မကြည့်ရက်လို့

Good IdeaJune 26, 20111min904

အပိုင်း (၁)

တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်လူမျိုး (၃) ဦးသည် သဲကန္တာရတစ်ခုတွင် ခရီးအတူသွားကြသည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းကို ဖွင့်လိုက်သောအခါ ပုလင်းထဲမှ နတ်သားတစ်ပါးထွက်လာသည်။ နတ်သားက တစ်ယောက်လျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၃) မျိုးတောင်းဆိုစေသည်။

 

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျနော် ပိုက်ဆံအများကြီးလိုချင်ပါတယ်”

“ဒုတိယဆန္ဒကရော”

“ပိုက်ဆံတွေထပ်လိုချင်သေးတယ်”

“တတိယဆန္ဒကရော”

“ကျနော့်ကို နေရပ်ကိုပြန်ပို့ပေးပါ”

သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

 

တဖန် ပြင်သစ်လူမျိုးက “ကျနော် မိန်းမလှလှလေး လိုချင်ပါတယ်”

“ဒုတိယဆန္ဒပြောပါ”

“မိန်းမလှလှလေး နောက်တစ်ယောက်ထပ်လိုချင်သေးတယ်”

“တတိယဆန္ဒပြောပါ”

“ကျနော့်ကို နေရပ်ကိုပြန်ပို့ပေးပါ”

သို့နှင့် အင်္ဂလိပ်လူမျိုးမှာ မိန်မလှလေးများကို အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

 

နောက်ဆုံး တရုတ်လူမျိုးအလှည့်တွင် “ကျနော်ရေဆာတယ်။ ရေတစ်ပုလင်း အရင်ပေးပါ”

“ဒုတိယဆန္ဒပြောပါ”

“နောက်ထပ် ရေတစ်ပုလင်းထပ်ပေးပါ”

“တတိယဆန္ဒပြောပါ”

“ကျနော် သူတို့ နှစ်ယောက်ကို သတိရနေတယ်။ သူတို့ကို ဒီပြန်ရောက်အောင်လုပ်ပေးပါ”

 

အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူခရီးဆက်ပြန်သည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းကို ဖွင့်လိုက်ရာ အထဲမှ နတ်သားတစ်ပါးထွက်လာပြန်သည်။ နတ်သားက တစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၂) မျိုးတောင်းဆိုစေသည်။

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည်ကို စိုးရိမ်သောကြောင့် သူအားအရင်တောင်းဆိုစေသည်။

တရုတ်လူမျိုးက

“ကျနော့်ကို ရေတစ်ပုလင်းအရင်ပေးပါ”

“နောက်ဆုံးဆန္ဒတစ်ခုက”

“နောက်ဆုံးတောင်းဆိုချင်တာက အရှင်နတ်သား ဒီကထွက်သွားပါ”

အင်္ဂလိပ်နှင့်ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားလေသည်။

 

အပိုင်း (၃)

အင်္ဂလိပ်နှင့်ပြင်သစ်မှာ ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။ ပုလင်းတစ်လုံးထပ်တွေ့ပြန်သည်။ အထဲမှ နတ်သားတစ်ပါး ထွက်လာပြန်သည်။ နတ်သားက တစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၁) မျိုး တောင်းဆိုစေသည်။

အင်္ဂလိပ် – ဒီတရုတ်ကို မမြင်ချင်ဘူး

ပြင်သစ် – ကျနော်လဲ ဒီတရုတ်ကို မမြင်ချင်ဘူး

တရုတ်  – သူတို့ နှစ်ယောက်တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့။

 

အပိုင်း (၄)

အင်္ဂလိပ်နှင့်ပြင်သစ်မှာလက်သီးကိုဆုပ် အံကိုကြိတ်ပြီး ခရီးဆက်ကြပြန်သည်။

ပုလင်းတစ်လုံးကို ထပ်တွေ့ပြန်သည်။ နတ်သားတစ်ပါးထွက်လားပြီး သူတို့ (၃)ဦးကို ဆန္ဒတစ်ခုပဲ တောင်းဆိုစေသည်။ ထိုအခါ အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးက တရုတ်လူမျိုးအားတောင်းဆိုစေပြီး သူ၏ဆန္ဒမပြည့်စေရန် တိုးတိုးပြောသည်။

တရုတ်လူမျိုးက “ကျနော်တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ သူတို့ ကျနော်နဲ့အတူ ဒုက္ခခံနေရတာ မကြည့်ရက်လို့ပါ..”

 

ကျနော်မေးလ်ထဲ ရောက်လာတဲ့ဟာသလေးကို ဝေမျှတာပါ။ အားလုံးပဲ ဘဝအမောပြေနိုင်ကြပါစေ…

 

Good Idea

4 comments

  • windtalker

    June 26, 2011 at 6:02 pm

    အမေးအဖြေ

    မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
    ဖြေ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

    မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
    ဖြေ ။ဂစ်လို ့အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်

    မေး ။ email ပို ့နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ
    ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

    မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
    ဖြေ ။ ဟုတ်ကဲ့ရပါတယ်
    ၁။ systemပုံးကိုအရင်ဖွင့်ပါ
    ၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
    ၃။ပြီးရင်တော့ဆပ်ပြာမှုန် ့များများနဲ ့ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogenနဲ ့တစ်ညစိမ်ပါ
    ၄ ။ နောက်တစ်နေ ့ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
    ၅ ။ ခြောက်သွေ ့သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
    ၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ် ့မည်။
    ရ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မဝင်အောင်နေပူထဲထားကာအသုံးပြုပါ။

    မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို ့ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
    ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထားလိုက်ပေါ့…….အရမ်းအရမ်းပေါ့သွားမယ်

    မေး ။ကျွှန်တော်တို ့ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
    ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ချက်ချင်းပိတ်သွားရစေမယ်

    မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
    ဖြေ ။ဆိုင်ပို ့လိုက်ပါ

    မေး။ ကျွှန်တော့်windowကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို ့လား
    ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။

    မေး။အင်တာနက်သုံးဖို ့ဘာလိုအပ်ပါသလဲရှင်
    ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

    မေး။သမီးပို ့လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
    ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

    မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
    ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို ့ရှိရင်ဗိုင်းရပ်စ် ပါလို ့ပေါ့ကွယ်
    ( ဟိ…ဟိ မတိတူများ သေသေချာချာ မှတ်ထားကြနော်…)

    အီးအီးပါရအောင်..
    တနေ့..ဆရာဝန်ဆီသို ့လူနာ၁ ယောက်ရောက်လာသည်..
    လူနာ….. ဆရာ ကျွန်တော်ကို ကုပေးပါဦးဆရာ
    ဆရာဝန်…. ဘာဖြစ်လို့တုန်း.
    လူနာ…..ကျွန်တော်မှာရောဂါ၁ခုဖြစ်နေလို့..
    ဆရာဝန်….ဘာရောဂါတုန်းကွ.
    လူနာ…..ကျွန်တော်ညတိုင်းအိပ် မက်မက်တယ်…..အိပ်မက်ထဲက လူကြီး၁ ယောက်က လာပြောတယ်
    ကျွန်တော့်ကို ရူးရူးပေါက်ရအောင်ဆိုပြီးလာလာပြောနေတော့ ကျွန်တော်လဲအပြင်မှာပေါက်ချမိရောဗျ..
    ဆရာဝန်…. အာ…ဒါဆိုနောက်၁ခါလာရင် ပြောလိုက်ကွာ..ကျွန်တော်ပေါက်ပြီးပြီးလို့
    နောက်တနေ ့……….. ထိုလူနာ ရောက်ချလာပြန်သည်..
    ဆရာဝန်…. ဘာဖြစ်ပြန်ပြီလဲကွ..
    လူနာ…..ဆရာရယ် ညက အိပ်မက်တယ်
    ဆရာဝန်…. ဟ… မင်း က ငါပြောခိုင်းသလို မပြောဘူးလားကွ..
    လူနာ…..ပြောပါတယ်ဆရာ ဒါပေမဲ့ အဲ့ဒီ့လူကြီးက ကျွန်တော့ကိုပြောတယ်..
    ဆရာဝန်….အေး..ဘာပြောလဲ..
    လူနာ….. သူက
    ” ဒါဆို အီးအီးပါလိုက်ကွာ.” တဲ့
    ( အင်………………….ပိုဆိုးတွားပြီ)
    မဆုတ်သာမတိုးသာ
    အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။
    အတွင်းရေးမှူးမက သူ ့ယောကျင်္ားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ ့ ကျွန်မနိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော် ယောကျာင်္းက သူ ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။
    ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို ့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန် ့ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက်အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက သူ ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့
    တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီးအချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ ့အတွင်းရေးမှူးကို ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကို မတက်နိုင်တော့ဘူး။
    အတွင်းရေမှူးက သူ ့ယောကျင်္ားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲလုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖြတ်လိုက်တယ်။ ယောကျင်္ားက သူ ့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူအချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။ တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။
    ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို ့ရှိတယ်။ ကောင်လေးက သူ ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။
    ကျူူရှင်တက်ရမယ်တဲ့ အဘိုးနဲ ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ အဘိုး (အလုပ်ရှင်)က သူ ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။ အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို ့တက်ရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။
    ( ဟိ…….အားလုံးကိုရှုပ်နေတာပဲ)

    ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာနဲ့
    တစ်ခါက လင်မယား နှစ်ယောက်သည်
    ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။
    ယောက်င်္ျားက ငါးမျှားလျှင် ခဏတဖြုတ် ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ
    ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော
    ယောင်္ကျားက တရေးတမောအိပ်ရန် ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင် လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
    ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
    လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ။
    “မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
    မိန်းကလေးက “စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
    “ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန် ့သတ်နယ်မြေ”
    “ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
    “မင်းရဲ ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
    “………”
    “မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
    “ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့ ကျမကို
    ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ ့တရားပြန်စွဲ ရလိမ့်မယ်” ဟု မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
    ” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
    အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
    ”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား”

    (ကောင်းရော……….. ကိုယ့်ရှူးကို်ယ်ပတ်ပြီ)
    ကျနော်မေးလ်ထဲ ရောက်လာတဲ့ဟာသလေးကို ဝေမျှတာပါ။ အားလုံးပဲ ဘဝအမောပြေနိုင်ကြပါစေ…

  • နွယ်ပင်

    June 27, 2011 at 9:03 am

    အိမ်နီးချင်းကို “ဝက်” လို့ဆဲလိုက်တဲ့လူတစ်ယောက် တရားရုံးရောက်သွားခဲ့တယ်။ တရားသူကြီးက ဆဲမှုအတွက် သူ့ကို “၂ဝဝ” ဒဏ်ငွေခတ်တယ်။ အဲဒီမှာ ဆဲသူက မကျေမနပ်နဲ့ “အရင်တစ်ခေါက် တခြားတစ်ယောက်ကို ကျွန်တော် ဝက်လို့ဆဲတုန်းက ဒဏ်ကြေး ၁၅ဝပဲ ပေးခဲ့ရတယ်။ အခုဘာဖြစ်လို့ ၂ဝဝဖြစ်သွားတာလဲ!” လို့ဆိုတော့ တရားသူကြီးက “စိတ်မကောင်းဘူးကွာ… ခုတစ်လော ဝက်သားဈေးတွေ တက်နေလို့ပါ” တဲ့။

  • nature

    June 27, 2011 at 12:14 pm

    သူတို့၃ယောက်ရဲ့ရေစက်ကိုက မကုန်နိုင်တာနေမှာ။

  • nature

    June 28, 2011 at 12:51 pm

    တရုပ်က လိင်တူချစ်သူဖြစ်နေတယ်ထင်တယ်။

Leave a Reply