သက်ရှိရုပ်ကြွင်း၆၆ – ကဗျာ

kaiJune 24, 20111min511

သက်ရှိရုပ်ကြွင်း၆၆

၂၀၁၁ ဇွန်၁၉
ဘုန်းကျက်သရေတိုးပြီး
လိုရာဆန္ဒပြည့်ဝပါစေ။

ဒီနေ့မနက်ခင်းမှာ
မေမေ့ရဲ့ခွပ်ဒေါင်းပျိုဟာ
ငြိမ်းချမ်းရေးသက်တန့်ကိုထမ်းပိုး
အရှေ့စူးစူးအရပ်ဆီ
ပြန်လည်ဦးမော့လို့။

၆၆မြစ်ကျဉ်းအလွန်မှာ…
တတိယမြောက်မျက်လုံးဖွင့်မယ်။
၆၆မြစ်ကျဉ်းအလွန်မှာ…
လောကပါလဖြတ်စ၄၉ကို
မေမေပန်နေကျစံပယ်ပန်းပွင့်လေးတွေလို
တစချင်းစီပြန်သီမယ်…
ပန်းကုံးကလေးဆက်ထုံးမှာ
မြန်မာပြည်ရဲ့သမိုင်းဘီးတပတ်ပြန်လည်ကြဖို့ပါ။
၆၆မြစ်ကျဉ်းအလွန်မှာ…
အဝေးရောက်ကြယ်တံခွန်ပြန်လာမယ်။

အလင်းနက်ရင်
သန်းခေါင်ပျက်ရမယ်
မြင့်မြတ်သော
ရဲဝံ့သော
စွန့်လွှတ်သော
စွန့်စားသော
ငြိမ်းချမ်းရေးခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်
သက်တော်ရာကျော်ရှည်ပါစေ။

ညိုခက်ကျော်
(ဇွန်၁၉၊၂၀၁၁၊နံနက်၄နာရီ၄၃မိနစ်)

 

မှတ်ချက်။  ။ ဇွန်လထုတ် မန္တလေးဂေဇက်တွင် ဖေါ်ပြပြီး ဖြစ်ပါသည်။

One comment

  • lusoegyikoko

    August 10, 2011 at 9:01 am

    ူlivng fossil ပေါ့ သက်ရှိရုပ်ကြွင်းဆိုတော့။living fossil ဆိုတာမကောင်းဘူးမှတ်လား သူကြီး ။တကယ်မသိလို့ပါ။ပြောပြပါလား။

Leave a Reply