ဖိနပ်လုသော ခလေးများ..

နွေဦးJune 25, 20111min24814

ရွှေတိဂုံ ဘုရားဖူး သွားသူများ သတိပြုကြပါအုံး။ဘုရားသွားလို့ ကုသိုလ် ရ ရမဲ့အစား ဘုရားပေါ်မရောက်ခင် စိတ်အနှောက်ဖြစ်ခဲ့ ရတဲ့ အခါတွေ များပါပြီ ။ဈေးသည်တွေ အလှူခံတွေ အမျိုးမျိုး အဖုံဖုံ အနှောက်အယှက် ပေးတာကို ဘုရားဖူး သွားကြတဲ့သူ တွေ တနည်းမဟုတ်တနည်း ကြုံဖူးကြ မှာပါ။

အခုတဖန် ကြုံရမှာက နည်းသစ်ပါခင်ဗျ…။ဦးဦးဖျားဖျားကြုံဖူးကြုံဖူး ချင်တယ်ဆိုရင် ရွှေတိဂုံ ဘုရားအရှေ့ဖက် ဗဟန်းမုတ် အောက်ဖက် ကို သွားလေ့လာပါ။

ကြုံရမဲ့အဖြစ်ကဒီလို……….။

စောင်းတန်းက ဘုရားပေါ်တက် မယ်ဆို လှေခါးရင်းမှာ ဖိနပ်ကို ချွတ်ရမှာ..။ဒီအချိန် မှာ ခင်ဗျားဘေးကို ခလေး တယောက် ဒါမှမဟုတ် နှစ်ယောက် ဂျွတ်ဂျွတ်အိပ်လေး တွေကိုင်ပြီး ရောက် လာလိမ့်မယ်။ ခင်ဗျားကတော့ ဂျွတ်ဂျွတ်အိပ်နဲ့ ဖိနပ်ထဲ့ပြီး သိမ်း ပေးမယ်လို့ ထင်ပြီးလျှောလျှောလျှူလျှူ ပေးမယ်ပေါ့။ဒါပေမဲ့ အထင်နဲ့အမြင် လွဲပြီ.။ ခင်ဗျားရဲ့ဖိနပ်ကို ဆွဲယူပြီး ပြေးသွားရော.။ခင်ဗျားဘာလုပ်မလဲ.. ပြန်လိုက်လုရတော့ တာပေါ့။ဒီအချိန်မှာ နောက်တဖက် ကို နောက်တယောက်က ယူသွားပြန်ရော။ဒါပေမဲ့ ခလေးတွေက ဝေးဝေး မပြေးပါဘူး။ခပ်လှမ်းလှမ်းက ခင်ဗျားကို လက်ဖြန့်ပြပြီး ၁၀ဝ ကျပ် ဒါမှမဟုတ် ၂၀ဝကျပ် (ဖိနပ်တန်ဖိုးကိုကြည့်ပြီး) တခါတလေ ၅၀ဝ လောက်ထိ တောင်းကြတယ်။ တယောက်ပြီးတယောက် ဓါးပြတိုက်နေသလားထင်နေရတယ်။

ခလေးတွေဘဲ ဆိုပြီး ဆွဲဆက် ဖမ်းပြီး ရိုက်မယ် ပုတ်မယ် လုပ်မဲ့သူတွေ ရှိပါတယ် ဒါပေမဲ့ ဘေးနားမှာရပ်ကြည့်နေတဲ့သူတွေက ခလေးတွေကို မရိုက်နှက်ဖို့ ဝိုင်းဟန့်ကြ လိမ့်မယ်။ဒီလူတွေက ဒီခလေးတွေနဲ့ တဖွဲ့ထဲဘဲ။ဒီတော့ ဘုရားပေါ်မှာလှူမဲ့ ပိုက်ဆံ ကို ဒီမှာပေးခဲ့ပေတော့…။မိန်းခလေးတွေ သမီးရည်းစား စုံတွဲတွေ က သူတို့ရဲ့ အဓိ ကပစ်မှတ်တွေပေါ့။သက်ကြီးရွယ်အိုတွေ ကတော့ ပစ်မလွဲတွေလို့သတ်မှတ်ပြီးသား။

ဒါပြီးရင်တော့ စိတ်ရှုတ်ထွေးစွာနဲ့ ဘုရားပေါ်တက်လို့ရပြီပေါ့။

အဲ ဘုရားဖူးပြီး ပြန်ဆင်း ရင်တော့ အခြားတဖက်ကဆင်းရင် အဆင်အပြေဆုံးဖြစ်   မှာပါ။မဟုတ်ရင် ဘုရားပေါ်က ရခဲ့တဲ့ ကုသိုလ်တွေ ကျန်ခဲ့ပြီး အကုသိုလ်တွေ နဲ့ အိမ်ပြန် ရမှာသေခြာတယ်။

ဘယ်လိုလုပ်ကြမလဲ… ဘယ်လိုကာကွယ်မလဲ.. ခလေးတွေ သူတို့ကိုခိုင်းတဲ့လူကြီး တွေကို ဖမ်းဆီး မလား..။ကျွန်တော်ကတော့ တခြားမုတ်က တက်ဖို့ဘဲစဉ်းစားထား တယ်။ အားလုံး သတိရှိကြပါစေ။တခြားဘုရားစောင်းတန်းတွေမှာလဲ ရှိတတ်မှာ။

14 comments

  • windtalker

    June 25, 2011 at 7:10 am

    ကောင်းပါပေ့ usnczn ရေ ။ နောက်ဆုံးပေါ ်တောင်းရမ်းနည်း တစ်မျိုးပေါ့လေ ။ ရန်ကုန် ရောက်ရင် အမြဲ လို ဦးဆုံး သွားဖူးဖြစ်တာ က ရွှေတိဂုံ ဘုရား ပါ ။ အခုလို လေး သိထားရတော့ ကြို ရှောင်လို ့ရတာပေါ့ ဗျာ ။ ဒီကိစ္စ ဘယ်သူ ့မှာ တာဝန်အရှိဆုံးလဲ ဆိုရင် ဘုရားဂေါပက တွေ မှာ လို ့ထင်ပါတယ် ။ ကျေးဇူးပါပဲ နော် ။

  • PinkCandy

    June 25, 2011 at 7:20 am

    ဟုတ်ပါတယ်
    ကလေးတွေ တော်တော်ဆိုးနေတယ်
    ဖိနပ်ထည့်စရာ အိတ်ပါတာတောင် ဖိနပ်ချွတ်တာနဲ့လုယူသွားတယ်
    တခါက သနားလို့ သူတို့ပေးတဲ့အိတ်လည်းမယူပဲနဲ့ မုန့်ဖိုးပေးမိလိုက်ပါတယ်
    နောက်ကနေ တန်းစီလိုက်လာတယ်။
    ကန်တော်ကြီးပန်းခြံအပြင်ဘက်က ပလက်ဖောင်းပေါ်လမ်းလျှောက်နေတုန်းလည်း ဇွတ်ကြီးပိုက်ဆံလိုက်တောင်းတတ်ပါတယ်။
    ကျောပိုးအိတ်လွယ်ထားရင် ကျောပိုးအိတ်ကိုဆွဲပြီးတောင်းတယ်။ ပိုက်ဆံပေးမှ ပြန်လွှတ်ပေးတယ်။
    အကျင်္ီကိုလည်း ဆွဲပြီးတောင်းတတ်ပါတယ်။
    ၁ယောက်ကိုပေးမိရင် နောက်ထပ်ကလေးတွေ တပြုံကြီးလိုက်လာတတ်ပါတယ်။

  • nozomi

    June 25, 2011 at 8:17 am

    နောင် ရွှေတိဂုံကို အရှေ့ဘက် မုဒ်ကတက်ရင် သတိထားလို့ရတာပေါ့

    ဦးစိုးနိုင်ချစ်ဇာနည် ကိုကျေးဇူးတင်ပါတယ်
    (ဘယ်လိုဖတ်ဖတ် အဲဒီလိုပဲအဓိထွက်နေလို့ပါ စိတ်တော့မဆိုးနဲ့နော်) 🙂

  • R Ga

    June 25, 2011 at 9:21 am

    ကျေးဇူးပဲ ဒီသတင်းပေးလို့…ဘုရားမရောက်တာကြာပေါ့..သွားမလို့စဉ်းစားနေတာနဲ့အတော်ပဲ..။ ဘယ်စောင်းတန်းဘယ်ဖက် မုဒ်ဆိုတာပြောပြပေးပါလား။

  • moethidasoe

    June 25, 2011 at 10:06 am

    ရွှေတိဂုံ အရှေ့ဖက်မုဒ်၊ ဗဟန်းစောင်းတန်းလို့လဲ ခေါ်တယ် ..
    အကောင်းဆုံးက ဘုရားကိုသွားရင် အဖော်နဲ့သွား (လူများရင် အလုမခံရဘူး)
    .. ဖိနပ်ထည့်မယ့် အိတ် အသင့်အတင့်ကောင်းတာ လွယ်သွား (ကျွတ်ကျွတ်အိတ်လောက်ဆိုရင် ဂရုစိုက်တာ မဟုတ်ဘူး)
    .. အန္တရာယ်ကင်းတယ်

  • shweminthar

    June 25, 2011 at 3:25 pm

    ကလေးတွေ ကို ရိုက်ပစ်လိုက်
    ကိုင်ပေါက်ပစ်
    လာတားတဲ့သူတွေကို ဆွဲထိုး မနိုင်ရင် ဂေါပကရုံးရောက်အောင်ပြေး
    ဆော်သာဆော် နောက်လှည့်မကြည့်နဲ့ အပျက်သာရှင်းပစ်
    အတော်ရှုပ်တဲ့ကောင်တွေ
    မျက်နှာသာပေးလို့မဖြစ်ဘူး
    ဒီထက်ပို အတင့်ရဲလာကြရင်…..စဉ်းစားတာကြည့်တော့
    တွေ့လို့ကတော့ နပန်ကျင်းပစ်မယ်။
    မှတ်လောက်သားလောက်အောင် ဆော်ပစ်မယ်

  • ဆူး

    June 25, 2011 at 5:08 pm

    ကလေးတွေ သိပ်ဆိုးနေပါလား.. အနားကပ်တာနဲ့ အော်ထုတ်လိုက်ပေါ့.. ရွှေမင်းသား ပြောသလို နပန်ကျင်း စရာ မလိုပါဘူး မျက်နှာ ခပ်ထန်ထန် နဲ့ အော်လိုက်ရင်ပဲ သူတို့ကို မလိုဘူး ဆိုတာ သိနေလို့ ထွက်ပြေးသွားကြမှာပါ။

  • kai

    June 25, 2011 at 9:09 pm

    အဲဒီကလေးတွေကြီးလာရင်…..

    • အဲဒီကလေးတွေကြီးလာရင် သူထက်ငယ်တဲ့ကလေးတွေကို သူငယ်ငယ်ခံခဲ့ရတာလိုပြန်ခိုင်းစားတဲ့
      ခေါင်းဆောင်ကြီးဖြစ်လာမှာပေါ့။
      ဒီလိုဘဲ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်တဲ့လုပ်ငန်းကြီးကို အမွေပေးထားခဲ့ကြတာကိုးဗျ

  • monmon

    June 26, 2011 at 6:40 am

    ဘာပဲပြောပြော သူတို့ဝင်ငွေက မွန် တို့တစ်လစာထက်တော့ အပုံကြီးသာတယ်… း)

  • thuyaungmel

    June 26, 2011 at 6:49 am

    ဂေါပက တွေမှာတာဝန်ရှိတာပေါ့ သူတို့ပဲ ရှင်ပေးရမှာပဲ ဘုရားဂေါပကကိုဝင်တိုင်သွားရမှာ တစ်ယောက်က နှစ်ယောက်တိုင်ပါများလာရင်ရှင်းပေးရမှာပေါ့

  • pan pan

    June 26, 2011 at 11:28 am

    တခါသား ရွှေတဂုံဘုရားသွားတာ ရှေ့ဘက်မုခ်မှာပေ့ါ ကလေးတွေ ဝိုင်းအုံလာတာ။
    ဒါတောင်သူငယ်ချင်းတွေတပြုံကြီးနဲ့ သွားတာ။
    သူတို့ကျွတ်ကျွတ်အိတ်လည်း မယူခဲ့ပါဘူး။
    ပိုက်ဆံတော့ အတင်းတောင်းတော့ ပေးလိုက်ရတယ်။
    ကုသိုလ်ရတာပေ့ါ ဆိုပြီး သဘောထားလိုက်တယ်..။

    (အမယ်…အဲဒီကလေးတွေက အိတ်တွေကို အမှိုက်တောင်းထဲက ပြန်ကောက်တာ..။
    ဘုရားပေါ်က ဆင်းလာတဲ့ဘုရားဖူးတွေက လွှင့်ပစ်လိုက်တဲ့ အိတ်တွေလေ။)

  • Mr. MarGa

    January 26, 2013 at 7:29 pm

    အင်းးးးးးးးးးး
    ဘယ်လိုပြောရမလဲ
    စနစ် စနစ်
    ဒီကလေးတွေကို ကြိုးကိုင်သူတွေကို ထိထိရောက်ရောက်တော့ လုပ်သင့်နေပြီ

  • ကလေးတွေကို မွေးထားတဲ့သူက ကြိုးကိုင်နေတာပေါ့။
    အင်း ကလေးတွေကို ကြိုးကိုင်ထားသူက ဘယ်သူဆိုတာသိပါရဲ့နဲ့
    ဘာလို့များကြိုးရှည်ရှည်နဲ့လှန်ထားကြတယ်မသိဘူးနော်။
    တွေးကြည့် တွေးကြည့် တွေးကြည့် ကြပါကုန်လော့။

Leave a Reply