သဝဏ်လွာသတင်းကောင်း

သဝဏ်လွာသတင်းကောင်း

အဆွေတော်ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာစွာရှိ၍
အဆွေတော်၏ တာဝန်များအားကျေပြွန်စွာထမ်းဆောင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်
အဆွေတော်၏ တာဝန်များဖြစ်သည့် ပြည်သူများစိတ်ချမ်းသာစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးနှင့်
မြန်မာနှင့်ကမ္ဘာ ရင်ဘောင်တန်းနိုင်ကာ ထိုင်ရာကမထအမှုကိစ္စဟူသမျှ ဆောင်ရွက်နိုင်ရေး အဆွေတော်
ဆက်သွယ်ပေးလျှက်ရှိသော ကွန်နက်ရှင်လုပ်ငန်းတာဝန်များလည်း အဆင်ပြေ လျှင်မြန်နိုင်ရေး တာဝန်အား
ကျေပြွန်စွာထမ်းရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။။
အဆွေတော် အားဤရက်ပိုင်းအတွင်း ဆောင်ရွက်ဖွယ်ကိစ္စ လျှင်မြန်မှုအထမမြောက်ခြင်းမရှိပါသဖြင့် အဆွေတော်အား
ကျွန်ုပ် နှင့်ထပ်တူ အင်တာနက်သုံးစွဲသူ လူအပေါင်းက နှစ်ထောင်းအားရ ဝိုင်းဆဲကြကြောင်း ကြားသိရပါသဖြင့်
အဆွေတော်နှင်ထပ်တူ စိတ်မကြည်ဖြူဖြစ်ရပါကြောင်းနှင့် အဆွေတော် အင်အားနှင့်မမျှ အလုပ်ဟူသမျှ
ဆောင်ရွက်နေရသဖြင့် ကိုယ်ရည်ညိုးနွမ်းအလွန်ပင်ပန်းလှကြောင်း ကြားသိရသဖြင့် အဆွေတော်ကျမ်းမာစေကြောင်း
အင်တာနက် ဆရာဝန်အပေါင်းအားလည်း ဝိုင်းဝန်းပြုစု အလေးဂရုပြုကြရန် အဆွေတော့ ကိုယ်စားတိုက်တွန်းပြောကြား
အပ်ပါသည်။။
အဆွေတော်အား မသိနားမလည်သည်များ မေးမြန် ပြန်ကြားနိုင်ရန် စိတ်မဆိုးလျှင်အဟုတ် မေးခွန်ထုတ်လိုသည်မှာ
ကျွန်တော်များ၏ကွန်ပြူတာနှင့် အဆွေတော်၏ ကွန်နက်ရှင်အင်တာနက် အကြိမ်ကြိမ် မစုံဖက်ပါသဖြင့် တပ်ထားသည့်
စက်အစုတ် ဘယ်လိုလုပ်ရမှန်းမသိလို့ အပြင်ဆိုင်အင်တာနက် စုံစမ်းရန်ထွက်ခဲ့စဉ်က အပြင်ဆိုင်အင်တာနက်
ခပ်သွက်သွက် အလုပ်လုပ် အဆွေတော် တော်တော်စိတ်ပုတ်ကြောင်း ငြီးတွားမိစဉ် ဆိုင်ရှင် အမျိုးကောင်းသားက
ကွန်နက်ရှင်ကောင်းဘို့ ရေလောင်းထားရကြောင်းပြောပါသဖြင့် အိမ်ကစက်အစုတ်ကို မြောင်းထဲကရေပုတ် နဲ့လောင်းရန်
ကြံစီခဲ့ဘူးကြောင်း နှင့် ကွန်နက်ရှင်အင်တာနက် နက်တာခြင်းအတူတူ ကျွန်တော့ဆီမှာ ဘာကြောင့် မဲ ချင်နေရတာလဲ
အခုချိန်ထိအဖြေရှာဆဲပါ။။
အဆွေတော်ခင်ဗျား ရေလောင်းမှကောင်းမယ်ဆိုလည်း အဆွေတော့်အထက် ဘယ်အချက်ကိုကိုင်ထားပြီး
ဟိုလူ့ကို ကောင်းစေ ဒီလူတော့ ညောင်းစေ(ထိုင်ပြီကွန်နက်ရှင်ကောင်းချိန်စောင့်ရလွန်လို့) မျှဝေပေးနေတဲ့
အဲဒီ အစိမ်းသရဲ ရေသောက်တဲ့ ငနဲဘယ်မှာရှိတယ်ဆိုတာလေး အဆွေတော့်ဆီမှ သတင်းမေးချင်ပါတယ်။။။
ကျွန်တော်၏အလုပ် အဆွေတော်နဲ့မှဟုတ်မှာမို့ ဖွတ်ကလိဒင်္ဂါး အိမ်သူမသိအောင်ဖွက်ထားသမျှနဲ့ အရောင်းကိုယ်စားလှယ်လုပ်
ရုံးခန်းကြီးအဟုတ်ဖွင့်ထားတဲ့ အဆွေတော့် မိတ်ဖက် ဓါတ်ပစ္စည်း အသစ်စက်စက်လေးတွေ ရောင်းချရာဆိုင်မှာ ကျွန်တော်
ဝယ်ခဲ့တာပါပဲ။ ဒါပေမယ့် အရောင်းကိုယ်စားလှယ်နဲ့ အဆွေတော် ဘယ်တုန်းကစ မခေါ်ကြသလဲမသိပါ
အဆွေတော်၏ ကွန်နက်ရှင်မရကြောင်း အဲဒီလူအပေါင်းကိုမေးစဉ် သူတို့လည်း
မသိကြောင်းဘူးငြင်း ခပ်တင်တင်းဆက်ဆံ ရန်တွေ့တောင်ခံခဲ့ရပါတယ်။။
သို့ပါ၍ အဆွေတော်ကျမ်းမာချမ်းသာစွာ တာဝန်များကို မရပ်မနားဆောင်ရွက် ကျွန်တော်၏အင်တာနက်ကလေးအား
ကွန်နက်ရှင်များများ ချထားပေးပါရန်နှင့် ကျွန်တော်များအိမ်ဘက် တစ်ချက်လောက်လှည့်ဝင်ဖြစ်ခဲ့ရင် အဆွေတော်
နှစ်သက်မယ့် ကျွန်တော့အိမ်က အထုတ်ရှုပ် နေ့တိုင်းပွစိပွစိ လုပ်တတ်တဲ့ ယောက္ခမ လက်နှီးစုတ်ကြီးကို လက်ဆောင်
အဖြစ်ပေးလိုက်ချင်ပါကြောင်း သဝဏ်လွာသတင်းကောင်းပါးအပ်ပါသည်။။။။။။

ပုံ/
ဒု/လက်ထောက်/တတိယ/နောက်ဆုံး(တောင်းဆိုရေးမှုး)
ဖင်သီ (ကိုယ်စား)
ဘီလူး(ကွန်နက်ရှင်တောင်းဆိုမှုးချုပ်)

4 comments

  • bigcat

    June 25, 2011 at 2:47 pm

    ဘီလူးကြီးရယ်…မြန်မာစာကို ၂၁ရာစု အရေးအသားနဲ့ ရိုးရိုးရှင်းရှင်း ရေးစမ်းပါ။

  • nature

    June 26, 2011 at 7:19 am

    ကျနော်ကတော့ရသမျှနဲ့ပဲ ရောင့်ရဲပါတယ်ဗျာ။

  • ogre

    June 27, 2011 at 11:13 am

    သူကြီး
    ပိုစ် တင်ရင် ..ကွန်းမကောင်းပဲတက်သွားရင် comment off ဖြစ်သွားရောစာတွေလည်းပြတ်ကျန်ခဲ့တယ်
    edit လုပ်ပြီးပြန်တင်ရင် comment off နဲ့ပဲပြန်တက်တယ်
    comment on ဖြစ်အောင်ဘယ်လိုလုပ်ရလဲ ကျွန်တော်ရေးတဲ့ တစ်ချို့စာလေးတွေ
    comment မရှိရင် အဖျက်ခံရမှာစိုးလို့ပါ…ပြောပြပါနော်။။။။

Leave a Reply