ဘယ်သူ ကိုယ့်လောက် ညစ်သလဲ

မောင် ပေJune 25, 20111min42737

အချိန်ကား 2015 ၊ ကမ္ဘာအနှံ ့ခေတ်မှီ တိုးတက်လာသော နည်းစနစ်များကြောင့် ကမ္ဘာကြီးသည် ရွာကြီး အဆင့်တောင် မဟုတ်တော့ ၁ဝအိမ်တန်း သာသာ ဖြစ်လာချိန်။ လူသားတို ့သည် အနုပညာ ကို သဲသဲမဲမဲ စွဲမက် လာကြသည် ။ ကမ္ဘာပေါ ်တွင် အချမ်းသာဆုံးဆိုသူ များမှာ အနုပညာလောက သားများ ဖြစ်လာကြသည် ။ ကမ္ဘာ့အနောက်ခြမ်း အနုပညာ ယဉ်ကျေးမှု ထိန်းသိမ်းခြင်း ကို အီတလီ တွင် ရုံးစိုက်ပြီး ကမ္ဘာ ့အရှေ  ့ခြမ်း ရုံးကမူ ဂျပန်တွင် တည်ရှိလေသတည်း ။

မြန်မာနိုင်ငံ မှ အနုပညာရှင်များ သည် လည်း ကမ္ဘာတွင် နံပါတ် ၁ ပထမတန်းစား ဖြစ်နေကြသည် ။ တစ်ကမ္ဘာလုံး ၏ အချစ်တော် အသည်းကျော် များ မှာ မြန်မာနိုင်ငံ မှ အနုပညာ ရှင်များ ဖြစ်သည် ။ မြန်မာ နိုင်ငံ မှ စာရေးဆရာ ၊ အဆိုတော် ၊တေးရေးဆရာ ၊ တီးဝိုင်း  မင်းသား ၊ မင်းသမီး တို ့သည် ကမ္ဘာ့ အချမ်းသာ ဆုံးများ ဖြစ်နေသည် ။ တစ်ရက် တွင် မြန်မာနိုင်ငံ မှ အမျိုးသမီး အဆိုတော် ပြာပြာညိုမဲ ကို ဂျပန် အနုပညာ ရုံး မှ ဖိတ်ခေါ ်လာသည် ။ ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့် ခေါ ် ခြင်း ဖြစ်သဖြင့် ပြာပြာညိုမဲ တစ်ယောက် ရင်တွေခုန်ရှိသွားကာ ကိုယ်ပိုင် လေယာဉ်ဖြင့် အပြေးလေး သွားလိုက်သည် ။

ယခုနှစ် ကမ္ဘာ့အကောင်းဆုံး အဆိုတော် ဆု ကို သူမ က မှန်းနေသည် မဟုတ်ပါလော ။ အဘယ်ကြောင့် ဆိုသော် တစ်ကမ္ဘာလုံးတွင် ဟော့နေသည် မှာ သူမ၏ ` ဘယ်သူ ကိုယ့်လောက်ညစ်သလဲ ´ ဆိုသည့် သီချင်း ။ ဂျပန် အိုဆာကီ လေဆိပ် သို ့ပြာပြာ ၏ လေယာဉ်လေး အစိုက် ကင်မရာမန်းများ သတင်းထောက်များ မီဒီယာ များ က ဝိုင်းဝန်း အုံကပ် လာသဖြင့် သူမ ၏ ဘော်လီကပ် (ဆောတီးဗျာ စာလုံးပေါင်း မွားသွားတယ် ) ဘော်တီကပ် များ က မနည်း လမ်းရှင်းရသည် ဟူသတည်း ။ သို ့နှင့် အနုပညာ ထိန်းသိမ်းရေး ရုံး ရှိရာ ထရံကပ် တဲ လေးသို ့ရောက်လာသည် ။ ( မှတ်ချက် ထိုခေတ် တွင် ငလျှင်ဒဏ်များမှ ကာကွယ်နိုင်ရန် တစ်ကမ္ဘာလုံး ဝါးထရံကပ် တဲ များ ဖြင့်သာ နေကြတော့သည် ) ။ တဲထဲ သို ့ ပြာပြာညိုမဲ ဝင်လိုက်သည် နှင့် တွေ ့ရသူများမှာ ကမ္ဘာ ့အနုပညာ ထိန်းသိမ်းရေးမှူး  ကိုဦးဝင်း နှင့် ကနေဒီယန် မှ တက်သစ်စ အဆိုတော် မလေး စီလင်းဘီယွန် ။ ပြာပြာ လည်း အဘယ်ကြောင့် သူမ ကို ဖိတ်ကြား ရသနည်း ဟု မေးလိုက်သောအခါ ။

` ဒီလို သမီး ပြာပြာ ရဲ  ့။ ဦးတို ့အနုပညာ ထိန်းသိမ်းရေး ရုံး ဆိုတာ က တစ်ကမ္ဘာလုံး မှ ဖြစ်သမျှ အနုပညာ နဲ ့ဆိုင်ရာ စည်းကမ်းဖောက်ဖျက်တဲ့သူ တွေ ၊ ခိုးတဲ့သူတွေ ၊ တော်တဲ့ ထူးချွန် တဲ့ သူတွေ အားလုံး ကို ချီးမြှင့်တန် ချီးမြှင့် ၊ ပြစ်ဒဏ်ပေးသင့်သူ ကို ပြစ်ဒဏ်ပေး နေတဲ့ အဖွဲ  ့အစည်း ကြီး မလား ။ ´

` ဒီတော့ သမီးကို ခေါ ်ရတာ က ´

` ဒီလို ပါ ။ ဟောဒီက ကနေဒီယန် သူလေး စီလင်းဘီယွန် က ပြာပြာ ရဲ  ့ဘယ်သူမင်းလောက်ညစ်သလဲ ဆိုတဲ့ သီချင်း ကို တစ်ပုဒ်လုံး သံစဉ် ခိုး ထားပြီး အင်းဂလိ လို ဆိုထားလို ့ပါ ။ အဲဒါ ကို အရေးယူဖို ့ကာယကံ ရှင် သမီး ရဲ  ့ဆန္ဒ ကို ပါ မေးရအောင် ပြာပြာ ့ကို ဖိတ်ခေါ ်လိုက်ရတာပါ ။

´  ပြာပြာညိုမဲ လည်း တော်တော်ညစ်သွားသည် ။ တင်းလည်း တင်းသွားသည် ။ သူ ့ခဗျာ ကမ္ဘာ့ အကောင်းဆုံး အဆိုတော် ဆု ပေးမည် မှတ်သဖြင့် စတူဒီယို အသံသွင်းနေရာ မှ ပြေးလာရခြင်း ဖြစ်သည် ။ မှန်းချက်နှင့် နှမ်းထွက် မကိုက်သော အခါ သူမ ကွဲ ပြ တော့သည် ( မှတ်ချက် စိတ်ဒေါသ ) ။

` ဟဲ့ စီလင်းဘီယွန် ။ေxာက်ကောင်မ ။ နင် က များ ရာရာစစ မီးသွေးအိတ် နဲ ့ဝါဂွမ်း ထည့် ချင်တယ် ပေါ့လေ ( ထိန်းသိမ်းရေးမှူး ကိုဦးဝင်း သည် အဆိုတော်မ ၂ ယောက် ကို ကြည့် ကာ ပြုံးစိ ပြုံးစိ ဖြစ်သွားသည် ။ စကားချပ် ) တစ်ကမ္ဘာလုံး က ကြိုက်တဲ့ ငါ့ သီချင်း ကို ညည်း က ခိုး ပြီး ဗြောင်နောင်နောင် အဲလေ ပြောင်ဆိုတယ် ပေါ့လေ ´      ပြာပြာ က ပြောရင်း ဆိုရင်း စိတ်ပါလာ ကာ စီလင်းဘီယွန် ၏ ဆံပင် ကို ဆွဲကိုင်ကာ ပါးရိုက် နားကိုက် မည် လုပ်နေ သဖြင့် ကိုဦးဝင်း မှ အချိန်မှီ ဆွဲတား လိုက်ရသည် ။

` ပြာပြာ သမီး ။ စိတ်ထိန်းပါကွယ် ။ ဦးတို ့က အရေးယူ ပေးမှာမို ့သမီးကို ဖိတ်ခေါ ်လိုက်ရတာပါ ´              စီလင်းဘီယွန် ကလေး က လည်း မျက်နှာငယ်လေး နှင့် ဝင်ပြောရှာသည် ။

` ဟုတ်ပါတယ် မမပြာ ရယ် ။ ညီမလေး မှားမိပါတယ် ။ ဒီက ဘဘဦးဝင်း တို ့ပေးတဲ့ အပြစ်ကို လည်း ခံယူ ပါ့မယ် ။ မမပြာ စိတ်ကျေနပ်တဲ့ အထိ လည်း တောင်းပန် ပါ့မယ် ။ ညီမလေး ကို ခွင့်လွှတ်ပါနော် ´   ( မှတ်ချက် ။ ။ သူတို ့ပြောနေကြသည် မှာ အင်တာနေရှင်နယ် လင်းကွစ်ရှ် ဖြင့် ဖြစ်သော်လည်း စာဖတ်သူ အလွယ်တကူ ဖတ်နိုင်စေရန် မြန်မာလို ပဲ ရေးပြပေးလိုက်ပါသည် )  စီလင်းဘီယွန် ကလေး က ငိုမဲ့ငိုမဲ့ လေးဖြင့် ပြာပြာညိုမဲ ၏ ခြေသလုံး တုတ်တုတ်ကြီးများ ကို ဖတ်ကာ တောင်းပန်ရှာသည် ။ ကိုဦးဝင်း လည်း ချောင်းဟန် ့ရင်း ဝင်ပြောလေတော့သည် ။

` သမီး ပြာပြာ အနေ နဲ ့ဘယ်လို ဖြစ်ချင်သလဲ ဆိုတာ ဦးတို ့ကို ပြောပေါ့ ။ သမီး စိတ်ကျေနပ် တဲ့ အထိ အရေးယူပေးဖို ့ဦးတို ့စီစဉ်ပေးပါ့မယ် ´ ဤတွင် စီလင်းဘီယွန် က လည်း ဝင်ပြောလာသည် ။

` ညီမလေး အနေ နဲ ့မမ စိတ်ကျေနပ်ဖို ့မမကျေနပ်နိုင်မယ့် လျော်ကြေး ပမာဏ ကို လည်း ပေးပါ့မယ် ။ နောက်ပြီး အခု နောက်ဆုံးပေါ ်နည်းပညာ ၊ လူသိပ်မသိသေးတဲ့ ညီမလေး တို ့ကနေဒီယန် က ပညာရှင်တွေ တွေ  ့ရှိထားတဲ့ ` ၁ဝမိနစ်အတွင်း ချက်ချင်း လက်ငင်း ညိုသူချော ဖြူသူ လှ စေမယ့် ပေါင် သန်း၅၀ဝတန် ပေါင်းတင် ´ တာ ကို လည်း လိုက်ပြီး ဒကာခံ ပါ့မယ် ရှင်  ၊ မမပြာ ခွင့်လွှတ် ကျေနပ်ပေးပါ လို ့အနူးအညွတ် တောင်းပန် ပါရစေ နော် ´   စီလင်းဘီယွန် စကားအဆုံးတွင် ပြာပြာ ့ မျက်လုံးများ ပြူးတက် လာပြီး ဝမ်းသာအားရသော လေသံ ဖြင့် ( အငမ်းမရ ဖြစ်စွာ )

` နင် ပြောတဲ့ ထဲ က ပေါင်းတင် တယ် ဆိုတာ အသားဖြူ စေလား ။ မှန်မှန်ပြောနော် ။လျော်ကြေးငွေ ကို ငါ က လုံးဝ ေxာက်ဂရု မစိုက်ဘူး  ။ သိတယ်မလား ဟွင်းဟွင်း… ´ (အဆိုတော်တွေ များ သိပ်ထွင်တာ ရယ်တာတောင် ဟွင်းဟွင်း တဲ့  ။ စကားချပ် )

` ညီမလေး မလိမ်ဝံ့ ပါဘူး ၊ မမညို မယုံရင် အခု ချက်ချင်း ညီမ ရဲ  ့ဖလိုက်နဲ ့လိုက်ခဲ့ပါ ။ အခု ချက်ချင်း သက်သေပြလို ့ရပါတယ် ´

သို ့နှင့် စီလင်းဘီယွန် နှင့် ပြာပြာညိုမဲ တို ့သည် နားလည်မှု ရရှိသွားကြ ကာ စည်းကမ်းထိန်းသိမ်းရေးမှူး ကိုဦးဝင်း ကို ပင် မနှုတ်ဆက် တော့ ပဲ လေယာဉ် ကိုယ်စီဖြင့် ထွက်ခွာ သွားကြ လေသည် ။  နောက် ၂ ရက် အကြာ တွင် တစ်ကမ္ဘာလုံး အမြဲ စောင့်ကြည့် သည့် တီဗီ ရုပ်သံ လိုင်း တွင် တစ်ကိုယ်လုံး ဖြူဖွေး တောက်ပ နေသော ပြာပြာညိုမဲ နှင့် စီလင်းဘီယွန် တို ့ကို  သူမတို ့၏ နာမည်ကြီး သီချင်း ဖြစ်သည့်  ` ဘယ်သူကိုယ့်လောက်ညစ်သလဲ ´ သီချင်း ကို မြန်မာလို တစ်ပိုဒ် အင်းဂလိရှိ လို တစ်ပိုဒ် အတူတစ်ကွ ဆိုပြထားသော အမ်တီဗီ ရှိုး ကို ကြည့်ရူကြရသော ကမ္ဘာ တစ်ဝှမ်းရှိ ပရိသတ်တို ့မှာ အံ့ရော အံ့ရော ဖြစ်ကုန် ကြသည် ဟူသတည်း ။ ဤတွင် ပြီး၏ ။ အားပေးသူ များ ရှိလာပါ က 2015 တွင် ဖြစ်မည့် စာပေအရေးအခင်းများ ကို လည်း ဆက်လက် တင်ရှိသွားဖို ့အစီအစဉ် ရှိပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါသည် ။ ကျေးဇူးတင်ပါသည် ။ ( စကားချပ် ။ ။ ယခု စာကို တိုက်ပင်း ရိုက်သည့် ဆိုင်မှာ ဇော်ဂျီဖောင့် ဗားရှင်း အဟောင်း ပဲ ရှိပါသဖြင့် တိုက်ပင်း အယ်ရာ များကို သည်းခံ ခွင့်လွှတ်တော်မူကြပါကုန် ။ )

 

37 comments

  • ရွှေဘိုသား

    June 25, 2011 at 3:59 pm

    အဆင်ပြေပါတယ်အစ်ကိုရာ ဖတ်ရတာ
    အားပေးတယ်ဗျာ ဆက်လက်တင်ပြပါ

    ဘယ်သူကို.လောက်မန်းသလဲပြောပါ
    ပထမဆုံး မန်းတာနော် အပြန်အလှန်နော်အစ်ကို
    ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ
    တစ်ယောက် 10 ပေါ.ဗျာ

  • windtalker

    June 25, 2011 at 4:08 pm

    မင်္ဂလာ တစ်ပါး ပါပဲ အကိုရွှေ ရေ ဟီဟိ

  • ဆူး

    June 25, 2011 at 4:20 pm

    ၂၀၁၅ မှာ အသက်ရှိပါ့ အုန်းမလား မသိဘူး..
    အခုလို ကြိုတင် ထုတ်တဲ့ ဟောကိန်းကို အသက်ရှိတုန်း ဖတ်လိုက်ရတဲ့ အတွက် ဝမ်းမြောက်ပါတယ်။
    သာဓုကွယ် သာဓု….
    ပိုစ် တခုမှာ မန်းရင် ၁ဝ မဟုတ်တော့ဘူး
    ပထမဆုံး မန်းရင် ၁၅ နောက် မန်းရင် တပြားမှ မရတော့ဘူး။
    ဒုတိယ မိ မမန်းနဲ့ ပိုစ်သာ တင်လိုက် ကြပေတော့.. အဟတ်…

    • နွယ်ပင်

      June 27, 2011 at 6:29 am

      မဟုတ်ထင်တယ်ဆူးရဲ့
      နွယ်ပင်တွေ့တာကတော့ ပိုစ် တခုမှာ မန်းရင် 15 ကျပ်ဖြစ်သွားတာ မဟုတ်ဘူးလား နောက် ကိုယ့် ပို့စ့်မှာ လာဝင်မန်းရင် ကိုယ်က 5 ကျပ်ရပြီး ပို့စ်တစ်ပုဒ်တင်ရင်တော့ 50 ဖြစ်သွားတယ်

  • PinkCandy

    June 25, 2011 at 4:27 pm

    အခုတောတွင်းရွာထဲမှာ လည်ပင်းရှည်အောင်ဖတ်ရတဲ့စာတွေ တယ်များတာပဲ။
    ဒုတိယပိုင်းကိုလည်း ဆက်လက်စောင့်စားလျှက်ပါ။

  • forever

    June 26, 2011 at 12:09 am

    ကြိုက်တယ်ဗျာ… ရေးတတ်လိုက်တာ အံ.ရော

  • nature

    June 26, 2011 at 2:05 am

    နာမည်နဲ့လိုက်အောင် တော့ နိုင်ပါပေ့ ကိုတော်ကာ ရယ်။

  • shweminthar

    June 26, 2011 at 2:41 am

    မောင်ပေးရေးသားသော ဘယ်သူကိုယ့်လောက်ညစ်သလဲ ဆိုသည့်ပိုစ်ကို ပြာပြာညိုမဲ ဖတ်ကြည့်ပြီးသော အခါ
    စိတ်ပျက်ပျက်နှင့် ငိုနေလေတော့သည်။ တချက် ရှိုက်လိုက်တိုင်း
    လက်ကြီးကို ဘေးမှာ တန်းထားပြီး
    ဖနောင့်ကို တစ်ချက်စောင့်
    ခေါင်းကို စပ်ကနဲ ညှိမ့် နေတော့သည်။
    ပါးစပ်ကလဲ ပြာပြာငိုနေတာ တွေ့လားဟု အသံကုန်ဟစ်လိုက်သေးသည်။

  • အဲဒါ2015မှာ မှ ကြုံရမှာ။
    လောလောဆယ်တော့ မြန်မာပြည်က ကော်ပီသမားတွေသာ
    သူများ ဟာကို ယူဆိုထားမိလို့ အဲဒီထဲကလို
    တောင်းပန်ရမယ်ဆိုရင်
    ဒိန်း တပ် ဒိန်းတပ် းဒိန်းတပ်တပ် ဒိန်း ဒိန်းပါဘဲ

  • captainamerica

    June 26, 2011 at 7:01 am

    ဟဲဟဲ ကိုတော်ကာကတော့လုပ်ပြီ……ပင်မဇာတ်ကောင်တူတဲ့အကြောင်းတွေဖတ်ဖူးတယ်။ကိုတော်ကာရေးတာက
    ကိုယ်အိုင်ဒီယာနဲ.ကိုယ်ပဲ….လန်းတယ်…….ဆက်ရေးပါအုံးဂျ 🙂 🙂 🙂

  • cobra

    June 26, 2011 at 8:04 am

    လူငယ်တွေကတော့ကော်ပီကိုလက်မခံကြတော့ပါဘူး။
    တချို ့လူကြီးတွေကသာမရှက်တတ်ပဲကူးနေကြတာ။

    • antimoe

      June 27, 2011 at 11:28 am

      ဟုတ်လို့လား။
      အံတီမိုးတု့ိခောတ်က…သီချင်းကို..အခုတူမလေးက..ဆိုနေပြီ။
      နောက်ဆို မြေးလေးပါဆိုမယ်..ထင်တယ်။
      တပိုဒ်နဲ့တပိုဒ်ကြားမှာ ……ဘာတွေမှန်းမသိတာတွေ…ပြောနေတာပဲ…ကွာတယ်။
      ကောင်းပါတယ်…ခေတ်၃ခေတ်ပြောင်းတာတောင်….ကြိုက်နေတုန်းဆိုတော့။
      စကားမစပ်…ချစ်ကောင်းရဲ့..ပေါ်လီစီသီချင်းကောင်းပါတယ်ဆိုမှ…
      တရုတ်ကော်ပီဖြစ်နေတာ….နောက်မှ..သိတယ်။
      မြန်မာစာသားနဲ့ဆို……ဆိုရတာ.ပိုအာတွေ့တယ်…မဟုတ်လား။
      မြန်မြန်ပြင်သင့်ပြီ….။ အစစ်တွေ…ဖန်တီးကြပါ။
      ဒီအဆိုဒေါ်တွေ….နိုင်ခြံငှားမှာ ….ဘာတွေ….ဆိုကြပါလိမ့်…….။

  • intro

    June 26, 2011 at 10:37 am

    မိုက်တယ်ဗျာ… သစ်ဆန်းသလိုလဲ ရှိတယ်… အရေးအသားလဲ ကောင်းတယ်…

  • pan pan

    June 26, 2011 at 10:52 am

    ဟိုလူတွေ ကော်ပီဆို
    ဒီလူတွေ ကော်ပီဆို
    ငါတို့လည်း ကော်ပီဆိုမလို့
    ဒီသီချင်းတော့ ချမ်းသာပေးပါ 😛

  • hmee

    June 26, 2011 at 11:12 am

    အားပေးပါတယ်။ ဖတ်ရင်းကနေ ဆရာကြီးအီကြာကွေးလို လက်ရာပါလားလို့ ထင်မှတ်မိကြောင်းပါ။ အစ အဆုံး စာဖတ်သူကို ဆွဲဆောင်နိုင်ရျ် ဆက်လက် ချီတက်ပါ။ သရော်စာမှာ ပိုအားသန်မည် ထင်ပါကြောင်း။

  • windtalker

    June 26, 2011 at 12:44 pm

    ဖွားဆူး ကို နီပေးထားတာ ကို ပြန်စိမ်းပေးလိုက်ပြီနော်

  • captainamerica

    June 26, 2011 at 12:54 pm

    ကျွန်တော်လည်းကိုတော်ကာ့အနီတွေကိုပုံမှန်ဖြစ်အောင်ပြန်လုပ်ပေးထားတယ်နော်..

  • naywoonni

    June 26, 2011 at 4:29 pm

    တယ်လဲ ညီညွတ်နေကြပါလား အနီတွေ ဖျက်ပေး အစိမ်းတွေပေးနဲ့…။ ကော်ပီတိုင်းကိုတော့ အပြစ်မပြောချင်ပါ..။ ဥပမာ… မင်းလေးမင်းရဲ့ ကော်ပီတွေက စကားလုံးတွေက တော်တော်လေး ကောင်းတယ်..။

  • nature

    June 26, 2011 at 4:32 pm

    နိုင်ငံခြားကသာcopy သံစဉ်ကိုအရေးယူရင်တော့ အင်း …….။

  • weiwei

    June 26, 2011 at 4:54 pm

    အိုင်ဒီယာကောင်းတယ် … ဆက်ရေးပါအုန်း …

  • moethidasoe

    June 27, 2011 at 3:54 am

    နိုင်ငံခြားက ဘယ်သူများ ကမ္ဘာမကြေသီချင်းကို ကော်ပီလုပ်မှာလဲ .. နဂါးနီကိုရော ကော်ပီကြဦးမှာလားလို့ .. ပြောကြစမ်းပါ .. တော့်ကာက asean free trade ကို ကြိုပြီးမြင်နေတော့ .. အဲဒီ စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခန့်ရင်ကောင်းမယ် … (မဲဆွယ်ခ ဘယ်လောက်ပေးမှာလဲ)

    • king

      June 28, 2011 at 4:23 am

      လာဘ်ပေး လာဘ်ယူ လုပ်ရတော့ဝူးလေ …..
      အခုခေတ်က ….. ဟီးးးးးးးး
      😛

  • etone

    June 27, 2011 at 4:58 am

    ဖတ်လို့ကောင်းတယ် …စာဖတ်ရင်း ပါးစပ်တောင် မပိတ်နိုင်တော့ဘူး ။ တော်တော်လည်း ရေးတတ်တဲ့လူ ။ 😛

  • Saw Yan Naing

    June 27, 2011 at 8:54 am

    ဘယ်သူကိုယ့်လောက် ညစ်သလဲ
    စဉ်းစား ယုတ်ပါတော့
    မင်းအပေါ်မှာ ကိုယ့်လောက်တော့ မယုတ်နိုင်ဘူးးးးးးးးးးးးးးးး၏
    😛

  • nature

    June 27, 2011 at 1:02 pm

    အကုန်ကောင်းပါတယ်။ reverse ဖြစ်နေတာလေးတခုပါပဲ။

  • cum min

    June 25, 2012 at 2:34 pm

    အဟား………. အပြောအတိုင်းဖြစ်ပါစေဗျာ…
    ဆုတောင်းပါတယ်..

  • mamanoyar

    June 25, 2012 at 2:42 pm

    အဆိုတော်ပြာပြာညိုမဲ အကြောင်းဖတ်ရတာ
    အရမ်းရယ်ရပါတယ်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 3:41 pm

    ( ဘယ်သူကိုယ့်လောက် ညစ်သလဲ )…တဲ့
    ခေါင်းစဉ်ကိုတော်တော်လေး ကြိုက်သွားတာ..
    နောက်မှအားပေးဦးမယ်နော်….:P

  • ဒိုးစနစ်

    June 25, 2012 at 3:51 pm

    ဟဟား..
    အရေးအသားက စိတ်ဝင်စားအောင် ရေးတတ်တယ်
    ကျေးဇူး
    လာ..၁၀

  • အရီး Khin Latt

    June 25, 2012 at 4:06 pm

    ကိုင်ဇာ ရဲ့ “မနိုးပါစေနဲ့ မိုးရယ်” သီချင်း သံစဉ် က ဂျပန် သီချင်း သံစဉ် နဲ့ တူနေတာကို နှစ်အတော်ကြာ မှ ကိုယ်တိုင် သိခဲ့ဘူးတယ်။
    ဘယ်သူ့ ကို စွပ်စွဲ ရပါ့။ 😀

  • Nyein Nyein

    June 25, 2012 at 4:16 pm

    ဦးပေရေ……….. ၂၀၁၅ စာပေအရေးအခင်းကိုလည်း စိတ်ဝင်စားပါတယ်။မျှော်နေမယ်နော်။ အခုရေးထားတာကိုလည်း သဘောကျပြီး အားပေးလိုက်တယ်နော်။

  • မောင်ပေ

    June 25, 2012 at 7:40 pm

    ကျုပ် ပို ့စ်အဟောင်းလေး ကို ပြန်အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား ။
    ဒီလိုမျိုး သရော်ဟာသလေးတွေ ပြန်ရေးဖို ့ကြိုးစားနေပါတယ်။

    • အရီး Khin Latt

      June 25, 2012 at 7:54 pm

      အမ်
      အဲဒါ အဟောင်းလား။
      လနဲ့ ရက် က အတူတူ ဖြစ်နေ တာ။
      လွန်ခဲ့တဲ့ တစ်နှစ် က စာကိုး။
      တွေး တောင်နေသေး။
      ကပေတစ်ယောက် ဘော်လုံးပွဲ စောင့် ရင်း ရေးနေပြီ လို့။ 😀

  • TTNU

    June 25, 2012 at 9:54 pm

    မောင်ပေရေ…
    ပို့စ်အဟောင်းကိုပြန်တင်တော့ ဘယ်လို သတ်မှတ်ပေးသလဲ။
    ဥပမာ အမှတ်နှုတ်သလား။အရင် comments တွေ ပြန်ပါလာသလား။
    တီချာအရင်ရက်ကတည်းကမေးမလို့။
    ကျေးဇူးနော်။

    • မောင်ပေ

      June 26, 2012 at 1:26 pm

      ဆရာမကြီး ခင်ဗျ
      ကျုပ် ပြန်တင်တာ မဟုတ်ပါဘူးခင်ဗျ ။
      “ကမ်မင်” ဆိုတဲ့ တစ်ယောက် က ပို ့စ်တွေမှာလိုက်မန် ့ရင်း ၊ ပို ့စ်တစ်ခုခုအောက် က “ related post ” ဆိုတာတွေ မှာ ၊ အခုဒီပို ့စ် ကို သူဖတ်လိုက်ရလို ့၊ ကွန်မင့်ပေးလိုက်လို ့ပြန်တက် လာတာပါ ခင်ဗျ ။
      ကျန်တာတော့ ၊ ကျုပ် လဲ သိပ်မသိ နားမလည်ကြောင်းပါ ခင်ဗျ ။

Leave a Reply