မန္တလေး တွင် (3) နာရီခန့်က ဗုံးပေါက်ကွဲမူထပ်ဖြစ်ပွား

နွယ်ပင်June 24, 20111min784

မန္တလေးတွင် မွန်းလွဲ ၃ နာရီ အချိန်၌ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကာ ၈၄လမ်း ၃၁၊ ၃၂ ကြား ရွှေနိုင်ငံ ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်း
အနီးတွင်ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ဆက်လက်သိရှိရသော သတင်းများအရ ၈၄လမ်း ၃၁၊၃၂ ကြားတွင်ဖြစ်ပွားခဲ့သော
ပေါက်ကွဲမှုဖြစ်စဉ်မှာ အမှိုက်ပုံအနီး ပြစ်ထားသော အမှိုက်ပုံးတွင် ဆောနစ်ဗုံး ဟုရေးသားပြီး ကပ်ထားသော အရာတစ်ခုကို
တာဝန်ရှိသူများမှ တွေ့ရှိခဲ့ပြီးနောက် ပေါက်ကွဲစေပြီး ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားခဲ့ပါသည်။

4 comments

  • PaukPhaw

    June 24, 2011 at 10:46 am

    မန္တလေး ၈၄ လမ်း ၃၁ နဲ့ ၃၂ ကြား ဝင်းလိုက်ရုံ မရောက်ခင်တစ်ပြ ACC Computer Centre ရှေ့ ရွှေနိုင်ငံ စိန်ရွှေ ရတနာဆိုင် အနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဗုံးတစ်လုံးတွေ့ရှိပြီး စစ်ဆေးနေစဉ် ဒုတိယဗုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။ ယခု ဒုတိယအကြိမ်ဗုံးပေါက်ကွဲမှုကြောင့် သက်ဆိုင်ရာ လုံခြုံရေးနှင့် ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိမရှိကို မသိရှိရသေးပါ။ ပထမအကြိမ် ပေါက်ကွဲစဉ်က နေ့လည် ၁၂ နာရီခန့်တွင်ဖြစ်ပြီး ဒုတိယ ဗုံးပေါက်ကွဲတာကတော့ မြန်မာစံတော်ချိန် ၃ နာရီခန့်တွင် ထပ်မံပေါက်ကွဲတာဖြစ်ပါတယ်။ ယခုလ ၁ဝ ရက်နေ့တုန်းကလည်း နေပြည်တော် မြို့မဈေး အမျိုးသား အိမ်သာတွင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    From:ဆုံဆည်းရာ

  • PinkCandy

    June 24, 2011 at 5:21 pm

    ဒုတိယအကြိမ်ဗုံးပေါက်တာ မဟုတ်ကြောင်း
    နောက်တစ်ခါက စည်ပင်အမှိုက်ပုံးမှာ Sonic Bomb CRC လို့ရေးထားလို့ Water Bomb နဲ့ရှင်းတာ အသံမြည်တာဖြစ်ကြောင်း ခိုင်လုံတဲ့သတင်းရပ်ကွက်မှ ရရှိပါသည်။

  • htethtet

    June 25, 2011 at 11:29 am

    ဗုံး မဟုတ်ဖူး
    ဗုံး ဟုယူဆလို့ရနိုင်တဲ့ ဗုံးတဲ့
    ကြားဖူးကြရဲ့လား – ဗုံး ကြီးတစ်လုံးပြီးတစ်လုံးပေါက်ကွဲတာကိုတောင် ဗုံး ဟုယူဆလို့ရနိုင်တဲ့
    ရီချင်လိုက်တာ ဗုံး မဟုတ်ဘူးဟေ့ မင်းတို့ကလေးတွေဆော့တဲ့ ဘူပေါင်း ပေါက်တာ
    ခုချိန်ထိ (စစ်မှန်တဲ့ ဒီမိုကရေစီ) ခေတ် ကြီးရောက်နေတာတောင်
    တာဝန်ရှိသူတွေ – GOOD GOVERMENT တွေက အမှန်ကိုအမှန်တိုင်း
    အရှိကိုအရှိတိုင်း မပြောရဲကြသေးဘူး
    ငါတို့ပြည်သူတွေဆို ဝေးသေး
    ခေတ်မှတိုးတက်သော နိုင်ငံတော်ကြီးဆီသို့

  • winnmyo

    June 25, 2011 at 1:40 pm

    htethtetရှင့်…..ကျွန်မရတဲ့forward mail မှာလဲရှင်းလင်းလိုက်တာလို့သိရပါတယ်။ စွတ်စွတ်ပြီး မပြောစေချင်
    ပါဘူးရှင်။ဘာလဲနိုင်ငံရေးအမြတ်ထုတ်ချင်တာလား။ ရှင်တို့နိုင်ငံရေးအမြတ်ထုတ်တာကအရေးမကြီးဘူးရှင့်
    ကျွန်မမှာကမိအို ဖအို နဲ့။ ကုန်ဈေးနှုန်းကတက်၊ ဟိုသွားလဲကြောက်ရ၊ ဒီသွားလဲကြောက်ရဖြစ်နေစေချင်တာ
    လား။ ရွှေနိုင်ငံရွှေဆိုင်က ကျွန်မသူငယ်ချင်းပါ။မေးပြီးပါပြီ။ သူတို့ ဖုန်းနံပါတ်ယူအုံးမလား။ သူ့သမီးက mester တက်နေတာပါရှင်။ဘွဲ့တောင်ယူတော့မယ်…စုံစမ်းကြည့်ပါအုံးရှင်…ကိုယ်ပြောတာကိုယ်တာဝန်ယူ
    ရဲအောင်ပဲလုပ်ပါရှင်။အလေနတော သတင်းတွေလာလာပြောပြီး ကျွန်မတို့ Mandalay Gazette ကိုအရှက်ရ
    အောင်လာမလုပ်ပါနဲ့..ကျေးဇူးတင်ပါတယ်ရှင်။

Leave a Reply