းပြေးပြီး အတွဲချောင်းခဲ့တာ။ အဲဒီကထဲကကွဲသွားတာ အခုခင်ဗျားပြောမှ ပြန်ဆုံရတယ်။ အဲဒီပုစာ္ဆမေးတုန်းက ခင်ဗျားတင်မကဘူး ဘယ်သူမှ မသိဘူး၊ ကျနော်ဖြေလိုက်တော့ ခင်ဗျားက ဟာ..ဟုတ်သားပဲလို့ ပြောသေးတယ်လေ။ ဘူးသီးမှအရီးတော်တာ မဟုတ်ဘူးနော်။ ခင်ဗျားရဲ့ ရိုးသားမှုကို လေးစားပါတယ်။ လူတိုင်း ကိုမြန်မာလို သိတတ်ကြရင် ကောင်းမှာပဲ။ ပြောနေရရင် ဟုတ်တော့ဘူး။ 😐

    • MaMa

      June 25, 2011 at 3:59 am

      ဆုပေးပြီး စာသင်ပေးတဲ့ ဦးဖက်တီးကိုရော၊ ရိုးသားစွာငြင်းပယ်တဲ့ မြန်မာ ကိုရော၊ တော်တီးတီးတော်တဲ့ ကိုကြောင်ကြီးကိုရော လေးစားပါတယ်။

  • Myanmar

    June 25, 2011 at 3:57 am

    @ Mr. Bigcat : I love your sense of humour. To be honest with you, I never did school truancy at high school. Again, it was asked by one of my best friends who lives in US now. At that time, there was only two of us. I am sure you are not him for he could not type Myanmar font well and he is not well in composing the lovely poems like you. And he is not well composed with Myanmar language and literature like you. Anyway, thank you for your post. It makes me smile.
    @Antimoe : Thank you for your beautiful Myanmar translation of the answer.

  • fatty

    June 25, 2011 at 4:18 am

    ကိုကြောင်ကြီးကို …. ကိုပြောင်ကြီးလို့ပြောင်းခေါ်ရင်ကောင်းမယ် … အပြောင်အပျက်တော့
    အတော်ကောင်းတယ်ဗျို့ … နိုင်ငံတကာလှည့်ပြီး ဖြော်ဖြေပါလား …။ အလုပ်အတော်ဖြစ်မယ်။
    လောလောဆယ် ဗီယက်နမ် နဲ့ ချိုင်းနား တလှည့်စီသွား ….။

    • parlayar46

      June 25, 2011 at 5:14 am

      Myanmar ရဲ့သူငယ်ချင်းက သပ်သပ်၊ ကိုကြောင်ကြီးနဲ့ သူ့ သူငယ်ချင်းက သပ်သပ် ဖြစ်ပုံရပါတယ်။
      ဒီပုစ္ဆာမျိုးက အခြား မေးဘူး ဖြေဘူး သူများလဲရှိနိုင်ပါတယ်။
      အထူးသဖြင့်တော့ England ကအစပြုတဲ့ logic ပုစ္ဆာတွေ တချိန်က တော်တော်ခေတ်စားခဲ့ဘူးတာကိုး။

  • ရွှေဘိုသား

    June 25, 2011 at 4:25 am

    ိုကိုမြန်မာ အဖြေကို သိသလောက်မြန်မာ ပြန်ပေးလိုက်ပါတယ်
    အမတ်ကြီးက အစောင်.တစ်ယောက်ထံသွားပြီး “ဟိုဘက်အစောင်.ကပြောတယ် သူ.အပေါက်ကထွက်ရင်
    လွတ်မယ်လို.”ပြောတယ်ဆိုပြီး မေးလိုက်တယ်။
    အဖြေက အစောင်.ပြောတဲ.အပေါက်နဲ. ဆန်.ကျင်ဘက်ကို ဖြေရမယ်။
    အဘယ်ကြောင်.ဆိုသော်(ဘယ်ဘက် အပေါက်ကိုလွတ်တဲ.ပေါက်,ညာဘက်အပေါက်ကို သေတဲ.အပေါက်
    လို.ဆိုကြပါစို.)
    အမတ်ကြီးက အမှန်တိုင်းပြောတဲ.သူလား လိမ်ညာပြောတဲ.လူလားမသိနိုင်ဘူး။
    ဘယ်လမ်းကလွတ်မယ် ဘယ်လမ်းကရှင်မယ်လည်းသူမသိနိုင်ဘူး ဒါ.ကြောင်.အမတ်ကြီးက
    ဘယ်ဘက်အစောင်.ကိုသွားပြီး မေးလိုက်တယ်။
    သူမေးလိုက်တဲ.ဘယ်ဘက်အစောင်က အမှန်တိုင်းပြောတဲ.အစောင်.ဖြစ်ခဲ.ရင် “မဟုတ်ဘူး ညာဘက်အပေါက်ကထွက်ရင် မင်းသေလိမ်.မယ်”လို.ပြောလိမ်.မယ်။
    သူမေးတဲ.သူကဘယ်ဘက်အစောင်က အမှားပြောတဲ.အစောင်.ဖြစ်ခဲ.ရင် “ညာဘက်အပေါက်ကထွက်ရင် မင်းရှင်မယ်”လို.ပြောလိမ်.မယ်

    သူဦးတည်ပြီး မေးတဲ.ညာဘက်အပေါက်ရဲ.ဆန်.ကျင်ဖက်ဘယ်ဘက်အပေါက် ကိုရွေးလိုက်တဲ.အတွက် အမတ်ကြီးလွတ်မြောက်သွားပါတယ်

    အပြန်အလှန်စဉ်းစားကြည်.လို.လ ည်း ရပါတယ်။

  • ရွှေဘိုသား

    June 25, 2011 at 4:58 am

    ညကဖြေမလို. မိန်းမနဲ.တိုင်ပင်မလို.ဟာ
    စိတ်ကောက်ပြီး စကားမပြောဖြစ်လို.

Leave a Reply