မြန်မာနိုင်ငံမှာ ၀က်နားရွက်ပြာရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီလို့ ဘီဘီစီတွေ့ဆုံခန်းမှာ ကြားလိုက်ရပါတယ်။ အပြင်မှာလည်းကြားနေရပါတယ်။

အဲဒီကာကွယ်ဆေးထုပ်လုပ်တဲ့ Dr; Aung Myint ဆိုတာ မြန်မာနိုင်ငံ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့်သုတေသန ဌာနမှာ အရာရှိကြီးအဖြစ် ကာလကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ ပြင်ပမှာ တိကု ဆေး(ဓါတ်ခွဲခန်း)ဖွင့်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့ Biologist တစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။

23.6.2011 ကြာသာပတေးနေ့ မနက် (10) နာရီမှ နေ့လည်တိုင်အောင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး၏ လမ်းညွှန်မှု့ကြောင့် မြန်မာနိုင်ငံဆေးပညာကောင်စီ၊ မွေးရေ၀န်ကြီးဌါန၊ မွေးကုဦးစီးဌါန တို့မှ အကြီးတန်းအရာရှိကြီးများ Dr;Aung Myint ၏ကာကွယ်ဆေးထုပ်လုပ်ရာသို့ သွားရောက်စစ်ဆေး ဆွေးနွေးခဲ့ကြောင်း၊ လောလောဆယ် ကာကွယ်ဆေးထုတ်လုပ်ခြင်း ရောင်းချခြင်း အသုံးပြုခြင်းကို ရပ်တန့်ထားပါရန်နှင့် အမြန်ဆုံး ဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

ဝက်နားပြာရောဂါကို တရုပ်ပြည်တွင် ကာကွယ်ဆေးထုပ်လုပ်နိုင်ခဲ့သော်လည်း နှစ်လခန့်သာ effective ဖြစ်ပြီး ၄င်းဝက်အုပ်တွင် ၄င်းရောဂါဖြစ်သောအခါ new-stain ရောဂါအုပ်စုတူ မျိုးကွဲသစ်)တစ်မျိုးပေါ်လာသဖြ၀့် တရုပ်ပြည်တွင်ပင် မသုံးစွဲသင့် သုံးစွဲသင့် မရေရာသေးကြောင်း၊ ရောဂါကာကွယ်ဆေး ထုပ်လုပ်ခြင်းအတွက် အချိန်ယူရသလို safety အတွက်လည်း အချိန်လည်းလိုကြောင်း သိရှိရပါသည်။

ယခုနောက်ပိုင်း ဗိုင်းရပ်များမှာ အသွင်ပြောင်းမှု့လွယ်ကူပြီး မျိုးကွဲမြောက်များစွာနှင့် ဒုက္ခပေးလေ့ရှိပြီး ယ္ခုအခါ အကြောက်ရဆုံးမှာ တိမှလူ ၊လူမှလူခြင်း ကူးစက်ပြီး ဒုက္ခ ပေးမှာကိုပင်ဖြစ်ကြောင်းသိရှိရပါသည်။

ဝက်နားရွက်ပြာရောဂါမှာလည်း မြန်မာနိုင်ငံတွင် အမျိုးသားစီးပွါးရေးကို ထိခိုက်နိုင်သည့်အထိ ကူးစက်ပြန့်ပွါး မြန်ဆန်လျှက်ရှိပါတယ်။

ကဲ မြန်မာနိုင်ငံမှာ ၀က်နားရွက်ပြာရောဂါ ကာကွယ်ဆေးကို သုံးသင့် မသင့်။

(ပါတ်ဝန်းကျင်ကို ကယ်မလား ပိုဆိုးသွားစေမလား ?)

About Yan Shin

has written 21 post in this Website..