နိုင်ငံတကာမှာ တိုးတက်နေသော ရုပ်ရှင်လောကကြီးဟာ အရမ်းကိုအတုယူဖွယ်ကောင်းလောက်ပါတယ် … နိုင်ငံတိုင်းက မိမိနိုင်ငံရဲ့ ရုပ်ရှင်လောကကြီးတိုးတက်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်နေကြတာကိုသိရပါတယ် …. နိုင်ငံတစ်နိုင်ငံရဲ့ ရာဇ၀င်သမိုင်းတွေကို ရုပ်ရှင်များဖြင့် တခမ်းတနားဖော်ပြကြလေ့ရှိပါတယ် … ပိုက်ဆံထက် မိမိနာမည်ကို ထင်ရှားပေါ်လွင်အောင် နာမည်ကြီးအောင် အသက်စွန့် ငွေကုန်ကြေးကျခံပြီး အချိန်တွေအများကြီးနဲ့ လုပ်ဆောင်နေကြပါတယ် … ကျွန်တော်တို့နေထိုင်သော မြန်မာနိုင်ငံကြီးမှာတော့ တစ်ဦးနှင့်တစ်ဦး မယှဉ်ပြိုင်သင့်တာတွေကို ယှဉ်ပြိုင်နေသောကြောင့် မတိုးတက်ဘဲ ကျရှုံးနေတာပါ…. ဒါရိုက်တာတွေက ဇာတ်ကားတစ်ကားကို အချိန်နည်းနည်း လူနည်းနည်း ငွေနည်းနည်း နဲ့ မြန်မြန်ရုံတင်နိုင်အောင် ပြုလုပ်နေကြပါတယ် … ရုပ်ရှင်လောကကြီးကို မှီခိုပြီးအသက်ဆက်နေကြသော လူတော်တော်များများမှာ ကူလီ၊တောင်သူ၊လက်လုပ်လက်စားတို့တက်တောင် အဆင်မပြေမှုများဖြစ်ပေါ်နေကြပါတယ် …. လူနည်းနည်းနဲ့ ဇာတ်ကားတစ်ကားဖြစ်သွားတော့ ထုက်လုပ်သူလည်း ပိုက်ဆံပိုရတာပေါ့ … ထုက်လုပ်သူ မင်းသား မင်းသမီး တွေသာပိုက်ဆံတွေပိုက်သွားကြတယ် ကျန်တဲ့အဖွဲ့ဝင်တွေကတော့ အသက်ဆက်ရုံလောက် ထမင်းဖိုးရပဲလိုက်တယ် … ထိုကြောင့် တော်ရုံတန်ရုံ သင့်တော်ရုံလေးတွေပဲ လုပ်ကြတော့ မတိုးတက်တော့ဘူးပေါ့ … ပိုပြီးတော့ အားကြိုးမာန်တက် မပြုလုပ်ကြတော့ဘူး .. ဇာတ်ကားတစ်ကားကိုကြည့်လိုက်ရင် နောက်ထပ်တစ်ကားက ခန့်မှန်းလို့ရနိုင်လောက်တဲ့ အနေအထားတွေကြောင့် ကြည့်ချင်သူမရှိလောက်အောင် ဆွဲဆောင်မူနည်းပါးလှပါတယ် ..

အရည်အချင်းမလိုပါဘူး အရင်းအနှီးပဲလိုပါတယ် ဆိုတော့ မြန်မာရုပ်ရှင်လောကကြီးဟာ ဘယ်တော့များမှတိုးတက်မှာလဲ …. မင်းသားမခံရသော မသေသော မီးမထွက်သောသေနတ်များ လေပေါ်ပျံရင် ကြိုးတန်းလန်း မြင်နေရသော ဇာတ်ကားတစ်ကားကို လူ(10)လောက်နှင့်ဖြစ်အောင်ရိုက်ကြသော ဒါရိုက်တာများ ပိုက်ဆံနည်းနည်းပဲထုက်ပြီး များများလိုချင်ကြသော ထုက်လုပ်သူများ ၊ မင်းသမီးတွေကတော့ သရုပ်ဆောင်ဖို့ထက် အ၀တ်အစားဘက်မှာပိုပြီး တော့ တိုးတက်လာတာတွေ့ရပါတယ် လုပ်တာကမရတော့ ရတာကိုပဲလုပ်ကြရပါတယ် … ပြောချင်တာတွေကတော့အများကြီးပဲဗျာ ပြောလို့လည်းပြီးတော့မှာ မဟုတ်လို့ ဒီလောက်ပဲ ပြောတော့မယ် နောက်မှထပ်ပြောမယ် …. သီဟတင်စိုးကတော့ တော်လှန်ရေးကြီးပြီးဆုံးသွားပါပြီလို့ ထင်ပါတယ် …

About thihayarzar

thiha yarzar has written 76 post in this Website..