မန္တလေး ဈေးချိုတော်တွင် ယနေ့(ဇွန် ၂၄ ရက်နေ့) မွန်းတည့်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

MaungMinJune 24, 20111min1068

မန္တလေးဈေးချိုတော်တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ တိတိက ရပ်ထားသော ကားတစ်စီးပေါ်မှ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂ရ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ဂျစ်ကားတစ်စီးပေါ်မှ ယနေ့ မွန်းတည့် ၁၂ နာရီတိတိ အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ ဂျစ်ကားမှာမူ ပျက်စီးသွားပြီး ထပ်မံ၍ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေကြောင်း သိရှိရသည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=9090:2011-06-24-06-27-09&catid=44:2009-11-10-07-31-38&Itemid=113

 

8 comments

  • fatty

    June 24, 2011 at 7:09 am

    သတင်းဦးမို့ကျေးဇူးဗျို့

    • syatds

      June 24, 2011 at 8:11 am

      နေပြည်တော်မှာ ဗုံးပေါက်တာမဟုတ်ပါဘူး။ Air con ဆိုင်က ဂတ်စ်အိုးပေါက်တာပါတဲ့။

      • နွယ်ပင်

        June 24, 2011 at 8:43 am

        နေပြည်တော်က လူကိုဖုန်းဆက်မေးကြည့်တော့ 2း00 နာရီလောက်က သပြေကုန်းမြှ ပေါက်တာ လို့ပြောတယ်

  • Endless

    June 24, 2011 at 7:43 am

    မေမြို့ မှာလဲ တစ်ပြိုင်တည်း… ပေါက်တယ်လို့ ကြားပါတယ်…

    • MaungMin

      June 25, 2011 at 11:40 am

      ကိုယ်တိုင်မြင်ရတာမဟုတ်ဘဲ ရထားတဲ့ သတင်းဆိုဒ်တွေက ရတာကို အချင်းချင်းသိရအောင် ဖြန့်ပေးတာပါ။ ညနေအထိ Pajero လို့ သိရတယ်။ ဒီနေ့သတင်းစာထဲမှာတော့ Surf ဖြစ်သွားတယ် ။ Without တဲ့။
      နားလည်ပေးပါ။

Leave a Reply