မိန်းမ ကိုလိမ်ချင်တဲ့သူများ သတိထားပါ

မြို ့တစ်မြို ့မှာ စီးပွါးရေးအဆင်ပြေပြီးချမ်းသာတဲ့ လင်မယားရှိပါတယ်။
စီးပွါးရေးအဆင်ပြေလာတော့ ထုံးစံအတိုင် ယောက်ျားဖြစ်သူ မှာ မြာပွေချင် လာပါတယ်။ KTV တို ့ဘီယာဘားတို ့လည်း သွားတတ်လာတယ်။ကာရာအိုကေဆိုင်မှာ သီချင်းဆိုတဲ့ ကောင်မလေးတွေကိုလဲ ပန်းကုံးစွပ်တတ်လာတယ်။
ပိုက်ဆံရှာနိုင်တော့လည်း သုံးနိုင်ဖြုန်းနိုင်တာပေါ့လေ။
ဒါကိုမိန်းမဖြစ်တဲ့ သူက သိတော့ လင်မယားရန်ပွဲတစ်ကျက်ကျက်ပဲ။သူတို ့လင်မယားမှာ လိမ္မာပြီး ချစ်စရာကောင်းတဲ့  သမီးလေးတစ်ယောက်ရှိပါတယ်။

နံနံက် ရုံးသွားခါနီး ကော်ဖီဝိုင်းမှာ မိသားစုဆုံတုန်း ဇနီးသည်က သမီးငယ်လေးကိုမေးလိုက်ပါတယ်။

“သမီးလေး ကြီးလာရင် ဘာလုပ်မှာလဲဟင်..ဆရာဝန်လုပ်မှာလား..သူနာပြုလုပ်မှာလား.လေယာဉ်မယ်လုပ်မှာလားလို ့မေးတော့..သမီးလေးက..
“ဟအင်း မီးမီးမလုပ်ချင်ဘူး..မီးမီး အိမ်ဖော်ပဲလုပ်ချင်တယ်”

“ဘာ..ဘယ်လို .အိမ်ဖော်လုပ်မယ်..ပေါက်ပေါက်ရှာရှာ သမီးရယ် ဘာလို ့အိမ်ဖော်လုပ်ချင်ရတာလဲ”

“မေမေကလဲ…ဖေကြီးက မေမေနဲ ့သမီးကို တစ်ခါမှ ချစ်တယ်မပြောဘူး အာဝါးလဲ မပေးဘူး…အိမ်ဖော်မလေး  ကိုတော့
ချစ်တယ်ပြောပြီး အာဝါး ပေးတယ်မေမေ”

ဒါ့ကြောင့် ဖေဖေ့အချစ်ကိုရအောင် အိမ်ဖော်လုပ်မှာ”

“ဟင်….ရှင် အိမ်ဖော်မနဲ ့တောင် ဖောက်ပြန်နေတယ်ပေါ့..”

“ဟာ…မဟုတ်ပါဘူး..မိန်းမရာ….သမီးလေးအူကြောင်ကြာနဲ ့လျှောက်ပြောနေတာ အဲ့ဒီနေ ့တုန်းက သူ နေမကောင်းတာမူးလဲလို ့
အခန်းထဲ တွဲပို ့ရုံပါကွာ..တခြားဘာမှ မဟုတ်ပါဘူး”

“ရှင်နော်..ရှင်…ကျွန်မအကြောင်းသိတယ်နော်..ကျွန်မ မဖမ်းမိစေနဲ ့ မိရင်တော့ ရှင်သေဖို ့သာပြင်”

“အေးပါ မိန်းမရာ…”
ဒီလိုနဲ ့…
တစ်နေ ့တော့…မိန်းမဖြစ်တဲ့သူအလှပြင်ဆိုင်သွား ရင်း အဆီချဆေးတွေ ့လို ့ဗိုက်ပူနေတဲ့ယောက်ျားလိမ်းဖို ့ဝယ်လာပါတယ်။

အိမ်ရောက်တော့….ယောက်ျားနဲ ့နဲ ့သမီးလေးက တီဗီကြည့်နေပါတယ်။

“ယောက်ျားရေ ဆေး တော့ရလာတယ်..တစ်နေ ့တစ်ခါ ညဘက်မအိပ်ခင်လိမ်းရမယ်တဲ့”

“ဘာဆေးလဲ မေမေ” သမီးလေးက သိချင်လာတော့

“ဪ..အဆီချဆေး သမီးရဲ ့ သမီးဖေဖေရဲ ့ဖောင်းနေတဲ့ ဗိုက်က အဆီတွေ လေတွေ လျော့သွားအောင် လိမ်းရတဲ့ဆေး”

“မေမေလိမ်းလဲ ဖေဖေ့ဗိုက်က လေတွေလျော့မှာမဟုတ်ဘူး။ ညဘက်မေမေက ဆေးလိမ်းပေး နေ ့လည်ဘက်မေမေမရှိတဲ့အချိန် အိမ်ဖော်မလေး က လေအမြဲမှုတ်ပေး နေတာဘယ်လို လုပ်ပြီး ဖေဖေ့ဗိုက်ထဲက လေတွေ လျော့မှာလဲလို ့.”

သမီးလေးမှာသူမြင်ထားသမျှ လူကြီးလေသံနဲ ့ပြန်ပြောတော့…

“ဟင်..အခုတော့.ရှင် ဘာငြင်းချင်သေးလဲ ကျွန်မ ဈေးသွာနေတဲ့အချိန်မှာတောင် ရှင်က အိမ်ဖော်မနဲ ့ကြည်နူးနေတယ်ပေါ့.”

“အာ..မဟုတ်ပါဘူးမိန်းမရာ.သမီးလေး မဟုတ်တာပြောနေတာပါ..”

“ရှင်နော်..ကျွန်မသမီး က လူကြီးတွေကို မညာတတ်ဘူး.ရှင်မဟုတ်ရင် သမီးလေးပြောစရာအကြောင်းမှမရှိဘူး”

“သမီး တစ်ကယ်မြင်တာပါမေမေ..သမီးမညာပါဘူး..ဘုရားစူး မိုးကျိုးပစ်”

သမီးလေးခမျာ ညာပြောနေတာ ထင်မှာစိုးလို ့ ကျိန်တောင်ကျိန်ပြနေပါပြီ။

“ကဲ..တွေ ့လား ကျွန်မသမီးက ကျိန်ပြနေပါပြီ သူ မလိမ်ပါဘူးတဲ့..ကဲ..ရှင်ရော..သမီးလေးကျိန်သလို ကျိန်ရဲလား”

“ကျိန်ရဲပါတယ် မိန်းမရာ..ဘုရားစူး မိုးကျိုး ဆယ်ခါပစ် ကိုးခါလွဲ တစ်ခါ ချော်…ပါရစေရဲ ့”

အောင်မယ်..လူလည်လာမကျနဲ ့..ကိုးခါလွဲပြီး တစ်ခါချော် တော့ ရှင့်ကိုဘယ်ထိတော့မတုန်း .မရဘူး ပြန်ကျိန်ပြ..

ရှင် အိမ်ဖော်မလက်ကို ကိုင်ခဲ့ရင် လက်ကိုမိုးကြိုးပစ် ပါးကိုနမ်းခဲ့ရင် ပါးကိုမိုးကြိုးပစ်လို ့ကျိန် ..ဒါပဲ..”

“ဟေ….” ယောက်ျားဖြစ်သူမှာ ခေါင်းမွေး ထောင်အောင် လန် ့သွားသည်။

ပြီးတော့ မှင်သေသေနဲ ့…

“အေးပါ..ကျိန်ရဲပါတယ်.. တစ်ကယ်ဖောက်ပြန်ခဲ့ရင် ဖောက်ပြန်တဲ့နေရာမိုးကြိုးပစ်”

နောက် တစ်လခန် ့အကြာ..

“ကလင်..ကလင်…”

“ဟလိုအမိန် ့ရှိပါရှင့် .”

“ဆေးရုံကို အမြန်ဆုံးလာပါ..ခင်ဗျားယောက်ျား မိုးကြိုးပစ်ခံထိလို ့ဆုံးပြီ”

ဟင်..သူဆုံးပြီတဲ့…
ဇနီးသည်ခမျာ ဆေးရုံကိုအပြေးသွားတော့ ..ယောက်ျားရဲ ့အလောင်းဘေးမှာ ဆရာဝန်နဲ ့သူနာပြု
တို ့က စောင့်နေပါသည်။

“အောင်မလေး..အဖြစ်ဆိုးလှချေလား အစ်ကိုရဲ ့”

ဇနီးသည်က ပိတ်ဖြူဖုံးထားတဲ့ယောက်ျားအလောင်း ကိုဖက်ပြီးဝမ်းနည်းပက်လက်နဲ ့ငိုလို ့ပေါ့။

အဲ့ဒီအချိန်မှာ သူနာပြုလေး က ဆရာဝန်ကို

“ဆရာ ကျွန်မတစ်သက်မှာ ..မိုးကြိုးပစ်တဲ့ လူနာတွေထဲက ဒီလူနာလို ခါးအောက်ပိုင်းကစပြီး မိုးကြိုးမှန်တဲ့ လူနာတစ်ခါမှ မမြင်ဖူးဘူး”

“အေး..ငါလဲ ဆရာဝန်လုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာ အပေါ်ပိုင်းစမှန်တာပဲ တွေ ့ဖူးတယ်။.ခါးအောက်ပိုင်းစမှန်တာမတွေ ့ဖူးဘူး.ထူးတော့ထူးဆန်းတယ်ဟ..”

ဆရာဝန်နဲ ့သူနာပြုတို ့နှစ်ယောက်ရဲ ့စကားကြောင့် ဇနီးသည်မှာတအံ့တဩနဲ ့အဝတ်ဖြူဖုံးထားတဲ့အလောင်းကို ဖွင့်ကြည့်တော့..
အပေါ်ပိုင်းကဘာမှမဖြစ်ပဲနဲ ့ ခါးအောက်ပိုင်းတစ်ခုလုံး မိုးကြိုးမှန်ပြီး မီးကျွမ်းလို ့မဲနက်ပြာနှမ်းနေပြီ..
ဒီတော့မှ.
လွန်ခဲ့တဲ့တစ်လက ယောက်ျားဖြစ်တဲ့သူ သမီးလေးနဲ ့သူ ့ရှေ ့မှာ ကျိန်ခဲ့စကားကို  သတိရသွားတယ်..

ဒါဆို တစ်ကယ်ပဲ ကျိန်စာသင့် လို ့မိုးကြိုးပစ်ခံရတာပေါ့..မိုးကြိုးကပစ်မယ့်ပစ်တော့လည်း ခါးအောက်ပိုင်းကိုတဲ့
ဖြစ်မှာဖြစ်ရလေ.ယောက်ျားရယ်..

စာဖတ်သူများ သေးဆုံးတဲ့သူ ဘာကျိန်ခဲ့လဲဆိုတာ မမှတ်မိရင် နေက်တစ်ခေါက် အစကနေသေချာပြန်ဖတ်နော်..ဟိ..ဟိ

ကဲ..အစ်ကိုတို ့မောင်လေးတို ့တွေလဲ  မိုးကြိုးပစ်ခံမထိချင်ရင် ..မိန်းမရလာတဲ့အခါ.ကိုယ့်မိန်းမနောက်ကွယ်မှာ KTV တို ့ဘီယာဘားတို ့ ဘယ်မှမသွားနဲ ့  ကောင်မလေးတွေနဲ ့လဲမရှုပ်နဲ ့အိမ်က မိန်းမကိုလည်းမလိမ်နဲ ့လိမ်လိမ်မာမာနေနော်။

ပြီး………………..ပါ………………………ပြီ၊။

ထိုင်းနိုင်ငံ က ဖြစ်ရပ်မှန်  ဇာတ်လမ်းတစ်ပုဒ်အား ဘာသာပြန်ပါသည်.။

ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com

18 comments

  • PinkCandy

    June 24, 2011 at 2:07 pm

    မိုးတွေရွာလို့ မိုးကြိုးပစ်ရင် တခါတလေတွေးမိတယ်
    ပစ်သင့်တဲ့သူကျတော့ မပစ်ဘဲ ဘာလို့တချို့သူတွေကိုပစ်တာလဲလို့
    ရွာသူချမ်းချမ်းရဲ့ စာအရဆိုရင်တော့ ထိုင်းနိုင်ငံမှာတော့ ပစ်သင့်တဲ့သူကို စပစ်နေပြီပေါ့နော်
    မြန်မာနိုင်ငံမှာရော ဘယ်တော့စမလဲမသိဘူး။
    ၁ဦး၁ယောက်ထက် လူအများကြီးကို ဒုက္ခပေးနေတဲ့သူကို စပြီးပစ်သင့်တယ်။

    • နွယ်ပင်

      June 25, 2011 at 4:05 am

      ကောင်းပါလေ့ အဲလိုလေးလဲ အမှန်တရားကို နတ်စောင့်ဥိးမှ (အဲ မိုးကြိုးစောင့်ဥိးမှ ပြောရင်ပိုမှန်မယ်)
      Candy ရေ ထိုင်းနဲ့မြန်မာနဲ့က နီးနီးလေးပါ ဒါဆို မြန်မာနိုင်ငံလဲ လာတော့မယ်ထင်ပါတယ်
      အခုတစ်လောတောင် မိုးတွေက အရမ်းကောင်းနေတယ်ဆိုတော့ မြန်မာနိင်ငံကို ရောက်တောင်ရောက်နေပြီလား မသီဘူး 🙂

  • shweminthar

    June 24, 2011 at 2:18 pm

    ဒါမျုးိ လာချုပ်လို့ ဘယ်ရမလဲ
    နည်းလမ်းတွေ ရှိတယ်။ ရွာထဲ မပျံရအောင် သိချင်သူ အစ်ကိုကြီး နဲ့ ညီလေး များကို သီးသန့်အထူး အခမဲ့ ဖြန့်ချီပေးမယ်။

    • ဆူး

      June 24, 2011 at 2:37 pm

      ရွှေမင်းသား မိန်းမတွေ အများကြီး ရှိတာ လာကြွားတာလား။

  • nature

    June 24, 2011 at 2:54 pm

    အမလေး ကြောက်စရာကြီး..။ မိုးကြိုးကလည်း လက်တည့်လိုက်တာ…။သူကြီးရောဒါမျိုး ကျိမ်ဖူးလားမသိဘူး။

  • unclegyi1974

    June 24, 2011 at 2:54 pm

    ဆူးကလည်းမင်းသားလေးပါဆို

  • windtalker

    June 24, 2011 at 2:57 pm

    အင်းပေါ့နော် ။ သား တို ့ကြ မိန်းမ လဲ မရသေးဆိုတော့ပေါ့နော် ။

    • Snowy

      June 25, 2011 at 2:14 am

      ကြော်ငြာဝင်တယ်ဗျို့ 😛

    • king

      June 25, 2011 at 7:32 am

      windtalker နဲ့ ကျွန်တော်နဲ့က ဘဝတူတွေပေါ့ဗျာ
      ဒါနဲ့ စကားမစပ် ရွာထဲမှာ ကာလသခေါင်းက ဘယ်သူတုန်းဗျ …. 😀

  • thihayarzar

    June 25, 2011 at 3:50 am

    သိကြားမင်းကလက်ဖြောင့်တယ်နော် …. နောက်တစ်ခါကျိန်ရင်မိုးကြိုးပစ်လို့မကျိန်တော့ဘူး … တစ်ခြားဟာ ပြောင်းကျိန်မယ် …ဒါပေမဲ့ မိုးကြိုးပစ်လို့ကျိန်တာက ငါ့ကိုပစ်ပါလို့ ဘယ်သူမှရည်ရွယ်တာမဟုတ်ဘူးထင်တယ်နော် … သိကြားမင်းကိုမိုးကြိုးပစ်လို့ ပြောတာနဲ့တူနေတယ် …လိမ်တာတောင်စိတ်ထဲကမပါဘူး ကျိန်ခါနီးကိုလိမ်နေသေးတာ ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 25, 2011 at 5:26 am

    ဘော်ဒါတစ်ကောင်ပြောဘူးတယ်ဗျ
    ထိုင်းမှာ
    သူတို့ရဲ့အိမ်ထောင်ရေးတွေမှာ
    မယားငယ်နေတာတို့
    လင်ငယ်နေမတာတို့က
    တော်တော်လေးပေါ်ပြူလာဖြစ်တယ်လို့ဆိုဘဲ
    သူတို့ရဲ့ တီဗွီဇာတ်လမ်းတွေတိုင်းမှာတောင်
    အငယ်အနှောင်းကိစ္စကမပါရင်မပြီးဘူးတဲ့
    နောက်ပြီး အဲ့သည် အိမ်ဖော်ကိစ္စတွေမှာပေါ့လေနော
    တစ်ချို့ပေါ့ အားလုံးမဟုတ်ဘူး
    မိန်းမတွေက သူတို့ယောက်ကျားတွေကို အပြင်က မိန်းမတွေနဲ့မရှုပ်စေခြင်တဲ့အခါ
    အိမ်ဖော်မိန်းကလေးကို သူ့နည်းသူ့ဟန်နဲ့ လိုင်းသွင်းပေးထားလိုက်တယ်
    သူတို့လိုင်းသွင်းပေးထားတာမဟုတ်ရင်တောင်
    သိလျှက်နဲ့ မသိသလိုနေလိုက်တယ်
    မြန်မာမိန်ကလေးဆိုတော့ ပြဿနာဖြစ်လာရင်ရှင်းလို့လွယ်တဲ့သဘောပေါ့လေနော
    တစ်ချို့အိမ်ဖော်တွေကြတော့လည်း
    အိမ်အလုပ်ကိုလည်း သက်သက်သာသာလေးလုပ်ရတယ်
    လစာလေးလည်း မျိုးမျိုးမျက်မျက်လေးရတော့
    မှိန်းနေကြတာပေါ့
    ကြားဘူးတာကတော့
    အောလပုံဘဲ
    ဒါနဲ့စကားမစပ်
    ချမ်းချမ်းဆိုတာ ချစ်ချစ်လို့ အဓိပ္ပါယ်ရတယ်ဆိုတာ ဟုတ်လား?

    • usnczn

      June 25, 2011 at 8:05 am

      ဟုတ်ပါတယ် မွန်လို “ချမ်း”ဆိုတာ ချစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်
      တရုပ်လို ချစ်တာကို“အိုက်”လို့ဆိုတယ် မဟုတ်လား။
      ဒီတော့ ချမ်းချမ်း အိုက်အိုက် ချစ်တာက ချစ်တာပါဘဲ။
      ကိုဂျော်နီ ချမ်းနေလား အိုက်နေလား ။

  • cobra

    June 25, 2011 at 7:44 am

    အကွက်တွေေ ့ရွှလို့ရပါတယ်…။
    လည်ရင်လည်သလိုပေါ့။

    • R Ga

      June 25, 2011 at 8:23 am

      ဟုတ်ပ….မကြုံဖူးသေးလို့လားတော့ မသိဘူး မယုံဘူဖြစ်နေတယ်။ အကွက်တွေရွေ့စရာအများ ကြီးပဲ..။ နောက်တာပါ KTV ၂ခါလား။ မာဆက်ဆိုရင် ၁ခါလားပဲရောက်ဖူးတာပါ။

  • koyewin80

    June 25, 2011 at 8:21 am

    အိမ်း …. လိမ်တက် .. ကျိန်တက်ကြပါစေ …။

  • nigimi77

    June 25, 2011 at 10:15 am

    ကျိန်လို ့ မိုးကြိုးသာပစ်ရစတမ်းဆိုရင်…ဟဲ…ဟဲ…ဟဲ။

    ယပလက်တွေ အကြံကုန် ဂဠုန် ဆားချက်တတ်သကိုး…..။ 🙂

  • antimoe

    June 25, 2011 at 11:22 am

    >>“ဟေ….” ယောက်ျားဖြစ်သူမှာ ခေါင်းမွေး ထောင်အောင် လန် ့သွားသည်။

    ပြီးတော့ မှင်သေသေနဲ ့…

    “အေးပါ..ကျိန်ရဲပါတယ်.. တစ်ကယ်ဖောက်ပြန်ခဲ့ရင် ဖောက်ပြန်တဲ့နေရာမိုးကြိုးပစ်”

    နောက် တစ်လခန် ့အကြာ..

    “ကလင်..ကလင်…”

    “ဟလိုအမိန် ့ရှိပါရှင့် .”

    “မိအေး(အိမ်ဖော်မလေးရဲ့အမည်)ပါမမ။
    အမြန်ဆုံးပြန်လာပါ..အိမ်ကကုတင်..မိုးကြိုးပစ်ခံထိလို ့မီးလောင်နေတယ်၊ မီးတစ်ယောက်ထဲကြောက်လို့။”

Leave a Reply