ဝိညာဉ်တစ်ကောင်ရဲ…ပုံပြင်။။။။(၃)

ဝိညာဉ်တစ်ကောင်ရဲ…ပုံပြင်။။။။(၃)

ရုတ်တရက် အကန်ခံလိုက်ရလို့ လန်နိုး သွားပြီး အိပ်ချင်မူးတူ မျက်လုံဇြဲကြည့်လိုက်တော့ ပုံစံကဆိုးဆိုး လူပုံစံပါပဲ ဒါပေမယ့်
ခန္တာကိုယ်ကအချိုးအဆစ်မကျ *****သွားလို့ပြောနေတယ်လေကွာ***
*****မင်းပိုင်တာက မင်းကိုကားတိုက်သွားတဲ့ ကားလမ်းအလယ်ကနေရာပဲ အဲဒီမှာပဲ သွားနေ ငါအပင်ရိပ်ကိုမလာနဲ့*****…။။။။
****ဟုတ်ကဲ့ …ခင်ဗျားကဘယ်သူလဲဟင်….****။။
***ငါက ဒီကြို့ပင်မှာနေတာ တော်သေးတာပေါ့ မင်းအပင်ပေါ်တက်မနေလို့ ညက စားစရာလိုက်ရှာရင်း ကွင်းထဲမှာမိုးမိနေလို့
အခုမနက်မှပြန်လာတာ နောက်ငါအပင်အောက်မှာလာမနေနဲ့ ကြားလား****
****ဟုတ်ကဲပါခင်ဗျာ****
သူပြောလိုက်မှပဲ ဗိုက်ဆာလာသလို့ပဲ မိုးတောင်လင်းမှပဲ ပုံမကျပန်းမကျလူကြီးကတော့ မပြောမဆို ကြို့ပင်ပေါ် ဇောက်ထိုးကြီးတက်
သွားလိုက်တာ အောင်မလေး အပေါ်ရောက်တော့ အပင်ခွကြားမှာ ကားကားကြီး ထိုင်နေ ပါတော့တယ်။။
*****ဟေ့ကောင် နေခင်းဘက်လျှောက်မသွားနဲ အန္တရာယ်များတယ် ဗိုက်ဆာရင် ညကျမှအစာလိုက်ရှာ အခုတော့အငတ်ခံနေလိုက်တော့
ငါလည်းအိပ်တော့မယ်****။။။
ဒီလူကြီးအိပ်သွားမှ ကိုအပိုင်းစားရတဲကားတိုက်ခံလိုက်ရတဲ့ သွေးအိုင်ကွက်ကလေးနေရာ ကားလမ်းပေါ်မှာ သွားအိပ်နေမိပါတယ်
ဗိုက်ဆာတော့ ပိုအိပ်ချင်လာတယ်လေ။။။မှေးကနဲပျော်ရုံ ရှိသေး တယ်။။။။။။။။။။။။။။
ဝူး……ဝူး…….ဟာဟာ….အောင်မလေးဗျာ****
အောင်မလေး လွင့်ကိုထွက်သွားတာပဲ….ကားတစ်စီးဖြတ်မောင်းတဲအချိန် ကျွန်တော့ကိုတိုက်ချသွားတာပါ…ဒီလိုဆိုမဖြစ်သေးပါ
လမ်းဘေးဆင်းငုတ်တုတ်ထိုင်နေရမှာပဲ …ညကျမှလမ်းပေါ်တက်အိပ်တော့မယ်…..
ဒီလိုနဲပေါ့ဗျာ။။။။။။။မနက်ဆိုလမ်းဘေးဆင်းထိုင်နေ ညဆို အစားအသောက်လေးထွက်ရှာ ကားလမ်းပေါ်ပြန်လာအိပ်
ညဖက်ညဖက် မောင်းလာတဲကားတွေ တွေ့ ရင်ဆင်းရှောင် အိပ်ပျော်နေတဲ့ အချိန်ဆိုလည်း ဖြတ်တိုက်သွားတာခံလိုက် ရနဲ့
နေလာတာ နှစ်ရက်မြောက်နေ့ ကြိုပင်ပေါ်ကပုံမကျပန်းမကျ လူကြီးက ကျွန်တော့ဒုက္ခ ကိုတွေ့ပြီး သနားလို့နဲ့တူပါတယ်
သူနေတဲ့ အပင်ကြီးက နေ ကားလမ်းဘက်ကိုထွက်နေတဲ့ အကိုင်ဖျားလေးမှာ အိပ်စရာတစ်နေရာပေးပါတယ် ဝမ်းသာလိုက်တာလေ
မပြောပါနဲတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ အဲဒီညက ကွင်းထဲမှာ ကောက်စိုက်သမတွေစားပြီးပစ်ထားခဲ့တဲ့ အမဲအရိုးတုံးလေးတစ်ခုရှာတွေ့တာနဲ့
သူစားဘို့ပေးလိုက်တယ်….။။။
အဲဒီလိုနဲ့ ငါးရက်မြောက်ညမှာတော့ အစားအသောက်လေးများရလိုရငြားကွင်းစပ်ရွာစပ်တွေမှာလိုက်ရှာရင်း ရတဲ့အခါရ မရတဲ့အခါ
ငတ်နဲ့ အဲဒီညကလဲ မောလည်းမောဆာလဲဆာနဲဘာမှရှာမရ တာနဲ့ ပြန်လာခဲ့ ရပြီး ဟိုလူကြီးနေရာပေးထားခဲ့တဲ့သစ်ကိုင်းဖျားလေးမှာ
တွဲလဲ ခိုအိပ်စက် နေစဉ်။။။။။
။။။။ဖြောင်း။။။။။။။။ ဟာဟာ****ကျပဟ တော်သေးတယ် ပြုတ်ကျပြီးအောင်းမေ့တာ….ကျွန်တော် ကုန်ကားကြီးတစ်စီးပေါ်ရောက်နေပါပြီ
ကျွန်တော် အိပ်စက်ရာသစ်ကိုင်းလေးကို ကုန်ကားကြီးကတိုက် လိုက်လို့ ကျွန်တော်နေတဲ့ သစ်ကိုင်းလေးဟာကုန်ကားခေါင်မိုးနဲ ညှိပြီး
ကိုင်းကျိုးကာကျွန်တော်ပါ ကုန်ကားပေါ်ပါလာခဲ့ရပါတော့တယ်။။။။ကားကြီးကတော့အရှိန်ကောင်းကောင်းနဲမောင်းနှင်နေဆဲပါ။။။။။
*****မထူးတော့ပါဘူး ဒီကားပေါ်မှာပဲ နေလိုက်တော့မယ်****
ကျွန်တော်လည်း ကားမောင်းသမား အပေါ်က အမိုးဝက်ခြံလေးထဲမှာ ဝင်ပြီခွေအိပ်နေလိုက် …သိပ်မစီးလိုက်ရပါဘူး မီရောင်ထိန်ထိန်နဲ့
ဝေါမြို့ထဲတောင် ရောက်တော့မယ် ဟော …. ထမင်းဆိုင်တစ်ခုရှေ့မှာကားရပ်လိုက်တယ် ကားသမားများဆိုင်အတွင်း ဝင်သွာတော့မှ
ကျွန်တော်လည်း ကားခေါင်မိုးဝက်ခြံလေးထဲကအထ….။။။။။။
*****ဟေ့ကောင် မင်းဘယ်ကလဲ ဒီကာပေါ်ဘယ်လိုရောက်လာတာလဲ မလိမ်နဲနော်မှန်မှန်ပြော******
အသက်ကြီးကြီး ဝတ်ဖြူစင်ကြယ်နဲ့ တောင်ဝှေး ကိုဆီကိုင်ဆောင်ထားတဲသူသုံးဦး ကားအောက်ကနေမေးနေတာပါ ရုတ်တရက်ဘာပြန်ပြောရမှန်းမသိ
ကားပေါ်ပါလာတဲ့အကြောင်းပြောပြလျှင်ယုံကြပါ့မလား တော်ကြာအရင်နေရာပြန်ပို့နေရင် ဒုက္ခပဲ။။။။
****ဟို…လေ ကျွန်တော့ကို ဒီကားပိုင်ရှင်က ဒီကားပေါ်မှာနေခိုင်းလိုပါ ခင်ဗျာ***
****မင်းပြောတာဟုတ်လို့လားကွ မင်းကိုကြည့်ရတာ ဒီလောကကိုရောက်တာ မကြာသေးသလိုပဲ****
****ဟုတ်ပါတယ်အဘတို့ ရယ် ဒီကားပိုင်ရှင်က ဒီမှာနေခိုင်းတာ မကြာသေးပါဘူး****
****အေး ဒါဆိုလည်းပြီးတာပဲ မြို့တွေရွာတွေ ရောက်ရင် အဝင်အထွက် ပြောပြီးမှသွားကွ အခုမင်းနေတဲကားနဲ့ဝေးဝေး
မသွားနဲ့ ဒီလောကမှာက ကိုယ့်နေရာနဲကိုယ်နေရတယ်ကွ နယ်မြေကျော်ပြီး လျှောက်သွားလို့မရဘူး ကြားလား*****
****ဟုတ်ကဲ့ပါ အဘ****
။။။။။။။။။။။။။။ဒီလိုနဲ့ပဲ ပေါ့ဗျာ ။။။။။။။။။။။။။။
ကုန်ကားကြီးသွားရာနောက် လိုက်ပါရင် မြို့တွေရွာတွေကိုဖြတ်သန်းတိုင်း အမေးမြန်းအစစ်ဆေးခံရတိုင်း ကားပိုင်ရှင်
အပ်ထားလို့ ကားပေါ်မှာနေတာပါလို့ ပြန်ပြောပြီး နေလာလိုက်တာ မြန်မာပြည် အရပ်ရပ်မရောက်ဖူးတဲ့နေရာ မရှိသလောက်ပါပဲ
အော်…ကုန်ကားပိုင်ရှင်လား ရန်ကုန်တာမွေလို့ပြောတာပဲခြံကျယ်ကြီးထဲမှာ နေတယ် ကျွန်တော်နေတဲ့ ကားကြီးကလည်း တစ်ခါတရံ
အဲဒီခြံကျယ်ကြီးထဲမှာ သွားသွားပြီး ညအိပ်ရတယ်…အများအားဖြင့်တော့ နယ်တွေသွားနေတာများပါတယ်။။။။
ဒါပေမယ့် ကျွန်တော်နေတဲကားကြီးဟာ ခရီးတစ်ခုခု သွားတိုင်း တစ်ခု့မဟုတ်တစ်ခုပြသနာတက်တော့တာပဲ ကားခြင်းတိုက်ရင်တိုက်
မတိုက်ရင်ပျက်နေတော့တာပဲ…
ဘာတဲ……ကားသမားတွေပြောတာတော့ကားမှာ မသန့်မပြန့်တဲ့ အတိုက်ရှိတယ်တဲ့ ဆရာနဲလုပ်မှရရမယ်လို့ကားပိုင်ရျင်ကပြောတယ်ဆိုတာပါပဲ။။။

(ဆက်ရန်)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

7 comments

  • ogre

    June 25, 2011 at 2:13 am

    ကွန်နက်ရှင် မကောင်းလို့
    ခဏခဏ တင်လိုက် စာတွေပြတ် ကျန်ခဲ့လိုက်နဲ့
    မနေ့ကတစ်နေ့လုံး အလုပ်မဖြစ်လိုက်ပါဘူး
    သူကြီးခင်ဗျား
    ဝိညာဉ်တစ်ကောင်ရဲ့…ပုံပြင်%
    ဆိုတဲ့ပိုစ့်ကိုဖျက်ပေးပါ ပွိုင့်ရှိတယ်ဆိုရင်လည်းနှုတ်လိုက်ပါ
    ခဏခဏ တင်လိုက်ပြတ်ကျန်ခဲ့လိုက်နဲ edit လုပ်ရင်း စိတ်မရှည်တာနဲ့
    ဒီတိုင်းထားလိုက်ရလို့ပါ
    ကျေးဇူးပါ။။။။

  • Endless

    June 25, 2011 at 5:29 am

    မျှော်ရပြန်ပြီ…. 🙁

  • moethidasoe

    June 25, 2011 at 10:08 am

    ဟိုက်ရှားဘားစ် အခန်းဆက် ဝတ္ထုတို ဖတ်နေရသလိုပါလား
    ကောင်းတာက word ထဲမှာ ဇော်ဂျီနဲ့ အပြီးရိုက်ထား .. ဆက်သွယ်ရေး ကောင်းတဲ့အချိန်မှာ တခါတည်း
    copy paste လုပ်ရင် မြန်တယ် .. နို့မဟုတ်ရင်တော့လား .. လာမယ် ကြာမယ်ပဲ

  • ogre

    June 25, 2011 at 12:03 pm

    ဟုတ်ပါ့ဗျာ..
    အခုတော့တင်လိုက်ပြတ်ကျန်လိုက် …ဒါမှမဟုတ်ရင် comment off
    ဖြစ်လိုက်နဲတစ်နေလုံး တိုင်ပတ်နေတာဗျို့
    comment off ကို on ဖြစ်အောင်ဘယ်လိုလုပ်ရလဲသိချင်တယ်
    သူကြီးပြောပြပါလား

  • nature

    June 26, 2011 at 6:24 am

    စိတ်ဝင်စားစွာ အားပေးနေပါတယ် ogre ရေ။ သွေးကွက်လေးကသူ့နေရာဆိုတာလေးကဗဟုသုတရတယ်။ ဒါကြောင့်မို့ထင်တယ် ၊ ကား accident ဖြစ်ထားဘူးတဲ့နေရာတွေဆို မကြာခဏ accident ဖြစ်တတ်တယ်လို့ကြားဖူးတယ်။ သူ့ရဲ့နေရာလေးကို ဂျိုင့်ခွက်ဖြစ်အောင် လုပ်ထားလိုက်ရင် ကားတွေရှောင်သွားမှာမို့ အေးအေးဆေးဆေး နေလို့ရမယ်ထင်တယ်။ 🙂

  • nature

    June 26, 2011 at 10:12 am

    နောက်ဆို ကား accident ဖြစ်တဲ့နေရာတွေကို ယာဉ်ထိမ်းရဲတွေက ပရိတ်ရွတ် အမျှဝေပေးရင် ကောင်းမှာပဲ။

  • captainamerica

    June 26, 2011 at 12:10 pm

    ကိုယက္ခ စာရေးကတော့တကယ်ကောင်းပါတယ်…

Leave a Reply