“အတိတ် သို့အလွမ်း”

“အတိတ် သို့အလွမ်း”

သက်ဆိုင်သူတွေလွမ်းကြပါတဲ့……………….
မေ့ထားတာကို သတိတွေရအောင်
လုပ်ရက်တဲ့သူ။
အတိတ်ဟောင်းရဲ့
အလွမ်းတွေကို ပြတ်ဆက်တဲ့
ကိုဖက်တီး ရေ………………..
ဝေးနေတာကြာတဲ့
တက္ကသိုလ်မြေက
မှတ်တမ်းပုံတွေကို ကိုမြင်မိတော့………………………
အင်းလျား
ရေတမာ
ဦးချစ်
သစ်ပုတ်ပင်နဲ့
ဂျဒ်ဆင်
ဘွဲနှင်းသဘင်ခန်းမ
အဓိပတိလမ်းမ
တစ်ခါတစ်လေ မျက်စေ့လည်မှရောက်တတ်
တဲ့စာသင်ခန်း
ညည သီချင်းတွေသွားဆိုတဲ့
အဆောင်များ
ချစ်သူနဲ့ ကြည်နူးဖွဲ့ဆင်ခဲ့တဲ့ခုံတန်းလျား
အလွမ်းစကားတွေနဲ့
လမ်းခွဲစကားဆိုခဲ့တဲ့
မြေနီလမ်း

မိုးရေစက်များ
ရွက်ကြွေများ
တောင်ပိန္နဲသီးအပိုင်းအစများ
ရယ်မောသံများ
ရှိုက်ငိုသံများ
လက်ခုပ်သံများ
တက်ခေါက်သံများ
သီချင်းသံများ

များ………များ……………များ
ကြား………ကြား…………..ကြား
ယောင်လာမိပေါ့ နားထဲမှာ။

ဟိုအရင် တက္ကသိုလ်ရက်များထဲကအသံတွေပေါ့။
အတိတ်ဆိုတာတော့ အတိတ်ပါဘဲ။
ပြန်ပြင်ဆင်လို့မရပေမယ့်
သူ ရင်ထဲကို ခဏခဏ အလည်လာတယ်လေ…………………

ကဲအခြေအနေမပေးလို့ အနေဝေးခဲ့သူလေးရေ
လေးဖြူရဲ့စာမျက်နှာတစ်ဆယ့်ငါး
နားထဲမှာကြားပေမယ့် အသက်အရွယ်အရ
ဆိုမပြရဲတော့တေးသွားအလိုက်ကိုလေချွန်လိုက်ပါတယ်
” ဘယ်ဆီကို မင်းရောက်နေတယ်…………
ဘယ်သူနဲ့မင်းရှိနေမယ်………………………
သတိရပါတယ်…………….လွမ်းမိပါတယ်……………..”

ကိုပေါက်လက်ဆောင်အတွေးစဉ်
(26-6-2011)
သက်ဆိုင်သူတွေလွမ်းကြပါ … နောင် ၅ နှစ်နေမှတခါထပ်ပြီးတင်တော့မယ် …..
– fatty ရဲ့ စာကို ဖတ်ရတော့ ဒီကဗျာလေးရလိုက်ပါတယ်။

10 comments

  • MaMa

    June 26, 2011 at 2:38 pm

    မသက်ဆိုင်သူတွေတောင် လွမ်းချင်စိတ်ပေါက်လာပြီ။

  • ဆူး

    June 26, 2011 at 2:51 pm

    ဟိုယောင်ယောင် ဒီယောင်ယောင် နဲ့ လူမရှိတဲ့ ခေတ်မှာ ကျောင်းသွားတက်တဲ့ ကျောင်းသူတောင် သွားခဲ့ဖူးတဲ့ နေရာနဲ့ ခြေချခဲ့ဖူးတာတွေ မျက်စိထဲ ပြေးမြင်မိတယ်။

  • weiwei

    June 26, 2011 at 2:55 pm

    ကျွန်မကတော့ တစ်မျိုးပြောင်းလွမ်းရမှာပေါ့ ..

    လှိုင်နယ်မြေထဲက
    မစည်ကားဆုံး သဇင်ဆောင် …
    တစ်ကျပ်တန်
    သစ်သားကားကြီးနဲ့ …
    ဦးလူပေါဂိတ်ကဝင်
    တိုင် ၁၈ တိုင်လက်ကမ်းကြိုနေတဲ့
    စက်မှုကျောင်းတော် …
    နွေးအေးနဲ့ ကန်သာယာ
    မေတ္တာပေါင်းကူးလဲပါရဲ့ …
    စာကြည့်တိုက်ထဲဝင်ငိုက်
    မဖြတ်ရဲခဲ့တဲ့ ဩဘာလမ်း ..
    ဒွေးကိုလဲ သတိရ
    တင်မိုးလွင်ကိုလဲ ပြုံးပြ …
    ဪ … အခုတော့လဲ လွမ်းစရာအတိတ်တစ်ခုဖြစ်ပြီပေါ့ …

  • မဝေရေ
    စွယ်တော်ရွက်ကလေးတွေရော သိမ်းထားသေးလား၊
    နှစ်လွှာပေါင်းမှတရွက်ဆိုပြီးခေတ်စားတာလေ။
    မဝေတို့ ကျောင်းထဲမှာ ဒီစွယ်တော်ပင်လေးတွေအများကြီးဘဲနော်.

  • akswe

    June 26, 2011 at 11:58 pm

    အင်းဝ တစ်ပွဲ၊ စိုးမြင်.ကြော် ၊ သံဘူး၊ ဦးချစ် တိုင်ကီ ပေါ့ကျ၊ ပုဂံလမ်း၊ စစ်ကိုင်းလမ်း၊ ဘုတ်ကလပ်၊ ခေမရဋ်၊ ၄၅ နီ စိမ်း၊
    ၅၁ စိမ်းဝါ ၊ကန့်ကော်၊ ရေတမာ၊ ထင်းရှူး၊ စံကား စိတ်ကူး ပုံရိပ်ထဲ တဖြတ်ဖြတ် ရုပ်ရှင်ပြသလိုပေါ် လာတယ် လေးပေါက် ရယ်။

  • bigcat

    June 27, 2011 at 2:19 am

    အတိတ်လွမ်း
    အနှိပ်ခန်း
    သိပ်ကြမ်း
    ပိတ်ဖမ်းလို့
    ပြေးခဲ့ရ…

  • fatty

    June 27, 2011 at 2:35 am

    ကျနော်တို့က ချစ်သူတို့လမ်းကလေးလို့ဘဲသိတယ် …. ဩဘာလမ်းလို့ပြောင်းခေါ်လိုက်ကြတာလား
    သဇင်ဆောင်ကိုတော့ခဏခဏ ရောက်တယ် … လှိုင်ထဲမှာတုံးက ကျနော်က ခပေါင်းဆောင်။
    ဂျီဟော ကိုလဲခဏခဏရောက်တယ် အမ ရှိလို့လေ ..။ ဂျီဟောသူ ကားကိုတော့ အတော်ကြိုက်တယ်။

  • ရွှေဘိုသား

    June 27, 2011 at 4:08 am

    သားသားက တက္ကသိုလ်တက်ရတာကလည်းဒဂုံအဝေးသင်ဆိုတော. ဘယ်အဆောင်လွမ်းရမလဲမသိဘူးဖြစ်နေတယ်။
    လောလောဆယ်တော. လူနာ ဆောင်ရောက်နေတယ်
    ရွာက စာဥကိုလွမ်းလို.လွမ်းဖျားဖျားနေတာ

    လေးပေါက် ကျွန်တော်.ကိုတစ်ခုပြောပြပါ
    လေးပေါက်လို စာလေးတစ်ကြောင်းရေးလိုက် ပုံလေးတွေတင်လိုက်
    စာလေးတစ်ကြောင်းရေးလိုက် ပုံလေးတွေတင်လိုက် အဲလိုတင်ချင်ပါတယ်ပြောပြပါ

  • hmee

    June 27, 2011 at 7:35 am

    နောက်ဆုံးနှစ်မို့ အပြတ်ကဲခဲ့တာတွေ၊ သိပ္ပံကန်တင်းမှာ စားနေကြ စိုးမြင့်ကျော်နဲ့ သံပုရာရည်တခွက်၊ သိပ္ပံကန်တင်းနားက အုတ်ဘောင် ဝရန်တာရှိတဲ့လမ်းမှာ သူငယ်ချင်းတွေ တဖက်တချက် ထိုင်ပြီး ဖြတ်လာသမျှလူကို လှောင်တာတွေ၊ သူငယ်ချင်းကို သူ့ရည်းစားက ဖြတ်လို့ တဖွဲ့လုံး လိုက်ရှင်းရတာတွေ၊ လက်တွေ့ချိန်ကလွဲပြီး တနေ့လုံး တကျောင်းလုံး အနှံသွားပြီး ဗရုတ်ကျတာတွေ၊ ရုပ်ရှင်လာရိုက်ရင် တနေကုန် အတန်းပြေးပြီး သွားကြည့်တာတွေ အမှတ်ရစရာတွေ အများကြီးမှ အများကြီး မို့ တွေးလေ လွမ်းမိလေပါ။ ဦးဖက်ရေ ဩဘာလမ်းက YIT မှာပါ။ မှီ့ အစ်ကိုကြီးဆီ သွားလည်တုန်းက အဲဒီလမ်းအကြောင်းပြောပြလို့ တကူးတက သွားကြည့်ခဲ့သေးတယ်။ မဝေရေ မှီ့ ဘရားသားက တင်မိုးလွင်နဲ့ တနှစ်ထဲ ဘွဲ့ယူတာလေ။

  • နွယ်ပင်

    June 27, 2011 at 8:16 am

    လေးပေါက်ရေ အဲလိုမျိုးလွမ်းစရာလေးတွေက နွယ်ပင်တို့မှာ မရှိခဲ့ဘူးလေ လွမ်းစရာဆိုလို့ နေပူပူ ဖုန်ထူထူမှာ ကားကြပ်ကြပ်စီးခဲ့ရတာတွေပဲရှိတယ်
    လေးပေါက်တို့ကို အားကျလိုက်တာ ….. 🙁

Leave a Reply