အခုတော့လဲ တစိမ်းတွေလိုပါဘဲလား ……

fattyJune 25, 20111min24428

အင်းယားသည် ကျနော့ကို မှတ်မိဟန်မတူတော့ …..။
သူ့မှာလဲပုံပြင်တွေအများကြီးလေ … ပုံပြင်တွေထဲက ပုံပြင်လေးတပုဒ်ကို ဘယ်အမှတ်ရပါတော့မလဲ …။
အင်းယားရေကတော့တည်ငြိမ်နေဆဲပါ … ဖြတ်သန်းသွားခဲ့ဘူးသူတွေကသာ …ဘဝလှိုင်းတွေနဲ့ ဘောင်ဘင်ခပ်နေခဲ့ရတာ ….။


ကျနော်တမင်ရွေးပြီး မနက်အစောကြီးသွားခဲ့တာ ….။
ချစ်ကြသူတွေကိုမတွေ့ချင်ပါဘူး ..။ သူတို့ကတော့သိကြမှာမဟုတ်ဘူး ..။
တချို့လဲ လက်တွဲဖြစ်ကြတယ် ..။ တချို့လဲ လမ်းခွဲလိုက်ကြတယ် …။


ကျနော်သူ့ကိုသတိရလိုက်မိတယ် ….။ ဘယ်သူမဆိုလေ ပြန်ပြီးတော့အမှတ်ရမိကြမှာပါဘဲ ….။
အဝေးနေရာတွေအသီးသီးရောက်နေတဲ့ သူတွေအတွက်ပါ ..။ ကျနော်တို့ ထိုင်ခဲ့ကြတုန်းကနဲ့တော့မတူတော့ဘူးပေါ့ ..။
ကြည့်လေ … အမိုးလေးတွေနဲ့ …။

အဝေးရောက် သူငယ်ချင်းတို့ …. အတိတ်ဟောင်းလေးတွေပြန်ပြောင်း အောင့်မေ့ရအောင်လို့ပါ ..။
တခါတလေ … စိတ်တွေပြန်ပြီးနုပျိုသွားတာပေါ့ … လက်တွဲဖြုတ်ခဲ့ကြသူတွေအတွက်တော့ ….
စိတ်မကောင်းပါဘူး ….။ ဒါပေမဲ့ ရင့်ကျက်ကုန်ပြီဘဲလေ …။


နှလုံးသားလေးတချက် ပြန်လည်လှုပ်ခပ်သွားကြမယ်ဆိုရင်ဖြင့် … အဆုံးနားလေးမှာတော့ ပြုံးတုံးတုံးလေးဖြစ်သွားကြမှာပါ …။


28 comments

  • fatty

    June 25, 2011 at 4:08 am

    အသွားအပြန်စရိတ်တော့ အတော်ကုန်တယ်ဗျို့ …..။

  • natthamee

    June 25, 2011 at 4:21 am

    ကျေးဇူးပါပဲ။ နတ်သမီးက ဒဂုံမှာ ကျောင်းတက်ရတော့ အင်းယားနဲ့အဝေးကြီးပဲ။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ခဏခဏသွားဖြစ်တယ်။ မုန့်တီသွားသောက်တာလေ။ ဓါတ်ပုံတွေမြင်ရတော့ တစ်ခုခုကို လွမ်းမိသလိုပဲ …..

  • bigcat

    June 25, 2011 at 4:31 am

    အင်းယားမှာ
    ခင်းထားတာ
    ကြည်လဲ့လဲ
    ရေပြင်ပြာ၊
    ကျောက်စိမ်းရောင်
    မြက်ခင်းနုမှာ
    ပတ္တမြားပြောင်
    မြေဘောင်ကွပ်
    လူကွယ်ရာခြုံပုတ်ထဲ
    အတွဲတွေ ဟိုဟာလုပ်…..

  • kyarphyulay

    June 25, 2011 at 4:59 am

    ပုံတွေကြည် ့မိတာနဲ ့ကို
    ကျောင်းတုန်းကအဖြစ်အပျက်တွေကို
    ပြန်သတိရလာမိတယ်..
    အရမ်းလွမ်းတာပဲ….

  • zoe

    June 25, 2011 at 5:03 am

    ဘူးသီးကျော် ဆိုင်မတွေ့ပါလား ?? ရှိကောရှိသေးရဲ့လား ? ရခိုင်မုံ့တီဆိုင်တော့ရှိသေးတယ် ပေါ့ ။ 😀

  • kai

    June 25, 2011 at 5:11 am

    အင်ယား…ဓါတ်ပုံတွေအတွက် ..ကျေးဇူးပါဗျာ..။
    ရန်ကုန်တက္ကသိုလ်ရဲ့..အင်းယားခေတ်ကိုတော့ လွမ်းမိပါတယ်…။
    အင်း.. တော်တော်ပြောင်းသွားတယ်နော…။

    အယ်လ်အေရဲ ့.. ဆန်တာမော်နီကာ ပင်လယ်ကမ်းခြေလေး.. တင်ပေးပါဦးမယ်..။
    ဓါတ်ပုံတော့.. ဖုံးနဲ့ရိုက်ထားပြီးပြီ..။

  • niyezaw

    June 25, 2011 at 5:41 am

    ဒဂုံတက္ကသိုလ်မှာတော့ ဆင်းယား ကန်ရှိတယ်ကြားဖူးတယ်။ ကန်ထဲဆင်းတာနဲ့ ယားကုန်လို့။

  • niyezaw

    June 25, 2011 at 5:46 am

    အင်းယားကန်မြေနီလမ်း
    ခုံတန်းလျားနဲ့ကံ့ကော်ပင်
    ကျောင်းပိတ်ရက်တိုင်းလွမ်းချင်သလို
    နေညိုရင်သတိရ

    (မောင်စိန်ဝင်း)

  • PinkCandy

    June 25, 2011 at 6:09 am

    အင်းယားကိုတော့ ရောက်ဖြစ်တယ်
    ခုံမှာလူလွတ်တာမရှိလို့ အဲဒီခုံတွေမှာ ၁ခါမှ မထိုင်ဘူးဖူး
    အခုမှ အဝကြည့်လိုက်ရတယ်
    ကျေးဇူးပဲ လေးလေးဖက်

  • အင်းလျား ဆိုတာနဲ့ ကိုယ်နဲ့မပါတ်သက်ခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္တုတွေဖတ်ပြီးရင်
    လွမ်းခဲ့ရတာပါဘဲ။
    အင်းလျား ကန်က သိမ်းဆည်းထားရတဲ့ပုံပြင်တွေလဲအများကြီးကို ။
    ကျေးဇူးပါ ဖက်ကိုကိုရေ

  • kai

    June 25, 2011 at 7:58 am

    အုတ်ဖြူလှေကား အင်းယားကန်
    ကံ့ကော်ရံတဲ့ တက္ကသီလာ
    လွမ်းချင်သလို ကျောင်းပိတ်ရက်များ
    မိုးညိုလာရင် အမှတ်ရ..။

    အုပ် အစား အုတ်ဟု ပြင်ထားပါသည်။ 🙂

    • nozomi

      June 25, 2011 at 8:06 am

      သူကြီး
      သူကြီးမန်းထားတာက စည်းကမ်းချက် အမှတ်(၃)နဲ့ မကိုက်ပါဘူး ရွာကထုတ်ထားတဲ့ စည်းကမ်းကိုလိုက်နာပေးပါ 😀 😀

      • ဆူး

        June 25, 2011 at 1:11 pm

        အထက်က မန်းထားတဲ့ အထဲမှာ ဖုံး ဆိုပြီး သုံးထားတယ်။
        ဖုန်း လို့ ရေးရမှာ..
        နိုင်ငံခြား စကား မွေးစားတယ် မပြောနဲ့နော်.. ဒီကို ရောက်တာ ကြာပြီ ဆိုတော့ ဒီက သုံးနေကျ စကား အတည်ပဲ။

  • zaw min

    June 25, 2011 at 8:39 am

    ယနေ့ တည်ညိမ်နေတဲ့ အင်းယားရေပြင်
    တစ်ချိန်က ဘလောင်ဆူခဲ့ရတဲ့ ငါတို့ရဲ့
    နှလုံးသားရင်ခွင်။
    စိမ်းလဲ့လဲ့ ကန်ရေပြင် အပြုံးမဲ့တဲ့
    သဏ္ဍန်တွေထင်၊
    အချိန်တွေပြောင်းပေမယ့်
    ဒဏ်ရာဟောင်းကိုတော့
    သတိရဆဲပါခင်။

  • MaMa

    June 25, 2011 at 9:07 am

    အင်းယားရေပြင်ကြီးကတော့ မမှတ်မိဘူး။ ရေပြင်အောက်က မြေကြီးကတော့ ဒိုက်ဗင်ထိုးခဲ့တဲ့ ဦးဖက်ကို သတိရလို့ လာလည်နိုင်ကြောင်း ဖိတ်ကြားလိုက်ပါတယ်တဲ့။

    • ဆူး

      June 25, 2011 at 1:13 pm

      ဒိုင်ဗင် မာစတာ ဦးဖတ်တီး
      အခု ဒိုင်ဗင် ထိုးဖို့ ထပ်သွားတာလား မသိဘူးနော်။

  • usnczn

    June 25, 2011 at 9:30 am

    အား…. အင်းယားကို လွမ်းရပြန်ပြီ။
    အောက်ဆုံးကပုံက အင်းယားလို့တောင်
    မမှတ်မိအောင်ပဲလားကွယ်။
    အများကြီးပြောင်းလဲသွားပါပေါ့လား။

  • usnczn

    June 25, 2011 at 9:32 am

    အား…. အင်းယားကို လွမ်းရပြန်ပြီ။
    အောက်ဆုံးကပုံက အင်းယားလို့တောင်
    မမှတ်မိအောင်ပဲလားကွယ်။
    အများကြီးပြောင်းလဲသွားပါပေါ့လား။
    လူတွေ ပုဆိုးဝတ်ထားတာ..ထမိန်ဝတ်ထားတာ
    မတွေ့တော့ မြန်မာ့ အရသာ ပျက်နေသလိုဘဲ။

  • fatty

    June 25, 2011 at 9:40 am

    ဒီတခါ တော့ဖြင့်ပြန်ပေါ်လာစရာအကြောင်းမရှိတော့ပါဘူး ….။
    ဆင်းကထဲကိုက လည်ပင်းကို ခဲဆွဲပြီး ဆင်းတော့မှာ …။
    မမ .. လာတားမှဘဲ ပြန်တက်လာမယ်။

    မနက်အစောကြီး လမ်းလျှောက်ကြတဲ့အချိန်လေကွယ် ..။ ပုဆိုးဝတ်တဲ့အချိန်မဟုတ်ဘူး

  • antimoe

    June 25, 2011 at 11:06 am

    မီတာ၁၀ဝလောက်တောင်မရှိတဲ့….လမ်းကလေးက…
    ဘာလို့ဒီလောက်တောင်….ရင်နင့်လွမ်းမောစေရတာလဲ။

    ကမ္ဘာအနှံ့…နေရာအနှံ့က…ဘဝအမောတွေကို..
    ဒီ မီတာ၁၀ဝလောက်တောင်မရှိတဲ့….လမ်းကလေးက…
    ဘာလို့ဒီလောက်တောင်….နှစ်သိ်မ့်ပေးနိုင်စွမ်းရတာလဲ။

    မနားမနေပြေးနေရတဲ့..ဘဝတွေကို….တစ်ချိန်က…
    နားစက်ခွင့်ပေးခဲ့တဲ့နေရာလေးမို့ပါ။

  • ဆူး

    June 25, 2011 at 1:34 pm

    ကျောင်းတက်တုန်းကတော့ တခါတရံ အင်းယားဘက်ကို ရောက်တယ်။ ဒါပေမဲ့ သိပ်မရောက်ဖြစ်ဘူး.
    အခု သွားတော့ အရင်လို သိပ်စားမကောင်းတော့ဘူး။ ဆိုင်တွေ ပြောင်းတာလား လက်ရာတွေ မကောင်းတော့တာလား မသိတော့ဘူး။
    မင်းလမ်းမုန့်တီ ဆိုင်ကတော့ အသစ်ဖွင့်ထားတယ်.. လူတွေကလည်း စီလိုက်တာ ဩတိုက်နေတာပဲ.. ကံထူးတဲ့ လူတွေ ဖြစ်မှာပေါ့.. တခြားဆိုင်တွေ လူမရှိတဲ့ အချိန် အဲဒီ ဆိုင်ကို ကားတွေ နဲ့ လာလာ စားကြတယ်။

  • weiwei

    June 25, 2011 at 2:07 pm

    အင်းယားကန်ဘောင်ပေါ်မရောက်တာ ၁၅ နှစ်လောက်တောင် ရှိသွားပြီ …. အင်းယားကန်ဘေးနားက စိမ်းလန်းစိုပြေကိုတော့ ရောက်ဖြစ်တယ် … အဲဒီနေရာလေးလဲ မဆိုးဘူး …

  • forever

    June 25, 2011 at 2:09 pm

    စီးပွားရေးတက္ကသိုလ်မှာနောက်ဆုံး၂နှစ် (၈၅၊၈၆) တက်ခဲ.ရတော.အင်းယားက
    အရင်းနှီးဆုံးမိတ်ဆွေပါဘဲလမ်းဘဲခြားတာလေ ဒါပေမယ်. အခုအင်းယားက
    ပကာသနတွေနဲ.အချိန်နဲ.အတူပြောင်းလဲနေပြီဘဲ….

  • pooch

    June 25, 2011 at 4:50 pm

    အင်းယားရယ် မရောက်ဖြစ်တာ ၈နှစ် ကြာ ……….
    ထိုင်ခုံလေးရဲ့ တဖက်မှာ ကိုယ်တယောက်ထဲပေါ့ ..(ဆင်ပေါက်).

  • chitpyae

    June 26, 2011 at 1:05 am

    Inya ko lal lwann tal …. Ygn ko lal lwann tal 🙁

  • nature

    June 26, 2011 at 6:56 am

    ကင်မရာကပဲ ကောင်းလို့လား ၊ ဆရာ fatty ကပဲ တော်လို့လားတော့ မသိဘူး။ ပုံကလေးကြည့်လို့ တော်တော် လှတယ်။ အလွမ်ပြေ အမှတ်တရပုံလေးတွေပေါ့။

  • monmon

    June 26, 2011 at 8:23 am

    ဦးဖက်.. ဘယ်အချိန်သွားတာလဲဟင်… အတွဲတွေမရှိဘူးလား…
    လမ်းလျှောက်တဲ့သူငယ်ချင်းတွေက ပြောတယ်.. မနက်အစောကြီးသွားလည်း အင်းယားက အတွဲတွေနဲ့ပဲတဲ့… ဘယ်အချိန်ကတည်းက လာနေကြလည်းမသိဘူးတဲ့… ဦးဖက် ရော မတွေ့ဘူးလား… 🙂

Leave a Reply