my old days (ခ) ကိုယ့်ကိုကိုယ် ဖော် မသူတော်

မောင် ပေJune 26, 20111min11312

25.6.2011 တွင် ကိုရွှေဘိုသား တင်သည့်

ဂျီတော. ဆိုးကျိုးလက်တွေ.

ဆိုသည့် ပို ့စ် ကို ဖတ်ရသည် ။ ထို ပို ့စ် အောက်မှ ကွန်မင့် များထဲ တွင်မှ ကိုနေဝန်းနီ ၂၆.၉.၂၀၁ဝ တုန်းက တင်ထားသည့်

ရပ်ကြည့်နေမလား?ဆက်လျှောက်သွားမလား?ပြုပြင်ယူမလား?

ကိုပါ ဆက်လက် ဖတ်ဖြစ်သွားသည် ။ သို ့နှင့် ကျွန်တော် လည်း စဉ်းစားစရာ အတွေးများစွာ ဝင်လာသည် ။ အတိတ်နေ ့များ ကို ပြန်သတိရမိသည် ။  ပထမ ဆုံး ကျွန်တော် အင်တာနက် စသုံးဖြစ်တာ က 2007 တွင် ဖြစ်မည် ထင်သည် ။ တက္ကသိုလ်ကျောင်းမှ ထွက်ကာစ ( ပေတေလွန်း သဖြင့် ကျောင်းမှ မထုတ်မှီ ကိုယ့်ဘာသာ ကိုယ် ထွက်ခဲ့သည် ) လူက လျှောက်သွားနေမိသည် ။ စီးပွားရေးလည်း မလုပ်သေး ချိန် ။ အမှန်အတိုင်း ဝန်ခံ ရလျှင် ကွန်ပျူတာ ဆိုသည်မှာ မောင်ပေ့ အတွက် ဂိမ်းဆော့ခြင်း သာ သိခဲ့သည် ။ အဘယ်ကြောင့် အင်တာနက် သုံးမိသွားသလဲ ဟု ဆိုလျှင် ထိုစဉ်အချိန်ကပေါ့နော် မောင်ပေ ပေါင်းဖြစ်သည့် ဘော်ဒါ များမှာ ရပ်ကွက်ထဲရှိ ကွမ်းယာဆိုင် မှ ကွမ်းယာသည် သားအဖ နှင့် ထိုနားမှ ဆိုက်ကားသမားများ ၊ ဂျာနယ် သည် များ ။ သူတို ့တွေ သည် တစ်ခါလာလည်း အင်တာနက် ၊ တစ်ခါလာလည်း အင်တာနက် ထဲ ရှိ ဇါတ်ကားများ အကြောင်း ၊ တစ်ခါလာလည်း အင်တာနက်ဆိုင်လာသည့် ကောင်မလေး များ လှသည့်အကြောင်း ။ သို ့နှင့် ပေတေနေသူ မောင်ပေ သည်လည်း အင်တာနက် ဆိုင် ထဲ သို ့ယောင်တောင်ပေါင်တောင် နှင့် ရောက်ရှိခဲ့သည် ။ မောင်ပေ ကံကောင်းသည် မှာ မောင်ပေ ပထမ ဆုံး သုံးခဲ့သည့် ဆိုင် မှ ဝန်ထမ်းကောင်လေး ၂ ယောက်မှာ မောင်ပေ နှင့် ရွယ်တူ များ ဖြစ်သဖြင့် ။ ဘာမှ မသိ ဘာမှ မတတ်သော မောင်ပေ့ အား ဘယ်လို ဘယ်ပုံ ဆိုတာ သင်ကြားပေးခဲ့ကြသည် ။ ဂျီတော့ အကောင့် ပြုလုပ်ပေးသည် ။ မေးလ် အသုံးပြု နည်း များ သင်ပေးခဲ့သည် ။ ဂျီတော့ အကောင့် ရရှိသွားသော မောင်ပေ သည် ချက်တင်း ထိုင်သည် ဆိုသည် မှာ ဂျီတော့ အကောင့် ရှိရုံ နှင့် ထိုင်လို ့ရသည် ဟု ထင်မိခဲ့သည် ။ အင်တာနက် သုံးခြင်း ကို ပညာရေး ၊ သတင်းဆောင်းပါး လူမှုဆက်သွယ်ရေး စသည့် ဘက်က သုံးဖို ့မသိရှိခဲ့သေးသော အချိန် ။ ပထမဆုံး ချက်တင်း က MIRC chat room တွင် သုံးခဲ့သောကြောင့် Gtalk ကို လည်း MIRC ကဲ့သို ့မှတ်နေခဲ့ ရာ ဆိုင်ရှိ ဝန်ထမ်း ကောင်လေး များ က ရှင်းပြ မှ ၊ တစ်ဘက်လူ လိပ်စာ ကို ကိုယ်က invite လုပ်မှ ၊ တစ်ဘက် မှ accept လုပ်မှ ချက်တင်း ထိုင်လို ့ ရမည် ဟု သိသွားသည် ။ သို ့သော်လည်း ထိုအချိန်ထိ မောင်ပေ့ အကောင့်ထဲ တွင် ချက်စရာ တစ်ယောက် မှ မရှိ ။ သို ့နှင့် အမျာသူငှါ ချက်တင်း ထိုင်သလို ထိုင်ချင်သူ မောင်ပေ သည် လည်း မန်းရတော့သည် ။ မြို  ့တွင်း ရှိ အင်တာနက် ဆိုင်ပေါင်းများစွာသို ့သွားသည် ။ ဆိုင်တွင်းသို ့ရောက်ပြီ ဆိုလျှင် ထိုင်သုံးနေသည့် ကောင်မလေး များကို ရှာသည် ။ လှပေ့ ချောပေ့ ဆိုသည့် ကောင်မလေး များ ကို တွေ  ့လျှင် သူ ့ဘေးနား က စက်အားသည် အထိ စောင့်သည် ။ အားလျှင် တန်းထိုင်သည် ။ ထို ့နောက် မသိမသာ တစ်မျိုး သိသိသာသာ တစ်မျိုး သူမ ဂျီတော့ အကောင့်ကို မြင်အောင် ကြည့်သည် မှတ်သည် ။ ထို ့နောက် invite လုပ်တာပေါ့ ဗျာ ။ လက်ခံပြီး ဆိုတာ နဲ ့ချက်တော့တာပေါ့နော် ( မရယ်ကြပါနဲ ့နော် ၊ ဒါ ငယ်တုန်း က လုပ်ခဲ့တဲ့ အလုပ်၊အခု တော့ မလုပ်တော့ပါဘူး ။ ကိုယ့် အလုပ်နဲ ့ကိုယ် အချိန်ကို မရဘူး ) ။ သို ့နှင့် မောင်ပေ့ အကောင့်ထဲ တွင် မိန်းမလှ လေး များ အကောင့်များဖြင့်သာ ပြည့်နှက်နေသည် ။ သူတို ့နာမည်တွေ လိပ်စာတွေ ဖုန်းနံပါတ် တွေ ဘက်ဒေး တွေ ကို လည်း သေချာ မှတ်ထားပေးရသည် ။ ရံဖန် ရံခါ မောင်ပေ ငွေယားလေး ပေါ ချိန် မျိုးတွင် သူမ တို ့နှင့် အပြင်မှာ တွေ ့ဆုံ စားသောက် လျှောက်လည် ခဲ့တာပေါ့ ။ ရည်းစား…လား ဆိုတော့ ၊ ရခဲ့တာပေါ့နော် ..။ ဂျီတော့ ကနေ ရည်းစားအချို  ့ရခဲ့ပါတယ် ။ ( ရည်းစားတွေ ဘာတွေ ရခဲ့တယ် ဆိုလို ့ မောင်ပေ့ ကို တစ်မျိုးမထင်ကြပါနဲ ့ဦး ဗျာ ။ အခုချိန်ထိ ကိုယ် မယူနိုင်ပဲ နဲ ့ဘယ်သူ ့သမီးပျို ကို မှ ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ဖူးပါကြောင်း ။ မောင်ပေ  သည် ကောင်မလေး များ ထားခဲ့ခြင်း ကို ခံခဲ့ရသော လူပျိုကြီး တစ်ယောက် ဖြစ်ပါကြောင်း ) ဘယ်လောက်ထိ ကြုံတွေ ့ဖူးသလဲ ဆိုရင် အဲဒီတုန်း က ကြုံခဲ့ဖူးတဲ့ ထဲ မှာ တစ်ခုလပ် မမ တစ်ယောက်လည်း ပါသည် ။ သင်္ကြန်ရက်တွင်း သူမ အိမ်တွင် သူငယ်ချင်း များ နှင့် အတူပျော်ပါး ကြမည် ဖြစ်သဖြင့် မောင်ပေ့ ကို လည်း လာနေ လာပျော်ပါး ဖို ့ဖိတ်ခေါ ်ခံ ရသည် ။ သို ့သော်လည်း မောင်ပေ မသွားခဲ့ပါ ၊ နောက်တစ်ယောက် က ကြတော့ သူမ ချစ်သူ က နိုင်ငံခြား မှာ အလုပ်သွားလုပ်နေသည် ။ နောက် ၂ နှစ်လောက် မှ ပြန်လာမည် ။ ဒီကြားထဲ မောင်ပေ နှင့်တွေ ့သည် ။ မောင်ပေ ပုံမှန်အတိုင်းသာ ။ များသော အားဖြင့် မောင်ပေ့ ဂျီတော့ ထဲတွင် ရှိသူ များမှာ ၁ဝတန်း အောင်ပြီးကာစ နှင့် တက္ကသိုလ် ကျောင်းသူ များ သာ ဖြစ်သည် ။ ထိုမှ တစ်ဆင့် Hi5 ၊ friendster တို ့သုံးဖြစ်ခဲ့သည် ။ သို ့သော် နောက်ပိုင်း facebook သုံးဖြစ်သည့်အချိန် တွင် facebook ကိုသာ သုံးဖြစ်တော့သည် ။ ထိုစဉ် ကာလ များက မောင်ပေ့ နေ ့စဉ် အလုပ် မှာ အင်တာနက် ဆိုင်သို ့ပုံမှန်သွားသည် ။ ဒေါင်းလုပ် ဆွဲ စရာ ရှိလျှင် ဆွဲသည် ။ MIRC တွင် ချက်သည် ။ MIRC တွင် ဂျီတော့ အကောင့် တောင်းသည် ။ ဂျီတော့ တွင် ဆက်ချက်ကြသည် ။ အရေမရ အဖတ်မရ ပေါ့ ။ ဂျီတော့ တွင် ရင်းနှီးသွားပါ က တစ်ယောက်နှင့် တစ်ယောက် ဖုန်းနံပါတ်များ ဖလှယ်ကြသည် ။ ဖုန်းတွေ အပြန်အလှန်ဆက်သည် ။ ထိုမှ တစ်ဆင့် တိုးတက်လာလျှင် ဓါတ်ပုံတွေ ပို ့ကြ ။ ပုံတွေ ကြည့်ပြီး လက်ခံနိုင်သည် ဆိုလျှင် အပြင်မှာ တွေ ့ကြ ။ ရည်းစားစကား ပြောကြ ။ ရည်းစားဖြစ်သွားကြ ။ ရည်းစား ဖြစ်ပြီး တစ်ယောက် နှင့် တစ်ယောက် ဂျီတော့ အကောင့်များ ဖလှယ်ကြ ။ ထိုအခါ ဂျီတော့ထဲ မှ ယခင် ဇါတ်လမ်းများ ကို တွေ ့ရှိသွားကြကာ ခွာပြဲကြ နှင့် တော်တော်တော့ အလုပ်များခဲ့သည် ။ ယခုချိန် ပြန်တွေးကြည့်သော အခါ ထိုစဉ်ခါ က ကုန်ခဲ့သော ဖုန်းဖိုးများ ကို နှမြောမိသည် ။ ထိုစဉ်ကာ ဖြုံးခဲ့မိသည့် အချိန်များ ကို နှမြော မိသည် ။ သို ့သော်လည်း စိတ်ထဲမှာ ပျော်ခဲ့ရတာ တော့ အမှန်ပါ ။ နောက်ပိုင်းကြ .ning.com များ ပေါ ်လာချိန်တွင်  စီးပွားရေးနှင့် ပတ်သက်ပြီး ကိုယ်လုပ်မည့်အလုပ် နှင့်ပတ်သက်၍ ပုံများ ဈေးနှုန်းများ ကို တင်ဖြစ်ခဲ့သည် ။ သို ့သော် ထို .ning.com များ မှာ အလကားအစမ်းပေးသုံးသည့် သဘောမျိုး ဖြစ်၍ ကြာရှည် မခံ ခဲ့ပါ ။ ထိုသို ့တစ်ရက်ပြီး တစ်ရက် အင်တာနက်စွဲသူ တစ်ဦး ဖြစ် ကျော်ဖြတ်လာခဲ့ရာ တစ်ရက် တွင်မူ မောင်ပေ သုံးနေကြ အင်တာနက် ဆိုင်ပိုင်ရှင် နှင့် မောင်ပေ စကားထများတော့သည် ။ ထိုအချိန်မှ စ၍ မောင်ပေ အင်တာနက် မသုံးဖြစ်တော့ပဲ စီးပွားရေး လုပ်ကိုင်ရှာဖွေ သော မောင်ပေ ဖြစ်လာခဲ့သည် ။ စီးပွားရေး လုပ်ပြီ ဆိုတော့ ကာ ပင်ပန်းမှု အပန်းဖြေ စေဖို ့ရန် စိတ်ပြေလက်ပျောက်နည်း အမျိုးမျိုး ရှာခဲ့သည် ။ နောက်ဆုံး တွင်  အလုပ်ပြီး သည် ဆိုသည်နှင့် net game ဆိုင်သို ့မောင်ပေ ပြန်လည် ရောက်ရှိခဲ့သည် ။ မောင်ပေ သွားသည့် ဂိမ်းဆိုင် မှာ အင်တာနက် ပါ ချိတ်ထားသဖြင့်  အင်တာနက် ပြန်လည် သုံးဖြစ်သည် ။ ဂျီတော့ အကောင့်သစ် တစ်ခု ထပ် လုပ် ကာ ချက်တင်းလည်း ထိုင်ဖြစ်သည် ။ သို ့သော် ယခင်လို တော့ မလုပ်တော့ပါ ။ ယခု မောင်ပေ့ ဂျီတော့ ထဲ တွင် ရှိသူများမှာ မောင်ပေ့ ငယ်သူငယ်ချင်းအကောင့်များ၊ ကြီးမှ ခင်သူ ၊ စီးပွား လုပ်ဖော် ကိုင်ဘက်များ ၏ အကောင့်များသာ ရှိတော့သည် ။ အင်တာနက် ပြန်လည် သုံးဖြစ်ခဲ့ရာ မှ တစ်ရက်တွင် MG ထဲသို ့  ဝင်ဖတ်မိခဲ့သည် ။ ထိုအချိန်မှ စ၍ MG ကို ကြိုက်နှစ်သက်သွားပြီး ယခုလို ရွာသား တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည် ။ မောင်ပေ ထိုင်နေကြ ဂိမ်းဆိုင် မှာ တက္ကသိုလ် ကျောင်းသားလေး မျာ နှင့် အပြည့် ။  ဆိုင်သို ့ရောက်ပြီ ဆိုလျှင် သူတို ့ပြောနေကြ သော ချိန်းတွေ ့ကြခြင်း ဇါတ်လမ်းများ ၊  ချက်နေကြသော အကြောင်းများ ကို ကြားရသော အခါ မောင်ပေ တစ်ယောက် ပြုံးမိသည် ။ အံ့ဩ မိသည် ။ တစ်ခါ တစ်ရံ လူမဆန်သော လုပ်ရပ်လေး များ ကို လည်း ကြားရသည် ။ သို ့သော် မောင်ပေ နှင့် မဆိုင်ဟု ဇွတ်ဆုံးဖြတ် ကာ မောင်ပေ ငြိမ်နေသည် ။(မနေနိုင်လို ့သွားပြော ချာတိတ်များ က မောင်ပေ့ ချဉ်သွားကြမှာ ကို ကြောက်သည် ) အဘယ်ကြောင့်နည်း ။ ခင်ဗျား တုန်း က လဲ ကဲခဲ့မှာပဲ ဟု ပြန်ပြောကြမှာ သေချာသည် ။ကိုယ့်တုန်း က လည်း ဒီလို ချက်တင်း ထိုင်ခဲ့ ၊ ချိန်းခဲ့တာပဲ ။ ရည်းစားလဲ ဖြစ်ခဲ့တာပဲ ။ သို ့သော် ကိုယ့်တုန်း က တော့ ကိုယ် က စောင့်ထိန်းသင့်သည် ကို စောင့်ထိန်းခဲ့သည် ။ ယခု တွေ ့ရသော လူငယ်တော်တော်များများ သည် စောင့်ထိန်းသင့်သည် ကို မစောင့်ထိန်း ကြ ။ ငယ်ရွယ်သေးလို ့လည်း ဖြစ်နိုင်သည် ။ မကြုံဖူးသော အထိအတွေ ့ကို တွေ ့ဆုံရချိန် သာယာသွားခြင်းလည်း ဖြစ်နိုင်သည် ဟု ထင်သည် ။  သူတို ့အတွေး တွင် ဒီမှာ တွေ ့တယ် ။ အပြင်မှာ တွေ ့တယ် ။ ပြီးရင် ငြိမယ် ။ ပြီးပြီးရော ဟု သဘောထားနေကြသည့် ပုံစံ မျိုး ။ ဘာကိုမှ ဂရုမစိုက်ကြ ။ ရံဖန်ရံခါ ဆိုလျှင် မိန်းကလေး ဘက်မှ လွန်သည် များ ကို လည်း တွေ ့ရှိမိသည် ။ ကောင်လေး က ဂိမ်းဆိုင် ထဲ တွင် သူ ့ဘာသာ သူ ဂိမ်းဆော့နေသည် ကို ညကြီးမိုးချုပ် အဆောင်ပြန်လို ့မရတော့ ဟု ဆိုကာ လာခေါ ်သည် များကို လည်း တွေ ့ဖူးသည် ။ ကောင်လေး တွေ က ရော တဲ့….အင်း အဲဒီလိုတွေ ပါပဲ ။ နိုက်ကလပ် များ ခေတ်ထ လိုက်တုန်းက ဆိုလျှင် ပိုဆိုးသည် ။ မောင်ပေ တို ့မန်းတလေး ရှိ နာမည်ကြီး အဆောင်၃ခု လောက် ဆိုလျှင် အဆောင်ပိတ်ချိန် ကို ည ၁ဝ ပြောင်းလဲ သတ်မှတ်ပေးရသည် အထိ ဖြစ်ခဲ့သည် ။ သူတို ့လေး တွေ ၏ ဂျီတော့ ကပ်စတမ် မက်ဆေ့ များ ကို ဖတ်ကြည့်လိုက်မည် ဆိုလျှင် ဘယ်နေ ့ဘယ်ရက် ဘယ်ချိန် ဘယ်နေရာ မှာ ဒီဂျေ ဘယ်သူ ဘယ်ဝါ ဖျော်ဖြေမယ့် ကလပ် ရှိမယ် ။ ယောက်ျားဝင်ကြေး ဘယ်လောက် ၊ မိန်းမ  ဆို ဘယ်လောက် စသည်ဖြင့် ပေါ့ဗျာ ။တက္ကသိုလ်များ ၊ လဘက်ရည်ဆိုင် များ ၊ ကော်ဖီဆိုင်မျာ ၊ ဂိမ်းဆိုင်များ တွင် ကြေငြာ ပန်းဖလက် စာရွက်များ လိုက်ကမ်းသည် ။ ထားပါတော့ ဗျာ ။ ကျွန်တော်လည်း ပေတော်တော်ရှည်နေပြီ ။  အကြောင်းအရာ လေး တစ်ခု ကို ပြောရင်း အဆုံးသတ်တော့မယ် ဗျာ ။ ဒီလိုဗျာ တစ်ရက် က ပေါ့… ဆိုင်ထဲ မှ ချာတိတ် တစ်ယောက် က အကောင့်တစ်ခု ကို ချက်ကြည့်ပါ ဟု ဆိုကာ လာပေးသဖြင့်  invite လုပ်လိုက်သည် ။ ချက်ချင်း တန်း accept လုပ်သည် ။ အကောင့်နာမည် က star.cyberqueen.babe@gmail.com ။ ကျွန်တော့် စာကို ဖတ်နေသူ အကိုတို ့ဦးလေး တို ့ညီငယ် တို ့ဒီအကောင့် နဲ  ့ပတ်သက်ပြီး ကြုံဖူးရင်လည်း သည်းခံ ပြီး ဖတ်ပေးပါ ။ မကြုံဖူးသေ ရင်တော့ သေချာ ဖတ်ကြည့်ပါ ဗျာ ။ star.cyberqueen.babe နဲ ့စချက်သော အခါ မိန်းမ၊အမျိုးသမီး ဟု သိရသည် ။ နာမည် မေးတော့ မခိုင် တဲ့ ။ ဘယ်က လဲ ဆိုတော့ ရန်ကုန် က တဲ့ ။ သူမ ဂျီတော့ တွင် တင်ထားသော ပုံမှာ အမျိုးသမီး တစ်ယောက် ၏ တုံးလုံး ပုံ ။ မျက်နှာ မပါ ပါ ။  သူမ က web cam ရှိလား လို ့ဇွတ်မေးသည် ။ ဘာလို ့လဲ ဆိုတော့ vzo ချက်ချင် လို ့တဲ့ ။ ဒါနဲ ့ဘာလို ့vzo ချက်ချင်တာလဲ လို ့မေးလိုက်သော အခါ vzo ချက်မမည် ဆိုလျှင် တဲ့ သူမ က သူမ ၏ တစ်ကိုယ်လုံး တုံးလုံးချွတ် အနေ အထား ကို ပြမည် တဲ့ ။ ကျွန်တော် က သူမ ကို “မာစတာဗေးရှင်း ” ပြန်လုပ်ပြရမည် တဲ့ ။ ဒါနဲ ့မလုပ်နိုင်ဘူး လို ့။ မင်းကြည့်ရတာ ပြည့်တန်ဆာမ နေမှာလို ့။ မလုပ်ပြနိုင်ဘူး လို ့ပြောလိုက်တော့ ကျွန်တော့်ကို မိုက်မိုက်ရိုင်းရိုင်း ဆဲ သွားပြီး ဘလော့သွားသည် ။ သို ့နှင့် အင်တာနက် အမြဲသုံးသူ အသိ တစ်ယောက် ကို အဆိုပါ အကောင့်ကို ပြောပြကာ မေးမြန်းကြည့်တော့ ဘလော့သွားတာ ကောင်းတယ် တဲ့ ။ star.cyberqueen.babe ဆိုတဲ့ အကောင့်ပိုင်ရှင် က ယောက်ျားလား မိန်းမ လား မသေချာ ဘူးတဲ့ ။vzo ထဲမှာ မြန်မာ မ တစ်ယောက် ရဲ  ့တုံးလုံးချွတ် အိုင်တင်အမျိုးမျိုး ပြနေပုံ ကို တွေ ့ရတဲ့  ရုရှားက ကောင်လေး သုံးယောက် ဆိုရင် ဒီအကောင့် နဲ ့ပတ်သက်ပြီး တစ်ကယ်မှတ်လို ့မာစတာဗေးရှင်း လုပ်ပြ ကြတဲ့ အခါ ။ အဲဒါ ကို record လုပ်ပြီး gay site မှာ သွားတင်သတဲ့ ။ သို ့နှင့် တစ်ရက်ကြ တော့ net game ဆိုင် ထဲ ဝင် ချာတိတ်လေး များ ရဲ  ့အော်သံ ကြားလိုက်ရပါတယ် ။ ဟေ့ကောင် ဒီနေ ့ည ၁၁ နာရီ မခိုင် နဲ ့vzo ချက်ဖို ့ငါ ချိန်းထားလို ့အိမ်ကို ပြန်သုံးမယ် တဲ့ ။ အိမ်က ချက်မယ် ဆိုတာ နဲ ့။ ညီလေး ….မင်း မခိုင် ဆိုတဲ့ အကောင့်နာမည်လေး အကို ့ကို ပြနိုင်မလား လို ့မေးလိုက်တော့  သူ ပြလာတာ star.cyberqueen.babe ပဲ ဖြစ်နေတယ် ။ ဒါနဲ ့ ကျွန်တော် လည်း ဒီလို ဒီလို ရှိတယ် လို ့ဆိုလိုက်တော့ ချာတိတ် က မယုံဘူး ။ ဆိုင်ထဲ က အချို  ့ကြုံဖူးတဲ့ ချာတိတ် များ က လည်း ဝင်ပြောကြပါတယ် ။ ဒါပေမယ့် လည်း ယုံကြည် ပုံ မရတဲ့ ချာတိတ်ဟာ ……………..။

ဒါကတော့ ကျွန်တော့် ရဲ  ့old days ပေါ့နော် ။  ရွာထဲ က အကိုတို ့အန်ကယ်တို ့ညီငယ် တို ့လည်း star.cyberqueen.babe ဆိုတာ နဲ ့ပတ်သက်လာမယ် ဆိုရင်  သတိထား ကြဖို ့သတိလေး ပေးလိုက်ပါရစေ နော် ။ အားလုံး ကို ကျေးဇူး တင်ပါတယ် ခင်ဗျာ ။

12 comments

  • captainamerica

    June 26, 2011 at 11:26 am

    ကိုတော်ကာလည်းအတွေ့အကြုံတော့စုံသား။ အပြင်မှာပါခင်ခြင်ပါတယ် ဘာလို.လဲဆိုတော့ Type ချင်း
    နည်းနည်းဆင်တယ်လို.ခံစားမိလို.

  • nature

    June 26, 2011 at 12:04 pm

    ဒါမျိုးလေးတော့တခါမှ မကြားဖူးသေးဘူး၊ ဗဟုသုတရပါတယ်။ wintalker သာ မာစတာဗစ်ရှင်းလုပ်ပြလိုက်ရင် MG ဆီရောက်လာမလားမသိဘူး။ :)။ account ပေးတဲ့ချာတိတ်က ဘာသဘောလဲမသိဘူး။ သူကတော့ ဒီ account အကြောင်း ကောင်ကောင်းသိမှာပေါ့။

  • captainamerica

    June 26, 2011 at 12:50 pm

    ကဲကိုပေါက်ကတော့မန္တလေးပွဲတစ်ပွဲစီစဉ်နေပြီနေပြီဗျို. ။မန္တလေးသူ/သားတွေလှုပ်ရှားကြတော့လေ….
    ရန်ကုန်ပွဲလိုတော့အဖြစ်မခံနဲ.နော်… 🙂

  • windtalker

    June 26, 2011 at 1:16 pm

    ကိုကား က ဘယ်မြို ့ကများပါလိမ့် ။ အန်ကယ်ပေါက် နဲ ့ကျွန်တော် နဲ ့က တော့ မန်းတလေး မြို ့ကပါ ။ တွေ ့မယ်ဆို လည်း အကောင်းဆုံး ဖြစ်လာအောင် စီစဉ်ကြတာပေါ့ဗျာ

  • ဆူး

    June 26, 2011 at 2:01 pm

    အင်တာနက် သုံးတာတော့ ကြာပေါ့..
    အစ သုံးခါစ တုန်းက ချက်တင်က စပြီး သုံးကြည့်ရတာပဲ.. နောက်တော့.. ဟို ကလိ ဒီကလိ… အခုတော့ ချက် ဆိုတာကို စိတ်ကို မပါတော့ဘူး။
    တနေ့ တနေ့ ရွာထဲမှာ အချိန်ကုန်နေတော့တာပါပဲ။

  • captainamerica

    June 26, 2011 at 2:28 pm

    မန္တလေးနဲ.နီးတဲ့နေရာလေးမှာပါ.. အလုပ်များအားရင်တကယ်ကြီးကိုလာချင်ပ….

  • shweminthar

    June 26, 2011 at 3:06 pm

    ကဲ မန်းလေး သားတွေ ဘယ်နှစ်ယောက်လောက်ရှိမလဲ မသိ
    ခွင့်ရှိရင် ဆုံချင်ပါတယ်။

  • windtalker

    June 26, 2011 at 4:21 pm

    ဒါဆို ဘွားဆူး နဲ ့အနော်နဲ ့အဖြစ်ချင်း တူနေပြီ ။ အခုဆို ဖေ့ဘုတ် တောင် မသုံးဖြစ်တော့ဘူး ။ ကစားနေကြ online game torncity တောင် သိပ်မဆော့ဖြစ်တော့ဘူး ။ ရွာထဲ မှာ ပဲ ဘယ်သူတွေ ပို ့စ်အသစ်တင်လဲ စောင့်ဖတ်ဖြစ်နေတယ် ။

  • လောလောဆယ်သိသလောက်ကတော့
    ကိုပေါက်
    ရွှေမင်းသား
    လေပြောသူ(windtalker)
    သုံးယောက်တော့ရပြီ ကဲ မန်းလေးမှာနေသူတွေဆက်ပြီးမှကြေငြာကြဗျာ။
    ပြောသာပြောရတယ် လူတွေ့လိုက်မှ
    ဟင်………ကိုပေါက်ဆိုတာ ဒီလူကြီးလား……………ဆိုပြီးစိတ်တွေလေသွားရင်တော့
    ပီ ပီ ပီ ………………………………….

  • bigcat

    June 26, 2011 at 11:52 pm

    ကြောင်ကြီးလည်း မာစတာဗွီးရှင်း လုပ်ပြမယ်။ ကြည့်ကြမလား…
    မာစတာ – အရှင်သခင်
    ဗွီးရှင်း – အမြင်

  • chitpyae

    June 27, 2011 at 3:14 am

    မန်းလေး မှာ နေတာတော့ ဟုတ်ဖူး …. ဒါပေမဲ့ ရွာထဲက လူတွေကို အပြင်မှာ တွေ့ဖူးချင်တယ် ။
    စင်ကာပူမှာ ရော အဲလို ရွာထဲက လူတွေ တွေ့ဆုံပွဲ လုပ်ဖို့အစီအစဉ်လေး ဘာလေး မရှိဘူးလား ဟင် ။
    Senior Villager တွေ စီစဉ်ပေးကြပါအုံး နော် …. 🙂

Leave a Reply