ကျွန်မ ဖတ်ဖူးတဲ့ ဆရာ မ ဂျူး ရဲ့ စာအုပ်တစ်အုပ်တစ်အုပ် အကြောင်းလေး ပြောချင်လို့ပါ။ စာအုပ် တစ်အုပ်လုံး ဆိုတာ ထက် စာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရော မေးခွန်းလေး တစ်ခု ပေါ့။ စာအုပ် နာမည် က  “ စောင့်နေမယ်လို့ မပြောလိုက်ဘူး ” တဲ့ ။ ရွာသူ/ ရွာသားတွေ ဖတ်ဖူး ကြတဲ့ သူရှိသလို မဖတ်ဖူးတဲ့ သူလည်း ရှိလိမ့်မယ် ထင်ပါတယ်။

ဇာတ်လမ်းထဲ မှာ ကောင်မလေးက ပိုက်ဆံမရှိဘူး ၊ ဒါပေမဲ့ သူဖြစ်ချင်တာကို ဖြစ်အောက် ကြိုးစားတယ် ၊ ဘ၀ ကို အရှုံးအပေးဘူး။ သူ့ ရည်းစားကောင်းက Rapper တစ်ယောက်။ သူဌေးသားပေါ့။ သူ့ သူငယ်ချင်းကောင် လေးတစ်ယောက်လည်း ရှိသေတယ်။

သူ့တို့အလုပ်အတွက် အင်တာဗျူးဖြေတဲ့ အခါ မေးတဲ့ မေးခွန်းပါ။ ကောင်လေး ကိုမေးတာလား ၊ ကောင်မလေး ကို မေးတာလားတော့ သေချာ မမှတ်မိတော့ ဘူး။ အဲဒီ မေးခွန်ကို ကြိုက်လို့ မှတ်ထားတာ။ အခု အဲဒီ မေးခွန်းကို ရွာသူရွာသား တွေ ကို မေးချင်တယ်။ ဖြေတဲ့ အခါတော့ အကြောင်းပြချက်လေး တော့ ရေးပေးစေချင်တယ်။

မေးခွန်းက ” တကယ်လို့ ဘ၀မှာ သစ်ပင်တစ်ပင် စိုက်ခွင့်ရမယ် ဆိုရင် ဘယ်လို အပင်မျိုးကို စိုက်မှာလဲ ‘

ကျွန်မ ကတော့ ဗန်ဒါပင် ကို စိုက်မိမယ်ထင်တယ်။ ဘာလို့လဲ ဆိုတော့ နာဂစ်နောက် ပိုင်း အရမ်းပူလာတဲ့ ရန်ကုန် အတွက် အပင်ကြီးထွားတာ မြန်ပြီး အရိပ်ရတဲ့ ဗန်ဒါပင်က ပိုသင့်တော်မယ် ထင်လို့ပါ။

ကျေးဇူတင်ပါတယ်။

weRone

About we R one

has written 65 post in this Website..

https://5tds.wordpress.com/