မတူပေမယ့် တူတဲ့(တိမ်တောင်ထု)

ငယ်ငယ်တုန်းက မြက်ခင်းပေါ်လှဲအိပ်လို့ကျယ်ပြန့်တဲ့ကောင်းကင်ပြာကြီးကိုမော့ကြည့်ရင်း
စိတ်တွေကိုလဲ လွင့်မျောနေတဲ့တိမ်တွေနဲ့အတူလိုက်ပါစေခဲ့ဘူးပါတယ်။
ငယ်တွေးလေးကတော့ တိမ်ပန်းချီကို ရေးဆွဲသူ ဘယ်သူပါလဲပေါ့။
အဲဒီကစလို့ တိမ်တွေကို လိုက်ကြည့်တာအကျင့်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။
ဒါကတော့ နေ့လည်ခင်းတစ်ခု စစ်ကိုင်းဘက်သွားရင်းရွှေကြက်ယက်ဆိပ်ကမ်းမရောက်ခင်
စစ်ကိုင်းတောင်နဲ့တံတားအသစ်ကြီးပေါ်မှာမြင်ရတဲ့တိမ်။
ဒီပုံလေးကတော့ အဲဒီနေ့တနေ့တည်းမှာဘဲ စစ်ကိုင်းမြို့ထဲကရောက်သွားတဲ့အချိန် မြင်ရတဲ့တိမ်တောင်ထုပေါ့။

ဒီတိမ်လေးကတော့ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ကနေ မန်းလေးဘက်ကမ်းမှာရှိနေတဲ့တိမ်ကို လှမ်းမြင်နေရတာပေါ့။
ဒါလေးတော့မန်းလေးကျုံးရေပြင်ရဲ့အထက်မှာရှိတဲ့တိမ်ထု။
ဒါလေးကတော့ တောင်ရဲ့အထက်မှာရှိနေတဲ့တိမ်။
ဒါကတော့ ပြင်ဦးလွင်ဘက်က အပြန် နားဋောင်းကျချောင်းနားအရောက် နေရောင်ခတော့ ငွေရောင်တွေနဲ့လက်လက်ထနေတဲ့တိမ်ပန်းဆိုင်းလေးပေါ့။
ဒါကတော့ 35လမ်းအနောက်ဖက်ကောင်းကင် နေရောင်အလက်မှငွေရောင်တွေကြောင့်လှနေတော့ တိမ်တောင်ထုပါ။
ဒါကတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာကတိမ်တောင်လေးပါ။
မတူတဲ့နေရာက မတူတဲ့နေ့ရက်က တိမ်တွေကို တစ်စုတစ်စည်းထဲကြည့်မိတဲ့အခါ
တူတဲ့အချက်ကတော့ သဘာဝကြီးက ဖန်ဆင်းပေးထားတာ တူတာရယ်
အားလုံးသည်တမျိုးစီလှနေတယ်ဆိုတာပါဘဲ။
အဲတော့ မတူပေမယ့် တူနေတာကတော့ တိမ်ဆိုရင်မမှားလောက်ပါဘူးနော်။

6 comments

  • မှတ်ချက်ပေးရရင်တော့ ဒီပုံကို သုံးကြိမ်တင်မှအောင်မြင်ပါတယ်။
    (23-6-2011)နေ့ညတင်တယ် တင်လဲပြီးရော ပျောက်သွားတယ်။
    ဒီနေ့နေ့လည်ထပ်တင်တယ်။
    ပျက်တယ်။
    အခုညမှာတော့အောင်မြင်သွားပါပြီ။
    အဲတော့မှ စိတ်ချမ်းသာသွားပါတယ်။

  • windtalker

    June 24, 2011 at 3:35 pm

    အန်ကယ်ပေါက် ရေ .. မိုးတိမ်တောင် တွေ ဖြစ်နေရင် သတိထားပါလို ့… မိုးလေဝသ ဇလဗေဒ က သတိပေးထားပါတယ် ဗျာ ။ အဲဒါ မိုးတိမ်တောင် ဆိုတာ ဘယ်လို ပုံစံ လဲ ဆိုတာ မြင်ဖူးချင်လို ့ ။ မိုးတိမ်တောင် ကို တွေ ့ခဲ့မယ် ဆိုရင် အန်ကယ်ပေါက် အဆင်ပြေတဲ့ အချိန်မျိုးနဲ ့တိုက်ဆိုင်ခဲ့ရင် ရိုက်ကူး တင်ပြ ပေးပါဦးလို ့ရိုသေစွာနဲ ့တောင်းဆိုပါရစေ ဗျာ ။

  • ဆူး

    June 25, 2011 at 4:53 pm

    ကောင်းကင်ကို ပြာ နေတာပဲ.. မန်းမှာ နေပူ နေတယ် ထင်တယ်။
    ဒီမှာတော့ မိုးတွေ ရွာလိုက်တာ အညိုးကြီး နေသလား ထင်ရတယ်။
    ညည ရွာထဲ ဝင်တဲ့ အချိန် မိုးရွာတော့ ရွာ အဝင်လမ်း ခဏခဏ ပျောက်လို့ ရွာ ထဲဝင်ပြီး ပိုစ်တောင် မတင်နိုင်ဘူး။

  • ဒီပုံလေးတွေက နေသာတဲ့နေ့မှာရိုက်ထားတဲ့ပုံလေးတွေဆိုတော့တိမ်တွေက ပြာလွင်နေပါတယ်။
    အခုလိုမိုးရာသီမှာဆိုရင် တိမ်တွေက ပုံစံအမျိုးမျိုးနဲ့ပိုလှတတ်ပါတယ်။

  • monmon

    June 26, 2011 at 8:32 am

    နယ်မှာဆိုရင်တော့ ညနေဘက်ဆို ဒေးဒရဲတံတားပေါ်တက်ပြီး နေဝင်ချိန်ကို စောင့်ကြည့်တာ နေ့တိုင်းလိုလိုပါပဲ… အရှေ့ဘက်မှာဆို ပြာလွင်နေတဲ့ကောင်းကင်၊ တိမ်တစ်စနှစ်စနဲ့… ခွဲဖြာသွားတဲ့ မြစ်ကြောင်း၊ တံငါလှေလေးတွေနဲ့..

    အနောက်ဘက်ကောင်းကင်ကတော့ ဝင်ခါနီးနေမင်းရယ်…. တိမ်ရောင်စုံရယ်…. မြစ်ပြင်ကသောင်တွေရယ်…
    ရောင်စုံလှပနေတဲ့ တိမ်တွေရဲ့ ပြောင်းလဲနေတဲ့ ပုံသဏ္ဍာန်ကို သူငယ်ချင်းနဲ့ အတူတူကြည့်ပြီး ဟိုတိမ်က တောင်တန်းပုံလေးနော်၊ ဒီဘက်က တိမ်က မျောက်နဲ့ မတူဘူးလားဆိုပြီး ပြောခဲ့တာတွေကို လွမ်းမိတယ်….

    အခုတော့.. မနက်ဘက်နေထွက်ချိန်မှာ ရုံးသွားဖို့ပြင်ဆင်၊ ညနေ နေဝင်ချိန်ကိုတော့ ရုံးထဲမှာပဲကုန်ဆုံး။ အလုပ်ပြီးလို့ အပြင်ထွက်လိုက်တဲ့အချိန်မှာ ပတ်ဝန်ကျင်က အရောင်ဖျော့နေပြီ။ ညဘက်မှာ လကိုကြည့်ချင်တာတောင် တိုက်တွေက ကွယ်နေတယ်…. ကဲ ဘယ်လိုလုပ်မလဲ…

  • ကျယ်ပြန့်သောကောင်းကင်ကြီးကို လွတ်လပ်စွာမြင်ခွင့်ရတာကလဲ
    ဘဝမှာ ကံကောင်းခြင်းတစ်ရပ်လို့ ယုံကြည်ပါတယ်။

Leave a Reply