ဘာကြောင့် ဗုံးတွေ ခွဲ ရသလဲ

မောင် ပေJune 24, 20111min30229

ကျုပ် တို ့ရွာထဲ မှာ ဝင်ဖတ်နေသူ တွေ ထဲ မှာလည်းကောင်း ၊ သို ့မဟုတ် ကျုပ်တို ့ရွာသူ ရွာသား များ ကိုယ်တိုင်သော် လည်း ကောင်း ဗုံးခွဲမှု ကို ကြိုးကိုင်နေသည့် အဖွဲ ့အစည်း များနှင့် တစ်စုံတစ်ရာ ဆက်နွယ်နေသူများ ပါနိုင်သည်ဟု  ကျုပ် စိတ်ကူးယဉ်မိ ပြီး ဒီပို ့စ်လေး ကို တင်ဖြစ်ပါတယ် ။ တစ်ကယ်လို ့ကျုပ် စိတ်ကူး မှား ခဲ့ရင်လည်း  “ မှားတဲ့အခါ လည်း မှားပေမပေါ့ ” ပေါ့ဗျာ ။ နော်…စိတ်ကူးပဲ ..။ ပိုက်ဆံ ပေးရတာမှ မဟုတ်တာ….နော ။                ကျုပ် က မန်းတလေး သား ပါ ။ 24.6.2011 ဒီနေ ့ဟာ ဦးပုသ်နေ ့ဗျာ ။ ဈေးချို ပိတ် တယ် ဗျ ။ ဒီနေ ့မနက် ၉ နာရီ လောက် မိုးက ဖွဲဖွဲလေး ရွာနေတယ် ။ ဦးပုသ်နေ ့ဆိုတော့ မနက်ပိုင်း ရွှေကျီးမြင့် ဘုရား သွားဖူးတယ် ဗျာ ။ ပြီးတော့ မြို  ့မ ရုပ်ရှင် ရုံ မှာ ၁ဝ နာရီ ကား သွားထိုင်ကြည့်နေတယ် ။ ၁၁ ခွဲ လောက်ကြ အိမ်က ဖုန်းဆက် လာတယ် ။ မင်း ပြန်မလာသေးဘူးလား တဲ့ ။ ကျုပ် လဲ ခဏစောင့်ပါ လို ့ရုပ်ရှင်ကြည့်နေတာမို ့ပါဆိုတော့ ။ ဗုံးကွဲ တယ် ပြောသံ ကြားတယ် တဲ့ ။ အသံ အကျယ်ကြီး ကြားလိုက်တယ် တဲ့ ။ အဲဒါ သတိထား ပြန်ခဲ့ပါတဲ့ ။ စိတ်ပူစွာနဲ ့ဆက်လာတာပေါ့ ဗျာ ။ ဒါနဲ ့ကျုပ်မှာ ရုံထဲ က နေ ထ ပြန်လာချင်တာပေါ့ ဗျာ ။ ရုပ်ရှင်ကြည့်နေ ရင်း နဲ ့ကြောက်လာမိတယ် ။ ရုပ်ရှင်ရုံ ထဲ ရောက်နေတာ ဆိုတော့ ။ အရေးထဲ ကြည့်နေတဲ့ ကား က ကုလားကား ။ ပေက ရှည်တယ် ။ မပြီးနိုင်ဘူး ။ ရုပ်ရှင်ရုံ က ရုပ်ရှင် မပြီးသေးခင် ပေးမထွက်ဘူး ။ ရုပ်ရှင် ပြီး တော့ အိမ် ကို တန်းပြေးတယ် ။ အိမ်ရောက်တော့ မေးမြန်းကြည့်တော့ ၂၈ လမ်းနားမှာ တဲ့ ။ ( ကျွန်တော့် အိမ်က ဈေးချိုနားတွင် ဖြစ်သည် ) ဒါနဲ ့အတိအကျ မေးတော့ ၂၇x၂၈ကြား ၈၄ လမ်း ပေါ ် ဈေးချို ဟိုတယ် အောက် မှာ ရပ်ထားတဲ့ ဂျစ်ကားက ကွဲတာတဲ့ ။ ဗုံး ကို ကားမှာ ကပ်သွားတယ် တဲ့ ။ ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်နိုင်တယ် တဲ့  ။ ကံကောင်းထောက်မ စွာနဲ ့အသေအပျောက် မရှိတဲ့ ။ သို ့သော် ဆေးရုံကြီး အရေးပေါ ်ဌာန သို ့၂ ယောက် ပို ့လိုက်ရသတဲ့ ။ ဂျစ်ကား ကတော့ ဖရိန်ပဲ ကျန်ခဲ့တယ် တဲ့ ။ ဦးပုသ်နေ ့မို ့ခံရတဲ့ သူ နည်းတာ ဗျ ။ ဈေးပိတ်တယ် လေ ။ ခါတိုင်း လို နေ ့မျိုး ဆိုရင် အဲဒီ့နား က လူတွေ မလွယ်ဘူး လို ့။  ဂျစ်ကား ပိုင်ရှင်တော့ လစ်ပြီ လို ့။ ဂျစ်ကား တန်ဘိုး သိပ်မကြီးပေမယ့် လဲ ကားတစ်စီး သုံးမရအောင် ဖြစ်လို ့ကိုယ်ချင်းစာ နေမိတယ် ဗျာ ။ အဲဒီ ဗုံး ခွဲတဲ့သူ တွေ ဟာ ဘာရည်ရွယ် ချက် နဲ ့များ ခွဲ ရတာလဲ လို ့သိချင်လာတယ် ။ ခွဲတဲ့ နေရာ က တစ်ကယ့် နေရာ ။ ဈေးချို အလယ်ပေါက် ရဲ  ့တောင်ဘက်နား လေး တင် ။ ဈေးနေ ့မျိုးမှာ သာ ခွဲ မယ် ဆိုရင် အသေအပျောက် တွေ ရှိလာနိုင်တယ် ။ တစ်ကယ်လို ့ခွဲလိုက်လို ့သေကြပြီ ထိခိုက်ဒဏ်ရာ ရကြပြီ ဆိုရင် အပြစ်မဲ့ ပြည်သူ တွေ ပဲ ထိခိုက် ခံစားကြရမှာ လေ ။ ဗုံးခွဲ တဲ့ သူ တွေ ကို သူတို ့ခဗျာ လည်း မသိ ။ ဗုံးခွဲ တဲ့ သူတွေ ရဲ  ့  အကျိုးစီးပွား ကို ဖျက်စီးနေသူ တွေ လဲ မဟုတ် ။  အုပ်ချုပ်သူတွေ ကို မကျေနပ် လို ့တော်လှန်တယ် လို ့ပဲ သူတို ့ပြန်ဖြေကြမလား ။ မကျေနပ် ဘူး ဆိုရင်လည်း ကိုယ်တိုင် အုပ်ချုပ်သူ နေရာ ကို ရောက်အောင် လုပ်ကြ ပါလား လို ့။ ကြိုးစား ကြ ပါလား လို ့။ သူ  ့နည်း သူ ့ဟန် နဲ ့ပေါ့ ။ ကိုယ်တိုင် အုပ်ချုပ်သူ နေရာ ရောက်လာ မှ ကိုယ်ပြင်ချင်တဲ့ စနစ် ကို ပြင်ပေါ့ ဗျာ ။ အခုကြတော့ အကြမ်းဖက် နည်း နဲ ့ဗုံးခွဲ တယ် ဆိုတော့ ။ ဗုံးခွဲ သူ တွေ ဟာ ဘယ်ဘာသာဝင်များ ဖြစ်နိုင်မလဲ လို ့လည်း စိတ်ကူး မိတယ် ။ ဘယ်ဘာသာ မှာ ဖြစ်ဖြစ် ငရဲ ဆိုတာ ရှိပါတယ် ။ ငရဲ ကျ မှာ ကို မကြောက်ကြဘူးလား လို ့ ။ တစ်ကယ်လို ့ငရဲ မကြောက်လို ့တဇောက်ကန်း လုပ်သူတွေ ဆိုရင်လည်း ကိုယ်ခွဲ လိုက်တဲ့ နေရာ မှာ ခွဲလိုက်တဲ့ အချိန်မှာ ကိုယ် ချစ်ရတဲ့ ကိုယ့်ဆွေမျိုးသားချင်း မိဘ တွေ များ ရှိနေခဲ့မယ် ဆိုတဲ့ ကိုယ်ချင်းစာစိတ် လေးများ မရှိကြဘူးလား လို ့တွေးမိပါတယ် ဗျာ ။ လူဆိုတာ ကိုယ့်အသားနာ မှာ ကို အင်မတန် မှ ကြောက်ကြတဲ့ အမျိုး မလား ။ ဗုံးခွဲတဲ့ သူတွေ ဟာ ကိုယ်ခွဲ လိုက်တဲ့ ဗုံးကြောင့် ထိခိုက်သွားသူတွေ လို များ ကိုယ်တိုင် ခံ စား ခဲ့ရမယ် ဆိုတဲ့ စာနစိတ်လေးများ မရှိကြတော့ဘူး ထင်ပါရဲ  ့ဗျာ ။  ဒါကတော့ ကျုပ် ရဲ  ့ ခံစားမိသလို လေး ကို ရေးပြီး တင်ထားတာပါ ။ ရွာသူ ရွာသား များလည်း ကိုယ့်ထင်မြင်ချက် နဲ ့ကိုယ် ၊ ကိုယ့်အတွေး နဲ ့ကိုယ် ဆက်လက် တင်ပြပေးနိုင်ပါကြောင်း ။ အခု ဒီစာရေး နေရင်း နဲ ့ထပ်ကြားရတဲ့ သတင်း က တော့ နားစည်ကွဲသူ တစ်ယောက် ၊ ပေါင်ပြတ်သွားသူ တစ်ယောက် တွေ ့ရတယ် တဲ့ ဗျာ ။

29 comments

  • captainamerica

    June 24, 2011 at 8:52 am

    သဘောထားချင်းသိပ်တူတာပေါ့ကိုတော်ကာရယ်။ အစိုးရကိုသူတို.ဘာသူတို.ဘယ်လိုတိုက်ခိုက် တိုက်ခိုက်
    အပြစ်မဲ့တဲ့ပြည်သူပြည်သားတွေကိုဘယ်လိုရည်ရွယ်ချက်နဲ.မှထိခိုက်အောင်တော့မလုပ်သင့်ဝူးလို.ထင်တယ်။

  • eros

    June 24, 2011 at 10:21 am

    ရေးသူရဲ့ သဘောထားနဲ့ ထပ်တူပါပဲ။ အလကားသက်သက် အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်တာပါပဲ။ ပြည်သူတွေကို တိုက်ခိုက်တဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက်သမားတွေကို ဆန့်ကျင်ပါတယ်။ အကြမ်းဖက်ဝါဒီတွေကို ဆန့်ကျင်ကြပါစို့။

  • Ko Ko Aung

    June 24, 2011 at 11:34 am

    အပြစ်မဲ့ပြည်သူတွေကို ဘာမှမဆိုင်သူတွေကို အကြမ်းဖက်တိုက်ခိုက်တာကို ပြင်းထန်စွာရှုံ့ချပါတယ်။
    သူရဲဘောကြောင်တဲ့လုပ်ရပ်၊ အဆင်ခြင်ကင်းမဲ့တဲ့လုပ်ရပ်၊ ဆိုးရွားယုတ်မာတဲ့လုပ်ရပ်ဖြစ်ပါတယ်။
    အဲသလိုလူယုတ်မာတွေကို အခုရော နောင်ပါ လုံးဝခွင့်မလွှတ်သင့်ပါဘူး။
    ဘယ်လိုအကြာင်းပြချက်နဲ့ဖြစ်ဖြစ် လုံးဝ လွတ်ငြိမ်းချမ်းသာခွင့် မရထိုက်ပါဘူး။
    ကြိုက်သလို လူသတ် ဗုံးခွဲလာပြီးမှ အနေမချောင်တော့လို့ ရောင်တော်ပြန်နဲ့ရောလွှတ်ပြီး (ဘာနဲ့ဘာနဲ့လဲပြီး) သူဌေးတက်လုပ်ဘို့ ကြိုးစားလာရင်လဲ လုံးဝလက်မခံထိုက်ပါဘူး။

  • cobra

    June 24, 2011 at 12:37 pm

    အော်…..
    ကြားထဲကခံနေရတဲ့ပြည်သူတွေကိုလည်းထည့်တွက်ကြပါဦး။
    ဘာ့ကြောင့်လုပ်နေကြတာလဲ။
    ဘာ့အတွက်လုပ်နေကြတာလဲ။
    ဘယ့်သူ့အတွက်လုပ်နေကြတာလဲ။
    အပြစ်မဲ့တဲ့ပြည်သူတွေကိုသနားကြပါဗျာ…..။

  • jaukjack999

    June 24, 2011 at 2:41 pm

    ဟုတ်တယ် အဲလို မလုပ်သင့်ဘူးး ကျနော်တို့ ပြည်သူတွေ က အေးအေးဆေးဆေး နေတာ ပါ။ ဘာလို့အဲလို လုပ်ရတာ လဲ …….လုံးဝ မဖြစ်သင့်တဲ့ အကြံအစည် တွေ ပါ ………

  • unclegyi1974

    June 24, 2011 at 3:10 pm

    အဖျက်သမားလည်းလူပဲလေသူ့အသက်ကိုသူချစ်တာပေါ့
    သူများအသက်ကတော့တာ့တာ့ပဲ
    နိုင်ငံတကာမှာလည်းဗုံးခွဲပြီဆိုဘယ်နေရာလည်းကြည့်
    လူကြားထဲ လူစည်တဲ့နေရာ
    စစ်တပ်ကြား ရဲစခန်းထဲ ဝင်ခွဲတယ်လိုဘယ်နှစ်ခါကြာသလဲ
    အဲဒီနေရာတွေသွားခွဲရင်သူတို့သေ မှာပေါ့
    ဘာပြောပြောလူကြားထဲဗုံးခွဲတာကိုပြင်းထန်စွာရှုံချပါကြောင်း

  • surf

    June 24, 2011 at 3:12 pm

    ရေးသူရဲ့ သဘောထားနဲ့ ထပ်တူပါပဲ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်တာ ဆိုးရွားယုတ်မာတဲ့လုပ်ရပ်ပါ။ ပြည်သူတွေ က အေးအေးဆေးဆေး နေတာ ပါ။ ဘာမှမဆိုင်သူတွေကို အကြမ်းဖက်တိုက်ခိုက်တာကို ဆန့်ကျင်ပါတယ်။ အကြမ်းဖက်ဝါဒီတွေကို ဘယ်လိုအကြာင်းပြချက်နဲ့ဖြစ်ဖြစ် လုံးဝ လုံးဝလက်မခံထိုက်ပါဘူး။ အကြမ်းဖက်ဝါဒီတွေကို လုံးဝ မဖြစ်သင့်တဲ့ အကြံအစည် တွေ ကို ဆန့်ကျင်ကြပါစို့

  • မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဆိုသလိုပါဘဲ။
    တကယ်ထိခိုက်ခံစားရတာက သာမန်ပြည်သူလက်လုပ်လက်စားလေးတွေပါဗျာ။
    ဒီလို မလုပ်သင့်ဘူးလို့ လုံးဝ သတ်မှတ်ပါတယ်။

  • kai

    June 24, 2011 at 8:14 pm

    “တရားနှင် ့ဓား ၊ အားနှစ်အားတွင် ၊ တရားကိုချစ် ၊ ဓားကို ပစ်အံ ့…. စစ်ကိုငါတို ့မုန်းပါသည်။

    ဆိုတော့..
    ဘယ်သူမဆို… ဘယ်အကြောင်းနဲ့မဆို… လက်နက်နဲ့ အင်အားသုံး ဖြေရှင်းတာကို.. ငါတို ့မုန်းပါသည်။

  • shweminthar

    June 25, 2011 at 12:24 am

    ဒီအသံ ကြားချင်လို့ ဒီဂွင် ဆင်တာ လဲ ဖြစ်နေဦးမယ်

  • natthamee

    June 25, 2011 at 2:01 am

    အရမ်းဗုံးဖောက်ချင်နေရင်လဲ ရုပ်ရှင်တွေထဲကလို ကိုယ့်ကိုယ်မှာ ဗုံးတွေကပ်ပြီး သမတလာမဲ့လမ်းမှာစောင့်၊ ပြီးရင် အနားရောက်မှ ဖောက်လိုက်လေ၊ အခုတော့ ပြည်သူတွေပဲ စိတ်ဆင်းရဲရတယ်။

  • shadowless

    June 25, 2011 at 2:19 am

    ဘာကြောင့် ဗုံးတွေခွဲရသလဲဆိုတော့ကာ

    ဘယ်သူတွေကခွဲသလဲ အရင်သိဖို့လိုပါမယ်
    ဒါမှ ဘာကြောင့်ခွဲတယ် စဉ်းစားမိဖို့လွယ်ပါမယ်

    ယမ်းဗုံးခွဲလိုက်လို့ အသက် သေတဲ့သူတွေရှိခဲ့သလို
    လေဗုံးခွဲလိုက်လို့ ဘဝ သေတဲ့သူတွေရှိခဲ့မှာပါ

    “တရားနှင် ့ဓား ၊ အားနှစ်အားတွင် ၊ တရားကိုချစ် ၊ ဓားကို ပစ်အံ ့…. စစ်ကိုငါတို ့မုန်းပါသည်။ ”
    စစ်ကို မုန်းပါတယ် ရန်ကို ရန်ချင်းတုံ့နှင်းတာ မကောင်းပါဘူး

    ဒါပေမယ့် ဓားကို ပစ်လို့ မဖြစ်နိုင်သေးပါဘူး
    လက်ထဲမှာ ဓားကိုင်ထားတာက ရန်မူဖို့ မဟုတ်ရပါဘူး
    မိမိ ချစ်မြတ်နိုးတဲ့ အရာတွေကို ကာကွယ်ဖို့ပါ

    တော်လှန်ရေးတစ်ခုအတွက်
    အသက်စတေးရတဲ့သူတွေကတော့ ရှိစမြဲပါ
    တောထဲမှာ နေတဲ့သူ ဖြစ်ချင်ဖြစ်မယ်
    မြို့ပေါ်မှာ နေတဲ့သူ ဖြစ်ချင်ဖြစ်မယ်

    “ဘယ်သူမဆို… ဘယ်အကြောင်းနဲ့မဆို… လက်နက်နဲ့ အင်အားသုံး ဖြေရှင်းတာကို.. ငါတို ့မုန်းပါသည်။”
    မုန်းပါတယ်
    တစ်ခါတစ်ခါ မေတ္တာတရားနဲ့ မဖြစ်တော့လည်း ဝါးရင်းတုတ် တရားလေး ဟောရပါတယ်

  • Foreign Resident

    June 25, 2011 at 3:48 am

    I don’t know who made this explosion &
    I also don’t want the people to suffer.

    The only thing I am sure is
    they are not so stupid & they do their job to do.

    Quote,
    “Someone has got to do the (dirty) things (if) no one else wants to do.”
    JOHNNY (“MIKE”) SPANN,
    the first American to be killed on the ground in Afghanistan,
    on why he joined the CIA, according to his father.

  • bigcat

    June 25, 2011 at 4:05 am

    မျှမျှတတပြောမယ်နော်။ သူ့အသက်သတ်တာ မကောင်းဘူး၊ ဗုံခွဲတာမကောင်းဘူး၊ စစ်ဖြစ်တာမကောင်းဘူး။ ပြသနာတခုငြိမ်းစေချင်ရင် နှစ်ဖက်မျှမျှတတတွေးရတယ်။ နင်တို့ထိတော့ နာတတ်တယ်၊ ငါတို့မိဘဆွေမျိုးမောင်နှမတွေ နယ်စပ်တွေမှာ လူသတ်၊လုယက်၊ မုဒိမ်းကျင့်ခံရတာကြတော့ စစ်ဒဏ်ခံရလို့ မဆန်းဘူးပြောကြမှာလား။ နာတတ်ရင် နာစေတဲ့အကြောင်းတွေကို မလုပ်နဲ့။ အရင်ကမဖြစ်ဘဲ အခုမှ ဘာလို့ဖြစ်ရသလဲ… ဘယ်နေရာတွေမှာ စစ်ပွဲတွေပြန်ဖြစ်နေသလဲ။ ပါးရိုက်ရင် နားကိုက်တယ်ဆိုတာ မမေ့ကြနဲ့။ လက်နက်မရှိတဲ့ အတိုက်အခံဆိုရင် ပါးရိုက်လည်းခံ နားကိုက်လည်းခံရတယ်။ မြန်မာ့နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မကြိုးစားသ၍ ရှေ့ဆက်အဖြစ်ဆိုးတွေရှိနေအုံးမှာပဲ။ ကျနော်တို့ မြို့သားတွေ ခံရတာကို ကိုယ်ချင်းစာစိတ် မွေးပြီးနယ်စပ်ဒေသကို မောင်နှမ တိုင်းရင်းသားတွေဘဝကို စာနာပေးပါ။ အစိုးရကို တတ်နိုင်တဲ့ဖက်က ဝိုင်းဖိအားပေးပါ။ ကိုယ့်မြို့မှာ ဗုံးကွဲလို့ နာတတ်ရင် နယ်စပ်ဒေသမှာ ဗုံးကွဲတာတွေကိုလည်း နာပေးကြပါ။ လောကမှာ အပြန်အလှန် သက်ရောက်မှုဆိုတာ ရှိပါတယ်။

    • thuyaungmel

      June 25, 2011 at 2:06 pm

      အော် နယ်စပ်က လူတွေခံရလို့ မြို့ထဲကလူတွေ ဗုံးခွဲ သတ်ခံရရင်တရားတယ်ပေါ့…. နင်တို့ နယ်စပ်မှာ ရွာသားနဲ့ လက်နက်ကိုင်နဲ့ မကွဲဘူး ငါတို့မြို့မှာ စစ်သားနဲ့ ပြည်သူအသိသာကြီးပဲ အစိုးရမကျေနပ်လို့ခွဲချင်ရင် အစိုးရနဲ့ဆိုင်တဲ့နေရာတွေခွဲလေ ပြည်သူတွေနားခွဲတာကို နယ်စပ်က မောင်နှမတွေအတွက်လို့ နားလည်နေရမှာလား ငါတို့တော့ စစ်လဲမကြိုက်ဘူး အကြမ်းဖက်တာလဲ မကြိုက်ဘူး နားလည်မပေးနိုင်ဘူး

    • Foreign Resident

      June 25, 2011 at 10:54 pm

      First, I want to declare myself clear ” I don’t like terrorism “.

      But, I can understand why they ( let say KIA or KNU ) have to do it.
      Without bombing they cannot get people/international attention/care.

      Moreover, they might also want to say:
      “If there is no peace in ethnic tribal region ( let say Kachin or Kayin ),
      then, similarly, there must be no peace in main land ( eg, Yangon, Mandalay, Nay Pyi Taw & etc ).

      Eg; Muslim world get better attention from US bcoz of Bin Laden ( 9/11).
      ( even I really hate this Bin Laden, but fact is fact & it never lie ).

      I am pretty sure, If I were Kachin or Kayin ( actually, I am Burmese ),
      I will not regret doing this bombing.
      They fight for their people & they may be patriots.

      Sorry, I know a lot of people will not like my comment.
      But, this is the fact & the truth is sometime bitter.

      • thuyaungmel

        June 26, 2011 at 6:17 am

        You said I don’t like terrorism but you encourage them means you like them and if you were Kachin or Kayin you may do like this without regret?? “bombing and killing people. IF so, I hope some of your relatives may not die in the explosion.

        Get attention from international especially US. So what you expecting?? getting support, if you were lucky, get visa and to live there shouting our Government torture us, our country is very poor we have no food to eat like that …

        You know actually I’m Kachin but if KIA did this bomb, i don’t like. Just want to get attention from International :haha very funny reason

        Muslim world get better attention from US bcoz of Bin Laden
        So what? Afagan is now in peace or getting better ?? What about IRAQ ???

        NOT the fact & the truth is bitter
        People make the fact & the truth become bitter

        US president Kennedy said “don’t ask what your country can do for you, Just ask what you can do for your country”

        What do u think how many our Myanmar people( including government people )ask themselves this question?? That’s why we are still in the third world.

      • Foreign Resident

        June 26, 2011 at 9:09 pm

        Dear Thu Yaung Mel,

        1. I didn’t say, I encourage them. I just said I understand why they did it.
        2. They will got attention especially from Myanmar people/government,
        otherwise nobody really cares what happened in border & tribal area.
        3. I think, “The President Obama’s Speech in Cairo: A New Beginning ”
        was made because of 9/11 otherwise they don’t care.
        4. US policy becomes extra vigilant, care & softer toward Muslim countries
        & population after 9/11 ( they care now ).
        5. If ( even ) my closed relatives were died bcoz of some bombings,
        then, I will blame only the cause & situation behind this
        rather than individual person/organization.
        ( this is called collateral damage )
        6. I recently live in Australia ( but, didn’t come with refugee/asylum visa )
        I ride Mercedes Benz & own a lot of houses both in Myanmar & Australia.
        ( this only want to show, I don’t need to get visa from developed country )
        7. Finally, I swear again, “I don’t like terrorism & I even hate Bin Laden.”
        But, if the situation/our country/our people is calling &
        If the cause is righteous & justifiable &
        if there is no chance/way but to do this bombing,
        then, this will be my honor to done this duty ( the duty ) &
        I am sure, I will not regret doing this.
        ( let say, we have done what we had to do )

        I would like to quote some:

        “Someone has got to do the (dirty) things (if) no one else wants to do.”
        JOHNNY (“MIKE”) SPANN,
        the first American to be killed on the ground in Afghanistan ( 2001 ),
        on why he joined the “CIA”, according to his father.

        “Today we have done what we had to do. If necessary, we shall do it again ”
        US President Ronald Reagan,
        Address to the Nation on the United States Air Strike against Libya
        (14 April 1986)

        Thanks for your reply comment.

        • thuyaungmel

          July 1, 2011 at 12:25 pm

          Ok, whatever!
          You can hold your opinion as you like
          There’s always many ways of thinking and believe.
          We’re just have different view. That’s all
          Frankly I doubt your word No.7 😀

  • Saw Yan Naing

    June 25, 2011 at 5:05 am

    အများကြီးစဉ်းစားစရာပဲဗျ……
    ဆူပူမှုအကြမ်းဖက်မှုတွေ ဖြစ်လာရင် စစ်အစိုးရက ပြန်ပြီးထိန်းသိမ်းလိုက် ပါပြီ ဆိုပြီး လုပ်ချင်သလားတော့မသိ——
    တကယ်တမ်း ဆို တခြားအကြမ်းဖက်အဖွဲ့အစည်းဆိုရင်လည်း ပစ်မှတ်ထားတဲ့ တာဂတ်ကို အတိအကျလုပ်ဗျာ
    အပြစ်မဲ့တဲ့ သူတွေကိုတော့ လုံးဝ အသုံးမချသင့်ဘူး…….

  • Mg Mg Fight

    June 25, 2011 at 10:20 am

    ဗုံးတွေ ခွဲတဲ့ ခဏခဏမှာ လက်သည်ကလည်း ဝန်မခံပါ။
    လက်ညှိုးကတော့ KNU or KIA or ရောင်စုံသူပုန်ဆီမှာ။
    စဉ်းစာစရာ အဖြာဖြာ။
    ငယ်ငယ်တုန်းက ကဗျာထဲက စကားတွေကို သတိရသဗျာ။ အတိကျတော့မမှတ်မိပါ။
    သူခိုးသူခိုး လိုက်လို့ရှာ တွေ့ပါပြီဗျာ ပန်ကာအောက်မှာ။
    အရာရှိ လူတန်းစားကို ဆိုလိုတာ။
    ခုတော့ စာသားလေးများ ပြောင်းချင်သဗျာ။
    ဗုံးခွဲ တရာခံ လိုက်လို့ရှာ တွေ့ရမှာပါ ……………

  • htethtet

    June 25, 2011 at 11:33 am

    ဗုံး မဟုတ်ဖူး
    ဗုံး ဟုယူဆလို့ရနိုင်တဲ့ ဗုံးတဲ့
    ကြားဖူးကြရဲ့လား – ဗုံး ကြီးတစ်လုံးပြီးတစ်လုံးပေါက်ကွဲတာကိုတောင် ဗုံး ဟုယူဆလို့ရနိုင်တဲ့
    ရီချင်လိုက်တာ ဗုံး မဟုတ်ဘူးဟေ့ မင်းတို့ကလေးတွေဆော့တဲ့ ဘူပေါင်း ပေါက်တာ
    ခုချိန်ထိ (စစ်မှန်တဲ့ ဒီမိုကရေစီ) ခေတ် ကြီးရောက်နေတာတောင်
    တာဝန်ရှိသူတွေ – GOOD GOVERMENT တွေက အမှန်ကိုအမှန်တိုင်း
    အရှိကိုအရှိတိုင်း မပြောရဲကြသေးဘူး
    တို့ပြည်သူတွေဆို ဝေးသေး

  • zaw min

    June 25, 2011 at 3:01 pm

    ဘယ်သူပဲလုပ်လုပ်..အကြမ်းဖက်လုပ်ရက်ကို ဘယ်တိုင်းပြည်၊ဘယ်ပြည်သူကမှ မထောက်ခံပါဘူး။
    MgMgFight ပြောသလိုပဲ၊ရွှေသမင်ဘယ်ကထွက် မင်းကြီးဆီကထွက်သလိုဖြစ်နေအုံးမယ်။

  • nature

    June 26, 2011 at 2:45 am

    ကျွဲနှစ်ကောင်ခတ် ရင်တော့ကြားမှာမြေဇာပင်ဆိုတာရှိစမြဲပါ။ မခတ်ရင်တော့ မရှိတော့ပါ။ အပြစ်မဲ့တဲ့ မြေဇာပင် ဘဝကတော့ သနားစရာပါ။

  • winnmyo

    June 26, 2011 at 6:36 am

    thuyaungmel ပြောတာကိုထောက်ခံပါတယ်ရှင်။ နယ်စပ်ဗုံးကွဲတော့နာတယ်ပေါ့။ မြို့ပေါ်ဗုံးကွဲတော့ပျော်
    တယ်ပေါ့။တရားပါတယ်ရှင်….တရားပါတယ်။အံ့ပါ့တော်…

  • captainamerica

    June 26, 2011 at 12:29 pm

    ကိုကြောင်ရေ နက်ဂတစ်တွေများနေပါလား။ မဇ္စိုမပဍိပဒါ လမ်းကိုပဲရွေးကြပါ.. အစွန်းရောက်ရင်ဘယ်ဟာမှ
    မကောင်းပါ..

    • bigcat

      June 27, 2011 at 12:27 am

      ဟုတ်လားဗျ။ ကျနော်တောင် သတိမထားမိဘူး။
      သဂျီးရေ.. ကျနော့်ကွန်မန့်ကို ဘယ်သူနက်ဂေ့တစ်ပေးလဲ အိုင်ပီလိပ်စာ ကြည့်ပေးပါ။ သူတို့ဆီကို ပါဆယ်ထုပ်ပို့ပေးချင်လို့…. 👿

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 1, 2011 at 12:37 pm

    ဪ………….
    အကိုဂျီးဒို့ရယ်
    ဗုံးးးးးးးးးးးးးးးးးးးးးးးးးဆိုတာက
    ဖောက်ဘို့ ခွဲဘို့ထုပ်လုပ်ထားတာလေ
    ဒါကြောင့် ခွဲကြတာနေမှာပေါ့
    မခွဲဘဲထားရင် နှမြောစရာကြီး 😀
    ဒိုင်းနမိုက်ကို တီထွင်တဲ့ အဲဗရက်နိုဗယ်ကိုကြတော့ဘာမှမပြောဘဲနဲ့
    ထုပ်လုပ်တဲ့ ရောင်းတဲ့ သတ္တဝါတွေ ( သဂျီးတို့ရွာက သတ္တဝါတွေဆို နံပါတ် တစ် 🙁 ) ကိုကြတော့
    ဘာမှမပြောဘဲနဲ့
    ဘယ်သူခွဲမှန်းမသိတဲ့ ဟာကိုပြောနေလဲဘာထူးမှာလဲ
    ဆိုက်တစ်ခုထဲကလိုဖြေရရင်တော့
    ဗုံး ခွဲတဲ့သူဟာ ဗုံရှိတဲံသူပေါ့ဗျာ
    ( သူများနဲ့မတူအောင် တော်တော်ကြိုးစားအားထုပ်ပြီး မန်းထားရတယ် ငါးကျပ်လောက်ပိုပေးသင့်တယ် )

    • king

      July 1, 2011 at 1:58 pm

      ရော့ ယူလိုက်
      ကိုကိုပု
      ၂ ကျပ်ခွဲ
      ဗုံး …………..
      ဗုံးနဲ့ပတ်သတ်ပြီး ဘာမှ မပြောချင်တော့ပါဘူး …
      အိမ်မှာ မိုးယိုလို့ ခံစရာ ဗုံးတောင် မရှိပါလား …. 😀

Leave a Reply