* ၀တ်မှုန် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ‘ဘာဘီရုပ်ကလေး’ ကားက ပရိသတ်တွေကြိုက်ကြတယ်နော်။အဲဒီကားမှာ ၀တ်မှုန်ကမင်းသမီးသရုပ် ဆောင်ကြေး အမြင့်ဆုံး ရတယ်လို့ ကြားတယ်။

မဟုတ်ပါဘူးအစ်မ။ သရုပ်ဆောင်ကြေးကပုံမှန်ပဲရခဲ့တာပါ။ ပရိသတ်က အဲဒီကားကို စိတ်ဝင်စားကြပါတယ်။ သဘောကျတယ်လို့လည်း ကြား တယ်။ ဒါပေမယ့် လူဆိုတာ အမျိုးမျိုးရှိတော့ မကြိုက်တဲ့ လူတွေလည်း ရှိမှာပေါ့အစ်မရယ်။ ကိုယ်သရုပ်ဆောင်တာကြိုက်တယ်ကြားတော့လည်း အရမ်းပျော်ပါတယ်။

* မင်းသမီးအငယ်တန်းထဲမှာ ထိပ်ဆုံးက အောင်မြင်နေတာဘာကြောင့် လို့ ထင်လဲ။

အဲဒါတော့ မပြောတတ်ပါဘူး။ ဘုရားပေးတဲ့ အတိုင်းပဲပေါ့။ အားလုံးနဲ့ အဆင်ပြေအောင်နေတယ်။ သမီးကိုချစ်တဲ့သူအားလုံးကို သမီးက ချစ်တယ်။အဲဒါကြောင့် အချစ်ခံရတာနဲ့တူပါတယ်။

* ဒီနှစ်ရောမနှစ်ကလို မွေးနေ့ပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ဖို့ အစီအစဉ် ရှိလား။

မသေချာသေးပါဘူးအစ်မ။ ဝေးလည်းဝေးသေးတယ် ဆိုတော့လေ။ မနှစ်ကသမီးအသက်၂၁ နှစ်ပြည့်တာ ဆိုတော့ အမှတ်တရလေးဖြစ်ချင် လို့ပါ။ အဲဒီအချိန်မှာ ကိုယ်က အနုပညာအလုပ်ကို စလုပ်တာဆိုတော့ ပရိသတ်ကြီးကိုရော၊ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကိုပါ အသိပေးချင်တယ်။ အတူတူပျော်ချင်တယ်။ နောက်နှစ်တွေကတော့ လုပ်ဖြစ်ချင်မှ လုပ်ဖြစ် မှာပါ။

* ဒါဆိုရင် မင်းသမီးတစ်ယောက်အတွက် မွေးနေ့ပွဲတွေ လုပ်ဖို့လိုအပ် တယ်လို့ ထင်လား။

မင်းသမီးတစ်ယောက်အတွက်မှမဟုတ်ပါဘူးအစ်မ။ မွေးနေ့ပွဲဆိုတာလူတိုင်းအတွက်လုပ်ဖို့ အခွင့်အရေးရှိပါတယ်။ ကိုယ့်ဘ၀အတွက် အထိမ်းအမှတ်ဆိုတော့ လူတိုင်းလည်းလုပ်ချင်ကြတယ်လေ။ ကြီးကြီးကျယ်ကျယ်ကြီးမဟုတ်ရင်တောင် အိမ်မှာတို့၊ ဘုန်းကြီးကျောင်း တို့၊ စားသောက်ဆိုင်တို့မှာ လုပ်နိုင်တာပဲလေ။ မွေးနေ့ဆိုတာ လုပ်သင့်တဲ့ အရာတစ်ခုပါ။

* ကစ်ကစ်မွေးနေ့ပွဲလုပ်ပြီးမှ တခြားအနုပညာရှင်တွေလည်း မွေးနေ့ပွဲတွေ လုပ်လာကြသလားလို့။

အဲဒီလိုတော့ မဟုတ်ပါဘူး အစ်မ။ တိုက်ဆိုင်သွားတာနေမှာပါ။

* ညီမလေးက အချစ်ရေးကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်နော်။

သမီးက စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ အချစ်ရေးမှ မဟုတ်ပါဘူး။ အရာအားလုံးကိုပါ။ ဘယ်သူ့ကိုမှလည်း မညာချင်ဘူး။ မညာသင့်ဘူးလို့လည်း ထင်တယ်။

* ချစ်သူကြောင့် မမေ့နိုင်တဲ့ အထိမ်း အမှတ်ရှိရင် ပြောပေးပါလား။

အဲဒီလိုတော့ မရှိပါဘူး အစ်မ။

* အခု ဘာတွေရိုက်နေတာလဲ။

ဦးလူမင်းနဲ့ ‘အဖေချစ်’ ဆိုတဲ့ ဗီဒီယို ကားလေး ရိုက်နေပါတယ်။ အဖေ ဦးလူမင်းရဲ့ အဖေကို ချစ်တဲ့ သမီးအနေနဲ့ပါ။ နောက်ပြီး တီဗီ ကြော်ငြာ သုံးလေးခုလောက် ရိုက်စရာရှိတယ်။

About Bayote

Bayote has written 395 post in this Website..