ဝိညာဉ်တစ်ကောင်ရဲ့ …ပုံပြင်။။။(၂)

။။။။။။ဖြောင်း ။။။။။******အောင်မလေးဗျ******
တစ်စုံတစ်ယောက်ကမျက်နှာကိုဖြတ်ရိုက် လိုက်လို့ ကျွန်တော်ဟာ တဲနဲ့ နှစ်လံအကွာလောက် ကိုပက်လက်လန်လဲကျအသွား
ပက်လက်အနေအထားကနေ ရိုက်တဲ့သူကိုမော့ကြည်မိတယ်ဆိုရင်ပဲ မှုန်ဝါးဝါးမိုးရေစက်များအောက်မှာတွေ့လိုက်ရတာကတော့။။။။။။။။

အသက်ကြီးကြီး ဆံပင်ကိုရောင်တစ်စောင်း ထုံးထားဟန်ရှိပါတယ် ….မိုးရေစက်တို့နဲ့သိပ်မသဲကွဲ …..ရွာမှာလည်းတစ်မှမတွေဘူး
ကွင်းဖက်မှာနေတဲ့လူတွေထဲမှာလည်း ဒီလိုမျိုးမရှိ ဒီအဖိုးကြီး ဘယ်ကလဲ လူစိမ်းတစ်ဦးပဲ။။။။
ဟင်****ခင်ဗျားဘယ်သူလဲ…ကျုပ်တဲကိုဘာလာလုပ်တာလဲ….
****အဲဒါမင်းကို ငါမေးရမှာကွ****မင်းဒီတဲကိုဝင်လို့မရတော့ဘူး****
ဒီတဲနဲ့ ဒီတဲကလူတွေကမင်းနဲ့ဘာမှမဆိုင်တော့ဘူး……
****ဟားဟား ….. ရယ် စရာကောင်းလိုက်တာ ဒါကျုပ်တဲဗျ ..အထဲမှာကျွန်တော့ မိန်းမရှိတယ်….မိန်းမရေ …မိန်းမ
ထွက်ခဲ့ပါအုံးဟ …ဒီလူဘယ်ကလဲ****
****ဟေ့ကောင် အော်မနေနဲတော့….မင်းကို ခုနလေးတင် ကားတိုက်လို့ မင်းသေနေပြီ မယုံရင် ကားလမ်းပေါ်သွားကြည့်
အေး….ဒီတဲထဲကိုတော့ မင်းကိုဝင်ခွင့်မပြုနိုင်တော့ဘူး ….မင်းကိုကားတိုက်ခဲ့တဲ့ ကြို့ပင်ကြီးနားက ကားလမ်းကိုပြန်သွား…ဒါပဲ***
****ဟုတ်ရဲလားဗျာ ကားက ကျွန်တော့ခမောက်ကိုပဲကြိတ်မိတာပါ…ကျွန်တော်ဘာမှမဖြစ်ပါဘူး****
****အော် ခက်တဲ့ကောင်ပဲ .. ကဲလာငါနဲ့လိုက်ခဲ့…..*****
ဒီလူကြီး က လဲနေတဲ့ကျွန်တော့ကို လက်ဆွဲပြီး အထခိုင်းလိုက်ပြီး တဲရှေ့ကနေ ကားလမ်းဘက်ကိုထွက်သွားပါတော့တယ်
ကျွန်တောလည်း ထိုလူကြီးခေါ်ရာနောက်ကို အလိုလို လိုက်ပါနေမိပါတယ် ။။။။ကားလမ်းနဲ့နီးလာတယ်ဆိုရင်ပဲ
ကားမီးရောင်တွေ ဆိုင်ကယ်စက်သံတွေ လူတွေ စကားပြောနေသံတွေကို မိုးသံလေသံကြားမှာ ဝိုးတဝါးကြားနေရပါတယ်။။။
ကားလမ်းပေါ်ရောက်လို့ လူတွေရုံစုရုံစုလုပ်နေတဲ့နေရာဟာ ခုဏ က ကျွန်တော့ခမောက်လေးကို ကားကြိတ်သွားတဲ့နေရာပါပဲ
****ဟင်…ရွာထဲက ဥက္ကဌ ပါရောက်နေတာပဲ….*****
ပြီးတော့ ရဲတွေ မိုးရေတွေစိုရွဲနေကြလို့ ကျွန်တော့ကိုခေါ်လာတဲ့အဖိုးကြီးကတော့ လူတွေကြားကဖြတ်လျှောက်သွားပြီး
ကားလမ်းပေါ်မှာပက်လက်အနေ အထားနဲ့ သွေအိုင်ထဲမှာလဲနေတဲ့ အလောင်နားကို ဝင်သွားပြီး မျက်နှာမှာ ဖုံးထားတဲ့အဝတ်စကို
ဆွဲဖယ်ကာ။။
****ဟေ့ကောင်..ဒီမှာလာကြည့်****
****ဟုတ်…ဟုတ်ကဲ့******
ဟင်…..ကျွန်တော်ပဲ…အင်္ကျီကလဲ အခုဝတ်ထားတဲ့အင်္ကျီပဲ ပုဆိုး ကတော့မိုးရေတွေသွေးတွေနဲမို့ အနီရောင်ဖြစ်နေပြီ..
ဟင်ဟုတ်ရောဟုတ်ရဲလား ငါသေရော သေးလို့လား ကားတိုက်မိတာရောဟုတ်ရဲလား …
****အဲဒါမင်းပဲ ****
ဟင် …ဟိုမှာ ကျွန်တော့ မိန်းမနဲ့သား….ကားလမ်းအတိုင်းပြေးလာနေကြတယ်….
ကျွန်တော့မိန်းမ ဟာအလောင်းနာကိုရောက်ရင်ပဲ ဒူးထောက်ထိုင်ချလိုက်ခါ ငိုပါတော့တယ်.။။။။။
***ဟိတ်ဟိတ်ကလေးမ နောက်ဆုတ် ဟေ့ရဲဘော် မျက်နှာကအဝတ်စလှန်နေတာ ပြန်ဖုံးလိုက်လေ*****
ရဲသားကြီးတစ်ယောက်ပြောလိုက်တာပါ။။။။
ဟုတ်ပါပြီ…ဟိုလူကြီးပြောတာဟုတ်နေပြီပေါ့…ကျွန်တော်သေပြီပေါ့ …ဒုက္ခပါပဲဗျာ…ကျွန်တော်မိန်းမက ဘာမှလုပ်တတ်တာမဟုတ်ဘူး
သားလေးကလည်း ရှေ့နှစ်ဆိုကျောင်းထားရတော့မှာ ကျွန်တော်မရှိရင်သူတို့သားအမိဘာလုပ်စားတတ်မှာလဲ လုပ်ကြပါအုံးဗျာ
ဟိုအဖိုးကြီးရော။။
*****ဟင် ရောင်တစ်စောင်းနဲ့ အဖိုးကြီးဘယ်ရောက်သွားပြီလဲ *****
ကားလမ်းမပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်မိပါတယ် လူတွေ ရဲ တွေကတော အလုပ်ရှုပ်လို့ ကျွန်တော့မိန်းမကိုဆွဲသူကဆွဲ
လှည်းပြင်လာသူကပြင် ဟောကျွန်တော့ အလောင်းကို ဖျာလိပ်နဲပတ်နေကြပါလား ဟင် လှည်းပေါ်တင်လိုက်ကြပြီ……
ကျွန်တော့မိန်းမနဲ့သားကို ရဲကားတစ်စီးကခေါ်တင်သွားပြီ….အလောင်းတင်ထားတဲ့လှည်းကလည်း ကားလမ်းဘေးကလှည်းလမ်းလေး
အတိုင်တရွေ့ရွေ့ မောင်းသွားပြီ လူတွေလဲ သူအစုနဲ့သူပြန်သွားကြပြီး …..လမ်းမကြီးပေါ်မှာ မိုးသံလေသံ ကလွဲလို့ တိတ်ဆိပ်ညိမ်သက်
သွားပါတော့တယ်……မိန်းမနဲ့သားနောက်ကိုလိုက်သွားခြင်ပေမယ့် တစ်စုံတစ်ခုက လိုက်သွားလို့မရအောင် တားမြစ်ထားသလို
ခံစားနေရတယ်လေ။။။။
အားလုံးမရှိတော့တဲအချိန်မှာ ကျွန်တော်ဟာ စိတ်ပျက်လက်ပျက်နဲ့ ကားလမ်းဘေးက ကြို့ပင်ကြီးအောက်မှာဝင်ခိုနေလိုက်ပါတယ်
ကားလမ်းမကြီးကမှောင်မဲလို့……..မိုးတော့နည်းနည်းစဲလာပြီ…မြန်မြန်တိတ်ပါတော့ ချမ်းလှပြီ။။။။။
ကြို့ပင်ကြီးအောက်မှာထိုင်နေရာက ငိုက်မြည်းသလိုဖြစ်လာတာနဲခဏမျက်စိမှိတ်ထားလိုက်မိတယ်…ဘယ်လောက်ကြာသွားတယ်မသိဘူး
။။။ ဖုန်း ။။။***ဟေ့ ကောင် ထ ငါအပင်အောက်က အခုထွက်…အပါးဝလို့ ဒါ ငါပိုင်တာကွ****
ရုတ်တရက် အကန